bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 1928
/
John 19
John 19
Burmese 1928
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 20 →
1
ထိုအခါ ပိလတ်မင်းသည် ယေရှုကိုခေါ်၍ရိုက်ဒဏ်ခတ်၏။
2
စစ်သည်တို့လည်း ဆူးဦးရစ်ရက်၍ ဦးခေါင်းတော်၌တင်ခြင်း၊ ကမ္ပလာနီဆင်ယင်ခြင်း၊
3
အထံတော်သို့ချဥ်းကပ်လျက် ယုဒလူမျိုးတို့ဘုရင်၌ မင်္ဂလာရှိပါစေသောဟုဆိုခြင်းများကိုပြုပြီးလျှင် လက်နှင့်ရိုက်ကြ၏။
4
ထိုနောက်ပိလတ်မင်းထွက်ပြန်၍ ကြည့်လော့။ ဤသူ၌ပြစ်မှုကိုငါမတွေ့ကြောင်း သင်တို့သိစေခြင်းငှါ သင်တို့ရှေ့ငါထုတ်ပြပြီဟုဆိုသည့်အတိုင်း၊
5
ယေရှုသည် ဆူးဦးရစ်နှင့်ကမ္ပလာနီကိုဝတ်ဆင်လျက်ထွက်တော်မူရာ ပိလတ်မင်းက ကြည့်ကြလော့။ ထိုလူပင်တည်းဟုဆိုသည့်အလျောက်၊
6
ပရောဟိတ်ကြီးနှင့်မင်းမှုထမ်းတို့သည် ကိုယ်တော်ကိုမြင်ကြသော်၊ ကားတင်ပါ၊ ကားတင်ပါ၊ ဟုဟစ်ကြ၏။ ပိလတ်မင်းကလည်းသူ့ကိုယူ၍ ကိုယ်တိုင်ကားတင်ကြ။
7
သူ့၌ပြစ်မှုကိုငါမတွေ့ဟုဆိုသည့်ကာလ၊ ယုဒလူမျိုးတို့က ကျွန်တော်တို့၌ဓမ္မသတ်ရှိပါသည်။ ထိုသူသည် ကိုယ်ကိုဘုရားသခင့်သားတော်လုပ်သောကြောင့် ထိုဓမ္မသတ်အတိုင်းသေဒဏ်ခံထိုက်ပါသည်ဟု ပြန်ဆိုကြ၏။
8
ထိုစကားကို ပိလတ်မင်းကြားသော် သာ၍ကြောက်ရွံ့သဖြင့်၊
9
ရုံးတော်အတွင်းပြန်ဝင်ပြီးလျှင် သင်သည်အဘယ်ကနည်းဟုယေရှုအားမေးရာ ယေရှုသည်အလျှင်းဖြေဆိုတော်မမူ။
10
သို့ဖြစ်၍ပိလတ်မင်းက ငါ့ကိုမပြောမဆိုနေသလော။ ငါသည်သင့်ကိုလွှတ်ပိုင်ခွင့်အာဏာ၊ ကားတင်ပိုင်ခွင့်အာဏာရှိကြောင်း မသိလောဟုမေးသော်၊
11
ယေရှုက ထိုအခွင့်ကိုအထက်မှပေးသည်မဟုတ်လျှင် သင်သည်ငါ့အပေါ်တွင် အလျှင်းအာဏာရမည်မဟုတ်။ ထို့ကြောင့် သင့်ထံငါ့ကိုပို့အပ်သူ၌ သာ၍အပြစ်ကြီးသည်ဟုမိန့်ပြန်တော်မူ၏။
12
ထို့နောက်ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ရန်ရှာကြံသော်လည်း ယုဒလူမျိုးတို့က ဤသူ့ကိုလွှတ်လျှင် မင်းကြီးသည် ကဲသာမင်း၏အကျိုးတော်ဆောင်မဟုတ်။ ကိုယ်ကိုဘုရင်လုပ်သူတိုင်း ကဲသာမင်းကိုတော်လှန်သူဖြစ်သည်ဟု ဟစ်ကြ၏။
13
ထိုစကားကို ပိလတ်မင်းကြားသော် ယေရှုကိုထုတ်ပြ၍ ဟေဗြဲဘာသာဖြင့်ဂဗ္ဗသအမည်တွင်လျက် ကျောက်ခင်းခေါ်ဌာနရှိတရားခွင်တွင်၊
14
ပသခါပွဲအဖိတ်နေ့ ခြောက်နာရီခန့်အချိန်ထိုင်ပြီးလျှင် ယုဒလူမျိုးတို့အားကြည့်ကြလော့။ သင်တို့ဘုရင်မင်းတည်းဟုဆိုသော်၊
