bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Judges 1
Judges 1
Burmese MSBU
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 2 →
1
ယောရှုသေဆုံးပြီးနောက် အစ္စရေးအမျိုးသားတို့က ထာဝရဘုရားအား “ခါနာန်လူမျိုးတို့ကို မည်သူ ဦးစွာသွား၍တိုက်ခိုက်ရမည်နည်း”ဟု မေးလျှောက်ကြလျှင်
2
ထာဝရဘုရားက “ယုဒအမျိုး ချီတက်ရမည်။ ကြည့်ရှုလော့။ ဤပြည်ကို သူတို့လက်သို့ ငါအပ်ပြီ”ဟု မိန့်တော်မူ၏။
3
ထိုအခါ ယုဒအမျိုးတို့က မိမိတို့အစ်ကိုရှိမောင်အမျိုးတို့အား “ခါနာန်လူမျိုးတို့ကို တိုက်ခိုက်ရန် ငါတို့အမွေမြေသို့ ငါတို့နှင့်အတူ ချီတက်ပါလော့။ ငါတို့သည်လည်း သင်တို့အမွေမြေသို့ သင်တို့နှင့်အတူ ချီတက်မည်”ဟု ဆိုသဖြင့် ရှိမောင်အမျိုးတို့လည်း သူတို့နှင့်အတူ ချီတက်လေ၏။
4
ယုဒအမျိုးချီတက်သွားသောအခါ ထာဝရဘုရားသည် ခါနာန်လူမျိုးနှင့် ဖေရဇိလူမျိုးတို့ကို သူတို့လက်သို့အပ်တော်မူသဖြင့် သူတို့သည် ဗေဇက်မြို့၌ လူတစ်သောင်းကို သတ်လေ၏။
5
ဗေဇက်မြို့တွင် အဒေါနိဗေဇက်မင်းကြီးနှင့် ရင်ဆိုင်တိုက်ခိုက်ကြ၏။ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုးတို့ကိုလည်း အနိုင်ရ၏။
6
အဒေါနိဗေဇက်မင်းကြီး ထွက်ပြေးသဖြင့် သူ့ကိုလိုက်လံဖမ်းဆီးပြီး သူ၏ခြေမ၊ လက်မတို့ကိုဖြတ်ပစ်လေ၏။
7
ထိုအခါ အဒေါနိဗေဇက်မင်းကြီးက “ငါသည် ဘုရင်အပါးခုနစ်ဆယ်တို့၏ခြေမ၊ လက်မကိုဖြတ်၍ ငါ့စားပွဲအောက်၌စားနုပ်စားပေါက်တို့ကိုကောက်စားစေခဲ့၏။ ဘုရားသခင်သည် ငါပြုခဲ့သည့်အတိုင်း ငါ့အားပြန်ပြုတော်မူပြီ”ဟု ဆိုလေ၏။ သူတို့သည် အဒေါနိဗေဇက်မင်းကြီးကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားပြီး ထိုမြို့၌ပင် သူသေလေ၏။
8
ယုဒအမျိုးသားတို့သည် ဂျေရုဆလင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ကြ၏။ မြို့သားတို့ကို ဓားဖြင့် လုပ်ကြံ၍ မြို့ကို မီးရှို့ပစ်ကြ၏။
9
ထို့နောက် ယုဒအမျိုးသားတို့သည် တောင်ပေါ်ဒေသ၊ နေဂေ့အရပ်၊ မြေနိမ့်ဒေသ စသည်တို့၌ နေထိုင်သော ခါနာန်လူမျိုးတို့ကို သွား၍တိုက်ခိုက်ကြ၏။
10
တစ်ဖန် ယုဒအမျိုးသားတို့သည် ယခင်က ကိရယအာဘဟုခေါ်သော ဟေဗြုန်မြို့ရှိ ခါနာန်လူမျိုးတို့ထံသို့ ချီတက်သွား၍ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို သတ်ပစ်၏။
11
တစ်ဖန် ထိုမြို့မှ ဒေဗိရမြို့သို့ ချီတက်သွား၏။ ဒေဗိရမြို့ကို ယခင်က ကိရယဿေဖာမြို့ ဟုခေါ်၏။
12
