bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Numbers 20
Numbers 20
Burmese MSBU
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 21 →
1
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ပထမလ၌ ဇိနတောကန္တာရသို့ရောက်လာ၍ သူတို့သည် ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍ သူ့ကို ထိုအရပ်မှာပင် သင်္ဂြိုဟ်ကြ၏။
2
ရေမရှိသဖြင့် လူထုတို့သည်စုရုံး၍ မောရှေနှင့်အာရုန်တို့ကို ဆန့်ကျင်ကြ၏။
3
လူတို့က မောရှေအား “ထာဝရဘုရားရှေ့တော်၌ ငါတို့၏ညီအစ်ကိုများသေစဉ်က ငါတို့လည်း သေခဲ့ပါစေလား။
4
သင်သည် ထာဝရဘုရား၏လူအစုအဝေးဖြစ်သောငါတို့နှင့်တကွ ငါတို့၏တိရစ္ဆာန်များကိုလည်း ဤနေရာ၊ ဤတောကန္တာရထဲ၌သေစေရန် အဘယ်ကြောင့်ခေါ်ဆောင်ခဲ့သနည်း။
5
သင်သည် ငါတို့ကို အီဂျစ်ပြည်မှ ဤဆိုးရွားသောအရပ်သို့ အဘယ်ကြောင့်ခေါ်ဆောင်လာသနည်း။ ဤအရပ်သည် မျိုးစေ့ကြဲရာအရပ်မဟုတ်။ သဖန်းပင်၊ စပျစ်ပင်၊ သလဲပင် စိုက်ရာအရပ်မဟုတ်။ သောက်စရာရေလည်းမရှိ”ဟု ရန်တွေ့ကြ၏။
6
မောရှေနှင့်အာရုန်သည်လည်း လူအစုအဝေးထံမှ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့ သွား၍ ပျပ်ဝပ်လျက်နေကြစဉ် ထာဝရဘုရား၏ဘုန်းအသရေသည် သူတို့ရှေ့၌ ထင်ရှားလေ၏။
7
ထာဝရဘုရားက မောရှေအား
8
“တောင်ဝှေးကို ယူလော့။ သင်နှင့်သင်၏အစ်ကိုအာရုန်သည် အစ္စရေးလူထုကိုစုရုံး၍ သူတို့ရှေ့၌ ကျောက်တုံးကို အမိန့်ပေးလော့။ ထိုကျောက်တုံးမှ ရေထွက်လာမည်။ ဤသို့ဖြင့် သင်သည် ထိုကျောက်တုံးမှရေထွက်လာစေပြီး အစ္စရေးလူထုနှင့်သူတို့၏တိရစ္ဆာန်တို့သောက်စရာရေကို ပေးရမည်”ဟု မိန့်တော်မူ၏။
9
မောရှေသည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထာဝရဘုရား၏ရှေ့တော်မှ တောင်ဝှေးကိုယူလေ၏။
10
မောရှေနှင့်အာရုန်သည် လူအစုအဝေးတို့ကို ကျောက်တုံးရှေ့၌ စုရုံးစေပြီးလျှင် သူတို့အား “ပုန်ကန်သူတို့၊ နားထောင်လော့။ ငါတို့သည် သင်တို့အတွက် ဤကျောက်တုံးမှ ရေထွက်စေရမည်လော”ဟု ဆိုပြီးလျှင်
11
မောရှေသည် မိမိ၏လက်ကိုမြှောက်၍ တောင်ဝှေးဖြင့် ထိုကျောက်ကို နှစ်ကြိမ်ရိုက်လေ၏။ ထိုအခါ ရေများစွာထွက်လာသဖြင့် လူထုကြီးနှင့်သူတို့၏တိရစ္ဆာန်များ ရေသောက်ရကြ၏။
12
သို့သော် ထာဝရဘုရားက မောရှေနှင့်အာရုန်အား “သင်တို့သည် ငါ့ကိုမယုံကြည်၊ အစ္စရေးအမျိုးသားတို့၏ရှေ့၌ ငါသန့်ရှင်းကြောင်း အသိအမှတ်မပြုကြသောကြောင့် သင်တို့သည် ဤလူအစုအဝေးတို့အား ငါပေးသောပြည်သို့ သူတို့ကို ပို့ဆောင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။
13
ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ ရန်တွေ့သောနေရာကို မေရိဘစမ်းရေ ဟုခေါ်၏။ ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်းကို သူတို့အား ထိုနေရာတွင် ပြတော်မူ၏။
14
မောရှေသည် ကာဒေရှအရပ်မှစေတမန်ကို ဧဒုံဘုရင်ထံ စေလွှတ်၍ “အရှင်၏ဆွေမျိုးသားချင်းအစ္စရေးလူမျိုးတို့ လျှောက်ဆိုပါ၏။ အကျွန်ုပ်တို့တွေ့ကြုံရသောအခက်အခဲအားလုံးကို အရှင်မင်းကြီးသိပါ၏။
15
