bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 1928
/
John 8
John 8
Burmese 1928
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 9 →
1
ယေရှုသည် သံလွင်တောင်သို့ကြွတော်မူ၏။ နံနက်စောစောဗိမာန်တော်သို့ တစ်ဖန်ကြွရောက်တော်မူပြီးလျှင် လူပရိသတ်လုံးချဉ်းလာသဖြင့် ထိုင်လျက်ဒေသနာပေးတော်မူ၏။
3
ထိုအခါ မျောက်မထားမှုပြုနေစဉ်တွေ့မိသောမိန်းမတစ်ယောက်ကို ကျမ်းတတ်ဆရာနှင့် ဖာရိရှဲတို့ခေါ်ခဲ့လျက် အလယ်တွင်ထားပြီးမှ၊
4
ကိုယ်တော်ကိုအပြစ်စွဲဆိုခွင့်ရရှိစေခြင်းငှါ စုံစမ်းမေးမြန်းကြသည်မှာ ဆရာ၊ မျောက်မထားမှုပြုစဉ်ပင် ဤမိန်းမကိုတွေ့မိကြပါပြီ။ မောရှေသည်ဤသို့သောမိန်းမကို ခဲပစ်သတ်ဒဏ်ခတ်စေဟု ပညတ္တိကျမ်း၌ မှာထားခဲ့ပါပြီ။ ဆရာမူကား၊ မည်သို့မိန့်ဆိုပါသနည်းဟုမေးကြရာ ယေရှုသည်ငုံ့လျက် လက်ညှိုးတော်နှင့် မြေပေါ်တွင်ရေးသား၍နေတော်မူ၏။
7
ထိုသူတို့သည် အထပ်ထပ်မေးကြသောအခါမော်ကြည့်လျက် သင်တို့တွင်အပြစ်ကင်းသူသည် ဦးစွာပစ်ခတ်စေဟု မိန့်တော်မူပြီးမှ၊
8
တစ်ဖန်ငုံ့လျက် မြေပေါ်တွင်ရေးသားတော်မူပြန်၏။
9
ထိုသူတို့သည်ကြားရလျှင် သြတ္တပ္ပစိတ်ရှိလျက် အကြီးမှစ၍အငယ်တိုင်အောင် တစ်ယောက်နောက်တစ်ယောက်ထွက်သွားကြသဖြင့် ယေရှုတစ်ပါးတည်းကျန်ရစ်တော်မူလျက် မိန်းမလည်း ရပ်မြဲရပ်နေ၏။
10
ထိုအခါ ယေရှုသည် မော်ကြည့်ပြန်၍ ထိုမိန်းမပြင် မည်သူကိုမျှမြင်တော်မမူသော်၊ အချင်းမိန်းမ၊ အပြစ်စွဲသူတို့သည်အဘယ်မှာနည်း။ မည်သူမျှအပြစ်မစီရင်လော ဟုမေးတော်မူလျှင်၊
11
စီရင်သူမရှိပါအရှင်ဘုရား ဟုပြန်လျှောက်ရာယေရှုက၊ ငါလည်းအပြစ်မစီရင်၊ သွားတော့၊ နောက်ထပ်မပြစ်မှားနှင့်ဟု မိန့်တော်မူ၏။
12
တစ်ဖန်တုံ၊ လူပရိသတ်အားယေရှုက ငါသည်ဤလောက၏အလင်းဖြစ်၏၊ ငါ့နောက်လိုက်သောသူသည် မှောင်မိုက်၌သွားလာရမည်မဟုတ်။ အသက်အလင်းကို ရလိမ့်မည်ဟုမိန့်တော်မူ၏။
13
သို့ဖြစ်၍ဖာရိရှဲတို့က ကိုယ့်အကြောင်းသက်သေခံသဖြင့် သင့်သက်သေခံချက်မတည်ဟု ဆိုကြသော်၊
14
ယေရှုက ငါသည်မည်သည့်ဒေသကလာ၍ မည်သည့်ဒေသသို့သွားမည်ကိုသိသဖြင့်၊ ကိုယ့်အကြောင်းသက်သေခံသော်ကား၊ ငါ့သက်သေခံချက်တည်၏။ သင်တို့မှာမူ မည်သည့်ဒေသကလာ၍ မည်သည့်ဒေသသို့ငါသွားမည်ကို မသိကြ။
15
သင်တို့သည် ပဝတ္တိကိုထောက်၍စီရင်ဆုံးဖြတ်ကြ၏။ ငါသည် မည်သူ့ကိုမျှစီရင်ဆုံးဖြတ်သည်မဟုတ်။
16
