bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Numbers 5
Numbers 5
Burmese MSBU
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 6 →
1
တစ်ဖန် ထာဝရဘုရားက မောရှေအား
2
“ အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ အနာကြီးရောဂါစွဲသောသူရှိသမျှ၊ အရိအရွဲထွက်သောသူရှိသမျှ၊ အသေကောင်ကြောင့်မစင်ကြယ်သောသူရှိသမျှတို့ကို တပ်စခန်းထဲမှ ထွက်သွားစေရမည်။
3
သူတို့နှင့်အတူ ငါကိန်းဝပ်ရာ သူတို့၏တပ်စခန်းကို မညစ်ညူးစေမည့်အကြောင်း ထိုသို့သောသူ ယောက်ျား၊ မိန်းမဟူသမျှကို တပ်စခန်းအပြင်သို့ ထွက်သွားစေရမည်”ဟု မိန့်တော်မူ၏။
4
အစ္စရေးအမျိုးသားတို့သည်လည်း ထိုသို့သောသူတို့ကို တပ်စခန်း၏အပြင်သို့ ထွက်သွားစေ၏။ အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာသည့်အတိုင်း ပြုကြ၏။
5
တစ်ဖန် ထာဝရဘုရားက မောရှေအား
6
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ လူပြုတတ်သောအပြစ်တစ်စုံတစ်ခုကိုပြုခြင်းဖြင့် ထာဝရဘုရားအား ပြစ်မှားမိလျှင် သူ့အပေါ် အပြစ်သက်ရောက်မည်။
7
ထိုသူသည် မိမိပြုမိသောအပြစ်ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်အတွက် မိမိပြစ်မှားသောသူကို အပြည့်အဝပြန်လျော်ရမည့်အပြင် ငါးပုံတစ်ပုံကိုထပ်ပေါင်း၍ ပေးရမည်။
8
မိမိပြစ်မှားသောအမှုအတွက် လျော်ကြေးလက်ခံယူမည့်သူမရှိလျှင် ပြစ်မှားသောအမှုအတွက် လျော်ကြေးနှင့်တကွ မိမိအတွက် အပြစ်ဖြေပေးသောအပြစ်ဖြေရာယဇ်သိုးထီးကို ထာဝရဘုရားထံပူဇော်ရမည်။ ထိုယဇ်သည် ယဇ်ပုရောဟိတ်အတွက်ဖြစ်ရမည်။
9
ယဇ်ပုရောဟိတ်ထံသို့ အစ္စရေးအမျိုးသားတို့ယူဆောင်လာသည့် သန့်ရှင်းသောပူဇော်သက္ကာဖြစ်သည့် အလှူပစ္စည်းအားလုံးတို့သည် ယဇ်ပုရောဟိတ်အတွက်ဖြစ်ရမည်။
10
တစ်စုံတစ်ဦး၏သန့်ရှင်းသောပူဇော်သက္ကာသည် ယဇ်ပုရောဟိတ်အတွက်ဖြစ်ရမည်။ တစ်စုံတစ်ဦးက ယဇ်ပုရောဟိတ်အား ပေးလှူသောအရာသည် ယဇ်ပုရောဟိတ်အတွက်သာဖြစ်ရမည်”ဟု မိန့်တော်မူ၏။
11
တစ်ဖန် ထာဝရဘုရားက မောရှေအား
12
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ ယောက်ျားရှိသောမိန်းမသည် ဖောက်ပြန်၍ မိမိယောက်ျားအပေါ် သစ္စာမဲ့သဖြင့်
13
