bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 1928
/
John 20
John 20
Burmese 1928
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 21 →
1
ခုနစ်ရက်တွင် ပဌမနေ့နံနက်စောစောမှောင်လျက်ရှိနေသေးစဉ် မာဂဒလမာရိသည်သင်္ချိုင်းတော်သို့လာ၍ ဂူဝကကျောက်လုံးကို ဖယ်သွားပြီးမြင်သော်၊
2
ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသောအခြားတပည့်တော်တို့ထံ လျင်လျင်သွား၍ သင်္ချိုင်းဂူတော်ထဲမှ အရှင်ဘုရား၏အလောင်းတော်ကိုယူသွားပြီ။ အဘယ်မှာထားသည်ကိုကျွန်မတို့မသိပါဟု ပြောဆိုသောကြောင့်၊
3
ပေတရုနှင့်ထိုတပည့်တော်သည် သင်္ချိုင်းဂူတော်သို့ထွက်သွားကြ၏။
4
တစ်ပြိုင်နက်အမြန်သွားကြရာ ထိုတပည့်တော်သည် ပေတရုကိုလွန်၍၊
5
သင်္ချိုင်းဂူတော်သို့ဦးစွာရောက်သဖြင့် ငုံ့ကြည့်သည့်ကာလ ပိတ်ထည်များနေရစ်သည်ကိုမြင်လျက်ပင် မဝင်ဘဲနေ၏။
6
ရှိမုန်ပေတရုသည် နောက်ထပ်ရောက်သော် သင်္ချိုင်းဂူတော်ထဲသို့ဝင်၍ ပိတ်ထည်များနေရစ်သည်ကိုလည်းကောင်း၊
7
ဦးခေါင်းတော်ကပုဝါသည် ထိုအထည်များနှင့်မရောဘဲ တစ်နေရာတွင်သီးခြားလိပ်ထားသည်ကိုလည်းကောင်း မြင်ရ၏။
8
ထိုအခါ သင်္ချိုင်းဂူတော်သို့ဦးစွာရောက်သော တစ်ခြားတပည့်တော်လည်းလိုက်ဝင်၍ မြင်သဖြင့် ယုံကြည်လေ၏။
9
သူသေတို့အထဲမှ ကိုယ်တော်ရှင်ပြန်ထမြောက်ရမည်ဆိုသောကျမ်းချက်ကိုကား သူတို့မမြင်မီ နားမလည်ကြချေ။
10
၎င်းနောက်ထိုတပည့်တော်တို့သည် အိမ်သို့ပြန်သွားကြ၏။
11
မာရိမူကား သင်္ချိုင်းဂူတော့်ပြင်တွင်ငိုကြွေးလျက်ရပ်နေရစ်၏။ ထိုသို့ငိုကြွေးလျက် ဂူတော်ထဲသို့ ငုံ့ကြည့်သော်၊
12
ယေရှု၏အလောင်းတော်ထားရာခေါင်းရင်းတွင်တစ်ပါး၊ ခြေရင်းတွင်တစ်ပါး၊ ဖွဲ့ဖြူဆင်ယင်လျက် ထိုင်နေသောစေတမန်တော်နှစ်ပါးကိုမြင်သည့်ကာလ၊
13
စေတမန်တော်တို့က အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်းဟုမေးကြရာ မာရိက ကျွန်မ၏အရှင်ဘုရားအလောင်းတော်ကိုယူသွားပြီ။ အဘယ်မှာထားသည်ကို မသိသောကြောင့် ငိုကြွေးပါသည်ဟုဖြေဆိုပြီးမှ၊
14
နောက်သို့လှည့်၍ ယေရှုရပ်နေတော်မူသည်ကိုမြင်သော်လည်း ယေရှုမှန်းမသိချေ။
15
ယေရှုကလည်း အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း။ မည်သူ့ကိုရှာသနည်းဟုမေးတော်မူသည့်ကာလ ဥယျာဉ်စောင့်ထင်မှတ်၍ မာရိက အလောင်းတော်ကိုရှင်ရွှေ့လျှင် အဘယ်မှာထားသည်ကိုပြောပါ၊ ကျွန်မယူသွားပါမည်ဟုပြန်ဆိုရာ၊
16
ယေရှုက မာရိ၊ ဟုခေါ်တော်မူသော်မာရိလှည့်၍ ရဗ္ဗုနိဟုဟေဗြဲဘာသာဖြင့်ထူးလေ၏။ ရဗ္ဗုနိအနက်ကား ဆရာတော်တည်း။
17
ယေရှုကလည်း ငါ့ကိုမကိုင်နှင့်ဦး။ ခမည်းတော်ထံသို့ငါမတက်သေး။ ငါသည် ငါ့အဘနှင့်သင်တို့အဘ၊ ငါ့ဘုရားနှင့် သင်တို့ဘုရားအထံတော်သို့ တက်သွားတော့မည်ဟူ၍ ငါ့ညီများထံသွားရောက်ကြားပြောလော့ဟုမိန့် တော်မူသည့်အတိုင်း၊
