bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Numbers 2
Numbers 2
Burmese MSBU
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 3 →
1
တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား
2
“အစ္စရေးအမျိုးသားအသီးသီးတို့သည် ဘိုးဘေးတို့၏အိမ်ထောင်စုအမှတ်လက္ခဏာပါသည့်အလံနားတွင် စခန်းချရမည်။ သူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ဘက်မျက်နှာမူလျက် ပတ်ပတ်လည်တွင် စခန်းချရမည်။
3
ယုဒတပ်စခန်း၏အလံနားရှိ ယုဒတပ်ဖွဲ့သည် အရှေ့ဘက် နေထွက်ရာအရပ်၌ စခန်းချရမည်။ အမိနဒပ်၏သား နာရှုန်သည် ယုဒအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
4
နာရှုန်တပ်ဖွဲ့ရှိလူအရေအတွက်မှာ ခုနစ်သောင်းလေးထောင့်ခြောက်ရာ ဖြစ်၏။
5
ယုဒတပ်ဖွဲ့၏ဘေးတွင် ဣသခါအမျိုးအနွယ် စခန်းချရမည်။ ဇုအာ၏သား နာသနေလသည် ဣသခါအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
6
နာသနေလတပ်ဖွဲ့ရှိလူအရေအတွက်မှာ ငါးသောင်းလေးထောင့်လေးရာ ဖြစ်၏။
7
ထို့နောက် ဇာဗုလုန်အမျိုးအနွယ် စခန်းချရမည်။ ဟေလုန်၏သား ဧလျာဘသည် ဇာဗုလုန်အမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
8
ဧလျာဘတပ်ဖွဲ့ရှိလူအရေအတွက်မှာ ငါးသောင်းခုနစ်ထောင့်လေးရာ ဖြစ်၏။
9
တပ်ဖွဲ့အလိုက် ယုဒတပ်စခန်းရှိလူအရေအတွက်စုစုပေါင်းမှာ တစ်သိန်းရှစ်သောင်းခြောက်ထောင့်လေးရာ ဖြစ်၏။ သူတို့သည် ရှေ့ဆုံးနေရာမှ ခရီးပြုရမည်။
10
ရုဗင်တပ်စခန်း၏အလံနားရှိ ရုဗင်တပ်ဖွဲ့သည် တောင်ဘက်၌ စခန်းချရမည်။ ရှေဒုရ၏သား ဧလိဇုရသည် ရုဗင်အမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
11
ဧလိဇုရတပ်ဖွဲ့ရှိလူအရေအတွက်မှာ လေးသောင်းခြောက်ထောင့်ငါးရာ ဖြစ်၏။
12
ရုဗင်တပ်ဖွဲ့၏ဘေးတွင် ရှိမောင်အမျိုးအနွယ် စခန်းချရမည်။ ဇုရိရှဒ္ဒဲ၏သား ရှေလုမျေလသည် ရှိမောင်အမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
13
ရှေလုမျေလတပ်ဖွဲ့ရှိလူအရေအတွက်မှာ ငါးသောင်းကိုးထောင့်သုံးရာ ဖြစ်၏။
14
ထို့နောက် ဂဒ်အမျိုးအနွယ် စခန်းချရမည်။ ရွေလ၏သား ဧလျာသပ်သည် ဂဒ်အမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
15
ဧလျာသပ်တပ်ဖွဲ့ရှိလူအရေအတွက်မှာ လေးသောင်းငါးထောင့်ခြောက်ရာ့ငါးဆယ် ဖြစ်၏။
16
တပ်ဖွဲ့အလိုက် ရုဗင်တပ်စခန်းရှိလူအရေအတွက်စုစုပေါင်းမှာ တစ်သိန်းငါးသောင်းတစ်ထောင့်လေးရာ့ငါးဆယ် ဖြစ်၏။ သူတို့သည် ဒုတိယနေရာမှ ခရီးပြုရမည်။
17
ထို့နောက်မှ လေဝိတပ်ဖွဲ့သည် တွေ့ဆုံစည်းဝေးရာတဲတော်ကိုသယ်ဆောင်လျက် တပ်ဖွဲ့များ၏အလယ်မှနေ၍ ခရီးပြုရမည်။ သူတို့သည် စခန်းချသည့်အတိုင်း မိမိတို့၏အလံနှင့်အတူ အသီးသီးကိုယ့်နေရာနှင့်ကိုယ် ခရီးပြုရမည်။