အကယ်၍စီရင်ဆုံးဖြတ်လျှင်၊ ငါတစ်ပါးတည်းမက စေလွှတ်တော်မူလိုက်သောခမည်းတော်လည်း တည်နေတော်မူသောကြောင့် ငါစီရင်ဆုံးဖြတ်ချက်မှန်ကန်၏။
17
သက်သေခံနှစ်ဦးထွက်ဆိုချက်တည်သည်ဟု သင်တို့၏ပညတ်တရားတွင်ရေးထားသည်နှင့်အညီ၊
18
ငါသည်ကိုယ့်အကြောင်းကိုသက်သေခံသည့်ပြင် စေလွှတ်တော်မူလိုက်သောခမည်းတော်လည်း၊ သက်သေခံတော်မူသည်ဟု မိန့်တော်မူ၏။
19
ထိုသူတို့ကလည်း သင်၏ခမည်းတော်အဘယ်မှာနည်းဟုမေးကြသော် ယေရှုက ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်း သင်တို့မသိကြ။ ငါ့ကိုသိခဲ့လျှင် ငါ့ခမည်းတော်ကိုလည်းသိကြလေပြီဟု၊
20
ဗိမာန်တော်အတွင်းအလှူတိုက်အနီး ဒေသနာပေးလျက်မိန့်တော်မူ၏။ အချိန်နာရီတော်မရောက်သေးသောကြောင့် မည်သူမျှကိုယ်တော်ကိုမဖမ်းဖြစ်ကြ။
21
တစ်ဖန်တုံကိုယ်တော်က ငါသွား၍သင်တို့သည်ငါ့ကိုရှာဆဲ၊ ကိုယ့်အပြစ်၌သေကြလိမ့်မည်။ ငါသွားရာသို့ သင်တို့ရောက်နိုင်မည်မဟုတ်ဟု မိန့်တော်မူသည်နှင့်၊
22
ယုဒလူမျိုးတို့က ငါသွားရာသို့သင်တို့ရောက်နိုင်ကြမည်မဟုတ်ဟူ၍သူဆိုသည်မှာ ကိုယ်ကိုသတ်မည်လောဟု တိုင်ပင်ကြသော်၊
23
ကိုယ်တော်က သင်တို့သည်အောက်ဘုံမှဖြစ်ကြ၏။ ငါမှာအထက်ဘုံမှဖြစ်၏။ သင်တို့သည်ဤလောကမှဖြစ်ကြ၏။ ငါမှာဤလောကမှဖြစ်သည်မဟုတ်။
24
ထိုကြောင့်သင်တို့သည် ကိုယ့်အပြစ်၌သေကြလိမ့်မည် ငါဆိုခဲ့၏။ ငါဖြစ်သည်ကိုသင်တို့မယုံလျှင် ကိုယ့်အပြစ်၌သေရကြလတ္တံ့ဟု မိန့်တော်မူ၏။
25
ထိုသူတို့ကလည်း၊ သင်မည်သူနည်းဟုမေးကြသော်၊ ယေရှုက အဘယ်အကြောင်းနှင့် သင်တို့အားငါပြောရဦးမည်နည်း။
26
သင်တို့နှင့်စပ်၍ ဆုံးမဖြတ်ဆိုရန်အများရှိသည့်အတိုင်း ငါ့ကိုစေလွှတ်တော်မူလိုက်သောအရှင်သည် မှန်ကန်တော်မူသဖြင့် ထိုအရှင့်ထံမှကြားနာခဲ့ရသမျှကို ဤလောကသားတို့အား ငါပြန်ကြားသည်ဟု မိန့်တော်မူ၏။
27
ခမည်းတော့်အကြောင်းမိန့်တော်မူသည်ကို ထိုသူတို့မသိမမြင်ကြသောကြောင့်၊
28
ယေရှုက သင်တို့သည်လူ့သားကိုမြှောက်ထားကြသည့်ကာလမှ ငါဖြစ်ကြောင်းကိုလည်းကောင်း၊ ကိုယ့်အလိုအလျောက်မည်သည်ကိုမျှမပြုဘဲ၊ ခမည်းတော်သွန်သင်တော်မူသည့်အတိုင်းသာ ငါပြန်ကြားကြောင်းကိုလည်းကောင်း သိကြလိမ့်မည်။
29
ငါ့ကိုစေလွှတ်တော်မူလိုက်သောအရှင်သည် ငါနှင့်အတူရှိတော်မူ၍ နှစ်သက်တော်မူရာများကို အခါခပ်သိမ်းငါပြုသည့်အတိုင်း ငါ့ကိုတစ်ပါးတည်းစွန့်ထားတော်မမူဟု မိန့်တော်မူ၏။
30
