bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 1928
/
John 12
John 12
Burmese 1928
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 13 →
1
ပသခါပွဲမတိုင်မီခြောက်ရက်က ယေရှုသည် သူသေတို့အထဲမှရှင်ပြန်ထမြောက်စေသူ လာဇရုနေရာ ဗေသနိရွာသို့ကြွရောက်တော်မူပြီးလျှင်၊
2
ထိုရွာတွင် ကိုယ်တော့်အဖို့စားသောက်ပွဲကျင်းပကြရာ မာသလုပ်ကျွေးသမှုပြုလျက် ကိုယ်တော်နှင့်အတူ လာဇရုစားပွဲထိုင်ပါဝင်လျက်ရှိစဉ်၊
3
မာရိသည် အဖိုးထိုက်သောနာဒုနံ့သာဆီစစ် အချိန်နှစ်ဆယ့်ငါးကျပ်ကိုယူလာ၍ ယေရှု၏ခြေတော်ကိုလိမ်းကျံလျက် ကိုယ့်ဦးဆံနှင့်သုတ်၏။ ထိုနံ့သာဆီနံ့လည်း တစ်အိမ်လုံး မွှေးကြိုင်လျက်ရှိ၏။
4
သို့ရာတွင်တပည့်တော်တို့အပါအဝင် ကိုယ်တော်ကိုပို့အပ်မည့် ယုဒဣရှကာရုတ်က၊
5
ထိုနံ့သာဆီကို ငွေသုံးရာနှင့်ရောင်းချ၍ သူဆင်းရဲများအား အဘယ်ကြောင့်မပေးမကမ်းခဲ့သနည်းဟုဆို၏။
6
ထိုသို့ဆိုသည်မှာ သူဆင်းရဲများကိုဂရုပြုသောကြောင့်မဟုတ်။ ငွေအိတ်လွယ်သူဖြစ်၍ ထည့်သွင်းငွေကိုယူတတ်သော သူခိုးဖြစ်သောကြောင့်တည်း။
7
ထိုကြောင့်ယေရှုက ငါ့ကိုသေခမ်းသေနားပြင်ရန်နေ့အဖို့ ထိုနံ့သာဆီကိုသိုထားပါလေစေ။
8
သူဆင်းရဲများသည် သင်တို့နှင့်အစဉ်ရှိသည်။ ငါမူကား သင်တို့နှင့်အစဉ်နေသည်မဟုတ်ဟု မိန့်တော်မူ၏။
9
ယုဒလူမျိုးအမြောက်အမြားတို့သည် ထိုရွာ၌ရှိတော်မူကြောင်းကြားသိသော်၊ ယေရှုအတွက်ကြောင့်သာမဟုတ်၊ သူသေတို့အထဲမှ ရှင်ပြန်ထမြောက်စေတော်မူခဲ့သော လာဇရုကိုလည်း ရှုကြည့်ရန်ရောက်လာကြ၏။
10
သို့နှင့်အညီ ပရောဟိတ်ကြီးတို့သည်လာဇရုအကြောင်းကြောင့် ယုဒလူမျိုးအများတို့ခွာသွား၍ ယေရှုကိုယုံကြည်ကြသဖြင့် လာဇရုကိုလည်းကွပ်မျက်ရန်တိုင်ပင်ကြ၏။
12
နောက်နေ့တွင် ပွဲသို့ရောက်လာသောလူပရိသတ်ကြီးသည် ယေရုရှလင်မြို့သို့ ယေရှုကြွရောက်တော်မူကြောင်းကြားသော်၊
13
စွံပလွန်လက်ကိုယ်စီကိုင်၍ ခရီးဦးကြိုဆိုရန်ထွက်သွားလျက် အောင်သံပေးကြပါစေ။ ထာဝရဘုရားနာမတော်နှင့်ကြွလာတော်မူသော ဣသရေလလူမျိုး၏ဘုရင်၌ မင်္ဂလာရှိပါစေသောဟု ကြွေးကြော်ကြ၏။
14
အိုသတို့သမီးဇိအုန်၊ မကြောက်နှင့်။ သင်၏ဘုရင်မင်းသည် မြည်းငယ်ကိုစီးကြွတော်မူသည်တကား ဟူသောကျမ်းချက်ရှိသည်နှင့်အညီ ယေရှုသည် မြည်းငယ်တစ်ကောင်ကိုတွေ့၍ စီးတော်မူ၏။
16
တပည့်တော်တို့သည် ထိုအကြောင်းအရာများကို အစကနားမလည်ကြ။ ယေရှုဘုန်းထင်ရှားသောအခါမူကား ကိုယ်တော်နှင့်စပ်၍ ထိုသို့ရေးထားလျက်ရှိသည်ကိုလည်းကောင်း၊ ကိုယ်တော်၌ ထိုသို့ဖြစ်ပျက်သည်ကိုလည်းကောင်း၊ သတိရကြ၏။
17
