bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Judges 17
Judges 17
Burmese MSBU
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 18 →
1
ဧဖရိမ်တောင်ပေါ်ဒေသတွင် မိက္ခာအမည်ရှိသောသူတစ်ဦးရှိ၏။
2
သူသည် မိခင်အား “ငွေစတစ်ထောင့်တစ်ရာပျောက်သွားသဖြင့် အမေ ကျိန်ဆဲပြောဆိုနေသည်ကို အကျွန်ုပ်ကြားပါ၏။ ထိုငွေကို အကျွန်ုပ်ယူမိပါ၏။ အကျွန်ုပ်ထံ၌ ရှိပါ၏”ဟု ဆိုလျှင် မိခင်က “ငါ့သား၊ ထာဝရဘုရား သင့်ကို ကောင်းချီးပေးပါစေ”ဟု ဆို၏။
3
ငွေစတစ်ထောင့်တစ်ရာကို မိခင်အားပြန်ပေးမည်ပြုသောအခါ မိခင်က “ထိုငွေကို ငါ့သားအတွက် ရုပ်တုထွင်းထုရန်၊ သွန်းလုပ်ရန် ငါကိုယ်တိုင် ထာဝရဘုရားအား ဆက်ကပ်ထားပြီ။ သို့ဖြစ်၍ ထိုငွေကို သင့်အားငါပြန်ပေးမည်”ဟု ဆို၏။
4
ဤသို့ဖြင့် ထိုငွေကို မိခင်အားပြန်ပေးသောအခါ မိခင်က ငွေနှစ်ရာကိုယူပြီး ပန်းထိမ်သမားအားပေး၍ ရုပ်တုကိုထွင်းထု၊ သွန်းလုပ်စေ၏။ ထိုရုပ်တုတို့ကို မိက္ခာ၏အိမ်၌ထားလေ၏။
5
ထိုသူ မိက္ခာ၌ ဘုရားဝတ်ကျောင်းရှိ၏။ သူသည် ဧဖုဒ် နှင့်တေရပ်ရုပ်တုများကို သွန်းလုပ်ပြီးလျှင် မိမိသားတစ်ယောက်ကို ယဇ်ပုရောဟိတ်အဖြစ်ခန့်ထား၏။
6
ထိုကာလတွင် အစ္စရေးလူမျိုးတို့၌ ရှင်ဘုရင်မရှိ။ လူတိုင်း မှန်သည်ဟုထင်သည့်အတိုင်းပြုကြ၏။
7
လေဝိလူငယ်တစ်ယောက်သည် ယုဒမျိုးနွယ်စုအပိုင် ယုဒပြည်၊ ဗက်လင်မြို့၌ တည်းခိုနေထိုင်၏။
8
သို့သော် သူသည် ယုဒပြည်၊ ဗက်လင်မြို့မှထွက်ခွာ၍ တည်းခိုရာနေရာကို ရှာရင်း၊ ခရီးသွားရင်း ဧဖရိမ်တောင်ပေါ်ဒေသရှိ မိက္ခာအိမ်သို့ရောက်လာ၏။
9
မိက္ခာက သူ့အား “သင်သည် မည်သည့်အရပ်မှလာသနည်း”ဟု မေးလေသော် သူက “အကျွန်ုပ်သည် လေဝိအမျိုးဖြစ်၏။ ယုဒပြည်၊ ဗက်လင်မြို့မှ လာပါ၏။ အကျွန်ုပ်သည် တည်းခိုရာနေရာကို ရှာနေပါ၏”ဟု ပြန်ပြောလေ၏။
10
မိက္ခာကလည်း “အကျွန်ုပ်၏အဖ၊ အကျွန်ုပ်၏ယဇ်ပုရောဟိတ်အဖြစ် အကျွန်ုပ်နှင့်အတူနေထိုင်ပါ။ တစ်နှစ်လျှင် ငွေစတစ်ဆယ်၊ အဝတ်တစ်စုံနှင့်အစားအစာကိုပေးမည်”ဟု ဆိုလျှင် လေဝိလူငယ်သည် အိမ်ထဲသို့ဝင်သွား၏။
11
လေဝိလူငယ်သည် မိက္ခာနှင့်အတူနေထိုင်ရန်သဘောတူပြီး မိက္ခာ၏သားအရင်းသဖွယ် ဖြစ်လာ၏။
12
မိက္ခာသည် ထိုလေဝိလူငယ်ကို ယဇ်ပုရောဟိတ်အဖြစ် ခန့်အပ်ထားသဖြင့် သူသည် မိက္ခာ၏အိမ်၌နေထိုင်လေ၏။
13
မိက္ခာကလည်း “ငါသည် လေဝိအမျိုးကို ငါ၏ယဇ်ပုရောဟိတ်အဖြစ်ရရှိထားသောကြောင့် ယခုမှာ ထာဝရဘုရားသည် ငါ့ကို ကောင်းစားစေတော်မူမည်ကိုငါသိ၏”ဟု ဆို၏။
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21