bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Judges 3
Judges 3
Burmese MSBU
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 4 →
1
ခါနာန်ပြည်စစ်ပွဲတွင် မပါဝင်ဖူးသောအစ္စရေးလူမျိုးများကို စမ်းသပ်ရန် ထာဝရဘုရား ချန်ထားတော်မူသော လူမျိုးများမှာ
2
(ဤသည်ကား စစ်ပွဲအတွေ့အကြုံမရှိသေးသော အစ္စရေးလူမျိုး မျိုးဆက်သစ်များ စစ်မှုရေးရာ သင်ယူစေရန်ဖြစ်၏။)
3
ဖိလိတ္တိမင်း ငါးပါးအပါအဝင် ခါနာန်လူမျိုးအားလုံး၊ ဆီဒုန်လူမျိုးနှင့် ဗာလဟေရမုန်တောင်မှ လီဘိုဟာမတ်တိုင်အောင် လက်ဘနွန်တောင်တစ်လျှောက်တွင် နေထိုင်ကြသောဟိဝိလူမျိုး တို့ဖြစ်ကြ၏။
4
ဤလူမျိုးတို့ကို ချန်ထားသည်မှာ မောရှေမှတစ်ဆင့် ဘိုးဘေးတို့အား မိန့်မှာတော်မူခဲ့သည့် ထာဝရဘုရား၏ပညတ်တော်များကို အစ္စရေးလူမျိုးတို့ နာခံမည်၊ မနာခံမည်ကို သိရှိနိုင်မည့်အကြောင်း စမ်းသပ်ရန်အတွက် ဖြစ်၏။
5
အစ္စရေးအမျိုးသားတို့သည် ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့နှင့်အတူ နေထိုင်၍
6
သူတို့၏သမီးများကို လက်ထပ်ယူကြ၏။ မိမိတို့၏သမီးများကိုလည်း ထိုလူမျိုးခြားတို့၏သားများနှင့် ပေးစားကြ၏။ သူတို့၏ဘုရားများကိုလည်း ဝတ်ပြုကြ၏။
7
ဤသို့ အစ္စရေးအမျိုးသားတို့သည် မိမိတို့၏ဘုရားသခင်ထာဝရဘုရားကို မေ့လျော့ထားကာ ဗာလဘုရား၊ အာရှရနတ်ဘုရားမတို့ကို ဝတ်ပြုလျက် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြသောကြောင့်
8
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ မက်ဆိုပိုတေးမီးယားဘုရင် ခုရှံရိရှသိမ်မင်းကြီးလက်သို့ ရောင်းလိုက်တော်မူသဖြင့် သူတို့သည် ခုရှံရိရှသိမ်မင်းကြီးကို ရှစ်နှစ်အစေခံရလေ၏။
9
သို့သော် အစ္စရေးအမျိုးသားတို့ ထာဝရဘုရားထံ အော်ဟစ်သောအခါ ထာဝရဘုရားသည် သူတို့ကို ကယ်တင်မည့်ကယ်တင်ရှင်တစ်ဦးကို အစ္စရေးလူမျိုးထဲမှ ပေါ်ထွန်းစေတော်မူ၏။ ထိုသူကား ကာလက်၏တူ၊ ကေနတ်၏သား ဩသံယေလပေတည်း။
10
ထာဝရဘုရား၏ဝိညာဉ်တော်သည် ဩသံယေလအပေါ် သက်ရောက်တော်မူသဖြင့် သူသည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ရ၏။ စစ်ချီသောအခါ မက်ဆိုပိုတေးမီးယားဘုရင် ခုရှံရိရှသိမ်မင်းကြီးကို သူ့လက်သို့ ထာဝရဘုရားအပ်တော်မူသဖြင့် သူသည် ခုရှံရိရှသိမ်မင်းကြီးကို နိုင်လေ၏။
11
တိုင်းပြည်လည်း အနှစ်လေးဆယ်ပတ်လုံး ငြိမ်းချမ်းလေ၏။ ထို့နောက်မှ ကေနတ်၏သား ဩသံယေလ သေဆုံး၏။
12
တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြပြန်၏။ ထိုသို့ ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုသောကြောင့် ထာဝရဘုရားသည် မောဘဘုရင်ဧဂလုန်မင်းကြီးကို အစ္စရေးလူမျိုးတို့ထက် အားကြီးစေတော်မူ၏။
13
ဧဂလုန်မင်းကြီးသည် အမ္မုန်အမျိုးသား၊ အာမလက်အမျိုးသားတို့ကို စုရုံး၍ အစ္စရေးလူမျိုးတို့ကို ချီတက်တိုက်ခိုက်ပြီး စွန်ပလွံမြို့ကို သိမ်းပိုက်ကြ၏။
14
အစ္စရေးအမျိုးသားတို့သည် မောဘဘုရင်ဧဂလုန်မင်းကြီးကို တစ်ဆယ့်ရှစ်နှစ် အစေခံရ၏။
15
