bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 1928
/
John 6
John 6
Burmese 1928
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 7 →
1
ထိုနောက်ယေရှုသည် တိဗေရိခေါ်ဂါလိလဲအိုင်တစ်ဘက်သို့ကူးကြွတော်မူရာ၊
2
သူနာတို့တွင်ပြတော်မူသော နိမိတ်လက္ခဏာများကိုမြင်ခဲ့သောကြောင့် ကြီးစွာသောလူပရိသတ်သည် နောက်တော်သို့လိုက်သွားကြ၏။
3
ယေရှုလည်း တောင်ပေါ်သို့တက်ကြွ၍ တပည့်တော်တို့နှင့်တကွထိုင်တော်မူပြီးမှ မျှော်ကြည့်ရာ၊
4
ယုဒလူမျိုး၏ ပသခါပွဲတိုင်လုသည့်အတိုင်း ကြီးစွာသောလူပရိသတ်လိုက်လာသည်ကိုမြင်တော်မူသော်၊ ကိုယ်တိုင်မည်သို့ပြုမည်ကိုသိသော်လည်း ဖိလိပ္ပုအားစုံစမ်းလို၍ မေးတော်မူသည်မှာ၊ ထိုသူတို့စားလောက်အောင် အစာကိုမည်သို့ဝယ်ရအံ့နည်းဟုမေးတော်မူလျှင် ဖိလိပ္ပုက လူတိုင်းအနည်းငယ်စားရစေခြင်းငှါ၊
7
အစာငွေနှစ်ရာဖိုးမလောက်ပါဟု ပြန်လျှောက်၏။
8
ထိုအခါ တပည့်တော်အပါအဝင်ဖြစ်သူ ရှိမုန်ပေတရု၏ညီအန္ဒြေက၊
9
ဤတွင်မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသောသူငယ်တစ်ယောက်ရှိပါသည်။ သို့ရာတွင် ဤမျှလောက်များသောသူတို့အဖို့ မည်သို့ပါနည်းဟုလျှောက်သော်၊
10
လူတို့ကိုထိုင်နေစေကြလော့ဟု ယေရှုမိန့်တော်မူသည့်အတိုင်း မြက်ပေါများသောထိုအရပ်တွင် ယောကျ်ားဦးရေငါးထောင်ခန့်ရှိသောသူတို့ ထိုင်နေကြသည့်ကာလ၊
11
ယေရှုသည် မုန့်များကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးလျှင် ထိုင်နေသူတို့အားဝေငှတော်မူ၏။ ထိုနည်းတူငါးကလေးများကိုလည်း စားလိုသမျှဝေငှတော်မူ၏။
12
စား၍ဝကြပြီးနောက် တပည့်တော်တို့အား တစ်စုံတစ်ရာမပြုန်းတီးစေခြင်းငှါ စားကြွင်းအကျိုးအပဲ့များကို ကောက်သိမ်းကြလော့ဟု မိန့်တော်မူသည့်အတိုင်း မုယောမုန့်ငါးလုံးမှစားကြွင်းအကျိုးအပဲ့ကို၊
13
ဆွဲတောင်းတစ်ဆယ့်နှစ်တောင်းအပြည့် ကောက်သိမ်းရကြ၏။
14
သို့ဖြစ်၍ ပြတော်မူသောထိုနိမိတ်လက္ခဏာကိုမြင်ကြသူတို့က ဤသူကား ဤလောကသို့ရောက်လာရမည့်ပရောဖက်မုချဖြစ်သတည်းဟု ဝန်ခံကြပြီးလျှင်၊