ထိုသို့မိန့်တော်မူစဉ် အများတို့သည်ကိုယ်တော်ကိုယုံကြည်ကြသတည်း။
31
ထို့ကြောင့် ကိုယ်တော်ကိုယုံကြည်သောယုဒလူမျိုးတို့အား ယေရှုက သင်တို့သည်ငါ့တရား၌တည်လျှင် ငါ့တပည့်စစ်ဖြစ်၍၊
32
သမ္မာတရားကို သိမြင်သဖြင့် ထိုတရားကြောင့်လွတ်ရာရောက်ကြလိမ့်မည်ဟု မိန့်တော်မူသော်၊
33
ထိုသူတို့က အကျွန်ုပ်တို့သည်အာဗြဟံ၏အမျိုးအနွယ်ဖြစ်လျက် မည်သူ့ထံမျှကျွန်မခံရစဘူးပါ၊ လွတ်ရာရောက်ကြမည်ဟု အသို့ဆိုပါသနည်းဟူ၍ ပြန်ဆိုကြရာ၊
34
ယေရှုက ငါဧကန်အမှန်ဆိုသည်ကား အပြစ်ပြုမိသူတိုင်းအပြစ်၏ကျွန်တည်း။
35
ကျွန်ဖြစ်သူသည် အိမ်တွင် ကာလအစဉ်မနေရ။ သားမူကား အစဉ်တည်နေရ၏။
36
ထို့ကြောင့်သားတော်သည် သင်တို့ကိုလွှတ်စေလျှင် မုချလွတ်ရာရောက်ကြလိမ့်မည်။
37
သင်တို့သည် အာဗြံဟံ၏အမျိုးအနွယ်ဖြစ်ကြောင်းကိုငါသိ၏။ သို့ဖြစ်လျက်ပင် သင်တို့တွင်ငါ့တရားမတိုးပွါးရသည့်အတွက် ငါ့ကိုအသေသတ်ရန်ရှာကြံကြသည်တကား။
38
ခမည်းတော်ထံသိမြင်ခဲ့ရာများကို ငါပြန်ကြားသည့်နည်းတူ ကိုယ့်အဘထံမှကြားနာရာများကို သင်တို့လုပ်ဆောင်ကြသည်ဟု မိန့်တော်မူ၏။
39
အကျွန်ုပ်တို့အဘကား အာဗြဟံတည်းဟုထိုသူတို့ပြန်ဆိုကြသည့်ကာလ ယေရှုက အာဗြဟံ၏သားမှန်လျှင် အာဗြဟံ၏အကျင့်အလိုက် ပြုမူကြလေပြီ။
40
ယခုမူကား ဘုရားသခင့်အထံတော်မှကြားနာခဲ့ရသောသမ္မာတရားကို ပြန်ကြားသောငါ့ကို အသေသတ်ရန် သင်တို့ရှာကြံကြ၏။
41
ထိုအတိုင်း အာဗြဟံပြုသည်မဟုတ်၊ ကိုယ့်အဘ၏အကျင့်အလိုက်သင်တို့ပြုမူကြသည်တကားဟု မိန့်တော်မူသော် ကျွန်ုပ်တို့သည်မျောက်မထား၍ဖွားသောသားများမဟုတ်။ ဘုရားသခင်တည်းဟူသောအဘတစ်ဦးတည်းရှိကြသည်ဟု ပြန်ဆိုကြရာ၊
42
ယေရှုက ဘုရားသခင်သည်သင်တို့အဘမှန်လျှင် ကိုယ့်အလိုအလျောက်မလာဘဲ၊ စေလွှတ်တော်မူခြင်းကိုခံသည့်အတိုင်း ဘုရားသခင့်ထံတော်မှထွက်လာကြွရောက်သောငါ့ကို နှစ်သက်ကြလေပြီ။
43
ငါပြန်ကြားချက်ကို အဘယ်ကြောင့်နားမလည်ကြသနည်း။ ငါ့တရားကိုနာယူရန် မတတ်စွမ်းနိုင်သောကြောင့်တည်း။
44
သင်တို့သည် ကိုယ့်အဘမာရ်နတ်မှဖြစ်ပွားကြသဖြင့် အဘ၏တတ်မက်ခြင်းအတိုင်း ပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင်သူသတ်ဖြစ်သည့်ပြင် ဟုတ်မှန်ခြင်းကင်းသောကြောင့် သမ္မာတရား၌မတည်။ မုသာသုံးလျက် မုသာအဘရင်းဖြစ်သည့်အလျောက်၊ မုသာပြောဆိုသောအခါ ကိုယ့်ဆိုင်ရာကိုသာပြောဆို၏။
45
သင်တို့လည်း ဟုတ်မှန်ရာကိုငါပြောဆိုသောကြောင့် ငါ့ကိုမယုံကြ။
