bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 1928
/
John 3
John 3
Burmese 1928
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 4 →
1
ထိုအခါ နိကောဒင်အမည်ရှိသူ ဖာရိရှဲဂိုဏ်းသားယုဒလူမျိုးတွင် အရာရှိတစ်ယောက်သည် ညဉ့်အခါကိုယ်တော့်ထံလာ၍၊
2
ဆရာတော်၊ ဘုရားသခင်နှင့်ကင်းလျှင် ကိုယ်တော်ပြသောနိမိတ်လက္ခဏာများကို မည်သူမျှမပြနိုင်သည်ကိုထောက်၍ ဘုရားသခင့်ထံတော်မှရောက်လာသောဆရာ ဖြစ်ကြောင်း အကျွန်ုပ်တို့သိကြပါသည်ဟုလျှောက်ဆိုရာ၊
3
ယေရှုက အသစ်မဖွားလျှင် ဘုရားသခင့်နိုင်ငံတော်ကိုမည်သူမျှမြင်ရမည်မဟုတ်။ ငါဧကန်အမှန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။
4
နိကောဒင်ကလည်း လူသည်ကြီးရင့်သည့်ကာလ မည်သို့ဖွားနိုင်အံ့သနည်း။ အမိဝမ်းထဲသို့တစ်ဖန်ဝင်ပြီးလျှင် ဖွားနိုင်သလောဟုမေးသော်၊
5
ယေရှုက ငါဧကန်အမှန်ဆိုသည်ကား၊ ရေနှင့်ဝိညာဉ်တော်အားဖြင့်မဖွားလျှင် ဘုရားသခင့်နိုင်ငံတော်သို့ မည်သူမျှဝင်နိုင်သည်မဟုတ်။
6
အသွေးအသားအားဖြင့်ဖွားသောအရာသည် အသွေးအသားဖြစ်၏။ ဝိညာဉ်တော်အားဖြင့်ဖွားသောအရာလည်း ဝိညာဉ်ဖြစ်၏။
7
သင်သည် အသစ်ဖွားရမည်ဟုငါပြောသည်ကို အံ့သြခြင်းမရှိနှင့်။
8
လေတိုက်သံကို သင်ကြားရသော်လည်း၊ မည်သည့်အရပ်ကလာလျက်၊ မည်သည့်အရပ်သို့သွားသည်ကိုသင်မသိဘဲ တိုက်လိုရာတိုက်သည့်နည်းတူ၊ ဝိညာဉ်တော် အားဖြင့်ဖွားသူတိုင်းဖြစ်သည်ဟု မိန့်တော်မူပြန်၏။
9
နိကောဒင်ကလည်း ဤအရာများသည်မည်သို့ဖြစ်ပါအံ့နည်းဟု မေးလျှောက်ပြန်သော်၊
10
ယေရှုက၊ သင်သည်ဣသရေလလူမျိုးတွင် ဆရာဖြစ်လျက်၊ ထိုအရာများကိုနားမလည်လော။
11
ငါဧကန်အမှန်ဆိုသည်ကား၊ ငါတို့သည် သိသောအရာကိုပြောဆို၏။ မြင်ပြီးသောအရာကိုသက်သေခံ၏။ ငါတို့သက်သေခံချက်ကို သင်တို့မနာမယူကြ။
12
ဤမြေကြီးဆိုင်ရာများကိုငါပြော၍ သင်တို့မယုံကြလျှင်၊ ကောင်းကင်ဘုံဆိုင်ရာများကိုပြောသော် မည်သို့ယုံကြမည်နည်း။
13
ကောင်းကင်ဘုံမှဆင်းလာသောလူသားမှတစ်ပါး မည်သူမျှကောင်းကင်ဘုံသို့ တက်ဖူးသည်မဟုတ်။
14
တော၌ မြွေရုပ်ကိုမောရှေမြှောက်ထားသည့်နည်းတူ လူသားသည်ကိုယ်ကိုယုံကြည်သူတိုင်း ထာဝရအသက်ရစေခြင်းငှါမြှောက်ထားခြင်းခံရမည်ဟု မိန့်တော်မူ၏။
16
ဘုရားသခင်သည် သားတော်ကိုယုံကြည်သူတိုင်းမပျက်စီးဘဲ ထာဝရအသက်ရစေခြင်းငှာ၊ ဧကပုတ္တသားတော်ကိုအပ်ပေးသည့်တိုင်အောင် ဤလောကသားတို့အား မေတ္တာသက်တော်မူ၏။
17
သားတော်ကို ဤလောကသို့ဘုရားသခင်စေလွှတ်တော်မူသည်မှာ၊ ဤလောကသား တို့ကိုစီရင်ဆုံးဖြတ်စေရန်မဟုတ်။ ကယ်တင်တော်မူစေရန်တည်း။
18
ကိုယ်တော်ကိုယုံကြည်သောသူသည် စီရင်ဆုံးဖြတ်ခြင်းကိုမခံရ။ မယုံကြည်သူမူကား၊ ဘုရားသခင့်ဧကပုတ္တသားတော်၏နာမကိုမယုံကြည်သောကြောင့် စီရင်ဆုံးဖြတ်ခြင်းကိုခံရပြီးဖြစ်၏။
19