15
ချဉ်းကပ်ကိုင်ဆွဲ၍ မင်းမြှောက်မည်ပြုကြသည်ကိုယေရှုသိသဖြင့် တောင်ပေါ်သို့တစ်ပါးတည်း ဖဲကြွတော်မူပြန်၏။
16
ညနေချမ်းအချိန်ရောက်သော်၊ တပည့်တော်တို့သည်အိုင်သို့ဆင်းသွားပြီးလျှင်၊
17
လှေစီးလျက် ကပေရနောင်မြို့သို့ကူးနေကြရာ မိုးချုပ်၍လေပြင်းကျသဖြင့် လှိုင်းတံပိုးထသည့်ကာလ ယေရှုသည်သူတို့ထံမကြွမရောက်သေး။
19
တစ်တိုင်ခွဲနှစ်တိုင်ခန့်တက်ခတ်၍ ရောက်ကြသော် ယေရှုသည်အိုင်ရေပေါ်တွင်စက်တော်ဖြန့်လျက် လှေအနီးကြွလာသည်ကိုမြင်၍ ကြောက်ရွံ့ကြသဖြင့်၊
20
ကိုယ်တော်က မကြောက်ကြလင့်။ ငါပင်တည်းဟုမိန့်တော်မူသည်နှင့်၊
21
တပည့်တော်တို့သည် အားတက်သရောလှေပေါ်တွင်လက်ခံ၍ လှေလည်းသွားကြမည့်ဆိပ်ကမ်းသို့ ချက်ခြင်းဆိုက်ရောက်၏။
22
နောက်နေ့၌ အိုင့်တစ်ဘက်မှကျန်ရစ်သောလူပရိသတ်သည် လှေငယ်တစ်စင်းမှတစ်ပါး၊ အခြားလှေမရှိသည်ကိုလည်းကောင်း၊ ယေရှုမစီးဘဲတပည့်တော်တို့သာ ထွက်သွားခဲ့သည်ကိုလည်းကောင်း၊
23
သိမြင်ကြသည့်ပြင်၊ ယေရှုနှင့်တပည့်တော်တို့သည်ထိုအရပ်၌မရှိရစ်ကြောင်းတွေ့မြင်ကြသည့်ကာလ ကျေးဇူးတော်ကိုအရှင်ဘုရားချီးမွမ်းပြီးနောက် အစာစားခဲ့ကြရာအရပ်အနီးသို့ တိဗေရိမြို့လှေများဆိုက်ရောက်သဖြင့် ထိုလှေများကိုစီး၍ ယေရှုကိုရှာရန်ကပေရနောင်မြို့ရောက်သွားကြ၏။
25
အိုင့်တစ်ဘက်တွင်တွေ့ကြသော် ဆရာတော်၊ မည်သည့်အခါရောက်တော်မူပါသနည်းဟု မေးလျှောက်ကြရာ၊
26
ယေရှုက ငါဧကန်အမှန်ဆိုသည်ကား၊ သင်တို့သည်နိမိတ်လက္ခဏာများကိုမြင်သောကြောင့်မဟုတ်၊ အစာစား၍ဝသောကြောင့်သာ ငါ့ကိုရှာကြ၏။
27
ပျက်စီးတတ်သောအစာအတွက် မလုပ်ဆောင်ကြနှင့်။ ခမည်းတော်ဘုရားသခင်တံဆိပ်ခတ်တော်မူပြီးသော လူ့သားပေးမည့်ထာဝရအသက်ကို တည်မြဲစေသောအစာအတွက်လုပ်ဆောင်ကြလော့ဟု မိန့်တော်မူ၏။
28
ထိုသူတို့ကလည်း အကျွန်ုပ်တို့သည်ဘုရားသခင့်အမှုတော်များကို ဆောင်ရွက်ရစေခြင်းငှါ မည်သို့ပြုလုပ်ရပါအံ့နည်းဟု မေးလျှောက်ကြသော်၊
29
