bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 1928
/
John 11
John 11
Burmese 1928
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 12 →
1
ထိုအခါ မာရိနှင့်အစ်မမာသတို့နေထိုင်ရာ ဗေသနိရွာသားလာဇရုဆိုသူသည် နာလျက်ရှိနေ၏။
2
နာနေသောလာဇရု၏အစ်မဖြစ်သော ထိုမာရိကား၊ အရှင်ဘုရားကိုနံ့သာဆီလိမ်းကျံ၍ ခြေတော်ကိုဦးဆံနှင့်သုတ်သောသူတည်း။
3
ထိုညီအစ်မတို့သည် အရှင်ဘုရား၊ ကိုယ်တော်ချစ်တော်မူသူနာလျက်နေပါသည်ဟု စေလွှတ်လျှောက်ထားကြရာ၊
4
ယေရှုကြားတော်မူသော် ဤရောဂါသည် သေခြင်းအလို့ငှါမဟုတ်။ ဘုရားသခင့်သားတော်၏ဘုန်းထင်ရှားစေရန် ဘုရားသခင့်ဘုန်းတော်အဖို့ဖြစ်သည်ဟု မိန့်တော်မူ၏။
5
ယေရှုသည် မာသမှစ၍ညီမနှင့်လာဇရုတို့ကို ချစ်တော်မူသည့်အတိုင်း၊
6
နာနေသောသတင်းကြားသော် ရှိနေရာအရပ်တွင် နှစ်ရက်ဆက်လက်နေထိုင်တော်မူပြီးလျှင်၊
7
တပည့်တော်တို့အား၊ ယုဒပြည်သို့ တစ်ဖန်သွားကြကုန်အံ့ဟု မိန့်တော်မူ၏။
8
ထိုအခါ တပည့်တော်တို့က၊ ဆရာတော်၊ ယုဒလူမျိုးတို့သည်ယခုပင်ပစ်ခတ်ရန်ရှာကြံသည်ဖြစ်ပါလျက်၊ ကြွပြန်တော်မူဦးမည်လောဟုဆိုကြရာ၊
9
ယေရှုက တစ်နေ့တွင်တစ်ဆယ့်နှစ်နာရီရှိသည်မဟုတ်လော။ လူသည်နေ့အခါ၌သွားလာလျှင် ဤလောက၏အလင်းကိုမြင်ရသောကြောင့် တိုက်လဲမည်မဟုတ်။
10
ညဉ့်အခါတွင်သွားလာလျှင်မူကား သူ၌အလင်းမရှိသောကြောင့်တိုက်လဲတတ်သည်ဟု ပြန်၍မိန့်တော်မူ၏။
11
ထိုသို့မိန့်တော်မူပြီးနောက် တပည့်တော်တို့အား ငါတို့အဆွေလာဇရုအိပ်ပျော်လေပြီ။ သို့ရာတွင်သူ့ကိုနိုးထစေခြင်းငှါ ငါသွားမည်ဟုမိန့်တော်မူရာ၊
12
တပည့်တော်တို့က အရှင်ဘုရား၊ အိပ်ပျော်လျှင် သက်သာပါလိမ့်မည်ဟုလျှောက်ဆိုကြ၏။
13
ထိုသို့ယေရှုသည် သေခြင်းကိုရည်လျက်မိန့်တော်မူခဲ့သော်လည်း အိပ်ပျော်ခြင်းအကြောင်းမိန့်တော်မူသည်ဟု တပည့်တော်တို့ထင်မှတ်ကြသဖြင့်၊
14
ယေရှုက လာဇရုသေပြီ။ သို့ရာတွင်သင်တို့ယုံကြည်စေခြင်းငှါ ထိုအရပ်၌ငါမရှိသည်နှင့် သင်တို့အတွက်ငါဝမ်းမြောက်၏။ သူ့ထံသွားကြကုန်အံ့ဟု အတည့်အလင်းမိန့်တော်မူသည့်ကာလ၊