15
ထိုသူတို့က ထုတ်ပါ၊ ထုတ်ပါ၊ ကားတင်ပါဟုဟစ်ကြ၏။ ပိလတ်မင်းကလည်း သင်တို့ဘုရင်ကို ငါကားတင်ရမည်လောဟုမေးရာ ပရောဟိတ်ကြီးတို့က ကဲသာမင်းမှတစ်ပါးကျွန်ုပ်တို့၌ ဘုရင်မရှိဟုပြန်ဆိုကြသည့်ကာလ၊
16
ပိလတ်မင်းသည် ကိုယ်တော်ကိုကားတင်စေရန်သူတို့အားအပ်လိုက်၏။
17
ထိုသူတို့သည် ယေရှုကိုဆွဲယူကြ၍ ဟေဗြဲဘာသာဖြင့် ဂေါလဂေါသအမည်တွင်လျက် ဦးခေါင်းခွံခေါ်အရပ်သို့ ကားတိုင်ကို ကိုယ်တော်တိုင်ထမ်း၍ ကြွရောက်တော်မူသော်၊
18
ဝဲယာတော်တွင် အခြားသူနှစ်ယောက်နှင့်တကွ အလယ်၌ယေရှုကိုကားတင်ကြ၏။
19
ပိလတ်မင်းလည်း ယုဒလူမျိုးတို့ဘုရင်နာဇရက်မြို့သားယေရှု ဟူသောကမ္ပည်းကိုရေး၍ ကားတိုင်တော့်ပေါ်တွင်ဆွဲထားလေ၏။
20
ယေရှုကိုကားတင်ရာအရပ်သည် မြို့တော်နှင့်နီးသည့်ပြင် ထိုကမ္ပည်းကိုဟေဗြဲ၊ လက်တင်၊ ဂရိတ်ဘာသာများဖြင့် ရေးထားပြီးဖြစ်သောကြောင့် ယုဒလူအများတို့ဖတ်ကြည့်ကြသည်နှင့်
21
၎င်းတို့ပရောဟိတ်ကြီ:တို့က ယုဒလူမျိုးတို့ဘုရင်ဟူ၍မရေးပါနှင့်။ ငါသည်ယုဒလူမျိုးတို့ ဘုရင်ဖြစ်သည်သူဆိုကြောင်းကိုရေးပါဟု ပိလတ်မင်းအားလျှောက်ကြသော်၊
22
ပိလတ်မင်းက ငါရေးပြီးသောအချက်ကို ငါရေးပြီးပြီဟုပြန်ဆို၏။
23
ယေရှုကို ကားတင်ပြီးနောက် စစ်သည်တို့သည်အဝတ်တော်များကို လေးပိုင်းခွဲပြီးလျှင် တစ်ယောက်တစ်ပိုင်းစီကောက်ယူကြ၏။ အတွင်းအင်္ကျီတော်ကား အထက်စွန်းမှ ချုပ်ရိုးမဲ့ထိုးသောအထည်ဖြစ်၍၊
24
ထိုအင်္ကျီကိုမဆုတ်ဘဲ မဲချလျက်ယူကြကုန်အံ့ဟု အချင်းချင်းပြောဆိုကြ၏။ ထိုသို့စစ်သည်တို့ပြုကြသည်မှာ အကျွန်ုပ်၏အဝတ်များကိုအချင်းချင်းခွဲဝေ၍ အတွင်းအင်္ကျီကို မဲချကောက်ယူကြပါသည်ဟူသောကျမ်းချက်အတိုင်း ပြည့်စုံစေခြင်းငှါတည်း။
25
ထိုအခါ ယေရှု၏ကားတိုင်တော်အနီးတွင် မယ်တော်နှင့်ထွေးတော် ကလောဖ၏မယားမာရိနှင့် မာဂဒလမာရိတို့သည် ရပ်လျက်ရှိနေကြစဉ်၊
26
မယ်တော့်အနီး ချစ်တော်မူသောတပည့်တော်ရပ်နေသည်ကို ယေရှုမြင်တော်မူသော် မယ်တော်အား အရှင်မ၊ သင့်သားပါတကားဟူ၍လည်းကောင်း၊
27
ထိုတပည့်တော်အား သင့်အမိပါတကားဟူ၍လည်းကောင်း၊ မိန့်တော်မူသည့်အတိုင်း ထိုတပည့်တော်သည် မယ်တော်ကိုကိုယ့်အိမ်သို့ ထိုအချိန်ကပင်ခေါ်ထားလေ၏။
28
ထိုနောက်အမှုခပ်သိမ်းပြီးစီးကြောင်းကိုသိမြင်တော်မူသဖြင့် ယေရှုက ငါရေငတ်သည်ဟု ကျမ်းချက်ပြည့်စုံစေခြင်းငှါမိန့်တော်မူရာ၊
29
