bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 1928
/
John 1
John 1
Burmese 1928
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 2 →
1
အစအဦး၌နှုတ်ကပတ်တော်တည်၏။ နှုတ်ကပတ်တော်သည် ဘုရားသခင့်အပါးတော်တွင်ရှိ၏။ ထို နှုတ်ကပတ်တော်သည် ဘုရားသခင်ပေတည်း။
2
အစအဦး၌ပင်၊ ထို နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။
3
အရာခပ်သိမ်းသည် ကိုယ်တော်အားဖြင့်ပေါ်လာ၏။ ကိုယ်တော်နှင့်ကင်း၍ ပေါ်လာသောအရာ တစ်စုံတစ်ခုမျှမရှိချေ။
4
ကိုယ်တော်၌အသက်တည်၏။ ထိုအသက်လည်း လူတို့၏အလင်းဖြစ်၏။
5
ထိုအလင်းသည် မှောင်မိုက်၌ထွန်းလင်းရာ မှောင်မိုက်သည်မခံမယူ။
6
ဘုရားသခင်စေလွှတ်တော်မူလိုက်သော ယောဟန်အမည်ရှိသူသည်၊
7
သူသက်သေခံခြင်းဖြင့် လူခပ်သိမ်းတို့ယုံကြည်ကြစေရန် အလင်းတော့်အကြောင်းကိုသက်သေခံရောက်လာ၏။
8
ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော့်အကြောင်းကို သက်သေခံရောက်လာ၏။
9
လူတိုင်းကိုလင်းစေသောအလင်းတော်စစ်သည် ဤလောကသို့ကြွလာရာ၊
10
ဤလောက၌ ရှိနေတော်မူလျက်ပင်၊ ကိုယ်တော်အားဖြင့်ပေါ်လာသောဤလောကသည် ကိုယ်တော်ကိုမသိ။
11
ကိုယ့်ဒေသအရပ်သို့ ကြွလာတော်မူသော် ကိုယ့်လူမျိုးတော်သည်လက်မခံချေ။
12
နာမတော်ကိုယုံကြည်သူတို့တည်းဟူသော လက်ခံသူဟူသမျှတို့အား၊ ဘုရားသခင်၏ သားဖြစ်ထိုက်သောအခွင့်ကိုသနားတော်မူ၏။
13
ထိုသားတို့သည်အသွေးချင်းအားဖြင့်မဟုတ်။ အသားရမ္မက်အားဖြင့်မဟုတ်။ လူ့ဆန္ဒအားဖြင့်လည်းမဟုတ်။ ဘုရားသခင့်အားဖြင့်ဖွားရကြ၏။
14
နှုတ်ကပတ်တော်သည် လူ့ဇာတိကိုယူဆောင်၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ဘောင်တွင်ရပ်စံတော်မူရာ အဘဖြစ်သူမှ၊ ဧကပုတ္တသားခံရသောဘုန်းဂုဏ်ကဲ့သို့ ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို ငါတို့ဖူးမြင်ရကြ၏။
15
ကိုယ်တော်၏အကြောင်းကိုယောဟန်က၊ ငါ့နောက်မှကြွလာသောအရှင်သည် ငါ့အရင် ရှိတော်မူသည့်အတိုင်း ငါ့ရှေ့ကနေရာတော်ရသည်ဟူ၍ငါဆိုသောသူကား ဤအရှင်တည်းဟုကြွေးကြော်လျက် သက်သေခံ၏။
16
ပညတ်တရားတော်ကိုမောရှေအားဖြင့်ရသည်မှန်၏။ ယေရှုခရစ်အားဖြင့်မူကား ကျေးဇူးတော်နှင့် သစ္စာတော်သက်ရောက်သည်ဖြစ်၍ ငါတို့ရှိသမျှသည် ကိုယ်တော်၏အပြည့်အစုံမှ ကျေးဇူးတော်ကိုအထပ်ထပ်ခံရကြလေပြီ။
18
လူတစ်စုံတစ်ယောက်မျှ ဘုရားသခင်ကိုမမြင်စဘူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်စံဧကပုတ္တသားတော်သည် ဖော်ပြတော်မူလေပြီ။
