bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Numbers 7
Numbers 7
Burmese MSBU
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 8 →
1
မောရှေသည် ကိန်းဝပ်တော်မူရာတဲတော်ကို တည်ပြီးသောနေ့၌ ကိန်းဝပ်တော်မူရာတဲတော်နှင့် ထိုတဲတော်၏တန်ဆာပလာရှိသမျှကို ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။ ယဇ်ပလ္လင်နှင့် ထိုယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှကိုလည်း ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။
2
အစ္စရေးလူမျိုးတို့၏ခေါင်းဆောင်များ၊ ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများဖြစ်သည့် စာရင်းဝင်သူတို့ကို ကြီးကြပ်ရသော အမျိုးအနွယ်တို့၏ခေါင်းဆောင်များသည် လှူဖွယ်ဝတ္ထုများကို ပူဇော်ကြ၏။
3
ခေါင်းဆောင်နှစ်ယောက်လျှင် ပေါင်းမိုးပါလှည်းအိမ်တစ်ခု၊ တစ်ယောက်လျှင် နွားတစ်ကောင်၊ စုစုပေါင်း လှည်းအိမ်ခြောက်ခုနှင့် နွားတစ်ဆယ့်နှစ်ကောင်စသည့် ပူဇော်သက္ကာတို့ကို ထာဝရဘုရားရှေ့တော်သို့ ယူဆောင်ခဲ့ကြပြီး ကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ ပူဇော်ကြ၏။
4
ထာဝရဘုရားက မောရှေအား
5
“တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုတော်၌ အသုံးပြုရန်အတွက် သူတို့ထံမှ ထိုလှူဖွယ်ဝတ္ထုတို့ကို ခံယူလော့။ သင်သည် ထိုအရာတို့ကို လေဝိအမျိုးအသီးသီးတို့ ထမ်းဆောင်ရသည့်တာဝန်အလိုက် ပေးအပ်ရမည်”ဟု မိန့်တော်မူ၏။
6
မောရှေသည်လည်း လှည်းအိမ်နှင့်နွားတို့ကိုခံယူပြီး လေဝိအမျိုးတို့အား ပေးအပ်လေ၏။
7
ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာဦးဆောင်မှုအောက်၌တာဝန်ထမ်းဆောင်သော ဂေရရှုန်သားမြေးတို့အား သူတို့ထမ်းဆောင်ရသည့်တာဝန်အလိုက် လှည်းအိမ်နှစ်ခုနှင့်နွားလေးကောင်၊
8
မေရာရိသားမြေးတို့အား သူတို့ထမ်းဆောင်ရသည့်တာဝန်အလိုက် လှည်းအိမ်လေးခုနှင့်နွားရှစ်ကောင်ကိုပေးအပ်လေ၏။
9
ကောဟတ်သားမြေးတို့ကိုမူကား မပေးအပ်ချေ။ အကြောင်းမှာ သူတို့သည် သန့်ရှင်းသောအရာတို့ကို တာဝန်ယူရ၍ ၎င်းတို့ကို ပခုံးဖြင့် ထမ်းရသောကြောင့်ဖြစ်၏။
10
ယဇ်ပလ္လင်ကို ဘိသိက်သွန်းသောနေ့၌ ခေါင်းဆောင်တို့သည် ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် ပူဇော်သက္ကာများကို ယူဆောင်လာ၍ မိမိတို့၏ပူဇော်သက္ကာကို ယဇ်ပလ္လင်ရှေ့၌ ပူဇော်ကြ၏။
11
အကြောင်းမှာ ထာဝရဘုရားက မောရှေအား “ခေါင်းဆောင်တို့သည် ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် တစ်နေ့လျှင်တစ်ယောက် မိမိတို့၏ပူဇော်သက္ကာကို ယူဆောင်လာရမည်”ဟု မိန့်တော်မူခဲ့၏။
12
ပထမနေ့၌ ယုဒအမျိုးအနွယ်မှ အမိနဒပ်၏သား နာရှုန်သည် ပူဇော်သက္ကာကို ယူဆောင်လာ၏။
13
သူ၏ပူဇော်သက္ကာများမှာ ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ် ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ် ရှိသော ငွေဇလုံတစ်လုံး၊
14
နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ် ရှိသော ရွှေခွက်တစ်လုံး၊
15
မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
16
အပြစ်ဖြေရာယဇ်အတွက် ဆိတ်သငယ်အထီးတစ်ကောင်၊
17
မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား အမိနဒပ်၏သား နာရှုန်၏ပူဇော်သက္ကာများ ဖြစ်၏။
18
ဒုတိယနေ့၌ ဣသခါသားမြေးတို့၏ခေါင်းဆောင်၊ ဇုအာ၏သားနာသနေလသည် ပူဇော်သက္ကာကို ယူဆောင်လာ၏။
19
သူယူဆောင်လာသောပူဇော်သက္ကာများမှာ ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
20
နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေခွက်တစ်လုံး၊
21
မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
22
အပြစ်ဖြေရာယဇ်အတွက် ဆိတ်သငယ်အထီးတစ်ကောင်၊
23
မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား ဇုအာ၏သား နာသနေလ၏ပူဇော်သက္ကာများ ဖြစ်၏။
24
