bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Judges 14
Judges 14
Burmese MSBU
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 15 →
1
ရှံဆုန်သည် တိမနတ်မြို့သို့ ဆင်းသွားရာ တိမနတ်မြို့၌ ဖိလိတ္တိမိန်းမပျိုများထဲမှ မိန်းကလေးတစ်ဦးကို တွေ့၏။
2
သူသည် မိဘထံ ပြန်လာ၍ “အကျွန်ုပ်သည် တိမနတ်မြို့၌ ဖိလိတ္တိမိန်းမပျိုများထဲမှ မိန်းကလေးတစ်ဦးကို တွေ့ပါပြီ။ သူ့ကို အကျွန်ုပ်၏မယားအဖြစ် တောင်းပေးပါ”ဟု ဆို၏။
3
သူ့မိဘကလည်း သူ့အား “အရေဖျားမလှီးသောဖိလိတ္တိလူမျိုးတို့ထဲမှ မိန်းမကို သွား၍ယူရလေအောင် သင့်ဆွေမျိုးသားချင်း၊ ငါတို့လူမျိုးများတွင် မိန်းမတစ်ယောက်မျှ မရှိသလော”ဟု ဆိုသော် ရှံဆုန်က ဖခင်အား “ထိုအမျိုးသမီးကိုသာ သဘောကျသည်ဖြစ်၍ တောင်းပေးပါ”ဟု ဆို၏။
4
ဖိလိတ္တိလူမျိုးတို့ကို ရန်ရှာတိုက်ခိုက်ခွင့်ရအောင် ထာဝရဘုရားပြုတော်မူသည်ကို သူ့မိဘမသိ။ ထိုစဉ်က ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို အုပ်စိုးနေချိန်ဖြစ်၏။
5
ရှံဆုန်သည် မိဘတို့နှင့်တကွ တိမနတ်မြို့သို့ ဆင်းသွားရာ တိမနတ်စပျစ်ခြံများအနီးသို့ ရောက်သောအခါ ကြည့်ရှုလော့။ ခြင်္သေ့ပျိုတစ်ကောင်သည် သူ့အား ဟိန်းဟောက်ရန်ပြုလေ၏။
6
ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ်ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူ့လက်ထဲ၌ဘာမျှမပါသော်လည်း ဆိတ်သငယ်တစ်ကောင်ကိုဆွဲဖျက်သကဲ့သို့ ထိုခြင်္သေ့ကိုဆွဲဖျက်လေ၏။ ထိုသို့ပြုခဲ့သည်ကို မိဘတို့အားမပြောပြဘဲနေ၏။
7
ထို့နောက် ရှံဆုန်သည် တိမနတ်မြို့သို့ ဆက်သွား၍ မိန်းမပျိုနှင့် စကားပြောကြည့်ရာ သူ့ကို သဘောကျလေ၏။
8
ရှံဆုန်သည် အိမ်ပြန်သွားပြီးနောက်ပိုင်း ထိုဖိလိတ္တိမိန်းမပျိုနှင့် လက်ထပ်ရန် ထိုမြို့သို့ တစ်ဖန်ပြန်သွားစဉ် ခြင်္သေ့အသေကောင်ကို ပြန်သွားကြည့်ရာ ခြင်္သေ့ကိုယ်ထဲတွင် ပျားအုံစွဲ၍ ပျားရည်ရှိနေသည်ကို တွေ့လေ၏။
9
သူသည် ပျားရည်ကို လက်နှင့်နှိုက်စားပြီး ဆက်လာရာ မိဘရှိရာနေရာပြန်ရောက်လာသောအခါ မိဘကိုလည်းကျွေး၏။ သို့သော် ပျားရည်ကို ခြင်္သေ့အသေကောင်ထဲမှ နှိုက်လာကြောင်းကို မိဘတို့အား မပြောပြချေ။
10
ရှံဆုန်၏ဖခင်သည် ဖိလိတ္တိမိန်းမပျိုနှင့် သွားရောက်တွေ့ဆုံ၏။ ရှံဆုန်မူကား လူပျိုတို့ဓလေ့ထုံးစံအတိုင်း စားသောက်ပွဲလုပ်လေ၏။
11
ထိုအရပ်သားတို့က ရှံဆုန်နှင့်တွေ့ဆုံပြီး သူနှင့်အတူ ပွဲခံဖို့ရန် အဖော်အယောက်သုံးဆယ်ကို ခေါ်လာပေး၏။
12
