bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 1928
/
John 7
John 7
Burmese 1928
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 8 →
1
ထိုနောက် ကိုယ်တော်ကိုအသေသတ်ရန် ယုဒလူမျိုးတို့ရှာကြံကြသောကြောင့် ယေရှုသည်ယုဒနယ်တွင် သွားလာလိုတော်မမူဘဲ ဂါလိလဲနယ်တွင်သွားလာတော်မူ၏။
2
ထိုအခါ ယုဒလူမျိုးတို့၏တဲနေပွဲတိုင်လုနီးသဖြင့်၊
3
ညီတော်တို့က သင်ပြုသောအမှုအရာများကို သင့်တပည့်တို့မြင်ကြစေရန် ဤအရပ်မှထွက်၍ ယုဒနယ်သို့သွားလော့။
4
ကိုယ်တိုင်ထင်ပေါ်လိုက လျှို့တဝှက်ပြုလုပ်တတ်သူမရှိ။ ဤအမှုအရာများကိုပြုသော် လောကသားတို့အား ကိုယ်ကိုထင်ရှားစေလော့ဟု ဆိုကြ၏။
5
အသို့ဆိုသော် ညီတော်တို့ပင်ကိုယ်တော်ကိုမယုံကြချေ။
6
သို့ဖြစ်၍ယေရှုက၊ ငါ့အချိန်မရောက်သေး။ သင်တို့အချိန်မူကား အစဉ်ရောက်လျက်ရှိ၏။
7
လောကသားတို့သည် သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကား သူတို့အကျင့်ဆိုးသွမ်းသည်ကို ငါသက်သေခံသဖြင့်၊ မုန်းထားကြ၏။
8
ပွဲသို့သင်တို့သွားကြ။ ငါ့အချိန်မစေ့သောကြောင့်၊
9
ငါမသွားသေးဟုမိန့်တော်မူပြီးလျှင် ဂါလိလဲနယ်တွင်နေရစ်တော်မူ၏။
10
ညီတော်တို့သည်ပွဲသို့သွားကြပြီးနောက် ကိုယ်တော်လည်းအထင်အရှားမဟုတ်၊ လျှို့တဝှက်ကြွသွားတော်မူ၏။
11
ထိုပွဲတွင် ယုဒလူမျိုးတို့သည်ကိုယ်တော်ကိုရှာလျက် အဘယ်မှာရှိသနည်းဟုမေးမြန်းကြရာ၊
12
အချို့က သူတော်ကောင်းဖြစ်သည်၊ အချို့ကထိုသို့မဟုတ်၊ ပြည်သူပြည်သားတို့ကိုဖြားယောင်းသူဖြစ်သည်ဟုဆိုလျက် ကိုယ်တော်နှင့်စပ်၍လူပရိသတ်များစွာ နှီးနှောကြသော်လည်း၊
13
ယုဒလူမျိုးတို့ကိုကြောက်ရွံ့သဖြင့် မည်သူမျှအထင်အရှားမပြောမဆိုဝံ့ချေ။
14
ပွဲလယ်ကျရောက်သည့်ကာလ၊ ယေရှုသည်ဗိမာန်တော်သို့ကြွ၍ ဒေသနာပေးတော်မူရာ၊
15
ယုဒလူမျိုးတို့အံ့သြလျက် ဤသူသည် စာမသင်ရဘဲမည်သို့တတ်သနည်းဟု ဆိုကြသော်၊
16
ယေရှုက ငါပေးသောဒေသနာသည်ငါ့ဒေသနာမဟုတ်၊ ငါ့ကိုစေလွှတ်တော်မူလိုက်သော အရှင်၏ဒေသနာတည်း။
17
မည်သူမဆို ထိုအရှင့်အလိုတော်ကိုဆောင်ရွက်လိုလျှင် ဒေသနာတော်မှာ ဘုရားသခင့်အထံတော်မှ ဖြစ်သည်။ အလိုအလျောက်ငါဟောပြောသည်ကို ပိုင်းခြားသိမြင်လိမ့်မည်။
18
ကိုယ့်အလိုအလျောက်ဟောပြောသူသည် ကိုယ့်ဂုဏ်ကိုရှာ၏။ စေလွှတ်လိုက်သောအရှင့် ဂုဏ်ကိုရှာသူမူကား မတရားကင်းသောမှန်ကန်သူဖြစ်သတည်း။
19
မောရှေသည်သင်တို့အား ပညတ်တရားကိုပေးသည်မဟုတ်လော။ ထိုတရားကို သင်တို့အနက် တစ်ယောက်မျှမစောင့်။ စောင့်လျှင် ငါ့ကိုအသေသတ်ရန် အဘယ်ကြောင့်ရှာကြံကြသနည်းဟုမိန့်တော်မူ၏။
