bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 1928
/
John 16
John 16
Burmese 1928
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 17 →
1
သင်တို့မတိုက်လဲကြစေရန် ဤသို့ငါဟောခဲ့ပြီ။
2
သင်တို့ကို အသင်းတော်မှထုတ်ပယ်ကြသည့်ပြင် အသေသတ်သူတိုင်းပင် ဘုရားသခင့်အမှုတော်ကိုဆောင်ရွက်ပြီဟူ၍ ထင်မှတ်မည့်အချိန်ကာလရောက်တော့မည်။
3
ထိုသို့ပြုကြသည်မှာ ခမည်းတော်နှင့်ငါ့ကိုမသိကြသောကြောင့်တည်း။
4
သို့ရာတွင်အချိန်ရောက်သော် ငါပြောခဲ့ကြောင်းသင်တို့သတိရကြစေရန် ငါပြောနှင့်ပြီ။ သင်တို့နှင့်အတူရှိနေသောကြောင့် အစကငါမပြော။
5
ယခုမူကား စေလွှတ်တော်မူလိုက်သောအရှင့်ထံ ငါသွားတော့မည်။ မည်သည့်အရပ်သို့သွားမည်နည်းဟု သင်တို့အနက်တစ်ယောက်မျှမမေးဘဲ၊
6
ဤသို့ငါဟောသောကြောင့် ပူဆွေးခြင်းနှင့်သင်တို့စိတ်နှလုံးပြည့်ကြသည်တကား။
7
သို့သော်လည်း အမှန်အတိုင်းငါဆိုသည်မှာ ငါမသွားလျှင် အမှုဆောင်အရှင်သည် သင်တို့ထံကြွရောက်တော်မူမည်မဟုတ်။ သွားလျှင်မူကား ငါစေလွှတ်မည်ဖြစ်သောကြောင့် သင်တို့အဖို့ ငါသွားခြင်းကောင်း၏။
8
ထိုအရှင်သည် ကြွရောက်သည့်ကာလ ဤလောကသားတို့ကိုပြစ်မှားခြင်း၊ ဖြောင့်မတ်ခြင်း၊ စီရင်ဆုံးဖြတ်ခြင်းများကြောင့်၊ ယူကျုံးမရဖြစ်စေတော်မူမည်မှာ၊
9
ငါ့ကိုမယုံကြည်ကြသည့်အတွက် ပြစ်မှားခြင်း၊
10
ခမည်းတော်ထံငါသွား၍ ငါ့ကိုမြင်ရတော့မည်မဟုတ်သည့်အတွက် ဖြောင့်မတ်ခြင်း၊
11
ဤလောကမင်းသည် စီရင်ဆုံးဖြတ်ခံရပြီးဖြစ်သည့်အတွက် စီရင်ဆုံးဖြတ်ခြင်းများကြောင့်တည်း။
12
ပြောဆိုရန် အများရှိသေးသော်လည်း ယခုသင်တို့မနာခံနိုင်ကြ။
13
သမ္မာတရားဆိုင်ရာဝိညာဉ်တော်ကြွရောက်တော်မူလျှင်ကား ကိုယ့်အလိုအလျောက်မဟောဘဲ ကြားနာသမျှကိုဟောလျက် နောင်အမှုအရေးများကိုလည်းညွှန်ပြသဖြင့် သမ္မာတရားအလုံးစုံသို့ပို့ဆောင်တော်မူလိမ့်သတည်း။
14
ငါပိုင်ဆိုင်ရာကိုခံယူလျက် သင်တို့အားညွှန်ပြမည်ဖြစ်၍ ငါ့ဘုန်းကိုထင်ရှားစေတော်မူလိမ့်မည်။
15
ခမည်းတော်၌ရှိသမျှသည် ငါပိုင်ဆိုင်ရာဖြစ်သောကြောင့် ငါပိုင်ဆိုင်ရာကိုခံယူလျက် သင်တို့အားညွှန်ပြတော်မူလိမ့်မည်ဟု ငါပြောဆို၏။
16
ခဏမျှကြာသော် သင်တို့သည်ငါ့ကိုမြင်ရတော့မည်မဟုတ်။ ခဏမျှကြာပြန်သော် မြင်ရကြလိမ့်မည်ဟုမိန့်တော်မူ၏။
17
ထိုအခါ တပည့်တော်အချို့တို့က ခဏမျှကြာသော် သင်တို့သည်ငါ့ကိုမြင်ရတော့မည်မဟုတ်။ ခဏမျှကြာပြန်သော် မြင်ရကြလိမ့်မည်ဟူ၍လည်းကောင်း၊ ခမည်းတော်ထံ ငါသွားမည်ဖြစ်သောကြောင့်ဟူ၍လည်းကောင်း မိန့်တော်မူသည်မှာ အသို့နည်း။
18
ခဏမျှကြာသော်ဟူ၍မိန့်ဆိုရာ၌ မည်သို့ဆိုလိုတော်မူသနည်း။ ဟောတော်မူရာကိုငါတို့မသိဟု အချင်းချင်းပြောဆိုကြရာ၊
19