ဘုရားသခင့်အမှုတော်မှာ စေလွှတ်တော်မူသူ့ကိုယုံကြည်ခြင်းတည်းဟု ယေရှုပြန်၍မိန့်တော်မူလျှင်၊
30
အကျွန်ုပ်တို့သည်မြင်၍ ဆရာကိုယုံကြည်ရစေခြင်းငှါ မည်သည့်နိမိတ်လက္ခဏာကိုဆရာပြပါသနည်း။ မည်သည့်အမှုကို ဆောင်ရွက်ပါသနည်း။
31
ကောင်းကင်ဘုံထဲမှ စားရန်အစာကိုပေးခဲ့သည်ဟူ၍ကျမ်းချက်ရှိသည့်အတိုင်း အကျွန်ုပ်တို့ဘိုးဘေးများသည် သဲတော၌မန္နမုန့်ကိုစားရပါသည်ဟုလျှောက်ကြရာ၊
32
ယေရှုက ငါဧကန်အမှန်ဆိုသည်ကား မောရှေသည်ကောင်းကင်ဘုံထဲမှအစာကို သင်တို့အားပေးခဲ့သည်မဟုတ်၊ ငါ့အဘခမည်းတော်သည် ကောင်းကင်ဘုံထဲမှမှန်သောအစာကို ယခုသနားတော်မူပြီ။
33
ဘုရားသခင့်အစာမှာ ကောင်းကင်ဘုံထဲမှဆင်းသက်၍ လောကသားတို့အား အသက်ပေးသောအစာတည်းဟု မိန့်တော်မူ၏။
34
သို့ဖြစ်၍ထိုသူတို့က အရှင်ဘုရား၊ ထိုအစာကို အကျွန်ုပ်တို့အားအစဉ်ပေးတော်မူပါ ဟုလျှောက်ဆိုကြသော်၊
35
ယေရှုက ငါသည်အသက်စာဖြစ်၏။ ငါ့ထံလာရောက်သူသည် ဆာမွတ်ခြင်း၊ ငါ့ကိုယုံကြည်သူလည်း ရေငတ်ခြင်းမရှိရ။
36
သင်တို့မှာမူ ငါ့ကိုမြင်လျက်ပင်မယုံကြဟုငါဆိုခဲ့ပြီ။
37
ငါ့အားခမည်းတော်သနားတော်မူသမျှတို့သည် ငါ့ထံလာရောက်ကြလိမ့်မည်။ ငါ့ထံလာရောက်သူ့ကိုလည်း ငါပယ်ထုတ်မည်မဟုတ်။
38
ကောင်းကင်ဘုံထဲမှ ငါဆင်းသက်သည်မှာ ကိုယ့်အလိုကိုမဟုတ်၊ စေလွှတ်တော်မူလိုက်သော အရှင့်အလိုတော်ကိုဆောင်ရွက်ရန်တည်း။
39
ငါ့ကိုစေလွှတ်တော်မူလိုက်သောအရှင်၏အလိုတော်ကား ငါ့အားသနားတော်မူသမျှအနက် မည်သူ့ကိုမျှငါမပျောက်စေဘဲ နောက်ဆုံးနေ့တွင်ရှင်ပြန်ထမြောက်စေခြင်းငှါတည်း။
40
ငါ့အဘခမည်းတော်အလိုတော်မှာလည်း၊ သားတော်ကိုမြင်၍ယုံကြည်သူတိုင်း ထာဝရအသက် ရစေသည့်ပြင် နောက်ဆုံးနေ့တွင်ငါရှင်ပြန်ထမြောက်စေခြင်းငှါတည်းဟု မိန့်တော်မူ၏။
41
ငါသည် ကောင်းကင်ဘုံထဲမှ ဆင်းသက်သောအစာဖြစ်သည်ဟု မိန့်တော်မူသောကြောင့် ယုဒလူမျိုးတို့က ဤသူသည်ယောသပ်၏သားယေရှုမဟုတ်လော။ သူ့မိဘကိုငါတို့သိကြသည်မဟုတ်လော။ ကောင်းကင်ဘုံထဲမှ ငါဆင်းသက်ခဲ့သည်ဟူ၍ မည်သို့ယခုပြောသနည်းဟု ကိုယ်တော်နှင့်စပ်၍နှီးနှောပြောဆိုကြသော်၊