18
ဧဖရိမ်တပ်စခန်း၏အလံနားရှိ ဧဖရိမ်တပ်ဖွဲ့သည် အနောက်ဘက်၌ စခန်းချရမည်။ အမိဟုဒ်၏သား ဧလိရှမာသည် ဧဖရိမ်အမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
19
ဧလိရှမာတပ်ဖွဲ့ရှိလူအရေအတွက်မှာ လေးသောင်းငါးရာ ဖြစ်၏။
20
ဧဖရိမ်တပ်ဖွဲ့၏ဘေးတွင် မနာရှေအမျိုးအနွယ် စခန်းချရမည်။ ပေဒါဇုရ၏သား ဂါမလျေလသည် မနာရှေအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
21
ဂါမလျေလတပ်ဖွဲ့ရှိလူအရေအတွက်မှာ သုံးသောင်းနှစ်ထောင့်နှစ်ရာ ဖြစ်၏။
22
ထို့နောက် ဗင်္ယာမိန်အမျိုးအနွယ် စခန်းချရမည်။ ဂိဒေါနိ၏သား အဘိဒန်သည် ဗင်္ယာမိန်အမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
23
အဘိဒန်တပ်ဖွဲ့ရှိလူအရေအတွက်မှာ သုံးသောင်းငါးထောင့်လေးရာ ဖြစ်၏။
24
တပ်ဖွဲ့အလိုက် ဧဖရိမ်တပ်စခန်းရှိလူအရေအတွက်စုစုပေါင်းမှာ တစ်သိန်းရှစ်ထောင့်တစ်ရာ ဖြစ်၏။ သူတို့သည် တတိယနေရာမှ ခရီးပြုရမည်။
25
ဒန်တပ်စခန်း၏အလံနားရှိ ဒန်တပ်ဖွဲ့သည် မြောက်ဘက်၌ စခန်းချရမည်။ အမိရှဒ္ဒဲ၏သား အဟေဇာသည် ဒန်အမျိုးသားတို့၏ခေါင်းဆောင်ဖြစ်ရမည်။
26
အဟေဇာတပ်ဖွဲ့ရှိလူအရေအတွက်မှာ ခြောက်သောင်းနှစ်ထောင့်ခုနစ်ရာ ဖြစ်၏။
27
ဒန်တပ်ဖွဲ့၏ဘေးတွင် အာရှာအမျိုးအနွယ် စခန်းချရမည်။ ဩကရန်၏သား ပါဂျေလသည် အာရှာအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
28
ပါဂျေလတပ်ဖွဲ့ရှိလူအရေအတွက်မှာ လေးသောင်းတစ်ထောင့်ငါးရာ ဖြစ်၏။
29
ထို့နောက် နဿလိအမျိုးအနွယ် စခန်းချရမည်။ ဧနန်၏သား အဟိရသည် နဿလိအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
30
အဟိရတပ်ဖွဲ့ရှိလူအရေအတွက်မှာ ငါးသောင်းသုံးထောင့်လေးရာ ဖြစ်၏။
31
တပ်ဖွဲ့အလိုက် ဒန်တပ်စခန်းရှိလူအရေအတွက်စုစုပေါင်းမှာ တစ်သိန်းငါးသောင်းခုနစ်ထောင့်ခြောက်ရာ ဖြစ်၏။ သူတို့သည် မိမိတို့၏အလံနှင့်အတူ နောက်ဆုံးနေရာမှ ခရီးပြုရမည်”ဟု မိန့်တော်မူ၏။
32
ဤသည်ကား ဘိုးဘေးအိမ်ထောင်စုအလိုက် အစ္စရေးအမျိုးသားတို့၏အရေအတွက် ဖြစ်၏။ သူတို့တပ်ဖွဲ့အလိုက် တပ်စခန်းများရှိလူအရေအတွက်စုစုပေါင်းမှာ ခြောက်သိန်းသုံးထောင့်ငါးရာ့ငါးဆယ် ဖြစ်၏။
33
မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လေဝိအမျိုးတို့ကို အစ္စရေးအမျိုးသားတို့နှင့်အတူ မရေတွက်ပေ။
34
အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ပြုကြ၏။ သူတို့အသီးသီးမျိုးနွယ်စုအလိုက်၊ ဘိုးဘေးအိမ်ထောင်စုအလိုက် မိမိတို့၏အလံနားတွင် စခန်းချကြ၏၊ ခရီးပြုကြ၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36