bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 1928
/
John 10
John 10
Burmese 1928
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 11 →
1
ငါဧကန်အမှန်ဆိုပြန်သည်ကား သိုးခြံထဲသို့တံခါးပေါက်ဖြင့်မဝင်၊ အခြားဖြင့်ကျော်ဝင်သူသည် သူခိုး၊ ဓားပြဖြစ်၏။
2
တံခါးပေါက်ဖြင့်ဝင်သူမူကား သိုးများပေါ်တွင်အထိန်းအကျောင်းဖြစ်သည့်အလျောက် ထိုသူအား တံခါးစောင့်ဖွင့်ပေးတတ်၏။
3
သူ့စကားသံကိုသိုးတို့ကြားနာ၍ သူသည်ကိုယ်ပိုင်သိုးများကိုအမည်ဖြင့်ခေါ်ပြီးလျှင် ထုတ်တတ်၏။
4
ကိုယ်ပိုင်သိုးရှိသမျှကိုထုတ်ပြီးနောက် ဦးတည်လျက်သွားရာစကားသံကို သိုးတို့သိသောကြောင့်လိုက်တတ်ကြ၏။
5
သူစိမ်းတို့စကားသံကိုကားမသိသောကြောင့် သူစိမ်းနောက်မလိုက်ဘဲ ထွက်ပြေးကြလိမ့်မည်ဟု ပုံဆောင်၍ ယေရှုမိန့်တော်မူရာ၊
6
ထိုသို့မိန့်တော်မူချက်ကို သူတို့နားမလည်ကြ။
7
တစ်ဖန်ယေရှုက ငါဧကန်အမှန်ဆိုသည်ကား၊ ငါသည်သိုးတို့ဝင်ရန် တံခါးပေါက်ဖြစ်၏။
8
ငါ့အရင်ရောက်လာသူခပ်သိမ်းသည် သူခိုး၊ ဓားပြဖြစ်လျက် သိုးတော်တို့မနာမယူကြ။
9
ငါသည် တံခါးပေါက်ဖြစ်၏။ မည်သူမဆိုငါဖြင့်ဝင်လျှင် ဘေးလွတ်ရာရောက်၍ ဝင်ထွက်ရလျက် ကျက်စားရာတွေ့လိမ့်မည်။
10
သူခိုးဖြစ်သူသည် ခိုးယူသတ်ဖြတ်ဖျက်ဆီးရန်သာ လာရောက်တတ်၏။ ငါမူကား အသက်ကိုရစေ၍ ကြွယ်ဝစေခြင်းငှါရောက်လာခဲ့ပြီ။
11
ငါသည် သိုးထိန်းမြတ်ဖြစ်၏။ သိုးထိန်းမြတ်သည် သိုးတို့အတွက်အသက်စွန့်တတ်၏။
12
သိုးထိန်းစစ်မဟုတ်။ သိုးတို့ကိုမပိုင်သောသူရင်းငှားသည် ဝံပုလွေလာသည်ကိုမြင်သော်၊ သိုးတို့ကိုဂရုမစိုက်သောသူရင်းငှားသာဖြစ်သည့်အလျောက် စွန့်ပစ်ထွက်ပြေးသဖြင့် ဝံပုလွေကိုက်စားခွဲလွှင့်တတ်၏။
14
ငါမူကား ခမည်းတော်သည်ငါ့ကိုသိတော်မူ၍ ငါလည်းခမည်းတော်ကိုသိသည့်နည်းတူပင်၊ ငါ့ကိုကိုယ်ပိုင်သိုးတို့သိ၍ ကိုယ်ပိုင်သိုးတို့ကိုသိသောသိုးထိန်းမြတ်ဖြစ်လျက် သိုးတော်တို့အတွက်အသက်စွန့်၏။
16
ဤသိုးခြံနှင့်မဆိုင်သော အခြားသိုးတို့ကိုငါပိုင်သည့်အလျောက် ခေါ်ခဲ့ရမည်။ သူတို့လည်း ငါ့စကားသံကိုကြားနာသဖြင့် သိုးအုပ်တစ်အုပ်၊ သိုးထိန်းတစ်ပါးတည်းဖြစ်လိမ့်မည်။
17
ကိုယ့်အသက်ကို ယူပြန်မည့်အကြံနှင့်ငါစွန့်သောကြောင့် ခမည်းတော်သည်ငါ့ကိုချစ်တော်မူ၏။
18
ငါ့ခမည်းတော်ထံ ခံခဲ့သောအမိန့်တော်အရ ကိုယ့်အသက်ကိုစွန့်ထားခွင့်၊ ယူပြန်ခွင့်အာဏာကို ငါပိုင်သည့်အတိုင်း မည်သူမျှငါမှလုယူသည်မဟုတ်။ ကိုယ့်အလိုအလျောက်စွန့်သည်ဟု မိန့်တော်မူ၏။
19
ဤစကားများကြောင့် ယုဒလူမျိုးတို့ကွဲပြားကြပြန်လျက်၊
20
အများတို့က နတ်ပူး၍ရူးသွပ်သူဖြစ်၏။ အဘယ်ကြောင့်နားထောင်ကြသနည်းဟုဆိုကြရာ၊
21
အချို့က ဤစကားများသည် နတ်ပူးသူ၏စကားမဟုတ်၊ နတ်သည်သူကန်း၏မျက်စိကို ပွင့်စေနိုင်သလောဟုဆိုကြ၏။
22
ထိုအခါ ယေရုရှလင်မြို့၌ အနုမောဒနာပွဲကျ၍ ဆောင်းကာလဖြစ်သဖြင့်၊