43
ယေရှုက အချင်းချင်းမနှီးနှောကြနှင့်။
44
ငါ့ကိုစေလွှတ်တော်မူလိုက်သောခမည်းတော် သွေးဆောင်တော်မမူခဲ့လျှင် မည်သူမျှငါ့ထံမလာမရောက်နိုင်။ လာရောက်သူကို နောက်ဆုံးနေ့တွင်ငါရှင်ပြန်ထမြောက်စေမည်။
45
ရှိသမျှတို့သည် ဘုရားသခင့်ထံသွန်သင်ခံရလိမ့်မည်ဟူ၍ ပရောဖက်ကျမ်းများ တွင်ရေးထားသည်နှင့်အညီ ခမည်းတော့်ရှေ့ကြားနာ၍လေ့ကျက်သူတိုင်း ငါ့ထံရောက်လာ၏။
46
ထိုသို့ဆိုသော် ခမည်းတော်ကိုမြင်ဖူးသည့်တစ်စုံတစ်ယောက်ရှိသောကြောင့်မဟုတ်။ ဘုရားသခင့်အထံတော်မှကြွလာသူသာလျှင်၊ ခမည်းတော်ကိုမြင်ဖူး၏။
47
ငါဧကန်အမှန်ဆိုသည်ကား၊ ယုံကြည်သူသည် ထာဝရအသက်ကိုရပြီ။
48
ငါသည် အသက်စာဖြစ်၏။
49
သင်တို့၏ဘိုးဘေးများသည် သဲတော၌မန္နမုန့်ကိုစားပြီးလျှင်သေကြကုန်၏။
50
ကောင်းကင်ဘုံထဲမှဆင်းသက်သောအစာမှာ မည်သူမဆိုစားလျှင် သေမည်မဟုတ်။
51
ငါသည် ကောင်းကင်ဘုံထဲမှဆင်းသက်သောအသက်စာဖြစ်၏။ မည်သူမဆိုထိုအစာကိုစားလျှင် ကာလအစဉ်အဆက်အသက်ရှင်လိမ့်မည်။ ငါပေးမည့်အစာမှာ လောကသားတို့၏အသက်အဖို့ စွန့်သောငါ့အသားတည်းဟု မိန့်တော်မူ၏။
52
သို့ဖြစ်၍ယုဒလူမျိုးတို့က ဤသူသည်ကိုယ့်အသားကိုအစာအဖြစ် မည်သို့ပေးနိုင်သနည်းဟု အချင်းချင်းငြင်းခုံပြောဆိုကြသော်၊
53
ယေရှုက ငါဧကန်အမှန်ဆိုသည်ကား၊ သင်တို့သည်လူ့သား၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် အသက်ရရှိပြီမဟုတ်။
54
ငါ့အသားကိုစား၍ ငါ့အသွေးကိုသောက်သောသူသည် ထာဝရအသက်ကိုရပြီ။ ထိုသူ့ကိုလည်းနောက်ဆုံးနေ့တွင် ငါရှင်ပြန်ထမြောက်စေမည်။
55
ငါ့အသားသည် မှန်သောစားဖွယ်၊ ငါ့အသွေးလည်း မှန်သောသောက်ဖွယ်ဖြစ်၏။
56
ငါ့အသားကိုစား၍ ငါ့အသွေးကိုသောက်သောသူသည် ငါ၌တည်၏။ ထိုသူ၌လည်း ငါတည်၏။
57
အသက်ရှင်တော်မူသောခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ၍ ခမည်းတော်ကြောင့် ငါအသက်ရှင်သည့်နည်းတူ ငါ့ကိုစားသောသူသည် ငါ့ကြောင့်အသက်ရှင်လိမ့်မည်။
58
