bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 1928
/
John 5
John 5
Burmese 1928
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 6 →
1
ထိုနောက် ယုဒလူမျိုးတို့ပွဲကျသဖြင့် ယေရှုသည်ယေရုရှလင်မြို့သို့ ကြွတော်မူ၏။
2
ယေရုရှလင်မြို့တွင် သိုးတံခါးအနီး မုတ်ငါးဆောင်ရှိသောဟေဗြဲဘာသာဖြင့် ဗေသေသဒခေါ် ရေကန်ရှိ၏။
3
ထိုမုတ်ဆောင်များတွင် မျက်မမြင်သူ၊ ခြေဆွံ့သူ၊ အင်္ဂါသေခြောက်သူမှစသောသူနာအမြောက်အမြားတို့သည် ရေလှုပ်ရှားခြင်းကိုစောင့်စားလျက် ပက်လက်နေကြသည်မှာ၊
4
စေတမန်တော်တစ်ပါးသည် ထိုရေကန်သို့အကြိမ်ကြိမ်ဆင်းလာလျက် လှုပ်ရှားသဖြင့်၊ မည်သည့်ရောဂါမဆိုစွဲကပ်သူတိုင်း လှုပ်ရှားခိုက်ဦးစွာဆင်းမိလျှင် ကျန်းမာသတည်း။
5
သုံးဆယ့်ရှစ်နှစ်တိုင် နာလျက်နေသောလူတစ်ယောက်သည်၊
6
ထိုသို့ပက်လက်နေသည်ကို ယေရှုမြင်တော်မူ၍ ကာလရှည်ကြာစွာနာကြောင်းသိသဖြင့် ကျန်းမာလိုသလောဟု မေ:တော်မူသော်၊
7
သူနာက အရှင်ဘုရား၊ ရေလှုပ်ရှားခိုက် ကျွန်တော့်ကိုရေကန်ထဲသို့ချပေးသူမရှိပါ။ ဆင်းမည်ပြုတိုင်း တစ်ယောက်ယောက်အရင်ဆင်းတတ်ပါသည်ဟု ပြန်လျှောက်သည့်ကာလ၊
8
ယေရှုက ထလော့၊ အိပ်ရာကိုဆောင်၍သွားလော့ဟု မိန့်တော်မူလျှင်မူချင်း၊
9
ထိုသူသည် ကျန်းမာသဖြင့်၊ အိပ်ရာကိုဆောင်၍သွားလေ၏။
10
ထိုနေ့သည် ဥပုသ်နေ့ဖြစ်သောကြောင့် ကျန်းမာရသူအားယုဒလူမျိုးတို့က ယနေ့ဥပုသ်နေ့ဖြစ်သည်။ အိပ်ရာကိုမဆောင်အပ်ဟု ဆိုကြရာ၊
11
ကျွန်တော့်ကို ကျန်းမာစေသူက၊ အိပ်ရာကိုဆောင်၍သွားလော့ဟု အမိန့်ရှိကြောင်းပြန်ပြောသော်၊
12
အိပ်ရာကို ဆောင်၍သွားခွင့်ပေးသူကား မည်သူနည်းဟုမေးကြ၏။
13
ထိုအရပ်တွင် လူပရိသတ်ထူထပ်သည်နှင့် ယေရှုကွယ်ကြွတော်မူပြီးဖြစ်သောကြောင့် ရောဂါကင်းပျောက်သူသည် မည်သူမှန်းမသိချေ။
14
ထိုနောက်ယေရှုသည် ဗိမာန်တော့်အတွင်းထိုသူ့ကိုတွေ့ရာ သင်ကျန်းမာလေပြီ။ ထိုထက်ကြီးလေးသောအပြစ်ဒဏ်သင့်မည်ကိုစိုး၍ နောက်ထပ်မပြစ်မှားလင့်ဟုမိန့်တော်မူသည်နှင့် ထိုသူထွက်သွား၍၊
15
ကျန်းမာစေသူမှာ ယေရှုဖြစ်ကြောင်းယုဒလူမျိုးတို့အားကြားပြောလေ၏။
16
သို့နှင့်အညီ ဥပုသ်နေ့၌ထိုအမှုအရာများကိုပြုတော်မူသည့်အတွက် ယုဒလူမျိုးတို့သည်ယေရှုကို ဒုက္ခရှာကြရာ၊
17
ယေရှုက ငါ့ခမည်းတော်သည် ယခုတိုင်ပင်လုပ်ဆောင်တော်မူသည့်နည်းတူ ငါလည်းလုပ်ဆောင်သည်ဟု ပြန်၍မိန့်တော်မူသည့်အတိုင်း ဥပုသ်နေ့ကိုဖျက်သည့်ပြင်၊