20
ထိုအခါ လူပရိသတ်က သင်သည်နတ်ပူးသူဖြစ်၏။ အသေသတ်ရန် မည်သူရှာကြံသနည်းဟု ပြန်၍မေးကြသော်၊
21
ယေရှုက ငါသည်အမှုတစ်ခုကိုပြုလုပ်ရာတွင် သင်တို့ရှိသမျှအံ့သြကြ၏။
22
မောရှေသည်ကိုယ်တိုင်ဦးစွာမဟုတ်၊ ဘိုးဘေးတို့ထံမှဆက်ခံ၍ သင်တို့အားလှီးဖြတ်ခြင်းမင်္ဂလာကိုပေးသဖြင့် ဥပုသ်နေ့တွင်လှီးဖြတ်ခြင်းမင်္ဂလာတရားကို သင်တို့ပေးတတ်ကြ၏။
23
ထိုသို့ မောရှေ၏ပညတ်တရားမပျက်စေရန် လူသည်ဥပုသ်နေ့တွင် လှီးဖြတ်ခြင်းမင်္ဂလာခံရလျှင်၊ ဥပုသ်နေ့တွင် လူတစ်ကိုယ်လုံးကိုငါသန်စွမ်းစေသောကြောင့် သင်တို့စိတ်ဆိုးအပ်သလော။
24
မျက်မြင်လက္ခဏာအတိုင်း မဆုံးဖြတ်ကြနှင့်။ ဖြောင့်မှန်စွာဆုံးဖြတ်ကြလော့ဟု မိန့်တော်မူ၏။
25
ထိုအခါ ယေရုရှလင်မြို့သားအချို့က အသေသတ်ရန်ရှာကြံကြသောသူသည် ဤသူမဟုတ်လော။
26
သူသည် အထင်အရှားဟောပြောလျက်နေရာ မည်သို့မျှမမြစ်တားကြပါတကား။ ခရစ်တော်မှန်သည်ကို မင်းအရာရှိတို့သိမှတ်ကြလေသလော။
27
သို့ရာတွင် ဤသူသည်မည်သည့်ဇာတိဒေသကဖြစ်ကြောင်းငါတို့သိကြ၏။ ခရစ်တော်ကြွလာသောအခါ မည်သည့်ဇာတိဒေသကဖြစ်ကြောင်း အဘယ်သူမျှမသိဟု ဆိုကြ၏။
28
ထိုကြောင့် ဗိမာန်တော်တွင်ဒေသနာပေးတော်မူစဉ်ယေရှုက ငါ့ကိုလည်းကောင်း၊ မည်သည့်ဇာတိဒေသက ငါဖြစ်သည်ကိုလည်းကောင်း၊ သင်တို့သိကြသည်မှန်၏။ သို့ရာတွင် ကိုယ့်အလိုအလျောက်ငါမရောက်မလာ။ ငါ့ကိုစေလွှတ်တော်မူလိုက်သော အရှင်အစစ်အမှန်ရှိတော်မူ၏။ ထိုအရှင်ကို သင်တို့မသိကြသော်လည်း၊
29
ကိုယ်တော့်ထံမှဖြစ်လျက် စေလွှတ်တော်မူခြင်းခံရသောငါမူကား သိလေပြီဟုကြွေးကြော်တော်မူ၏။
30
သို့ဖြစ်၍ကိုယ်တော်ကိုဖမ်းဆီးရန် ရှာကြံကြသော်လည်း အချိန်နာရီတော်မရောက်သေးသောကြောင့် မည်သူမျှမဖမ်းဖြစ်ကြ။
31
လူပရိသတ်အနက် အများတို့ကား၊ ကိုယ်တော်ကိုယုံကြည်ကြ၍ ခရစ်တော်ကြွလာတော်မူသည့်ကာလ၊ ဤသူပြသည်ထက် ပိုမိုသောနိမိတ်လက္ခဏာကိုပြမည်လောဟု ဆိုကြသတည်း။
32
ထိုသို့ ကိုယ်တော်နှင့်စပ်၍ လူပရိသတ်နှီးနှောကြသည်ကိုဖာရိရှဲတို့ကြားကြသော် ပရောဟိတ်ကြီးနှင့်ဖာရိရှဲတို့သည် ကိုယ်တော်ကိုဖမ်းဆီးရန်မင်းမှုထမ်းတို့ကိုစေလွှတ်ကြသဖြင့်၊
33
ယေရှုက ငါသည်သင်တို့နှင့်ခဏမျှဆက်လက်နေပြီးလျှင် စေလွှတ်တော်မူလိုက်သောအရှင့်ထံသွားတော့မည်။
34
ထိုအခါ သင်တို့သည်ငါ့ကိုရှာ၍တွေ့ကြမည်မဟုတ်။ ငါရှိရာသို့လည်းရောက်နိုင်ကြမည် မဟုတ်ဟု မိန့်တော်မူ၏။
35