ကာလက်က “ကိရယဿေဖာမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်သောသူအား ငါ့သမီးအာခသနှင့် ပေးစားမည်”ဟု ဆို၏။
13
ကာလက်၏ညီ ကေနတ်၏သား ဩသံယေလက ထိုမြို့ကိုသိမ်းပိုက်နိုင်သဖြင့် ကာလက်သည် သူ့အား သမီးအာခသနှင့် ပေးစားလေ၏။
14
အာခသသည် ခင်ပွန်းနှင့်လိုက်သွားစဉ် မိမိဖခင်ထံမှလယ်တစ်ကွက် တောင်းကြမည်ဟု ခင်ပွန်းသည်အားဆိုလျက် မြည်းပေါ်ကဆင်းသောအခါ ကာလက်က “ဘာအလိုရှိသနည်း”ဟု မေး၏။
15
သူကလည်း “လက်ဖွဲ့တစ်ခု တောင်းပါရစေ။ ကျွန်မအား နေဂေ့အရပ်မှမြေကို အဖေပေးပြီ။ စမ်းရေတွင်းကိုလည်း ပေးပါဦးလော့”ဟု ဆို၏။ ထို့ကြောင့် ကာလက်သည် သူ၏သမီးအား အထက်စမ်းရေတွင်းနှင့် အောက်စမ်းရေတွင်းတို့ကို ပေးလေ၏။
16
မောရှေယောက္ခမ၏သားမြေး ကေနိအမျိုးသားတို့သည် ယုဒအမျိုးသားတို့နှင့်အတူ စွန်ပလွံမြို့မှ အာရဒ်နေဂေ့အရပ်ရှိ ယုဒတောကန္တာရသို့ လိုက်သွား၍ ထိုအရပ်သားတို့နှင့်အတူ နေထိုင်ကြ၏။
17
တစ်ဖန် ယုဒအမျိုးတို့သည် မိမိတို့အစ်ကိုရှိမောင်အမျိုးတို့နှင့်အတူ ဇေဖတ်မြို့သား ခါနာန်လူမျိုးတို့ကို သွားရောက်တိုက်ခိုက်ကာ မြို့ကို အကုန်အစင်ဖျက်ဆီးပစ်ပြီးလျှင် ထိုမြို့ကို ဟောမာ မြို့ဟု ခေါ်လေ၏။
18
ယုဒအမျိုးတို့သည် ဂါဇမြို့နှင့်ထိုမြို့၏နယ်မြေ၊ အာရှကေလုန်မြို့နှင့် ထိုမြို့၏နယ်မြေ၊ ဧကြုန်မြို့နှင့် ထိုမြို့၏နယ်မြေ စသည်တို့ကို သိမ်းပိုက်လေ၏။
19
ထာဝရဘုရားသည် ယုဒအမျိုးတို့နှင့်အတူ ပါရှိတော်မူသဖြင့် သူတို့သည် တောင်ပေါ်ဒေသတို့ကို သိမ်းပိုက်နိုင်ခဲ့၏။ ချိုင့်ဝှမ်းဒေသ၌နေထိုင်သောသူတို့မူကား သံစစ်ရထားများပိုင်ဆိုင်သောကြောင့် ထိုသူတို့ကို မနှင်ထုတ်နိုင်ခဲ့ပေ။
20
မောရှေ မှာကြားခဲ့သည့်အတိုင်း ကာလက်အား ဟေဗြုန်မြို့ကို ပေး၏။ ကာလက်သည် အာနက၏သားသုံးယောက်ကို နှင်ထုတ်၏။
21
ဗင်္ယာမိန်အမျိုးသားတို့သည် ဂျေရုဆလင်မြို့သား ယေဗုသိလူမျိုးတို့ကို မနှင်ထုတ်ခဲ့သဖြင့် ယေဗုသိလူမျိုးတို့သည် ဗင်္ယာမိန်အမျိုးသားတို့နှင့်အတူ ယနေ့တိုင်အောင် ဂျေရုဆလင်မြို့တွင် နေထိုင်ကြလေ၏။
22
ယောသပ်အမျိုးအနွယ်တို့သည်လည်း ဗေသလမြို့ကို သွားရောက်တိုက်ခိုက်ကြ၏။ ထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူ၏။
23
ယောသပ်အမျိုးအနွယ်တို့သည် ဗေသလမြို့ကို စူးစမ်းရန် သူလျှိုတို့ကိုစေလွှတ်၏။ ဗေသလမြို့ကို ယခင်က လုဇမြို့ ဟုခေါ်၏။
24