19
သင်မည်သူနည်းဟုမေးစေရန် ယေရုရှလင်မြို့မှ ပရောဟိတ်နှင့်လေဝိဂိုဏ်းသားတို့ကို ယုဒလူမျိုးတို့စေလွှတ်ကြရာ၊
20
ယောဟန်သည်မငြင်းမဆိုဘဲ ဝန်ခံ၍သက်သေခံသည်မှာ ငါသည်ခရစ်တော်မဟုတ်ဟုဝန်ခံ၏။
21
ထိုသူတို့က၊ မဟုတ်လျှင် ဧလိယလောဟုမေးကြရာ ငါမဟုတ်ဟူ၍လည်းကောင်း၊ ထိုပရောဖက်လောဟု မေးကြပြန်သော် မဟုတ်ဟူ၍လည်းကောင်း ဖြေဆိုသည်နှင့်၊
22
ငါတို့ကိုစေလွှတ်လိုက်သူတို့အားပြန်ပြောနိုင်ရန် သင်အသူနည်း။ သင့်ကိုယ်ကိုမည်သို့ဆိုသနည်းဟု မေးမြန်းကြသည့်ကာလ၊
23
ယောဟန်က၊ ငါကား ပရောဖက်ဟေရှာယဆင့်ဆိုချက်အရ၊ ထာဝရဘုရားကြွတော်မူရာလမ်းကို ညီညွတ်စေကြလော့ဟူ၍ သဲတော၌ကြွေးကြော်သူ၏စကားသံတည်းဟုပြန်ဆို၏။
24
ဖာရိရှဲတို့စေလွှတ်သည့်အတိုင်း၊
25
ထိုသူတို့က၊ သင်သည်ခရစ်တော်မဟုတ်။ ဧလိယမဟုတ်။ ထိုပရောဖက်မဟုတ်ခဲ့လျှင် အဘယ်ကြောင့်ဗတ္တိဇံမင်္ဂလာပေးသနည်းဟုမေးကြသော်၊
26
ယောဟန်က၊ ငါသည်ရေနှင့်ဗတ္တိဇံမင်္ဂလာပေးသည်မှန်၏။ ငါ့နောက်ကြွလာ၍၊ သင်တို့မသိသောအရှင်ဖိနပ်တော်ကြိုးကိုမျှ ငါမဖြည်ထိုက်သောအရှင်ကား သင်တို့ဘောင်တွင်တည်ရှိလေပြီဟု ဖြေဆို၏။
28
ဤအခြင်းအရာများသည် ဗတ္တိဇံမင်္ဂလာကိုယောဟန်ပေးလျက်နေရာ ယော်ဒန်မြစ်တစ်ဖက်၊ ဗေသနိရွာတွင် ဖြစ်ပျက်သတည်း။
29
နောက်နေ့၌ယေရှုချဉ်းလာတော်မူသည်ကို ယောဟန်မြင်သော် ရှုကြည့်ကြလော့။ ဤလောကသားတို့၏ အပြစ်ကိုဆောင်သွားသော၊ ဘုရားသခင့်သိုးငယ်တော်တည်း။
30
ငါ့အရင်ရှိတော်မူသည့်အတိုင်း ငါ့ရှေ့ကနေရာတော်ရသောအရှင်သည် ငါ့နောက်မှကြွလာမည်ဟူ၍ငါသက်သေခံသူကား ထိုသူတည်း။
31
ကိုယ်တော်မှန်းငါမသိရာတွင် ဣသရေလလူမျိုးအားထင်ရှားစေခြင်းငှါသာ ရေနှင့် ဗတ္တိဇံမင်္ဂလာပေးလျက်၊ ငါရောက်လာသည်ဟုဆို၏။
32
ယောဟန်သက်သေခံသေးသည်မှာ ဝိညာဉ်တော်သည် ကောင်းကင်မှချိုးငှက်သဏ္ဌာန် ကိုယ်တော့်အပေါ်သို့ဆင်းသက်နားနေသည်ကို ငါမြင်ရ၏။
33
ကိုယ်တော်မှန်း ငါမသိရာတွင် ရေနှင့်ဗတ္တိဇံမင်္ဂလာပေးရန် ငါ့ကိုစေလွှတ်လိုက်သောအရှင်က၊ မည်သူ့အပေါ်သို့မဆို ဝိညာဉ်တော့်ဆင်းသက်နားနေသည်ကို သင်မြင်ရလျှင် ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ဗတ္တိဇံမင်္ဂလာပေးသူဖြစ်သည်ဟု မိန့်တော်မူသည့်အတိုင်း၊
34
ငါမြင်ရ၍ ထိုသူကား ဘုရားသခင့်သားတော်မှန်ကြောင်းသက်သေခံပြီဟုဆို၏။
35
တစ်ဖန် နောက်နေ့၌ ယောဟန်သည်တပည့်နှစ်ယောက်တို့နှင့်ရပ်နေရာ၊
36