လာဇရုကို သင်္ချိုင်းဂူမှခေါ်လျက် သူသေတို့အထဲမှရှင်ပြန်ထမြောက်စေတော်မူသည့်ကာလ၊ နောက်တော်ပါလူပရိသတ်သည် ထိုအကြောင်းကိုသက်သေခံကြသည့်ပြင်၊
18
လူအမြောက်အမြားတို့လည်း ထိုနိမိတ်လက္ခဏာကို ပြတော်မူကြောင်းကြားသဖြင့် ခရီးဦးကြိုဆိုကြ၏။
19
သို့ဖြစ်၍ဖာရိရှဲတို့က မည်သို့မျှမတတ်နိုင်ကြောင်းကြည့်ကြလော့။ သူ့နောက်တစ်လောကလုံးလိုက်သွားပြီတကားဟု အချင်းချင်းပြောဆိုကြ၏။
20
ထိုကာလ ပွဲတွင်ဝတ်ပြုကိုးကွယ်ရန်ရောက်လာသူတို့အနက် ဂရိတ်လူမျိုးအချို့ပါရှိရာ၊
21
ထိုသူတို့သည် ဂါလိလဲနယ်၊ ဗက်ဇဲဒမြို့သားဖိလိပ္ပုထံချဉ်းကပ်၍ ယေရှုကိုဖူးလိုပါသည်အရှင် ဟုဆိုသော်၊
22
ဖိလိပ္ပုသည် အန္ဒြေထံသွား၍ပြောပြီးလျှင်အန္ဒြေနှင့်ဖိလိပ္ပုတို့သည် ယေရှုထံဝင်ရောက်လျှောက်ထားကြ၏။
23
ယေရှုကလည်း၊ လူ့သားဘုန်းထင်ရှားရမည့်အချိန်ရောက်လေပြီ။
24
ငါဧကန်အမှန်ဆိုသည်ကား၊ မျိုးစေ့သည် မြေသို့ကျ၍မပျက်လျှင် အစေ့အတိုင်းနေတတ်၏။ ပျက်လျှင်မူကား များစွာသီးတတ်၏။
25
ကိုယ့်အသက်ကို နှမြောသူသည် အသက်ရှုံးတတ်၏။ ဤလောက၌ အသက်ကိုမနှမြောသောသူမူကား ကမ္ဘာအဆက်ဆက် အသက်ကိုစောင့်ထိန်းလိမ့်မည်။
26
မည်သူမဆို ငါ့အစေကိုခံလျှင် ငါ့နောက်လိုက်စေ။ ငါ့စံရာ၌ ငါ့အစေခံလည်းရှိလိမ့်မည်။ မည်သူမဆိုငါ့အစေကိုခံလျှင် ထိုသူ့ကို ခမည်းတော်ချီးမြှောက်တော်မူလိမ့်မည်။
27
ယခုမှာ ငါသည်စိတ်မသာ၍ မည်သို့လျှောက်ရအံ့နည်း။ အိုအဘ၊ ဤအချိန်နာရီမှ အကျွန်ုပ်ကို ကယ်နုတ်တော်မူပါဟူ၍လော၊ ဤအကြောင်းကြောင့်ပင် ယခုအချိန်တိုင် ငါရောက်လာပြီတကား၊
28
အိုအဘ၊ နာမတော့်ဂုဏ်ကိုထင်ရှားစေတော်မူပါဟု လျှောက်ဆိုသော် ငါထင်ရှားစေခဲ့ပြီ။ တစ်ဖန် ထင်ရှားစေဦးမည်ဟု ကောင်းကင်မှဗျာဒိတ်တော်သံရောက်လာ၏။
29
ထိုကြောင့် ရှိနေ၍ကြားကြသောလူပရိသတ်က မိုးချုန်းသည်ဟုဆိုကြ၏။ အချို့ကမူ စေတမန်တော်တစ်ပါးသူ့အားမြွက်ဆိုသည်ဟု ဆိုကြရာ၊
30
ယေရှုက၊ ထိုဗျာဒိတ်တော်သံသည် ငါ့အတွက်မဟုတ်၊ သင်တို့အတွက်ရောက်လာပြီ။
31
ယခုမှာ ဤလောကသည် စီရင်ဆုံးဖြတ်ခံရ၏။ ဤလောကမင်းလည်းနှင်ထုတ်ခံရတော့မည်။
32
ငါသည် မြေပေါ်ကမြှောက်ထားခံရသော် လူခပ်သိမ်းကိုငါ့ထံသွေးဆောင်မည်ဟု မိန့်တော်မူ၏။
33
ထိုသို့မိန့်တော်မူသည်မှာ မည်သို့အသေခံတော်မူရမည်ကို ဖော်ပြသတည်း။
34
ထိုအခါ လူပရိသတ်က ခရစ်တော်သည်ကာလအစဉ်တည်တော်မူသည်ကို ပညတ္တိကျမ်းဖြင့် အကျွန်ုပ်တို့ကြားသိပါလျက် လူ့သားသည်မြှောက်ထားခံရမည်ဟု အသို့ဆိုပါသနည်း။ လူသားဆိုသည်မှာ မည်သူပါနည်းဟုမေးကြသည်နှင့်၊
35