ရှံဆုန်က ထိုသူတို့အား “ယခု သင်တို့ကို စကားထာဝှက်မည်။ ပွဲခံရာခုနစ်ရက်အတွင်း အဖြေကို ရှာတွေ့ပြီး ပြောပြနိုင်လျှင် ပိတ်ချောဝတ်ရုံအထည်သုံးဆယ်နှင့် ဝတ်စုံအစုံသုံးဆယ်ကို သင်တို့အားငါပေးမည်။
13
သင်တို့ အဖြေမပြောပြနိုင်လျှင် ပိတ်ချောထည်ဝတ်ရုံအထည်သုံးဆယ်နှင့် ဝတ်စုံအစုံသုံးဆယ်ကို ငါ့အားပေးရမည်”ဟု ဆိုလေ၏။ ထိုသူတို့ကလည်း “သင့်စကားထာကို ပြောပါ။ ငါတို့နားထောင်မည်”ဟု သူ့အားဆိုလေ၏။
14
ထိုအခါ ရှံဆုန်က “စားတတ်သူထဲက စားစရာ၊ အားကြီးသူထဲက ချိုမြိန်ခြင်း ထွက်၏”ဟု စကားထာဝှက်လေ၏။ သူတို့သည် သုံးရက်ကြာသည်အထိ စကားထာ၏အဖြေကို မပြောပြနိုင်ကြ။
15
ခုနစ်ရက်မြောက် သောနေ့၌ ထိုသူတို့က ရှံဆုန်၏မယားအား “စကားထာ၏အဖြေကို သင့်ယောက်ျားအား ချော့မော့မေးမြန်းလော့။ သို့မဟုတ်လျှင် ငါတို့သည် သင်နှင့်အတူ သင့်ဖခင်၏အိမ်သူအိမ်သားတို့ကို မီးရှို့ပစ်မည်။ သင်တို့သည် ငါတို့ပစ္စည်းကိုအပိုင်ယူလိုသောကြောင့် ဤပွဲသို့ ငါတို့ကို ဖိတ်ခေါ်သည်မဟုတ်လော”ဟု ဆိုကြ၏။
16
ရှံဆုန်၏မယားသည် သူ့ရှေ့၌ငိုပြပြီး “သင်သည် အကျွန်ုပ်၏အမျိုးသားချင်းတို့ကိုစကားထာဝှက်ပြီး အကျွန်ုပ်ကိုမူ အဖြေမပြောပြ။ စင်စစ် သင်သည် အကျွန်ုပ်ကိုမချစ်၊ အကျွန်ုပ်ကိုမုန်း၏”ဟု ဆို၏။ ရှံဆုန်ကလည်း “ငါ့မိဘတို့ကိုပင် မပြောပြ။ သင့်ကိုပြောပြရမည်လော”ဟု ပြန်ပြောလေ၏။
17
သူ၏မယားသည် ပွဲကျင်းပသည့်ခုနစ်ရက်နေ့ နောက်ဆုံးအချိန်အထိ ခင်ပွန်းရှေ့၌ငိုပြ၍ ပူဆာသောကြောင့် ထိုခုနစ်ရက်မြောက်သောနေ့၌ သူ့အားပြောပြလိုက်လေ၏။ သူသည်လည်း မိမိ၏အမျိုးသားချင်းတို့အား စကားထာအဖြေကို ပြောပြလိုက်လေ၏။
18
ထိုမြို့သားတို့သည်လည်း ခုနစ်ရက်မြောက်နေ့၊ နေမဝင်မီ ရှံဆုန်အား “ပျားရည်ထက် မည်သည့်အရာက ချိုသနည်း။ ခြင်္သေ့ထက် မည်သည့်အရာက ခွန်အားကြီးသနည်း”ဟု ဆိုကြ၏။ ရှံဆုန်ကလည်း သူတို့အား “ငါ၏နွားမတမ်းနှင့်မထွန်လျှင် ငါ့စကားထာ၏အဖြေကို သင်တို့ပြောပြနိုင်မည်မဟုတ်”ဟု ပြန်ပြောလေ၏။
19
ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ် ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူသည် အာရှကေလုန်မြို့သို့ဆင်းသွား၍ မြို့သားအယောက်သုံးဆယ်ကိုရိုက်သတ်ကာ သူတို့၏အဝတ်အစားများကိုချွတ်ယူပြီး စကားထာအဖြေကို ပြောပြနိုင်သောသူတို့အား ပေးလေ၏။ ထို့နောက် သူသည် အမျက်ထွက်လျက် ဖခင်အိမ်သို့ပြန်သွားလေ၏။
20
ထို့ကြောင့် ရှံဆုန်၏မယားကို သူ၏အဖော်နှင့်ပေးစားလိုက်ရ၏။
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21