16
ဒိဒုမုခေါ်သောမက၊ ငါတို့လည်း ကိုယ်တော်နှင့်အတူအသေခံရန်လိုက်သွားကြကုန်အံ့ဟု တပည့်တော်ချင်းတို့အားဆိုလေ၏။
17
ယေရှုရောက်တော်မူသော် သင်္ချိုင်းဂူ၌လေးရက်ရှိခဲ့သည်ကို တွေ့တော်မူ၏။
18
ဗေသနိရွာသည် ယေရုရှလင်မြို့အနီး ခရီးတစ်တိုင်ခန့်မျှကွာသည်ဖြစ်၍၊
19
ယုဒလူမျိုးအများတို့သည် မာသနှင့်မာရိတို့ထံ မောင်နှင့်စပ်၍နှစ်သိမ့်စေရန်ရောက်လာကြ၏။
20
မာသသည် ယေရှုရောက်တော်မူကြောင်းကြားသော် အိမ့်အတွင်းမာရိထိုင်နေစဉ် ခရီးဦးကြိုဆိုလျက်၊
21
အရှင်ဘုရား၊ ကိုယ်တော်ရှိတော်မူခဲ့လျှင် တပည့်တော်မမောင်မသေလေပါ။
22
ယခုလည်း ဘုရားသခင့်ထံကိုယ်တော်တောင်းလျှောက်သမျှအတိုင်း ဘုရားသခင်သနားတော်မူမည်ကို တပည့်တော်မ သိပါသည်ဟုလျှောက်သော်၊
23
သင့်မောင် ရှင်ပြန်ထမြောက်လိမ့်မည်ဟုယေရှုမိန့်တော်မူ၏။
24
မာသကလည်း နောက်ဆုံးနေ့တွင် သူသေတို့ရှင်ပြန်ထမြောက်သည့်ကာလ သူရှင်ပြန်ထမြောက်မည်ကို တပည့်တော်မ သိပါသည်ဟုလျှောက်ပြန်သော်၊
25
ယေရှုက ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ ဇီဝအသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်သူသည် သေသော်လည်းရှင်လိမ့်မည်။
26
မည်သူမဆိုအသက်ရှင်လျက် ငါ့ကိုယုံကြည်လျှင် အဘယ်ကာလမျှသေတော့မည်မဟုတ်။ ဤစကားကို ယုံသလောဟုမေးတော်မူရာ၊
27
ယုံပါ၏အရှင်ဘုရား၊ ကိုယ်တော်သည် ဤလောကသို့ကြွလာရမည့် ဘုရားသခင့်သားတော်တည်းဟူသော ခရစ်တော်ဖြစ်ကြောင်းကို တပည့်တော်မ ယုံကြည်ပါပြီဟုပြန်လျှောက်ပြီးလျှင်၊
28
ထွက်သွား၍ ညီမမာရိကိုတိတ်တဆိတ်ခေါ်လျက် ဆရာတော်ရောက်လာ၍ သင့်ကိုခေါ်နေသည်ဟုဆို၏။
29
ထိုစကားကို မာရိကြားသော် အလျင်အမြန်ထ၍၊
30
ရွာထဲသို့မရောက်၊ မာသကြိုဆိုရာအရပ်တွင်ရှိနေတော်မူသေးသောယေရှုထံ သွားလေ၏။
31
သို့ဖြစ်၍မာရိကိုနှစ်သိမ့်စေလျက် အိမ်တွင်ရှိနေသောယုဒလူမျိုးတို့သည် အလျင်အမြန်ထသွားသည်ကိုမြင်သော် သင်္ချိုင်းဂူသို့ငိုကြွေးရန်သွားသည်ထင်မှတ်၍ လိုက်သွားကြ၏။