အကျွန်ုပ်တို့၏ဘိုးဘေးတို့သည် အီဂျစ်ပြည်သို့ရောက်သွားပြီး အကျွန်ုပ်တို့သည် အီဂျစ်ပြည်၌ ကာလကြာမြင့်စွာနေထိုင်ကြပါ၏။ အီဂျစ်လူမျိုးတို့သည် အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏ဘိုးဘေးတို့အား ဆိုးညစ်သောအမှုပြုကြပါ၏။
16
အကျွန်ုပ်တို့သည် ထာဝရဘုရားထံ အော်ဟစ်သောအခါ အကျွန်ုပ်တို့၏အသံကို ကြားတော်မူ၍ ကောင်းကင်တမန်ကို စေလွှတ်ပြီး အကျွန်ုပ်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့ပါ၏။ ယခု အကျွန်ုပ်တို့သည် အရှင်မင်းကြီး၏နယ်မြေအစွန်အဖျားမြို့ဖြစ်သော ကာဒေရှမြို့သို့ရောက်နေပါပြီ။
17
အကျွန်ုပ်တို့ကို အရှင်မင်းကြီး၏ပြည်ထဲမှ ဖြတ်သွားခွင့်ပြုတော်မူပါ။ လယ်ယာနှင့်စပျစ်ခြံတို့ထဲမှ ဖြတ်မသွားပါ။ ရေတွင်းထဲမှရေကိုလည်း မသောက်ပါ။ အကျွန်ုပ်တို့သည် အရှင်မင်းကြီး၏နယ်မြေကိုကျော်လွန်သည်အထိ လက်ယာဘက်၊ လက်ဝဲဘက်သို့မလွှဲဘဲ ရှင်ဘုရင်လမ်းမအတိုင်းသွားပါမည်”ဟု လျှောက်စေ၏။
18
သို့သော် ဧဒုံဘုရင်က “ငါ့နယ်မြေထဲမှ သင်တို့ဖြတ်မသွားရ။ ဖြတ်သွားလျှင် ငါသည် ထွက်လာ၍ သင်တို့ကို ဓားဖြင့်တိုက်ခိုက်မည်”ဟု ဆို၏။
19
အစ္စရေးအမျိုးသားတို့ကလည်း “အကျွန်ုပ်တို့သည် ရှင်ဘုရင်လမ်းမအတိုင်းသာ သွားပါမည်။ အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏တိရစ္ဆာန်တို့သည် အရှင်၏ရေကိုသောက်မိလျှင် အဖိုးအခကိုပေးပါမည်။ ခြေဖြင့်ဖြတ်သွားရုံသာဖြတ်သွားပါမည်”ဟု ပြန်လျှောက်၏။
20
သို့သော် ဧဒုံဘုရင်က “သင်တို့ဖြတ်မသွားရ”ဟု ဆိုလျက် သူတို့ကိုတိုက်ခိုက်ရန် အားကြီးသောစစ်သူရဲများစွာတို့ဖြင့် ထွက်လာ၏။
21
ဧဒုံဘုရင်သည် အစ္စရေးလူမျိုးတို့ကို မိမိ၏နယ်မြေထဲမှဖြတ်သွားခွင့်မပြုသောကြောင့် အစ္စရေးလူမျိုးတို့သည် သူ့ထံမှရှောင်လွှဲသွားကြ၏။
22
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ကာဒေရှအရပ်မှ ခရီးပြုကြရာ ဟောရတောင်သို့ရောက်လာကြ၏။
23
ဧဒုံပြည်နယ်စပ်ရှိဟောရတောင်၌ ထာဝရဘုရားက မောရှေနှင့်အာရုန်အား
24
“အာရုန်သည် မိမိလူမျိုးတို့စုစည်းရာသို့ သွားရတော့မည်။ အကြောင်းမူကား သင်တို့သည် မေရိဘစမ်းရေနားတွင် ငါ့အမိန့်ကိုဖီဆန်ကြသောကြောင့် အစ္စရေးအမျိုးသားတို့အား ငါပေးသောပြည်သို့ အာရုန်သည်မဝင်ရ။
25
အာရုန်နှင့်သူ၏သားဧလာဇာကိုခေါ်၍ ဟောရတောင်ပေါ်သို့ တက်သွားကြလော့။
26
အာရုန်၏အဝတ်ကိုချွတ်၍ သူ၏သားဧလာဇာအားဝတ်ဆင်ပေးလော့။ အာရုန်သည် ထိုတောင်ပေါ်၌သေ၍ မိမိလူမျိုးတို့စုစည်းရာသို့ ရောက်ရမည်”ဟု မိန့်တော်မူ၏။
27
မောရှေသည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း နာခံလျက် လူထုအပေါင်းတို့၏မျက်မှောက်မှာပင် ဟောရတောင်ပေါ်သို့သူတို့တက်သွားကြ၏။
28
မောရှေသည် အာရုန်၏အဝတ်ကိုချွတ်၍ သူ့သားဧလာဇာအားဝတ်ဆင်ပေးလေ၏။ အာရုန်သည် ထိုတောင်ထိပ်တွင် သေဆုံးလေ၏။ ထို့နောက် မောရှေနှင့်ဧလာဇာတို့သည် တောင်ပေါ်မှဆင်းလာကြ၏။
29
လူထုအပေါင်းတို့သည် အာရုန်သေကြောင်းကို သိမြင်သော် အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် အာရုန်အတွက် ရက်ပေါင်းသုံးဆယ်ငိုကြွေးကြ၏။
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
Recommended Reading
Commentary
Numbers Commentaries
→
Devotional
Numbers Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→