23
ယေရှုသည် ဗိမာန်တော်ရှိရှောလမုန့်မုတ်ဆောင်တွင် စင်္ကြံကြွတော်မူစဉ်၊
24
ယုဒလူမျိုးတို့ဝိုင်းလာ၍ ငါတို့၌မည်မျှကြာစိတ်ဒွိဟဖြစ်ကြစေမည်နည်း။ သင်သည်ခရစ်တော်မှန်လျှင် အတည့်အလင်းပြောပါဟု ဆိုကြသော်၊
25
ယေရှုက ငါပြောခဲ့ပြီ။ သင်တို့မယုံကြ။ ခမည်းတော်၏နာမတော်နှင့် ငါပြုသောအမှုအရာများက ငါ့အကြောင်းကိုသက်သေခံသော်လည်း၊
26
ငါ့သိုးတို့အဝင်မဟုတ်သောကြောင့် သင်တို့မယုံကြ။
27
ငါ့သိုးတို့သည်ငါ့စကားသံကိုကြားနာ၍ လိုက်တတ်ကြ၏။ ငါလည်းသူတို့ကိုသိ၍ ထာဝရအသက်ပေးသဖြင့် မည်သည့်ကာလမျှ သူတို့ပျက်စီးမည်မဟုတ်။ ငါ့လက်တွင်းမှ မည်သူမျှမလုမယူရ။
29
သူတို့ကို ငါ့အားသနားတော်မူသောခမည်းတော်သည် သူခပ်သိမ်းထက်ကြီးမြတ်တော်မူ၍ လက်တော်တွင်းမှမည်သူမျှမလုမယူနိုင်။
30
ငါနှင့်ခမည်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်သည်ဟု ပြန်၍မိန့်တော်မူ၏။
31
ယုဒလူမျိုးတို့သည် ကိုယ်တော်ကိုပစ်ခတ်ရန် ခဲကောက်ကြပြန်သော်၊
32
ယေရှုက ခမည်းတော်ထံမှကောင်းသောအမှုများကိုငါပြခဲ့ရာ မည်သည့်အမှုကြောင့်ပစ်ခတ်ကြသနည်းဟု မေးတော်မူသည့်ကာလ၊
33
ယုဒလူမျိုးတို့က ကောင်းသောအမှုကြောင့်မဟုတ်။ သင်သည်လူဖြစ်လျက် ကိုယ်ကိုဘုရားလုပ်၍ ပုတ်ခတ်မှုပြုသောကြောင့်ပစ်ခတ်သည်ဟု ဖြေဆိုကြ၏။
34
ယေရှုကလည်း သင်တို့သည်ဘုရားများဖြစ်ကြောင်းငါမိန့်ဆိုခဲ့သည်ဟူ၍ သင်တို့ပညတ္တိကျမ်းတွင်ရေးထားသည်မဟုတ်လော။
35
ကျမ်းစာမပျက်နိုင်၊ မှန်သည့်အတိုင်းဘုရားသခင့်ဗျာဒိတ်တော်ခံရသူတို့ကို ဘုရားများဟူ၍ကျမ်းဆိုလျှင်၊
36
ခမည်းတော်သီးသန့်ထား၍ ဤလောကသို့စေလွှတ်တော်မူလိုက်သူဖြစ်သောငါက ဘုရားသခင့်သားတော်ငါဖြစ်သည်ဆိုသောကြောင့် ပုတ်ခတ်မှုပြုသည်ဟု ဆိုကြသလော။
37
ငါသည် ခမည်းတော်၏အမှုတော်များကိုမဆောင်ရွက်လျှင် ငါ့ကိုမယုံကြနှင့်။
38
ဆောင်ရွက်လျှင်မူကား ငါ့ကိုမယုံသော်လည်းငါ၌ခမည်းတော်တည်သည်ကိုလည်းကောင်း၊ ခမည်းတော်၌ငါတည်သည်ကိုလည်းကောင်း၊ သိမြင်နားလည်ရကြရန် ထိုအမှုများကိုယုံကြလော့ ဟုမိန့်တော်မူ၏။
39
ထိုအခါ ကိုယ်တော်ကိုဖမ်းဆီးရန်ရှာကြံကြပြန်ရာ အဖမ်းမခံ၊ ထွက်ကြွတော်မူ၏။
40
ထိုနောက်ကိုယ်တော်သည် ယော်ဒန်မြစ်တစ်ဖက်ရှိ ယောဟန်ဦးစွာဗတ္တိဇံမင်္ဂလာပေးရာအရပ်သို့ တစ်ဖန်ကြွ၍နေထိုင်တော်မူစဉ်၊
41
အများတို့သည်ကိုယ်တော့်ထံရောက်လာ၍ ယောဟန်သည်မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြသည်မဟုတ်။ ဤသူနှင့်စပ်၍ ယောဟန်ဖော်ပြသမျှကား မှန်ပေသည်ဟုဆိုကြသည့်အတိုင်း၊
42
ထိုအရပ်တွင် ကိုယ်တော်ကိုလူအများတို့ယုံကြည်ကြ၏။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
Recommended Reading
Commentary
John Commentaries
→
Devotional
John Devotional Guide
→
Get This Bible
Burmese Study Bible
→