ယေရှုက အလင်းတော်သည်သင်တို့ဘောင်တွင် ကာလအတန်ငယ်ရှိနေတော့မည်။ မှောင်မိုက်မအုပ်မိစေရန် အလင်းတော်ရှိခိုက်သွားလာကြလော့။ မှောင်မိုက်၌သွားလာသူကား မည်သည့်အရပ်သို့ သွားသည်ကိုမသိတတ်။
36
အလင်းတော်၏သားများဖြစ်စေခြင်းငှါ အလင်းတော်ရှိခိုက် အလင်းတော်ကိုယုံကြည်ကြလော့ဟုမိန့် တော်မူ၏။ ထိုသို့မိန့်တော်မူပြီးနောက် ယေရှုသည်ထွက်ကြွ၍ တိမ်းရှောင်တော်မူ၏။
37
သူတို့ရှေ့တွင် နိမိတ်လက္ခဏာအများကိုပြတော်မူသော်လည်း ကိုယ်တော်ကိုမယုံကြချေ။
38
ထိုသို့မယုံကြသည်မှာ အို ထာဝရဘုရား၊ အကျွန်ုပ်တို့ကြားရသောသတင်းကိုယုံကြည်သူ၊ ထာဝရဘုရား၏ လက်ရုံးတော်ကိုမြင်ရသူ၊ မည်သူနည်းဟူ၍ပရောဖက်ဟေရှာယဆင့်ဆိုချက်အတိုင်း ပြည့်စုံစေခြင်းငှါတည်း။
39
သို့ဖြစ်၍သူတို့သည်မျက်စိနှင့်မြင်ခွင့်၊ စိတ်နှလုံးနှင့်နားလည်ခွင့်ရလျက် ငါ့ထံမှချမ်းသာရရန်ပြန်လာခွင့်မရှိစေခြင်းငှါ သူတို့မျက်စိကိုကန်းစေ၍ စိတ်နှလုံးကိုလည်း ခဲယဉ်းစေတော်မူလေပြီဟု ဟေရှာယဆင့်ဆိုပြန်သည်နှင့်အညီ သူတို့မယုံနိုင်ကြချေ။
41
ထိုသို့ ဟေရှာယဆင့်ဆိုသည့်အကြောင်းမှာ ကိုယ်တော်၏ဘုန်းတော်ကိုဖူးမြင်၍ ကိုယ်တော်ကိုရည်လျက် ကြားပြောနှင့်သတည်း။
42
ထိုသို့ဆိုလျက်ပင် အရာရှိတို့အနက်အများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ သို့ရာတွင်ဘုရားသခင့်ထံအချီးအမွမ်းထက် လူတို့ထံအချီးအမွမ်းကို နှစ်သက်ကြသည့်အလျောက် အသင်းတော်မှ ထုတ်ပယ်ခံရမည်ကိုစိုး၍ ဖာရိရှဲတို့ကြောင့်ဝန်မခံဘဲနေကြ၏။
44
ယေရှုကလည်း ငါ့ကိုယုံကြည်သူသည် ငါ့ကိုယုံကြည်သည်မဟုတ်။ စေလွှတ်တော်မူလိုက်သောအရှင်ကို ယုံကြည်၏။
45
ငါ့ကိုဖူးမြင်သူလည်း စေလွှတ်တော်မူလိုက်သောအရှင်ကိုဖူးမြင်၏။
46
ငါ့ကိုယုံကြည်သူသည် မှောင်မိုက်၌မတည်မနေစေရန် အလင်းအဖြစ်ဤလောကသို့ ငါရောက်လာပြီ။
47
မည်သူမဆို ငါ့ဒေသနာကိုကြားနာ၍မစောင့်ရှောက်လျှင် ထိုသူ့ကိုငါမစီရင်။ ငါသည်ဤလောကကို စီရင်ဆုံးဖြတ်ရန်မဟုတ်။ ကယ်တင်ရန်ရောက်လာပြီ။
48
ငါ့ကိုငြင်းပယ်၍ ငါ့ဒေသနာကိုမနာမယူသောသူ၌ ဆုံးဖြတ်ရာဆုံးဖြတ်ကြောင်းရှိသည်မှာ၊ ငါသည်အလိုအလျောက်ဟောသည်မဟုတ်၊ မည်သို့ဟောပြောရမည့်အကြောင်း ငါ့ကိုစေလွှတ်တော်မူလိုက်သော ခမည်းတော်အမိန့်ထုတ်ဆင့်တော်မူပြီးဖြစ်သောကြောင့် ငါဟောသောတရားပင် နောက်ဆုံးနေ့၌ထိုသူ့ကို စီရင်ဆုံးဖြတ်လိမ့်သတည်း။
50
ထိုအမိန့်တော်သည် ထာဝရအသက်တည်ရာတည်ကြောင်းဖြစ်သည်ကိုငါသိသဖြင့် ငါမိန့်ဆိုချက်များကို ခမည်းတော်ဗျာဒိတ်ပေးတော်မူသည့်အတိုင်းပင် ငါပြန်ကြားသည်ဟု ကြွေးကြော်၍မိန့်တော်မူ၏။
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21