သူသည် အခြားသောယောက်ျားနှင့်အိပ်၍မေထုန်ပြုသော်လည်း သူ၏ယောက်ျားမသိ၊ သူသည် မိမိကိုယ်မိမိညစ်ညူးစေသော်လည်း ထိုအမှုသည်မပေါ်၊ သက်သေလည်းမရှိသဖြင့် သူသည် ဖမ်းဆီးခြင်းမခံရလျှင်လည်းကောင်း၊
14
မိန်းမသည် မိမိကိုယ်မိမိညစ်ညူးစေသဖြင့် လင်ယောက်ျားသည် သံသယစိတ်ဝင်၍ မိမိမယားအပေါ်သဝန်တိုလျှင်၊ သို့မဟုတ် မိန်းမသည် မိမိကိုယ်မိမိညစ်ညူးစေခြင်းမရှိသော်လည်း လင်ယောက်ျားသည် သံသယစိတ်ဝင်၍ မိမိမယားအပေါ်သဝန်တိုလျှင်လည်းကောင်း
15
ယောက်ျားသည် မိမိမယားကို ယဇ်ပုရောဟိတ်ထံသို့ခေါ်ဆောင်လာရမည်။ မိမိမယားအတွက် မုယောမုန့်ညက်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံ ကို ပူဇော်သက္ကာအဖြစ် ယူလာရမည်။ ထိုမုန့်ညက်သည် သံသယစိတ်ဝင်ခြင်းနှင့်ဆိုင်သည့်ဘောဇဉ်ပူဇော်သက္ကာ၊ ဒုစရိုက်ကိုအောက်မေ့သတိရစေသည့်ဘောဇဉ်ပူဇော်သက္ကာဖြစ်သည်နှင့်အညီ ထိုမုန့်ညက်အပေါ် ဆီမလောင်းရ။ လော်ဗန်မတင်ရ။
16
ယဇ်ပုရောဟိတ်သည် ထိုမိန်းမကို ခေါ်လာ၍ ထာဝရဘုရားရှေ့တော်၌ ရပ်စေရမည်။
17
ထို့နောက် ယဇ်ပုရောဟိတ်သည် သန့်ရှင်းသောရေကို မြေအိုးထဲသို့ထည့်ပြီး ကိန်းဝပ်တော်မူရာတဲတော်၏မြေတလင်းမှမြေမှုန့်ကိုယူ၍ ထိုရေထဲသို့ထည့်ရမည်။
18
ထိုမိန်းမကို ထာဝရဘုရားရှေ့တော်၌ ရပ်စေ၍ ထိုမိန်းမ၏ဆံပင်ကိုဖားလျားချစေရမည်။ ဒုစရိုက်ကိုအောက်မေ့စေသည့်ဘောဇဉ်ပူဇော်သက္ကာ၊ သံသယစိတ်ဝင်ခြင်းနှင့်ဆိုင်သည့်ဘောဇဉ်ပူဇော်သက္ကာကို သူ့လက်ထဲသို့ထည့်ရမည်။ ယဇ်ပုရောဟိတ်သည် ကျိန်ဆဲခြင်းကိုဖြစ်စေသည့်ခါးသောရေကို ကိုင်ထားရမည်။
19
ထိုအခါ ယဇ်ပုရောဟိတ်က ထိုမိန်းမအား ‘သင်သည် အခြားယောက်ျားနှင့်မေထုန်ပြုခြင်းမရှိလျှင်၊ သင်သည် မိမိလင်ယောက်ျားနှင့်အတူနေထိုင်စဉ် ဖောက်ပြန်ညစ်ညူးခြင်းမရှိလျှင် ကျိန်ဆဲခြင်းကိုဖြစ်စေသည့် ဤခါးသောရေအားဖြင့်သင့်ရောက်မည့် အပြစ်ဒဏ်နှင့်ကင်းလွတ်စေ။
20
သို့သော် သင်သည် သင့်လင်ယောက်ျားနှင့်အတူနေထိုင်စဉ် ဖောက်ပြန်လျှင်၊ သင့်လင်ယောက်ျားအပြင် အခြားယောက်ျားနှင့်မေထုန်ပြု၍ မိမိကိုယ်မိမိညစ်ညူးစေလျှင်
21
ထာဝရဘုရားသည် သင်၏ပေါင်ကိုချည့်နဲ့စေ၍ ဝမ်းကိုဖောရောင်စေခြင်းဖြင့် သင့်ကို သင့်လူမျိုးအလယ်၌ ကျိန်ခြင်းခံရသောသူ၊ ကျိန်စာမိသောသူအဖြစ် ထာဝရဘုရားစီရင်တော်မူပါစေ။
