bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Numbers 15
Numbers 15
Burmese MSBU
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 16 →
1
တစ်ဖန် ထာဝရဘုရားက မောရှေအား
2
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တို့နေထိုင်ရန် ငါပေးသောပြည်သို့ သင်တို့ဝင်ရောက်သောအခါ
3
ကတိသစ္စာဝတ်ဖြေရန်အတွက်ဖြစ်စေ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာအတွက်ဖြစ်စေ၊ သတ်မှတ်သောပွဲတော်များအတွက်ဖြစ်စေ မီးရှို့ရာယဇ်၊ သို့မဟုတ် ပူဇော်သက္ကာကို ထာဝရဘုရားထံ ပူဇော်လိုလျှင် နွား၊ သို့မဟုတ် သိုးကို မွှေးကြိုင်သောရနံ့အဖြစ် ထာဝရဘုရားထံ မီးဖြင့်ပူဇော်နိုင်၏။
4
ထာဝရဘုရားအား ပူဇော်သက္ကာကိုပူဇော်လိုသောသူသည် ဆီတစ်ဟိန်၏လေးပုံတစ်ပုံ ရောထားသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံ ကိုလည်း ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
5
သိုးသငယ်တစ်ကောင်အတွက် မီးရှို့ရာယဇ်၊ သို့မဟုတ် ပူဇော်သက္ကာနှင့်အတူ စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံကို သွန်းလောင်းရာပူဇော်သက္ကာအဖြစ်ပူဇော်ရမည်။
6
သိုးထီးတစ်ကောင်အတွက် ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီတစ်ဟိန်၏သုံးပုံတစ်ပုံ နှင့်ရောထားသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံ ကိုလည်းကောင်း၊
7
သွန်းလောင်းရာပူဇော်သက္ကာအဖြစ် စပျစ်ဝိုင်တစ်ဟိန်၏သုံးပုံတစ်ပုံကိုလည်းကောင်း မွှေးကြိုင်သောရနံ့အဖြစ် ထာဝရဘုရားအား ပူဇော်ရမည်။
8
ကတိသစ္စာဝတ်ဖြေရန်အတွက်ဖြစ်စေ၊ မိတ်သဟာယယဇ်အတွက်ဖြစ်စေ နွားသငယ်ကို မီးရှို့ရာယဇ်၊ သို့မဟုတ် ပူဇော်သက္ကာအဖြစ် ထာဝရဘုရားအားပူဇော်လျှင်
9
ထိုနွားသငယ်နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီတစ်ဟိန်၏တစ်ဝက် ရောထားသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံသုံးပုံ ကို ပူဇော်ရမည်။
10
သွန်းလောင်းရာပူဇော်သက္ကာအဖြစ် စပျစ်ဝိုင်တစ်ဟိန်၏တစ်ဝက်ကို ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
11
နွားထီး၊ သိုးထီး၊ သိုးသငယ်၊ ဆိတ်သငယ် တစ်ကောင်ကောင်ကိုပူဇော်လျှင် ထိုသို့ပြုရမည်။
12
သင်တို့ပူဇော်မည့်အရေအတွက်နှင့်အညီ တစ်ကောင်စီအတွက် ထိုသို့ပြုရမည်။
13
အမျိုးသားချင်းအပေါင်းတို့သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ကို ပူဇော်သောအခါ ထိုသို့ပြုကြရမည်။
14
သင်တို့တွင်တည်းခိုနေထိုင်သော တိုင်းတစ်ပါးသား၊ သို့မဟုတ် သင်တို့၏မျိုးဆက်ထဲမှ တစ်ယောက်ယောက်သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ကို ပူဇော်လိုလျှင် သင်တို့ပြုသည့်အတိုင်း သူပြုရမည်။