18
ဘုရားသခင်ကို ကိုယ့်အဘဟုခေါ်လျက် ကိုယ်ကိုဘုရားသခင်နှင့်ဂုဏ်ရည်တူထားသောကြောင့် အသေသတ်ခြင်းငှါတိုး၍ရှာကြံကြ၏။
19
ထို့ကြောင့်ယေရှုက ငါဧကန်အမှန်ဆိုသည်ကား ခမည်းတော်ပြုတော်မူသည်ကိုမြင်ရသမျှပြင် သားတော်သည် ကိုယ့်အလိုအလျောက်ပြုနိုင်သည်မဟုတ်။ ခမည်းတော်ပြုတော်မူသည့်အတိုင်းသာ သားတော်ပြုရ၏။
20
ခမည်းတော်သည် သားတော်ကိုချစ်၍ ကိုယ်တော်တိုင်ပြုတော်မူသမျှကိုပြသတော်မူ၏။ သင်တို့အံ့သြရစေခြင်းငှါ ယခုထက်ကြီးမြတ်သောအမှုများကိုလည်း သားတော်အားပြသတော်မူသည်မှာ၊
21
ခမည်းတော်သည် သူသေတို့ကိုထမြောက်၍ရှင်စေတော်မူသည့်နည်းတူ သားတော်လည်း အလိုရှိသူတို့ကိုရှင်စေတော်မူသတည်း။
22
ခမည်းတော်ကိုရိုသေကျိုးနွံကြသည့်နည်းတူ သားတော်ကိုလူခပ်သိမ်းတို့ရိုသေကျိုးနွံစေခြင်းငှါ ခမည်းတော်သည် မည်သူ့ကိုမျှစီရင်ဆုံးဖြတ်တော်မမူဘဲဆုံးဖြတ်ပိုင်ခွင့်ကို သားတော်အားလုံးဝအပ်ပေးတော်မူပြီ။ သားတော်ကိုမရိုသေမကျိုးနွံသူသည် စေလွှတ်တော်မူလိုက်သောခမည်းတော်ကို မရိုသေမကျိုးနွံရာရောက်၏။
24
ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့စကားကိုကြားနာ၍ စေလွှတ်တော်မူလိုက်သောအရှင်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရသဖြင့် စီရင်ဆုံးဖြတ်မခံရ။ သေခြင်းအနေမှ ရှင်ခြင်းအနေသို့ကူးပြောင်းပြီးသူဖြစ်၏။
25
ငါဧကန်ဆိုပြန်သည်ကား၊ ဘုရားသခင့်သားတော်၏မိန့်ခွန်းသံကို သူသေတို့ကြားရမည့်အချိန်၊ ကြားသူတိုင်း အသက်ရှင်ရမည့်အချိန်ကာလရောက်တော့မည်။ ယခုပင်ရောက်လေပြီ။
26
အသို့ဆိုသော်၊ ခမည်းတော်သည် အလျောက်ဘာသာအသက်တည်သကဲ့သို့ သားတော်အားလည်းအလျောက်ဘာသာတည်ရခွင့်ပေးတော်မူသည့်ပြင်၊
27
လူ့သားဖြစ်သောကြောင့် စီရင်ဆုံးဖြတ်ခွင့်အာဏာကိုလည်း အပ်ပေးတော်မူလေပြီ။
28
ဆိုခဲ့ရာကိုအံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်းဂူများ၌ရှိနေသူခပ်သိမ်းပင် သားတော်၏မိန့်ခွန်းသံကို ကြားသဖြင့် ကောင်းမွန်စွာပြုကျင့်ခဲ့သူတို့မှာ၊
29
အသက်ခံစားရာရှင်ပြန်ထမြောက်ခြင်းအဖြစ်သို့လည်းကောင်း၊ ယုတ်မာစွာပြုကျင့်ခဲ့သူတို့မှာ စီရင်ဆုံးဖြတ်ခံရာရှင်ပြန်ထမြောက်ခြင်းသို့လည်းကောင်း၊ ထွက်လာရမည့်အချိန်ကာလ ရောက်တော့မည်။
30