32
မာရိသည် ယေရှုထံသို့ရောက်၍ ကိုယ်တော်ကိုမြင်သည့်ကာလ၊ ခြေတော်ရင်းတွင်ပျပ်ဝပ်လျက် အရှင်ဘုရား၊ ကိုယ်တော်ရှိတော်မူခဲ့လျှင် တပည့်တော်မမောင် မသေလေပါဟုလျှောက်၏။
33
ထိုအခါ မာရိငိုသည်ကိုလည်းကောင်း၊ လိုက်လာသောယုဒလူမျိုးတို့ငိုကြသည်ကိုလည်းကောင်း၊ ယေရှုမြင်တော်မူသော် စိတ်တော်ညှိုးငယ်ခြင်း၊ နှလုံးတော်မသာခြင်းဖြစ်၍၊
34
အလောင်းကို အဘယ်မှာသွင်းထားကြသနည်းဟုမေးတော်မူရာ အရှင်ဘုရား၊ ကြွ၍ရှုတော်မူပါဟုလျှောက်ကြ၏။
35
ထိုအခါ ယေရှုမျက်ရည်ကျတော်မူသဖြင့်၊
36
ယုဒလူမျိုးတို့က မည်မျှချစ်သည်ကိုကြည့်ကြပါဟုဆိုကြ၏။
37
အချို့ကလည်း သူကန်း၏မျက်စိပွင့်စေသောဤသူသည် လာဇရုကိုမသေအောင် မတတ်နိုင်လောဟု ဆိုကြ၏။
38
သို့ဖြစ်၍ယေရှုသည် စိတ်တော်ထပ်ဆင့်ညှိုးငယ်လျက် ကျောက်လုံးနှင့်ပိတ်ထားရာဂူဖြစ်သောသင်္ချိုင်းသို့ ရောက်တော်မူလျှင်၊
39
ကျောက်လုံးကိုဖယ်လိုက်ကြဟု မိန့်တော်မူသောအခါ သေသူ့အစ်မမာသက အရှင်ဘုရား၊ ယခုနံပါလိမ့်မည်။ သေသည်မှာ လေးရက်ရှိပါပြီဟုလျှောက်သော်၊
40
ယေရှုက သင်ယုံလျှင် ဘုရားသခင့်ဘုန်းတော်ကိုမြင်ရလိမ့်မည် ငါဆိုခဲ့ပြီမဟုတ်လောဟု မိန့်တော်မူ၏။
41
ကျောက်လုံးကိုဖယ်လိုက်ကြရာ ယေရှုမြော်ကြည့်လျက်၊ အိုအဘခမည်းတော်၊ အကျွန်ုပ်အားနားညောင်းတော်မူသောကြောင့် ကျေးဇူးတော်ကြီးလှပါ၏။
42
အခါခပ်သိမ်းနားညောင်းတော်မူသည်ကို အကျွန်ုပ်သိပါ၏။ သို့ရာတွင် အကျွန်ုပ်ကိုကိုယ်တော်စေလွှတ်တော်မူလိုက်ကြောင်းယုံကြည်ကြစေရန် ပတ်လည်ရှိလူပရိသတ်အတွက်ကြောင့် ထိုသို့ လျှောက်ပါသည်ဟု မြွက်ဆိုတော်မူပြီးလျှင်၊
43
လာဇရု၊ ထွက်ခဲ့ဟု ကျယ်သောအသံနှင့်အမိန့်ရှိတော်မူရာ၊
44
သေလွန်သူသည် လက်ခြေများအဝတ်ပတ်စည်းလျက် မျက်နှာလည်းပဝါပတ်ရစ်လျက် ထွက်လာ၏။ ယေရှုကလည်း ဖြည်၍လွှတ်လိုက်ကြဟု မိန့်တော်မူ၏။
45
ထို့ကြောင့် မာရိထံလာရောက်၍ ပြုတော်မူသောအမှုကိုကြည့်မြင်သောယုဒလူမျိုးအများသည် ကိုယ်တော်ကိုယုံကြည်ကြ၏။
46