18
မာဂဒလမာရိသည် တပည့်တော်တို့ထံသွား၍ အရှင်ဘုရားအားဖူးမြင်ရကြောင်းကိုလည်းကောင်း၊ ထိုသို့မိန့်တော်မူကြောင်းကိုလည်းကောင်း ကြားပြောလေ၏။
19
ခုနစ်ရက်တွင် ထိုပဌမနေ့ညဉ့်ဦးယံအချိန်၌ တပည့်တော်တို့သည်ယုဒလူမျိုးတို့ကိုကြောက်ရွံ့သဖြင့် တံခါးပိတ်လျက်နေကြရာ ယေရှုသည်ကြွလာ၍အလယ်မှာရပ်လျက် သင်တို့၌ငြိမ်သက်ခြင်းတည်စေသတည်းဟု မိန့်တော်မူပြီးလျှင်၊
20
လက်တော်များနှင့်နံဘေးတော်ကိုပြတော်မူသော် အရှင်ဘုရားကိုတပည့်တော်တို့မြင်ရ၍ ဝမ်းမြောက်ကြ၏။
21
တစ်ဖန်ယေရှုက သင်တို့၌ငြိမ်သက်ခြင်းတည်စေသတည်း။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူလိုက်သည့်နည်းတူ ငါလည်းသင်တို့ကိုစေလွှတ်သည်ဟု အမိန့်ရှိတော်မူပြီးလျှင်၊
22
တပည့်တော်တို့အပေါ်သို့မှုတ်တော်မူလျက် သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူကြလော့။
23
မည်သူ့အပြစ်ကိုမဆိုသင်တို့ဖြေလွှတ်လျှင် လွတ်လိမ့်မည်။ မည်သူ့အပြစ်ကိုမဆိုတည်စေလျှင် တည်လိမ့်မည်ဟုမိန့်တော်မူ၏။
24
ယေရှုကြွလာတော်မူသောအခါ တစ်ဆယ့်နှစ်ပါးပါဝင်သူဒိဒုမုခေါ်သောမ မရှိ။
25
ထိုကြောင့်အခြားတပည့်တော်တို့က ငါတို့သည်အရှင်ဘုရားကိုဖူးမြင်ရကြပြီဟူ၍ဆိုသော် သောမက လက်တော်များရှိသံချက်များကိုမမြင်၊ လက်ညှိုးဖြင့်မလျှို၊ နံဘေးတော်ကိုလက်နှင့်မနှိုက်ရဘဲ ငါယုံမည်မဟုတ်ဟုပြန်ဆို၏။
26
ထိုနောက် ရှစ်ရက်ကြာသော် သောမနှင့်တကွတပည့်တော်တို့သည် အိမ်ထဲတွင်ရှိနေကြပြန်ရာ တံခါးပိတ်လျက်ရှိစဉ် ယေရှုသည်ကြွလာ၍အလယ်မှာရပ်လျက် သင်တို့၌ငြိမ်သက်ခြင်းတည်စေသတည်းဟု မြွက်ဆိုတော်မူပြီးလျှင်၊
27
သောမအား သင့်လက်ညှိုးကိုဆန့်၍ ငါ့လက်များကိုစမ်းသပ်ခြင်း၊ လက်ကိုဆန့်၍ ငါ့နံဘေးကိုနှိုက်ခြင်းပြုလော့။ သံသယကင်း၍ယုံကြည်လော့ဟု မိန့်တော်မူရာ၊
28
သောမက အကျွန်ုပ်အရှင်၊ အကျွန်ုပ်ဘုရားသခင်ပါတကားဟု ပြန်လျှောက်လေ၏။
29
ယေရှုကလည်း သင်သည်ငါ့ကိုမြင်ရသောကြောင့်ယုံကြည်လေစွ။ မမြင်ဘဲလျက်ယုံကြည်သူတို့၌ မင်္ဂလာရှိသည်ဟုမိန့်တော်မူ၏။
30
ဤကျမ်း၌မရေးမတင်သော အခြားနိမိတ်လက္ခဏာအများကို တပည့်တော်တို့မျက်မှောက်တွင် ယေရှုပြတော်မူ၏။
31
ရေးတင်သောနိမိတ်လက္ခဏာများကိုကား ယေရှုသည် ဘုရားသခင့်သားတော်တည်းဟူသော ခရစ်တော်ဖြစ်ကြောင်း သင်တို့ယုံကြည်၍ နာမတော်ကြောင့်အသက်ကိုရကြစေရန် ရေးတင်ခဲ့သတည်း။
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
Recommended Reading
Commentary
John Commentaries
→
Devotional
John Devotional Guide
→
Get This Bible
Burmese Study Bible
→