တရားစီရင်ဆုံးဖြတ်ခြင်းမှာ ဤလောကသို့အလင်းရောက်လာရာ လူတို့သည် အပြုအမူဆိုးသွမ်းသည့်အလျောက် အလင်းထက်မှောင်မိုက်ကိုနှစ်သက်ကြ၏။
20
ယုတ်မာစွာပြုကျင့်သူတိုင်း အလင်းကိုရွံရှာလျက်၊ ကိုယ့်အပြုအမူပေါ်မည်စိုး၍ အလင်းသို့မချဉ်းဝံ့ချေ။
21
သစ္စာသမ္မာအတိုင်းပြုကျင့်သူမူကား ကိုယ့်အပြုအမူကိုဘုရားသခင်အားဖြင့်ပြုမူကြောင်းထင်ရှားစေရန် အလင်းသို့ချဉ်းလာသတည်း။
22
ထိုနောက်ယေရှုသည် တပည့်တော်တို့ပါ ယုဒနယ်သို့ကြွရောက်၍ သူတို့နှင့်တကွဗတ္တိဇံမင်္ဂလာပေးလျက် တည်းနေတော်မူ၏။
23
ယောဟန်လည်းထောင်မကျသေးမီ၊ ရှာလိမ်မြို့အနီး ရေများသောအဲနုန်အရပ်တွင် ဗတ္တိဇံမင်္ဂလာပေးလျက်ရှိနေရာ ပြည်သူပြည်သားတို့လာ၍ မင်္ဂလာခံကြ၏။
25
ထိုကာလ၊ ယောဟန်၏တပည့်တို့သည်သန့်ရာဝတ်အကြောင်း ယုဒလူမျိုးတစ်ယောက်နှင့် ဆွေးနွေးကြရာ ယောဟန်ထံသွား၍၊
26
ဆရာတော်၊ ယော်ဒန်မြစ်တစ်ဘက် ကိုယ်တော်နှင့်အတူရှိဘူးသူ၊ ကိုယ်တော်သက်သေခံသူသည် ဗတ္တိဇံမင်္ဂလာပေးလျက်ရှိရာ လူခပ်သိမ်းတို့သွားရောက်ကြပါသည် ဟုလျှောက်ဆိုကြသော်၊
27
ယောဟန်က လူသည်ကောင်းကင်ဘုံမှမခံရလျှင် မည်သည့်အရာကိုမျှမရနိုင်။
28
ငါသည် ခရစ်တော်မဟုတ်။ ရှေ့တော်ကစေလွှတ်လိုက်သောသူဖြစ်သည်ဟု ငါပြောခဲ့ကြောင်း သင်တို့ကိုယ်တိုင်သက်သေခံဖြစ်ကြ၏။
29
မင်္ဂလာဆောင်သတို့သမီးကိုရသောသူသည် မင်္ဂလာဆောင်သတို့သားဖြစ်၏။ အနီးတွင်ရပ်ရသောအောင်တမန်လည်း ကြားရသောမင်္ဂလာဆောင်သတို့သား၏စကားသံကြောင့် အားရဝမ်းမြောက်၏။ သို့ဖြစ်၍ငါ၏ဝမ်းမြောက်ခြင်းသည် ထိုအတိုင်းစုံလင်ပြီ။
30
ကိုယ်တော်သည် တိုးတက်ရမည်။ ငါမူကား ဆုတ်ယုတ်ရမည်ဟုဆိုပြန်၏။
31
အထက်မှ ကြွလာသောအရှင်သည် အလုံးစုံတို့၏အထွဋ်ဖြစ်၏။ ဤမြေကြီးမှ ဖြစ်ပွားသောသူမူကား မြေကြီးနှင့်ဆိုင်သည့်အလျောက် မြေကြီးဆိုင်ရာများကိုသာပြောဆိုတတ်၏။ ကောင်းကင်ဘုံမှ ကြွလာသောအရှင်သည်၊
32
အလုံးစုံတို့၏အထွဋ်ဖြစ်လျက် မြင်ခဲ့၊ ကြားခဲ့ရာကိုသက်သေခံတော်မူသော်လည်း မည်သူမျှမနာမယူချေ။
33
သက်သေခံတော်မူချက်ကို နာယူသူမူကား၊ ဘုရားသခင်သည်မှန်ကန်တော်မူကြောင်း တံဆိပ်ခတ်သူဖြစ်၏။
34
ဝိညာဉ်တော်ကိုအခြင်အတွယ်မဲ့ ပေးတော်မူသည့်အလျောက် ဘုရားသခင်စေလွှတ်လိုက်တော်မူသောအရှင်သည် ဘုရားသခင့်ဗျာဒိတ်တော်ကိုဆင့်ဆိုတတ်၏။
35
ခမည်းတော်သည် သားတော်အားမေတ္တာသက်၍ အရာခပ်သိမ်းကိုလက်တော်တွင်းသို့ အပ်နှင်းတော်မူပြီ။
36
သားတော်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရ၏။ သားတော်အားမလိုက်မနာသူမူကား ထာဝရအသက်ကိုတွေ့မြင်ခွင့်မရဘဲ ဘုရားသခင့်အမျက်တော်ဒဏ်တည်သူဖြစ်သတည်း။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
Recommended Reading
Commentary
John Commentaries
→
Devotional
John Devotional Guide
→
Get This Bible
Burmese Study Bible
→