ကောင်းကင်ဘုံထဲမှဆင်းသက်သောအစာမှာ ဘိုးဘေးတို့စားပြီးလျှင်သေရကြသည့်နည်းတူမဟုတ်။ ယခုအစာကိုစားသောသူသည် ကာလအစဉ်အသက်ရှင်လိမ့်မည်ဟု၊
59
ကပေရနောင်မြို့ရှိ ဓမ္မာရုံတွင်ဒေသနာပေးလျက်မိန့်တော်မူ၏။
60
သို့ဖြစ်၍တပည့်တော်တို့အနက် အများတို့သည်ကြားသဖြင့် ထိုစကားခဲယဉ်းစွတကား။ မည်သူနာယူနိုင်သနည်းဟုဆို၍၊
61
နှီးနှောကြသည်ကိုစိတ်တော်၌သိသည်နှင့် ယေရှုက ထိုဒေသနာကြောင့်သင်တို့တိုက်လဲကြသလော။
62
လူ့သားသည် စံနေရာရင်းသို့တက်သွားသည်ကိုသင်တို့မြင်ရလျှင် မည်သို့နည်း။
63
အသက်ရှင်ရာရှင်ကြောင်းကား နာမ်တည်း။ ရုပ်မှာမူမည်သည့်အကျိုးကိုမျှမပေးနိုင်။ သင်တို့အား ငါပြောသောစကားသည် နာမ်နှင့်အသက်ဖြစ်၏။
64
သို့ရာတွင်သင်တို့အနက် အချို့မယုံကြချေဟုမိန့်တော်မူ၏။ ထိုသို့ဆိုသော် မယုံကြည်သူတို့ကိုလည်းကောင်း၊ ကိုယ်တော်ကိုပို့အပ်မည့်သူ့ကိုလည်းကောင်း၊ အစကပင်ယေရှုသိမြင်တော်မူသည့်အတိုင်း၊
65
ခမည်းတော်ခွင့်ပြုတော်မမူလျှင် မည်သူမျှငါ့ထံမလာမရောက်နိုင်ဟူ၍ ထိုအတွက် နှင့်ငါဆိုခဲ့သည်ဟုမိန့်တော်မူ၏။
66
ထိုနောက်တပည့်တော်များတို့သည်ဆုတ်ခွာ၍ ကိုယ်တော်နှင့်ဆက်လက်မလိုက်ကြသဖြင့်၊
67
တစ်ဆယ့်နှစ်ပါးတို့အား ယေရှုက၊ သင်တို့လည်းထွက်သွားလိုကြသလောဟု မေးတော်မူသော်၊
68
ရှိမုန်ပေတရုက အရှင်ဘုရား၊ မည်သူ့ထံသွားရပါအံ့နည်း။ ကိုယ်တော်သာလျှင်ထာဝရအသက်ဆိုင်ရာဒေသနာကို ဟောတော်မူသဖြင့်၊
69
ဘုရားသခင်သီးသန့်ထားတော်မူသောအရှင်ဖြစ်တော်မူကြောင်း တပည့်တော်တို့ ယုံကြည်သိမြင်ကြပါသည်ဟု ပြန်လျှောက်ရာ၊
70
ယေရှုက တစ်ဆယ့်နှစ်ယောက်သောသင်တို့ကိုငါရွေးကောက်သည်မဟုတ်လော။ တစ်ယောက်ကား နတ်ဆိုးဖြစ်သည်ဟုမိန့်တော်မူ၏။
71
ထိုသို့မိန့်တော်မူသည်မှာ တစ်ဆယ့်နှစ်ပါးပါဝင်လျက်ကိုယ်တော်ကိုပို့အပ်မည့်သူ ရှိမုန်ဣရှကာရုတ်၏သား ယုဒကိုရည်ဆောင်သတည်း။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
Recommended Reading
Commentary
John Commentaries
→
Devotional
John Devotional Guide
→
Get This Bible
Burmese Study Bible
→