15
သင်တို့အတွက်ဖြစ်စေ၊ သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားအတွက်ဖြစ်စေ လူအစုအဝေးအတွက်ပြဋ္ဌာန်းချက်သည် တစ်မျိုးတည်းဖြစ်ရမည်။ ဤသည်ကား သင်တို့မျိုးဆက်အစဉ်အဆက်အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။ ထာဝရဘုရားရှေ့တော်၌ သင်တို့နှင့်တိုင်းတစ်ပါးသားတို့သည် အတူတူဖြစ်ရမည်။
16
သင်တို့အတွက်ဖြစ်စေ၊ သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားအတွက်ဖြစ်စေ တရားသည် တစ်မျိုးတည်း၊ စီရင်ထုံးဖွဲ့ချက်သည် တစ်မျိုးတည်း ဖြစ်၏”ဟု မိန့်တော်မူ၏။
17
တစ်ဖန် ထာဝရဘုရားက မောရှေအား
18
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သင်တို့ကို ငါပို့ဆောင်သောပြည်သို့ သင်တို့သည် ဝင်ရောက်၍
19
ထိုပြည်၏အစားအစာကို သင်တို့စားရသောအခါ ထာဝရဘုရားအား အလှူပစ္စည်းကို ပေးလှူပူဇော်ရမည်။
20
သင်တို့၏အဦးဆုံးမုန့်ညက်ဖြင့်ပြုလုပ်သောမုန့်ဝိုင်းကို အလှူပစ္စည်းအဖြစ် ပေးလှူပူဇော်ရမည်။ ၎င်းကို ကောက်နယ်တလင်းမှအလှူပစ္စည်းကဲ့သို့ ပေးလှူပူဇော်ရမည်။
21
သင်တို့၏အဦးဆုံးမုန့်ညက်မှအလှူပစ္စည်းကို သင်တို့၏မျိုးဆက်အစဉ်အဆက် ထာဝရဘုရားအား ပေးလှူရမည်။
22
မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာထားသော ဤပညတ်တော်အလုံးစုံကို သင်တို့မစောင့်ထိန်း၊ မရည်ရွယ်ဘဲကျူးလွန်မိခြင်းတည်းဟူသော
23
မောရှေမှတစ်ဆင့်ထာဝရဘုရားမိန့်မှာတော်မူသမျှသောပညတ်တော်တို့ကို ထာဝရဘုရားမိန့်မှာတော်မူသောနေ့မှစ၍ နောင်လာမည့်သင်တို့၏မျိုးဆက်အစဉ်အဆက်တို့က
24
လူမမြင်ကွယ်ရာတွင် မရည်ရွယ်ဘဲကျူးလွန်မိမည်ဆိုလျှင် လူထုအပေါင်းတို့သည် စီရင်ထုံးဖွဲ့ချက်နှင့်အညီ မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှနွားထီးပျိုတစ်ကောင်ကို မွှေးကြိုင်သောရနံ့အဖြစ် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာနှင့်အတူ ထာဝရဘုရားအား ပူဇော်ရမည်။ ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။
25
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် မိမိတို့ မရည်ရွယ်ဘဲကျူးလွန်မိသောအမှားအတွက် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောပူဇော်သက္ကာကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်ကိုလည်းကောင်း ထာဝရဘုရား၏ရှေ့တော်သို့ ယူဆောင်ခဲ့ကြသည်ဖြစ်၍ ယဇ်ပုရောဟိတ်သည် မရည်ရွယ်ဘဲကျူးလွန်မိသောအမှားအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။ ထိုအခါ သူတို့သည် အပြစ်လွှတ်ခြင်းခံရမည်။
26
