bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 1928
/
John 15
John 15
Burmese 1928
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 16 →
1
ငါသည်မှန်သောစပျစ်ပင်ဖြစ်၏။ ဥယျာဉ်စောင့်ဖြစ်သောငါ့ခမည်းတော်သည်၊
2
ငါ၌အသီးမသီးသောအခက်တိုင်းကို ခုတ်ပစ်တော်မူလျက် သီးသောအခက်တိုင်းကိုကား တိုး၍သီးစေရန်သုတ်သင်တော်မူ၏။
3
သင်တို့သည် ငါဟောခဲ့သောတရားကြောင့် သုတ်သင်ပြီးဖြစ်သည်နှင့်အညီ၊
4
ငါ၌သင်တို့တည်ခြင်း၊ သင်တို့၌ငါတည်ခြင်းဖြစ်စေကြလော့။ စပျစ်ခက်သည် ပင်မ၌မတည်လျှင်၊ အလျောက်ဘာသာ အသီးမသီးနိုင်သည့်နည်းတူ သင်တို့လည်းငါ၌မတည်လျှင် သီးနိုင်ကြသည်မဟုတ်။
5
ငါသည်စပျစ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ ငါနှင့်ကင်းက မည်သည်ကိုမျှသင်တို့မတတ်နိုင်။ မည်သူမဆိုငါ၌တည်၍ ငါလည်းထိုသူ၌တည်လျှင် များစွာသီးတတ်၏။
6
ငါ၌မတည်သူမူကား စပျစ်ခက်နည်းတူ ထုတ်ပစ်ခြင်း၊ ညှိုးနွမ်းခြင်း၊ စုသိမ်းခြင်း၊ မီးတိုက်ခြင်း၊ ကျွမ်းလောင်ခြင်းကိုခံရတတ်၏။
7
သင်တို့သည်ငါ၌တည်၍ ငါ့ဒေသနာလည်းသင်တို့၌တည်လျှင် လိုသမျှကိုတောင်းလျှောက်ကြလော့။ ရကြလိမ့်မည်။
8
အသီးများစွာသင်တို့သီးခြင်းအားဖြင့် ငါ့ခမည်းတော်ထင်ရှား၍ သင်တို့လည်း ငါ့တပည့်များမှန်ကြလိမ့်မည်။
9
ခမည်းတော်သည် ငါ့ကိုချစ်တော်မူသည့်နည်းတူ ငါလည်းသင်တို့ကိုချစ်၏။ ငါ့မေတ္တာ၌တည်ကြလော့။
10
ငါသည် ခမည်းတော်၏ပညတ်တော်များကိုစောင့်ရှောက်၍ မေတ္တာတော်၌တည်သည့်နည်းတူ သင်တို့သည် ငါ့ပညတ်များကိုစောင့်ရှောက်လျှင် ငါ့မေတ္တာ၌တည်ကြလိမ့်မည်။
11
သင်တို့၌ ငါဝမ်းမြောက်ရသည့်ပြင် သင်တို့လည်းအပြည့်အစုံဝမ်းမြောက်ကြစေရန် ထိုသို့ငါဟောခဲ့ပြီ။
12
ငါ့ပညတ်မှာ သင်တို့ကိုငါချစ်သည့်နည်းတူ အချင်းချင်းချစ်ကြရမည်ဟူ၍တည်း။
13
မည်သူ၌မျှ မိတ်ဆွေတို့အတွက်အသက်စွန့်စားခြင်းထက် ကြီးမြတ်သောမေတ္တာမရှိ။
14
သင်တို့သည် ငါပညတ်ပေးသည့်အတိုင်းပြုကျင့်လျှင် ငါ့မိတ်ဆွေများဖြစ်ကြ၏။
15
ကျွန်သည် အရှင်ပြုရာကိုမသိရသောကြောင့် သင်တို့ကိုကျွန်ဟူ၍ငါခေါ်တော့မည်မဟုတ်။ ငါ့ခမည်းတော်ထံမှ ကြားနာခဲ့သမျှကိုသိစေသောကြောင့် မိတ်ဆွေဟူ၍ငါခေါ်ပြီ။
16
သင်တို့သည်ငါ့ကိုရွေးချယ်ကြသည်မဟုတ်။ ငါကသာသင်တို့ကိုရွေးချယ်သည့်အလျောက်သွားကြပြီးလျှင် တည်မြဲသောအသီးကိုသီးလျက်၊ ခမည်းတော်ထံ ငါ့နာမ၌တောင်းလျှောက်သမျှကိုရကြစေရန် ငါခန့်ထား၏။
17
သင်တို့အချင်းချင်းချစ်ကြစေရန် ဤသို့ငါပညတ်၏။
18
သင်တို့ကိုဤလောကသားတို့ မုန်းကြလျှင် သင်တို့အရင်ငါ့ကိုမုန်းကြောင်း သိမှတ်ကြလော့။
19
သင်တို့သည် ဤလောကနှင့်စပ်ဆိုင်ခဲ့မူ ကိုယ်နှင့်စပ်ဆိုင်သူတို့ကို လောကသားတို့ချစ်လေပြီ။ သင်တို့ကို ဤလောကထဲမှငါရွေးချယ်၍ ဤလောကနှင့်မစပ်ဆိုင်ကြသောကြောင့်မုန်းကြ၏။
20
ကျွန်သည် သခင်ထက်ကြီးမြတ်သည်မဟုတ်ဟူ၍ ငါမိန့်ခဲ့သောအချက်ကိုသတိရကြလော့။ ငါ့ကိုညှဉ်းပန်းခဲ့လျှင် သင်တို့ကိုလည်းညှဉ်းပန်းကြလိမ့်မည်။ ငါ့တရားကိုစောင့်ရှောက်ခဲ့လျှင် သင်တို့ဟောတိုင်းစောင့်ရှောက်ကြလိမ့်မည်။
21
ငါ့ကိုစေလွှတ်တော်မူလိုက်သောအရှင်ကိုမသိကြသဖြင့် ငါ့နာမကြောင့်ဤသို့ပြုကြလိမ့်မည်။
22
ငါသည်လာရောက်မဟောခဲ့လျှင် သူတို့၌အပြစ်မရှိလေ။ ယခုမူကား ချေပရန်အလျှင်းမရှိကြ။
23
ငါ့ကိုမုန်းသောသူသည် ငါ့ခမည်းတော်ကိုလည်းမုန်းရာရောက်၏။
24
မည်သူမျှမပြုဘူးသောအမှုများကို သူတို့ဘောင်တွင်ငါမပြုခဲ့လျှင် သူတို့၌အပြစ်မရှိလေ။ ယခုမူကား ငါနှင့်ငါ့ခမည်းတော်ကိုမြင်ရလျက် မုန်းကြပြီ။
25
ထိုသို့မုန်းခြင်းကား အကြောင်းမဲ့ငါ့ကိုမုန်းထားကြပြီဟူ၍ သူတို့ပညတ္တိကျမ်း၌ ရေးသားချက်ပြည့်စုံစေခြင်းငှါတည်း။
26
ခမည်းတော့်ထံမှ သင်တို့ထံငါစေလွှတ်သည့်အတိုင်း ခမည်းတော့်ထံမှထွက်လာမည့် သမ္မာတရားဆိုင်ရာဝိညာဉ်တော်တည်းဟူသော အမှုဆောင်ကြွရောက်သော် ငါ့အကြောင်းကိုသက်သေခံတော်မူလိမ့်မည်။
27
သင်တို့လည်း အစကပင်ငါနှင့်အတူရှိနေသောကြောင့် သက်သေခံကြ၏။
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21