ကြွသွားတော်မူသောယေရှုကိုဖူးမြင်လျက် ရှုကြည့်ကြလော့။ ဘုရားသခင့်သိုးငယ်တော်တည်းဟု ဆိုသောစကားကို တပည့်နှစ်ယောက်တို့ကြား၍၊
37
ယေရှုနောက်တော်ကလိုက်သွားကြ၏။
38
ယေရှုသည် လှည့်၍လိုက်လာကြသည်ကိုမြင်လျှင် မည်သည်ကိုရှာကြသနည်းဟုမေးတော်မူရာ ရဗ္ဗိ၊ အဘယ်မှာသိတင်းသုံးတော်မူပါသနည်းဟု မေးပြန်ကြ၏။ ရဗ္ဗိအနက်ကား ဆရာတော်တည်း။
39
ကိုယ်တော်က၊ လာကြ။ မြင်ရလိမ့်မည်ဟုမိန့်တော်မူသည့်အတိုင်း လိုက်၍ သိတင်းသုံးတော်မူရာကို မြင်ပြီးလျှင် ထိုနေ့တွင်ကိုယ်တော်နှင့်အတူနေထိုင်ကြ၏။ ထိုအခါ၊ ဆယ်နာရီခန့်အချိန်ဖြစ်၏။
40
ယောဟန့်စကားကိုကြား၍ နောက်တော်ကလိုက်လာသူနှစ်ယောက်တွင် ရှိမုန်ပေတရု၏ညီဖြစ်သူ အန္ဒြေသည် အစ်ကိုရှိမုန်ကိုဦးစွာတွေ့၍၊
41
ကျွန်တော်တို့သည် မေရှိကိုတွေ့ပြီဟုဆို၏။ မေရှိအနက်ကား၊ ခရစ်တော်တည်း။
42
ထိုသူ့ကို ယေရှုအထံတော်သို့ပို့ဆောင်ရာ ရှုကြည့်တော်မူလျက် ယေရှုက၊ သင်သည်ယောဟန်၏သား ရှိမုန်ဖြစ်၏။ ကေဖဟူ၍အခေါ်ခံရလိမ့်မည်ဟု မိန့်တော်မူ၏။ ကေဖအနက်ကား ပေတရုတည်း။
43
နောက်နေ့၌ ယေရှုသည် ဂါလိလဲနယ်ရောက်ကြွမည့်သဘောရှိရာ ဖိလိပ္ပုကိုတွေ့၍ ငါ့နောက်ကလိုက်လော့ဟုမိန့်တော်မူ၏။
44
ဖိလိပ္ပုကား အန္ဒြေနှင့်ပေတရုတို့နေထိုင်ရာ ဗက်ဇဲဒမြို့သားတည်း။
45
ဖိလိပ္ပုသည် နာသနေလကိုတွေ့၍ ပညတ္တိကျမ်း၌မောရှေရေးထားသည့်ပြင်၊ ပရောဖက်တို့ရေးထားသောအရှင်ဖြစ်သူ နာဇရက်မြို့နေယောသပ်သားယေရှုကို ကျွန်ုပ်တို့တွေ့ကြပြီဟုဆိုသော်၊
46
နာသနေလက၊ နာဇရက်မြို့ထဲမှအကောင်းထွက်နိုင်သလောဟုမေးရာ လာ၍ကြည့်လော့ဟု ဖိလိပ္ပုဆိုသည့်အတိုင်း နာသနေလချဉ်းလာသည်ကို ယေရှုမြင်သော် ရှုကြည့်ကြလော့။
47
ပရိယာယ်ကင်းသော ဣသရေလအမျိုးသားစစ်တည်းဟု မိန့်တော်မူ၏။
48
ထိုအခါ နာသနေလက၊ အကျွန်ုပ်ကို မည်သို့သိပါသနည်းဟုမေးသည့်ကာလ ဖိလိပ္ပုမခေါ်မီ သဖန်းပင့်အောက်မှာရှိစဉ် သင့်ကိုမြင်သည်ဟုယေရှုမိန့်တော်မူရာ၊
49
ဆရာတော်၊ အရှင်သည်ဘုရားသခင့်သားတော်၊ ဣသရေလလူမျိုး၏ဘုရင်ဖြစ်ပါသည်ဟု နာသနေလပြန်လျှောက်လျှင်၊
50
ယေရှုက၊ သဖန်းပင့်အောက်တွင်သင့်ကိုမြင်ကြောင်းငါဆိုသည့်အတွက်ယုံသလော။ ဤထက်အကြီးအမြတ်များကို မြင်ရဦးမည်ဟူ၍လည်းကောင်း၊
51
ကောင်းကင်ပွင့်၍ ဘုရားသခင်၏စေတမန်တော်များသည် လူ့သားအပေါ်သို့ဆင်းလျက် တက်လျက်နေသည်ကို သင်တို့မြင်ရကြလတ္တံ့၊ ငါအမှန်ဆိုသည်ဟူ၍လည်းကောင်း မိန့်တော်မူ၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21