ထိုအရပ်တွင် ပုန်းရည်အပြည့်ထည့်ထားသောအိုးတစ်လုံးရှိ၍ ရေမှိုတစ်ပွင့်ကို ပုန်းရည်နှင့်ပြည့်စေပြီးလျှင် ဟုဿုပ်ကိုင်းတွင်တပ်လျက် ခံတွင်းတော်ရောက်ကမ်းပေးကြ၏။
30
ယေရှုလည်း ထိုပုန်းရည်ကိုခံယူတော်မူပြီးသော် အမှုပြီးပြီဟုမိန့်မြွက်လျက် ဦးခေါင်းတော်ကိုညွှတ်၍ အသက်စွန့်တော်မူ၏။
31
ထိုနေ့သည်အဖိတ်နေ့ဖြစ်၍ နောက်ဥပုသ်နေ့လည်းနေ့ထူးနေ့မြတ်ဖြစ်သောကြောင့် ဥပုသ်နေ့တွင် ကားတိုင်များပေါ်မှာမရှိစေခြင်းငှါ ခြေများကိုချိုး၍ အလောင်းများကိုယူသွားခွင့်ပေးမည့်အကြောင်း ပိလတ်မင်းထံ ယုဒလူမျိုးတို့တောင်းပန်ကြသည့်အတိုင်း၊
32
စစ်သည်တို့သည်လာ၍ ကိုယ်တော်နှင့်အတူကားတင်ခံရသူနှစ်ယောက်တို့၏ခြေများကို ချိုးကြ၏။
33
ယေရှုထံတော်သို့ရောက်လာသော်ကား အသက်မရှိကြောင်းတွေ့မြင်ကြ၍ ခြေတော်ကိုမချိုးဘဲ၊
34
စစ်သည်တစ်ယောက်သည် နံဘေးတော်ကိုလှံနှင့်ထိုး၍ သွေးနှင့်ရေသည်ချက်ခြင်းထွက်လာ၏။
35
ဒိဋ္ဌမြင်သောသူသည် မှန်ကန်စွာပြန်ကြားသည်ကိုကိုယ်တိုင်သိလျက် ကိုယ့်သက်သေတည်သည့်အတိုင်၊ သင်တို့ယုံကြည်ကြစေခြင်းငှါ သက်သေခံခဲ့လေပြီ။
36
ထိုသို့ဖြစ်ပျက်သည်မှာ အရိုးကိုမချိုးရဟူသော ကျမ်းချက်အတိုင်းလည်းကောင်း၊ ထိုးဖောက်ခဲ့သော သူ့ကိုရှုမြော်ကြလိမ့်မည်ဟူသောကျမ်းချက်အတိုင်းလည်းကောင်း၊ ပြည့်စုံစေခြင်းငှာတည်း။
38
ထိုနောက်ယုဒလူမျိုးတို့ကိုကြောက်ရွံ့၍ ယေရှု၏တပည့်တော်အဖြစ်သို့ မထင်မရှားရောက်သော အရိမဿဲမြို့သားယောသပ်သည် ပိလတ်မင်းထံ ယေရှု၏အလောင်းကိုယူသွားခွင့်တောင်းရာ ပိလတ်မင်းအခွင့်ပြုသည့်အတိုင်း လာရောက်ယူသွားလေ၏။
39
ကိုယ်တော့်ထံ ညဉ့်အခါဦးစွာလာရောက်သူနိကောဒင်လည်း မုရန်နှင့်အကြော်နှစ်ပါးစပ်၊ အချိန်နှစ်ဆယ့်ငါးပိဿာခန့်ကို ယူလာပြီးလျှင်၊
40
ယုဒလူမျိုးတို့သင်္ဂြိုဟ်ထုံးအတိုင်း ယေရှု၏အလောင်းတော်ကိုနံ့သာပေါင်းထည့်၍ ပိတ်ထည်များနှင့်ပတ်ကြ၏။
41
ကိုယ်တော်ကို ကားတင်ရာအရပ်ရှိဥယျာဉ်တွင် မည်သူ့ကိုမျှမသင်္ဂြိုဟ်ဘူးသောသင်္ချိုင်းဂူသစ်တစ်ခုရှိသဖြင့် ထိုသင်္ချိုင်းဂူနီး၍၊
42
ထိုနေ့လည်း ယုဒလူမျိုးတို့အဖိတ်နေ့ဖြစ်သောကြောင့် ယေရှုအလောင်းတော်ကိုဂူသွင်းကြ၏။
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
Recommended Reading
Commentary
John Commentaries
→
Devotional
John Devotional Guide
→
Get This Bible
Burmese Study Bible
→