22
ကျိန်ခြင်းကိုဖြစ်စေသည့် ဤရေသည် သင်၏ကိုယ်ထဲသို့ဝင်၍ ဝမ်းကိုဖောရောင်စေပြီး ပေါင်ကိုချည့်နဲ့စေပါစေဟု ယဇ်ပုရောဟိတ်သည် သင့်ကို ကျိန်စာတိုက်မည်’ဟု ဆိုရမည်။ ထိုမိန်းမကလည်း ‘အာမင်၊ အာမင်’ဟု ဆိုရမည်။
23
ယဇ်ပုရောဟိတ်သည် ထိုကျိန်ခြင်းကို စာလိပ်ပေါ်၌ ရေး၍ ခါးသောရေထဲ ဆေးချရမည်။
24
ထို့နောက် ကျိန်ဆဲခြင်းကိုဖြစ်စေသည့်ခါးသောရေကို ထိုမိန်းမအားတိုက်ရမည်။ ကျိန်ဆဲခြင်းကိုဖြစ်စေသည့်ရေသည် ထိုမိန်းမထဲသို့ဝင်သွားသောအခါ ခါးသီးခြင်းကို ဖြစ်စေလိမ့်မည်။
25
ယဇ်ပုရောဟိတ်သည် သံသယစိတ်ဝင်ခြင်းနှင့်ဆိုင်သောဘောဇဉ်ပူဇော်သက္ကာကို ထိုမိန်းမ၏လက်မှ ယူ၍ ထာဝရဘုရားရှေ့တော်၌ ဘောဇဉ်ပူဇော်သက္ကာအဖြစ် ချီလွှဲပြီးလျှင် ၎င်းကို ယဇ်ပလ္လင်သို့ ယူဆောင်လာရမည်။
26
ယဇ်ပုရောဟိတ်သည် ပူဇော်သက္ကာအမှတ်သညာအဖြစ် ထိုဘောဇဉ်ပူဇော်သက္ကာကို လက်တစ်ဆုပ်စာယူ၍ ယဇ်ပလ္လင်ပေါ်၌ ရှို့ပြီးနောက် ကျိန်ခြင်းရေကို ထိုမိန်းမအား တိုက်ရမည်။
27
ထိုမိန်းမသည် လင်ယောက်ျားအပေါ် ဖောက်ပြန်၍ မိမိကိုယ်မိမိညစ်ညူးစေခဲ့လျှင် သူ့အား ထိုရေကိုတိုက်သောအခါ ကျိန်ဆဲခြင်းကိုဖြစ်စေသောရေသည် သူ့အထဲသို့ဝင်၍ ခါးသီးခြင်းကို ဖြစ်စေသဖြင့် သူ၏ဝမ်းသည် ဖောရောင်လာပြီး ပေါင်သည် ချည့်နဲ့သွားလိမ့်မည်။ ထိုမိန်းမသည် မိမိလူမျိုးအလယ်၌ ကျိန်ခြင်းခံရသောသူဖြစ်လိမ့်မည်။
28
သို့သော် ထိုမိန်းမသည် မိမိကိုယ်မိမိညစ်ညူးစေခြင်းမရှိဘဲ စင်ကြယ်သည်ဆိုလျှင် သူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်၍ သားသမီးထွန်းကားလိမ့်မည်။
29
ဤသည်ကား သံသယစိတ်ဝင်ခြင်းနှင့်ဆိုင်သောတရား ဖြစ်၏။ မယားသည် မိမိလင်ယောက်ျားနှင့်အတူနေထိုင်စဉ် ဖောက်ပြန်၍ မိမိကိုယ်မိမိညစ်ညူးစေသဖြင့်
30
လင်ယောက်ျားသည် သံသယစိတ်ဝင်၍ မိမိမယားအပေါ်သဝန်တိုလျှင် ထိုမိန်းမကို ထာဝရဘုရားရှေ့တော်၌ ရပ်စေ၍ ယဇ်ပုရောဟိတ်သည် ဤတရားအတိုင်း ထိုမိန်းမကို စီရင်ရမည်။
31
လင်ယောက်ျားသည် ထိုဒုစရိုက်ကြောင့် သင့်ရောက်မည့်အပြစ်ဒဏ်နှင့်ကင်းလွတ်၍ ထိုမိန်းမသည် ကိုယ့်အပြစ်ကိုယ်ခံရမည်”ဟု မိန့်တော်မူ၏။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36