46
သင်တို့တွင်မည်သူသည် ငါ၌အပြစ်ဖော်ပြနိုင်သနည်း။ ငါသည်ဟုတ်မှန်ရာပြောဆိုလျှင် အဘယ့်ကြောင့်မယုံကြသနည်း။
47
ဘုရားသခင့်ထံမှဖြစ်ပွားသူသည် ဘုရားသခင့်ဗျာဒိတ်တော်ကိုနာယူတတ်၏။ သင်တို့သည် ဘုရားသခင့်ထံမှမဖြစ်ပွားသောကြောင့် မနာမယူကြချေဟု မိန့်တော်မူ၏။
48
ယုဒလူမျိုးတို့ကလည်း သင်သည်နတ်ဝင်ရှမာရိလူမျိုးဖြစ်သည်ဟူ၍ငါတို့ဆိုသည်မှာ သင့်လျော်သည်မဟုတ်လောဟု ပြန်ဆိုကြသော်၊
49
ယေရှုက ငါသည်နတ်ဝင်မဟုတ်။ ငါ့ခမည်းတော့်အသရေကိုချီးမြှောက်သူဖြစ်၏။ သင်တို့မူကား ငါ့အသရေကိုရှုတ်ချကြလေစွ။
50
သို့ရာတွင်ငါသည် ကိုယ့်ဂုဏ်ကိုရှာသည်မဟုတ်။ ငါ့ဂုဏ်ကိုရှာ၍ဆုံးဖြတ်သောအရှင်တစ်ပါးရှိ၏။
51
ငါဧကန်အမှန်ဆိုသည်ကား မည်သူမဆိုငါ့တရားကိုစောင့်ရှောက်လျှင် အဘယ်ကာလမျှ သေခြင်းနှင့်မကြုံကြိုက်ရဟု မိန့်တော်မူ၏။
52
ယုဒလူမျိုးတို့ကလည်း သင်နတ်ဝင်ဖြစ်သည်ကိုယခုငါတို့သိကြပြီ။ အာဗြဟံနှင့်ပရောဖက်တို့ ကွယ်လွန်ကြပြီ။ သင်ကမူ မည်သူမဆိုငါ့တရားကိုစောင့်ရှောက်လျှင် အဘယ်ကာလမျှသေခြင်းနှင့် မကြုံကြိုက်ရဟူ၍ ဆိုပါသည်တကား။
53
ကွယ်လွန်သောငါတို့အဘအာဗြဟံထက် သင်ကြီးမြတ်သလော။ ပရောဖက်တို့လည်း ကွယ်လွန်ကြပြီ။ သင့်ကိုယ်ကိုမည်သူလုပ်သနည်းဟု ဆိုကြသော်၊
54
ယေရှုက ငါသည်ကိုယ်ကိုဂုဏ်တင်လျှင် ငါ့ဂုဏ်သည်အလဟဿဖြစ်လိမ့်မည်။ ငါ၌ဂုဏ်တင်သောအရှင်ကား ငါ့ခမည်းတော်တည်း။ ထိုအရှင်သည် ကိုယ့်ဘုရားသခင် ဖြစ်သည်ဟူ၍သင်တို့ဆိုကြသော်လည်း ကိုယ်တော်ကိုမသိကြ။
55
ငါမူကား သိ၏။ မသိဟုဆိုလျှင် သင်တို့ကဲ့သို့မုသာသုံးသူဖြစ်လိမ့်မည်။ ငါသည် ကိုယ်တော်ကိုသိ၍ တရားတော်ကိုစောင့်ရှောက်၏။
56
သင်တို့အဘအာဗြဟံသည် ငါ့နေ့ရက်နှင့်တွေ့ကြုံမည်ဟု ရွှင်လန်းလျက်တွေ့ကြုံရသဖြင့် သာယာသည်ဟု မိန့်တော်မူ၏။
57
ထို့ကြောင့်ယုဒလူမျိုးတို့က သင်သည်အသက်ငါးဆယ်မရှိသေးဘဲ အာဗြဟံကိုမြင်ရဘူးသလောဟု မေးကြသည့်ကာလ၊
58
ယေရှုက ငါဧကန်အမှန်ဆိုသည်ကား အာဗြဟံမဖြစ်မီငါတည်သည်ဟုမိန့်တော်မူရာ ကိုယ်တော်ကိုပစ်ခတ်ရန်ခဲကောက်ကြ၏။
59
ယေရှုမူကားတိမ်းရှောင်၍ ဗိမာန်တော်ထဲမှထွက်ကြွတော်မူ၏။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
Recommended Reading
Commentary
John Commentaries
→
Devotional
John Devotional Guide
→
Get This Bible
Burmese Study Bible
→