အစ္စရေးအမျိုးသားလူထုအပေါင်းတို့နှင့် သူတို့တွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားတို့သည် မရည်ရွယ်ဘဲကျူးလွန်မိသည်ဖြစ်၍ သူတို့အားလုံး အပြစ်လွှတ်ခြင်းခံရမည်။
27
လူတစ်ယောက်သည် မရည်ရွယ်ဘဲအပြစ်ပြုမိလျှင် သူသည် အပြစ်ဖြေရာယဇ်အတွက် တစ်နှစ်သားအရွယ် ဆိတ်မကလေးတစ်ကောင်ကို ပူဇော်ရမည်။
28
မရည်ရွယ်ဘဲအပြစ်ပြုမိသော ထိုသူအတွက် ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသောအခါ ထိုသူသည် အပြစ်လွှတ်ခြင်းခံရမည်။
29
မရည်ရွယ်ဘဲအပြစ်ပြုမိသောသူနှင့်ပတ်သက်၍ အစ္စရေးအမျိုးသားတို့တွင် အမျိုးသားချင်းအတွက်ဖြစ်စေ၊ သူတို့တွင် တည်းခိုနေထိုင်သော တစ်ပါးအမျိုးသားအတွက်ဖြစ်စေ တရားသည် တစ်မျိုးတည်း ဖြစ်ရမည်။
30
အမျိုးသားချင်းဖြစ်စေ၊ တိုင်းတစ်ပါးသားဖြစ်စေ အပြစ်ကိုတမင်တကာပြုသောသူသည် ထာဝရဘုရားကိုစော်ကားသောသူဖြစ်၍ ထိုသူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
31
သူသည် ထာဝရဘုရား၏စကားတော်ကိုမထီမဲ့မြင်ပြု၍ ပညတ်တော်ကို ချိုးဖောက်သောကြောင့် သူသည် စင်စစ်ပယ်ဖျက်ခြင်းခံရမည်။ သူ၏ဒုစရိုက်သည် သူ့အပေါ်၌တည်၏”ဟု မိန့်တော်မူ၏။
32
အစ္စရေးအမျိုးသားတို့သည် တောကန္တာရ၌ရှိနေစဉ် ဥပုသ်နေ့၌ ထင်းခွေနေသောလူတစ်ယောက်ကို တွေ့၏။
33
ထိုထင်းခွေနေသောသူကိုတွေ့သောသူတို့သည် သူ့ကို မောရှေ၊ အာရုန်နှင့် လူထုအပေါင်းတို့ထံ ခေါ်ဆောင်လာခဲ့ကြ၏။
34
ထိုသူအား မည်သို့စီရင်ရမည်ကို သေသေချာချာမသိသေးသောကြောင့် သူ့ကို အကျဉ်းချထားလေ၏။
35
ထိုအခါ ထာဝရဘုရားက မောရှေအား “ထိုသူသည် မုချအသတ်ခံရမည်။ လူထုအပေါင်းတို့သည် ထိုသူကို တပ်စခန်း၏အပြင်ဘက်၌ ခဲနှင့်ပေါက်သတ်ရမည်”ဟု မိန့်တော်မူ၏။
36
မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း လူထုအပေါင်းတို့သည် ထိုသူကို တပ်စခန်းအပြင်ဘက်သို့ ထုတ်ဆောင်သွား၍ ခဲနှင့်ပေါက်သတ်ကြသဖြင့် သူသေလေ၏။
37
တစ်ဖန် ထာဝရဘုရားက မောရှေအား
38
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သူတို့၏မျိုးဆက်အစဉ်အဆက် မိမိတို့အဝတ်၏ထောင့်စွန်းတို့၌ ပန်းဖွားကိုပြုလုပ်၍ ထိုထောင့်စွန်းပန်းဖွား၌ အပြာရောင်ကြိုးတပ်ရမည်။
39
သင်တို့၌ ထိုပန်းဖွားရှိရခြင်းမှာ ထိုပန်းဖွားကို သင်တို့မြင်သောအခါ သင်တို့ကိုဖောက်ပြန်မှားယွင်းစေသော သင်တို့၏စိတ်အလို၊ မျက်စိအလို နောက်သို့မလိုက်ဘဲ ထာဝရဘုရား၏ပညတ်တော်အလုံးစုံကို အောက်မေ့၍ ပညတ်တော်တို့ကို ကျင့်ဆောင်ကြစေရန်ဖြစ်၏။
40
ငါ၏ပညတ်တော်အလုံးစုံကို အောက်မေ့၍ ကျင့်ဆောင်ခြင်းဖြင့် သင်တို့သည် သင်တို့၏ဘုရားသခင်အတွက် သန့်ရှင်းသောသူများဖြစ်ကြလိမ့်မည်။
41
ငါသည် သင်တို့၏ဘုရားဖြစ်ဖို့အတွက် သင်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36