သူလျှိုတို့သည် မြို့ထဲမှလူတစ်ယောက်ထွက်လာသည်ကို မြင်လျှင် “မြို့ဝင်လမ်းကို ပြပေးပါ။ သင့်ကို အသက်ချမ်းသာပေးပါမည်”ဟု သူ့အား ပြောသဖြင့်
25
သူသည် မြို့ဝင်လမ်းကို ပြပေး၏။ သူတို့သည်လည်း မြို့ကို ဓားနှင့်တိုက်ခိုက်ကြပြီး လမ်းပြပေးသူ၏မိသားစုများကိုမူ လွတ်မြောက်ခွင့်ပေးလေ၏။
26
ထိုသူသည် ဟိတ္တိပြည်သို့သွား၍ မြို့ကိုတည်ကာ ထိုမြို့၏အမည်ကို လုဇ ဟုမှည့်ခေါ်၏။ ထိုမြို့ကို ယနေ့တိုင်အောင် ထိုသို့ခေါ်ဆိုလေ၏။
27
မနာရှေအမျိုးအနွယ်သည် ဗက်ရှန်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ တာနက်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဣဗလံမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ စသည်တို့၌နေထိုင်သောသူတို့ကို မနှင်ထုတ်နိုင်ကြ။ ခါနာန်လူမျိုးတို့သည် ထိုပြည်၌ အတင်းနေထိုင်ကြ၏။
28
အစ္စရေးလူမျိုးတို့ အင်အားကြီးလာသောအခါတွင်လည်း ခါနာန်လူမျိုးတို့ကို မနှင်ထုတ်ဘဲ အခွန်ဆက်စေကြ၏။
29
ဧဖရိမ်အမျိုးသားတို့သည် ဂေဇာမြို့သား ခါနာန်လူမျိုးတို့ကို မနှင်ထုတ်ခဲ့ပေ။ ထို့ကြောင့် ခါနာန်လူမျိုးတို့သည် သူတို့နှင့်အတူ ဂေဇာမြို့၌ နေထိုင်ကြ၏။
30
ဇာဗုလုန်အမျိုးအနွယ်သည်လည်း ကိတရုန်မြို့သား၊ နဟာလောလမြို့သား တို့ကို မနှင်ထုတ်သောကြောင့် ခါနာန်လူမျိုးတို့သည် သူတို့နှင့်အတူနေထိုင်၍ အခွန်ဆက်သကြ၏။
31
အာရှာအမျိုးအနွယ်သည်လည်း အက္ခောမြို့သား၊ ဆီဒုန်မြို့သား၊ အာလပ်မြို့သား၊ အာခဇိပ်မြို့သား၊ ဟေလဗမြို့သား၊ အာဖိတ်မြို့သား၊ ရဟောဘမြို့သားတို့ကိုမနှင်ထုတ်ခဲ့ပေ။
32
ထိုသို့ အာရှာအမျိုးသားတို့သည် ထိုပြည်သား ခါနာန်လူမျိုးတို့ကို မနှင်ထုတ်ဘဲ သူတို့နှင့်အတူနေထိုင်လေ၏။
33
နဿလိအမျိုးသားတို့သည်လည်း ဗက်ရှေမက်မြို့သား၊ ဗက်အာနတ်မြို့သားတို့ကို မနှင်ထုတ်ဘဲ ထိုပြည်သားခါနာန်လူမျိုးတို့နှင့်အတူနေထိုင်၍ ဗက်ရှေမက်မြို့သား၊ ဗက်အာနတ်မြို့သားတို့ကို အခွန်ဆက်စေကြ၏။
34
အာမောရိလူမျိုးတို့သည် ဒန်သားမြေးတို့ကို ချိုင့်ဝှမ်းဒေသတွင်နေထိုင်ခွင့်မပေး၊ တောင်ပေါ်ဒေသသို့ နှင်ထုတ်ကြ၏။
35
အာမောရိလူမျိုးတို့သည် အာယလုန်မြို့၊ ရှာလဗိမ်မြို့နှင့် ဟေရက်တောင်ပေါ်တို့တွင် အတင်းနေထိုင်ကြ၏။ ယောသပ်အမျိုးအနွယ် အင်အားကြီးလာသောအခါ အာမောရိလူမျိုးတို့ကို အခွန်ဆက်စေကြ၏။
36
အာမောရိနယ်နိမိတ်သည် အကရဗ္ဗိမ်တောင်ကုန်းမှစ၍ သေလမြို့အပေါ်ဘက်အထိ ဖြစ်၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21