ငါသည်ကိုယ့်အလိုအလျောက်မည်သည်ကိုမျှမပြုနိုင်။ ကြားနာရသည့်အတိုင်းသာ စီရင်ဆုံးဖြတ်ရ၏။ ကိုယ့်အလိုကိုမရှာ။ စေလွှတ်တော်မူလိုက်သောအရှင်၏ အလိုကိုသာရှာသောကြောင့်၊ ငါ့စီရင်ချက်ဖြောင့်မှန်၏။
31
ကိုယ့်အကြောင်းကိုသက်သေခံလျှင် ငါ့သက်သေခံချက်မတည်။
32
ငါ့အကြောင်းကိုသက်သေခံရှိသေးသည့်အလျောက် ထိုအရှင့်သက်သေခံချက်တည်ကြောင်း ငါသိ၏။
33
ငါသည်လူတို့ထံမှသက်သေကို မခံယူသော်လည်း ကယ်တင်တော်မူရာရောက်ကြစေခြင်းငှါ သင်တို့အား ငါသတိပေးသည်မှာ တောက်လောင်သောမီးရှူးသဖွယ်ဖြစ်သူထိုအလင်းကြောင့် ကာလအတန်ငယ် ကိုယ်တိုင်ရွှင်လန်းနှစ်သက်ကြသူယောဟန့်ထံ သင်တို့စေလွှတ်ကြသော် ဟုတ်မှန်ခြင်းအကြောင်းထိုသူသက်သေခံ၏။
36
သို့သော်လည်း ငါ၌ယောဟန်၏သက်သေထက်ကြီးမြတ်သောသက်သေရှိသေး၏။ ငါဆောင်ရွက်ပြီးစီးစေရန်ခမည်းတော်လွှဲအပ်တော်မူ၍ ငါဆောင်ရွက်သောအမှုများကပင် ငါ့ကိုခမည်းတော်စေလွှတ်တော်မူလိုက်ကြောင်း သက်သေခံ၏။
37
ငါ့ကိုစေလွှတ်တော်မူလိုက်သောခမည်းတော်လည်း ငါ့အကြောင်းကိုသက်သေခံတော်မူပြီ။ သင်တို့မှာမူ စေလွှတ်တော်မူသောသူ့ကိုမယုံကြသောကြောင့် မိန့်ခွန်းတော်သံကိုကြားနာရာ ပုံသဏ္ဌာန်တော်ကိုဖူးမြင်ရာ၊ ဗျာဒိတ်တော်ကိုစွဲမြဲရာ ရောက်ကြပြီမဟုတ်။
39
ကျမ်းစာများဖြင့် ထာဝရအသက်ကိုရသည်ဟုထင်မှတ်သောကြောင့်၊ ငါ့အကြောင်းသက်သေခံသော ထိုကျမ်းများကို ရှာဖွေတတ်ကြသော်လည်း၊
40
အသက်ကိုရခြင်းငှါ ငါ့ထံသို့မလာလိုကြ။
41
ငါသည်လူတို့အချီးအမွမ်းကို မခံမယူ။
42
သင်တို့၌ ဘုရားသခင်အားချစ်ခြင်းမေတ္တာမရှိကြောင်းငါသိသည်မှာ၊
43
ခမည်းတော်၏နာမတော်နှင့်ငါရောက်လာသော် သင်တို့လက်မခံကြ။ ကိုယ့်နာမနှင့်အခြားသူ ရောက်လာလျှင် လက်ခံကြလိမ့်တကား။
44
အချင်းချင်းအချီးအမွမ်းခံယူ၍ တစ်ဆူတည်းသောဘုရားသခင့်ထံ အချီးအမွမ်းကို မရှာသောသင်တို့သည် မည်သို့ယုံကြည်နိုင်သနည်း။
45
ခမည်းတော်ထံ၌ သင်တို့ကိုငါအပြစ်စွဲဆိုမည်မထင်ကြနှင့်။ အပြစ်စွဲဆိုသူမှာ သင်တို့အားကိုးသော မောရှေပင်တည်း။
46
အသို့ဆိုသော် ငါ့အကြောင်းကိုရေးထားသောမောရှေကိုယုံခဲ့လျှင် ငါ့ကိုယုံကြလေပြီ။
47
မောရှေရေးသားချက်များကို မယုံလျှင်မူကား ငါ့စကားကိုမည်သို့ယုံကြမည်နည်းဟု မိန့်တော်မူ၏။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
Recommended Reading
Commentary
John Commentaries
→
Devotional
John Devotional Guide
→
Get This Bible
Burmese Study Bible
→