သို့ဖြစ်၍ယုဒလူမျိုးတို့က ငါတို့ရှာ၍မတွေ့နိုင်အောင် မည်သည့်အရပ်သို့သွားမည်နည်း။ ဂရိတ်လူမျိုးတို့ရှိရာတွင် ကွဲလွင့်နေထိုင်သူတို့ထံသွားပြီးလျှင် ဂရိတ်လူမျိုးတို့အား ဒေသနာပေးမည်လော။
36
သင်တို့သည်ငါ့ကိုရှာ၍တွေ့ကြမည်မဟုတ်။ ငါရှိရာသို့လည်းရောက်နိုင်ကြမည်မဟုတ်ဟု သူပြောသည့်စကားမှာအသို့နည်းဟူ၍ အချင်းချင်းဆိုကြ၏။
37
ထိုပွဲတွင် အကြီးအမြတ်ဆုံးဖြစ်သောနောက်ဆုံးနေ့၌ ယေရှုသည်ရပ်လျက် မည်သူမဆိုရေငတ်လျှင် ငါ့ထံလာ၍သောက်စေ။
38
ငါ့ကိုယုံကြည်သောသူသည် ကျမ်းဆိုရှိသည့်အတိုင်း သူ့ကိုယ်မှအသက်မြစ်ရေအဖြာဖြာ ထွက်စီးလိမ့်မည်ဟုကြွေးကြော်တော်မူ၏။
39
ယေရှု၌ဘုန်းထင်ရှားတော်မမူသေးသောကြောင့် ဝိညာဉ်တော်ဆုကျေးဇူးကိုမခံကြရ သေးသည့်အလျောက် ကိုယ်တော်ကိုယုံကြည်သူတို့ရမည့်ဝိညာဉ်တော်ကိုရည်ဆောင်၍ ထိုသို့မိန့်တော်မူသတည်း။
40
ထိုမိန့်ဆိုချက်ကိုကြားသော် လူပရိသတ်အနက်အချို့က ဤသူသည် ထိုပရောဖက်မုချဖြစ်သည်ဟူ၍လည်းကောင်း၊
41
အချို့က ခရစ်တော်ဖြစ်သည်ဟူ၍လည်းကောင်း ဆိုကြ၏။ အချို့ကမူမည်သို့နည်း။ ခရစ်တော်သည် ဂါလိလဲနယ်မှ ပေါ်ထွန်းရာသလော။
42
ခရစ်တော်သည် ဒါဝိဒ်မင်းမျိုး၊ ဒါဝိဒ်မင်းချက်သိုရာ ဗက်လင်မြို့မှပေါ်ထွန်းရမည် ကျမ်းဆိုရှိသည် မဟုတ်လောဟု ဆိုကြသဖြင့်၊
43
ကိုယ်တော့်အကြောင်းကြောင့် လူပရိသတ်ကွဲပြားကြသည့်အတိုင်း၊
44
အချို့တို့ဖမ်းဆီးလိုကြသော်လည်း မည်သူမျှမဖမ်းဖြစ်ကြ။
45
သို့ဖြစ်၍ မင်းမှုထမ်းတို့သည်ပရောဟိတ်ကြီးနှင့် ဖာရိရှဲတို့ထံပြန်သွားကြသည့်ကာလ အဘယ့်ကြောင့်မဆွဲခဲ့သနည်းဟုမေးကြသော်၊
46
မင်းမှုထမ်းတို့က ထိုသူကဲ့သို့မည်သူမျှမဟောစဘူးပါဟု ပြန်ဆိုကြရာ၊
47
ဖာရိရှဲတို့က သင်တို့လည်းဖြားယောင်းရာပါကြပြီလော။
48
မင်းအရာရှိတို့နှင့်ဖာရိရှဲတို့အနက် ထိုသူ့ကိုတစ်ဦးတစ်ယောက်ယုံကြည်သလော။
49
ပညတ်တရားကိုမသိမကျွမ်းသော ဤပြည်သူပြည်သားတို့၌မူကား အမင်္ဂလာရှိကြသည်ဟုဆိုကြ၏။
50
ကိုယ်တော့်ထံ အထက်ကရောက်လာသူ၊ ၎င်းတို့အပါအဝင်နိကောဒင်က၊
51
လူတစ်ယောက်၏ ထုချေချက်ကိုကြားရလျက်၊ အမှုကိုလည်းမသိမီ ငါတို့တရား အတိုင်းဆုံးဖြတ်ရာသလောဟုမေးသော်၊
52
သင်လဲဂါလိလဲကလော။ ဂါလိလဲနယ်ထဲက မည်သည့်ပရောဖက်မျှမပေါ်ထွန်းကြောင်း ရှာဖွေရှုမှတ်လော့ဟုပြန်ဆိုကြ၏။
53
၎င်းနောက်ကိုယ့်အိမ်သို့ အသီးသီးပြန်သွားကြရာ၊
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
Recommended Reading
Commentary
John Commentaries
→
Devotional
John Devotional Guide
→
Get This Bible
Burmese Study Bible
→