အချို့မူကား ဖာရိရှဲတို့ထံသွား၍ ယေရှုပြုတော်မူရာများကိုကြားပြောကြ၏။
47
သို့ဖြစ်၍ပရောဟိတ်ကြီးနှင့်ဖာရိရှဲတို့လွှတ်တော်တက်ပြီးလျှင် ဤသူသည် နိမိတ်လက္ခဏာများစွာပြသည်ကိုထောက်၍ မည်သို့ပြုလုပ်ကြအံ့နည်း။
48
ထိုသို့နေစေလျှင် သူ့ကိုလူခပ်သိမ်းယုံကြည်ကြလိမ့်မည်။ ရောမလူမျိုးတို့လည်းလာ၍ ငါတို့တိုင်းပြည်နှင့်လူမျိုးကို တိုက်သိမ်းကြလိမ့်မည်ဟု ဆိုကြရာ၌၊
49
အပါအဝင်တစ်ယောက်၊ ထိုနှစ်တွင်ပရောဟိတ်မင်းဖြစ်သူကာယဖက သင်တို့သည်မည်သည်ကိုမျှမသိကြ။
50
တစ်မျိုးလုံးမပျက်ရဘဲ လူမျိုးတော်အတွက် လူတစ်ယောက်အသေခံလျှင် သင့်လျော်သည်ကိုမစဉ်းစားကြဟု ဆို၏။
51
ထိုသို့ဆိုသည်မှာ ကိုယ့်ဉာဏ်ဖြင့်မဟုတ်။ ထိုနှစ်တွင်ပရောဟိတ်မင်းဖြစ်၍ ယေရှုသည်ထိုလူမျိုးအတွက် အသေခံတော်မူရမည့်အကြောင်းကိုလည်းကောင်း၊
52
ထိုလူမျိုးအတွက်သာမဟုတ်၊ အရပ်ရပ်ကွဲလွင့်လျက်နေသော ဘုရားသခင့်သားသမီးတို့ကိုတစ်စုတစ်ရုံးတည်းဖြစ်စေရန် အသေခံတော်မူရမည့်အကြောင်းကိုလည်းကောင်း၊ ပရောဖက်ဉာဏ်ဖြင့် ဟောပြောသတည်း။
53
သို့နှင့်အညီ ထိုနေ့ကစ၍ ကိုယ်တော်ကိုကွပ်မျက်ရန်တိုင်ပင်ကြ၏။
54
သို့ဖြစ်၍ယေရှုသည် ယုဒလူမျိုးတို့ဘောင်တွင် နောင်အထင်အရှားသွားလာတော်မမူဘဲ သဲတောစပ်ရှိ ဧဖရိမ်ခေါ်မြို့သို့ကြွရောက်၍ တပည့်တော်တို့နှင့်အတူနေထိုင်တော်မူ၏။
55
ထိုအခါ ယုဒလူမျိုး၏ပသခါပွဲတိုင်လုနီးသည်ဖြစ်၍ အများတို့သည်ကျေးတောမှ ယေရုရှလင်မြို့သို့ သန့်စေခြင်းဝတ်ကိုပြုရန် ပွဲမတိုင်မီရောက်ကြရာ၊ ယေရှုကိုရှာ၍ ဗိမာန်တော်တွင်ရှိနေကြစဉ်၊
56
မည်သို့ထင်ကြသနည်း။ သူသည်ပွဲသို့လာမည်မဟုတ်လောဟု အချင်းချင်းမေးမြန်းပြောဆိုကြ၏။
57
ပရောဟိတ်ကြီးနှင့်ဖာရိရှဲတို့ကလည်း မည်သူမဆိုကိုယ်တော်ရှိရာအရပ်ကိုသိလျှင်၊ ဖမ်းဆီးရန်ပြရမည်ဟူ၍ အမိန့်ထုတ်ဆင့်ပြီးဖြစ်၏။
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
Recommended Reading
Commentary
John Commentaries
→
Devotional
John Devotional Guide
→
Get This Bible
Burmese Study Bible
→