တတိယနေ့၌ ဇာဗုလုန်သားမြေးတို့၏ခေါင်းဆောင်၊ ဟေလုန်၏သား ဧလျာဘ ယူဆောင်လာသော ပူဇော်သက္ကာများမှာ
25
ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
26
နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေခွက်တစ်လုံး၊
27
မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
28
အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီးကလေးတစ်ကောင်၊
29
မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား ဟေလုန်၏သား ဧလျာဘ၏ပူဇော်သက္ကာများ ဖြစ်၏။
30
စတုတ္ထနေ့၌ ရုဗင်သားမြေးတို့၏ခေါင်းဆောင်၊ ရှေဒုရ၏သား ဧလိဇုရ ယူဆောင်လာသော ပူဇော်သက္ကာများမှာ
31
ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
32
နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေခွက်တစ်လုံး၊
33
မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
34
အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီးကလေးတစ်ကောင်၊
35
မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား ရှေဒုရ၏သား ဧလိဇုရ၏ပူဇော်သက္ကာများ ဖြစ်၏။
36
ပဉ္စမနေ့၌ ရှိမောင်သားမြေးတို့၏ခေါင်းဆောင်၊ ဇုရိရှဒ္ဒဲ၏သား ရှေလုမျေလ ယူဆောင်လာသော ပူဇော်သက္ကာများမှာ
37
ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
38
နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေခွက်တစ်လုံး၊
39
မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
40
အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီးကလေးတစ်ကောင်၊
41
မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား ဇုရိရှဒ္ဒဲ၏သား ရှေလုမျေလ၏ပူဇော်သက္ကာများ ဖြစ်၏။
42
ဆဋ္ဌမနေ့၌ ဂဒ်သားမြေးတို့၏ခေါင်းဆောင်၊ ဒွေလ၏သား ဧလျာသပ် ယူဆောင်လာသော ပူဇော်သက္ကာများမှာ
43
ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
44
နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေခွက်တစ်လုံး၊
45
မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
46
အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီးကလေးတစ်ကောင်၊
47
မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား ဒွေလ၏သား ဧလျာသပ်၏ပူဇော်သက္ကာများ ဖြစ်၏။
48
သတ္တမနေ့၌ ဧဖရိမ်သားမြေးတို့၏ခေါင်းဆောင်၊ အမိဟုဒ်၏သားဧလိရှမာ ယူဆောင်လာသော ပူဇော်သက္ကာများမှာ
49
ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
50
နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေခွက်တစ်လုံး၊
51
မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
52
အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီးကလေးတစ်ကောင်၊
53
မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား အမိဟုဒ်၏သား ဧလိရှမာ၏ပူဇော်သက္ကာများ ဖြစ်၏။
54
အဋ္ဌမနေ့၌ မနာရှေသားမြေးတို့၏ခေါင်းဆောင်၊ ပေဒါဇုရ၏သား ဂါမလျေလ ယူဆောင်လာ သော ပူဇော်သက္ကာများမှာ
55
ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
56
နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေခွက်တစ်လုံး၊
57
မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
58
အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီးကလေးတစ်ကောင်၊
59
မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား ပေဒါဇုရ၏သား ဂါမလျေလ၏ပူဇော်သက္ကာများ ဖြစ်၏။
60
နဝမနေ့၌ ဗင်္ယာမိန်သားမြေးတို့၏ခေါင်းဆောင်၊ ဂိဒေါနိ၏သား အဘိဒန် ယူဆောင်လာသော ပူဇော်သက္ကာများမှာ
61
ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
62
နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေခွက်တစ်လုံး၊
63
မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
64
အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီးကလေးတစ်ကောင်၊
65
မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား ဂိဒေါနိ၏သား အဘိဒန်၏ပူဇော်သက္ကာများ ဖြစ်၏။
66
ဒသမနေ့၌ ဒန်သားမြေးတို့၏ခေါင်းဆောင်၊ အမိရှဒ္ဒဲ၏သား အဟေဇာ ယူဆောင်လာသော ပူဇော်သက္ကာများမှာ
67
ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
68
နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေခွက်တစ်လုံး၊
69
မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
70
အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီးကလေးတစ်ကောင်၊
71
မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား အမိရှဒ္ဒဲ၏သား အဟေဇာ၏ပူဇော်သက္ကာများ ဖြစ်၏။
72
ဧကာဒသမနေ့၌ အာရှာသားမြေးတို့၏ခေါင်းဆောင်၊ ဩကရန်၏သား ပါဂျေလ ယူဆောင်လာသော ပူဇော်သက္ကာများမှာ
73
ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
74
နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေခွက်တစ်လုံး၊
75
မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
76
အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီးကလေးတစ်ကောင်၊
77
မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား ဩကရန်၏သား ပါဂျေလ၏ပူဇော်သက္ကာများ ဖြစ်၏။
78
ဒွါဒသမနေ့၌ နဿလိသားမြေးတို့၏ခေါင်းဆောင်၊ ဧနန်၏သား အဟိရ ယူဆောင်လာသော ပူဇော်သက္ကာများမှာ
79
ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
80
နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေခွက်တစ်လုံး၊
81
မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
82
အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီးကလေးတစ်ကောင်၊
83
မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား ဧနန်၏သား အဟိရ၏ပူဇော်သက္ကာများ ဖြစ်၏။
84
ယဇ်ပလ္လင်ကို ဘိသိက်သွန်းသောနေ့၌ ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် အစ္စရေးခေါင်းဆောင်တို့ယူဆောင်လာသောပူဇော်သက္ကာမှာ ငွေလင်ပန်း တစ်ဆယ့်နှစ်ခု၊ ငွေဇလုံ တစ်ဆယ့်နှစ်လုံး၊ ရွှေခွက် တစ်ဆယ့်နှစ်လုံး ဖြစ်၏။
85
ငွေလင်ပန်းတစ်ခု၏အလေးချိန်မှာ တစ်ရာ့သုံးဆယ်ရှယ်ကယ်၊ ငွေဇလုံတစ်လုံး၏အလေးချိန်မှာ ခုနစ်ဆယ်ရှယ်ကယ် ရှိ၏။ ထိုတန်ဆာပလာတို့၏အလေးချိန်ပေါင်းကား သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ရှယ်ကယ်နှစ်ထောင့်လေးရာ ရှိ၏။
86
နံ့သာပေါင်းအပြည့်ပါသောရွှေခွက် တစ်ဆယ့်နှစ်လုံးတွင် တစ်လုံး၏အလေးချိန်မှာ သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ရှယ်ကယ်တစ်ဆယ် ဖြစ်၏။ ရွှေခွက်အားလုံး၏အလေးချိန်မှာတစ်ရာ့နှစ်ဆယ်ရှယ်ကယ် ဖြစ်၏။
87
မီးရှို့ရာယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာနှင့်တကွ တိရစ္ဆာန်စုစုပေါင်းမှာ နွားထီးတစ်ဆယ့်နှစ်ကောင်၊ သိုးထီးတစ်ဆယ့်နှစ်ကောင်၊ တစ်နှစ်သားအရွယ်သိုးသငယ်တစ်ဆယ့်နှစ်ကောင်၊ အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီးကလေးတစ်ဆယ့်နှစ်ကောင်၊
88
မိတ်သဟာယယဇ်အတွက် တိရစ္ဆာန်စုစုပေါင်းမှာ နွားထီးနှစ်ဆယ့်လေးကောင်၊ သိုးထီးအကောင်ခြောက်ဆယ်၊ ဆိတ်ထီးအကောင်ခြောက်ဆယ်၊ တစ်နှစ်သားအရွယ်သိုးသငယ် အကောင်ခြောက်ဆယ် ဖြစ်၏။ ဤသည်ကား ယဇ်ပလ္လင်ကို ဘိသိက်သွန်းပြီးနောက် ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် ပူဇော်သက္ကာများ ဖြစ်၏။
89
မောရှေသည် ထာဝရဘုရားနှင့်စကားပြောရန် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ သက်သေခံချက်သေတ္တာတော်ပေါ်ရှိ ကရုဏာတော်ပလ္လင် အထက် ခေရုဗိမ် နှစ်ပါးအကြားမှ သူ့အား ပြောသောစကားသံကို ကြားရ၏။ ထာဝရဘုရားသည် သူနှင့်စကားပြောတော်မူ၏။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
Recommended Reading
Commentary
Numbers Commentaries
→
Devotional
Numbers Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→