ယေရှုသည် မေးလျှောက်လိုကြကြောင်းကိုသိမြင်တော်မူ၍ ခဏမျှကြာသော် သင်တို့သည်ငါ့ကိုမြင်ရတော့မည်မဟုတ်။ ခဏမျှကြာပြန်သော်မြင်ရကြလိမ့်မည်ဟု ငါပြောသောစကားနှင့်စပ်၍ အချင်းချင်းမေးမြန်းကြသလော။
20
ငါဧကန်အမှန်ဆိုသည်ကား လောကသားတို့ဝမ်းမြောက်လျက် သင်တို့ငိုကြွေးမြည်းတမ်းကြလိမ့်မည်။ ထိုသို့ဝမ်းနည်းရကြသော်လည်း သင်တို့၏ဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းဖြစ်ပြန်လိမ့်မည်။
21
သားဖွားချိန်ရောက်သောမိန်းမသည် ဝမ်းနည်းသော်လည်း ဖွားပြီးသော် ဤလောကတွင် လူတစ်ယောက်တိုးလာသည့်အတွက်ဝမ်းမြောက်၍ ခံစားခဲ့သောဝေဒနာကိုသတိမရတတ်။
22
သို့နှင့်အညီသင်တို့သည် ယခုဝမ်းနည်းကြသော်လည်း သင်တို့ကိုငါတွေ့မြင်ဦးမည်ဖြစ်၍ နှလုံးကြည်ကြသဖြင့် သင်တို့ဝမ်းမြောက်ခြင်းကို မည်သူမျှမနုတ်မယူနိုင်။
23
ထိုနေ့ရက်ကာလ၌သင်တို့သည်ငါ့ကိုမေးလျှောက်ရကြတော့မည်မဟုတ်။ ငါဧကန်အမှန်ဆိုသည်ကား ခမည်းတော့်ထံ မည်သည်ကိုမဆိုသင်တို့တောင်းလျှောက်လျှင် ငါ့နာမ၌သနားတော်မူလိမ့်မည်။
24
ယခုတိုင် ငါ့နာမ၌မတောင်းမလျှောက်ကြသေး။ သင်တို့ဝမ်းမြောက်ခြင်းပြည့်စုံရန် တောင်းလျှောက်ကြလော့။ ရကြလိမ့်မည်။
25
ဤအကြောင်းအရာများကို ပုံဆောင်၍ငါဟောခဲ့ပြီ။ ပုံမဆောင်ဘဲ ခမည်းတော့်အကြောင်းကို အတည့်အလင်းငါကြားပြောမည့်အချိန်ကာလရောက်တော့မည်။
26
ထိုကာလ ငါ့နာမ၌သင်တို့တောင်းလျှောက်ကြမည်ဖြစ်၍ ခမည်းတော့်ထံသင်တို့အတွက် ငါတောင်းလျှောက်မည်ဟုဆိုသည်မဟုတ်။
27
သင်တို့သည်ငါ့ကိုချစ်၍ ခမည်းတော်ထံမှငါထွက်လာကြောင်းကိုယုံကြသောကြောင့် ခမည်းတော်ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ၏။
28
ခမည်းတော်ထံမှထွက်လာ၍ ဤလောကသို့ကြွရောက်သောငါသည် ဤလောကကိုစွန့်ပြီးလျှင် ခမည်းတော်ထံတစ်ဖန်သွားဦးမည်ဟု မိန့်တော်မူ၏။
29
ထိုအခါ တပည့်တော်တို့က ကိုယ်တော်သည် ယခုပုံမဆောင်ဘဲအတည့်အလင်းမိန့်တော်မူပါပြီ။
30
အရာခပ်သိမ်းသိကျွမ်းတော်မူသည်ကိုလည်းကောင်း၊ မည်သူမျှမေးလျှောက်ရန်မလိုကြောင်းကိုလည်းကောင်း၊ တပည့်တော်တို့ ယခုသိကြပါသဖြင့် ကိုယ်တော်သည် ဘုရားသခင့်အထံတော်မှ ထွက်လာကြွရောက်တော်မူကြောင်းကို ယုံကြပါပြီဟုလျှောက်ကြသော် ယေရှုက ယခုယုံကြပြီလော။
31
သင်တို့သည်ကိုယ်စီဆိုင်ရာသို့ ကွဲလွင့်လျက် ငါ့ကိုတစ်ပါးတည်း ပစ်ထားမည့်အချိန်ကာလရောက်တော့မည်။ ယခုပင်ရောက်လေပြီ။ သို့ရာတွင် ငါတစ်ပါးတည်းမဟုတ်။ ငါနှင့်အတူခမည်းတော်ရှိတော်မူ၏။
33
သင်တို့သည် ငါ၌ငြိမ်သက်ခြင်းရှိကြစေရန် ထိုသို့ငါဟောခဲ့ပြီ။ ဤလောက၌ ဆင်းရဲဒုက္ခရောက်သော်လည်းအားယူကြလော့။ ငါသည် ဤလောကကိုအောင်ပြီဟု မိန့်တော်မူ၏။
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
Recommended Reading
Commentary
John Commentaries
→
Devotional
John Devotional Guide
→
Get This Bible
Burmese Study Bible
→