ထိုအခါ အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားထံ အော်ဟစ်ပြန်သဖြင့် ထာဝရဘုရားက ဗင်္ယာမိန်အမျိုး၊ ဂေရ၏သား လက်ဝဲလက်အားသန်သူဧဟုဒကို ကယ်တင်သူအဖြစ် ပေါ်ထွန်းစေပြန်၏။ တစ်ခါတွင် အစ္စရေးအမျိုးသားတို့သည် ဧဟုဒမှတစ်ဆင့် မောဘဘုရင်ဧဂလုန်မင်းကြီးထံ လက်ဆောင်ဆက်သစေ၏။
16
ဧဟုဒသည် အသွားနှစ်ဖက်ပါ၍ အလျားတစ်တောင် ခန့်ရှည်သောသန်လျက်ကို ပြုလုပ်ပြီးလျှင် ယာဘက်ပေါင်၊ အဝတ်အောက်တွင် ဝှက်ထား၍
17
မောဘဘုရင်ဧဂလုန်မင်းကြီးထံ လက်ဆောင်သွားရောက်ဆက်သလေ၏။ ဧဂလုန်မင်းကြီးသည် အလွန်ဝသောသူဖြစ်၏။
18
ဧဟုဒသည် လက်ဆောင်ကိုဆက်သ၏။ ထို့နောက် လက်ဆောင်သယ်လာသောသူတို့ကို ပြန်လွှတ်လိုက်၍
19
သူမူကား ဂိလဂါလအရပ်ရှိ ရုပ်တုများရှိရာသို့ ရောက်ပြီးမှ ပြန်လှည့်လာ၍ “အရှင်မင်းကြီး၊ အရှင်မင်းကြီးအား လျှို့ဝှက်သတင်း ပြောစရာရှိပါ၏”ဟု ဆိုလျှင် ဧဂလုန်မင်းကြီးက မိမိလူတို့အား “တိတ်တိတ်နေကြ”ဟု ဆိုသဖြင့် သူ့ထံ၌ ခစားသောသူအားလုံး ထွက်သွားကြ၏။
20
ထို့နောက် လေသာနန်းဆောင်ထဲတွင် ဧဂလုန်မင်းကြီးတစ်ယောက်တည်းထိုင်နေစဉ် ဧဟုဒသည် သူ့ထံသို့ချဉ်းကပ်၍ “ဘုရားသခင်၏အမိန့်တော်ကို ဆင့်ဆိုရန်ရှိပါသည်”ဟု ဆိုသဖြင့် ဧဂလုန်မင်းကြီးသည် ထိုင်ရာမှ ထလိုက်သောအခါ
21
ဧဟုဒလည်း လက်ဝဲလက်ကိုဆန့်၍ ယာဘက်ပေါင်၌ဝှက်ထားသောသန်လျက်ကို ဆွဲထုတ်ကာ ဧဂလုန်မင်းကြီး၏ဝမ်းဗိုက်ကို ထိုးလေ၏။
22
သန်လျက်အရိုးပါ မင်းကြီး၏ဗိုက်ထဲမြှုပ်ဝင်သွား၏။ သန်လျက်ကို မဆွဲထုတ်ဘဲနေသဖြင့် မင်းကြီး၏ဗိုက်ထဲမှအဆီများသည် သန်လျက်၌ကပ်နေ၍ မစင်များလည်း ထွက်ကျလေ၏။
23
ထို့နောက် ဧဟုဒသည် အခန်းပြင်သို့ထွက်လာပြီး လေသာနန်းဆောင်တံခါးကို သော့ခတ်ပိတ်ထားလေ၏။
24
ဧဟုဒထွက်သွားပြီးနောက် ဧဂလုန်မင်းကြီး၏အမှုထမ်းတို့သည် လေသာနန်းဆောင်တံခါးသော့ခတ်ထားသည်ကို မြင်လျှင် “မင်းကြီးသည် လေသာနန်းဆောင်တွင် ကျင်ကြီးစွန့်နေသည်”ဟု ဆိုကြ၏။
25
သူတို့သည် အချိန်ကြာမြင့်စွာစောင့်နေသော်လည်း လေသာနန်းဆောင်တံခါး ပွင့်မလာသောကြောင့် သော့ယူ၍ဖွင့်ကြည့်လိုက်သောအခါ သူတို့အရှင်သည် ကြမ်းပေါ်တွင်လဲကျသေဆုံးနေသည်ကို တွေ့ရလေ၏။
26
မင်းမှုထမ်းတို့ စောင့်နေကြစဉ်တွင် ဧဟုဒသည် ရုပ်တုများကို ကျော်လွန်၍ စိရပ်အရပ်သို့ပင် ထွက်ပြေးလွတ်မြောက်သွားလေပြီ။
27
ဧဖရိမ်တောင်ပေါ်သို့ရောက်သောအခါ တံပိုးကိုမှုတ်လေ၏။ အစ္စရေးအမျိုးသားတို့သည်လည်း တောင်ပေါ်မှဆင်းလာ၍ သူကဦးဆောင်လျက်
28
“ငါ့နောက် လိုက်ကြလော့။ ထာဝရဘုရားသည် သင်တို့၏ရန်သူမောဘလူမျိုးတို့ကို သင်တို့လက်သို့ အပ်တော်မူပြီ”ဟု ဆို၏။ သူတို့သည်လည်း ဧဟုဒနောက်သို့လိုက်၍ မောဘပြည်သို့ကူးသော ဂျော်ဒန်မြစ်ရေတိမ်ပိုင်းတို့ကို သိမ်းပိုက်ပြီး မည်သူ့ကိုမျှ ဖြတ်ကူးခွင့်မပြုကြပေ။
29
ထိုနေ့တွင် ခွန်အားကြီး၍ ရဲစွမ်းသတ္တိရှိသောမောဘစစ်သူရဲတို့ကို တစ်ယောက်မျှအလွတ်မပေးဘဲ လူတစ်သောင်းခန့်ကို သတ်လေ၏။
30
ထိုနေ့တွင် မောဘလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ရှုံးနိမ့်သွားပြီး ပြည်သည် အနှစ်ရှစ်ဆယ် ငြိမ်းချမ်းလေ၏။
31
ဧဟုဒနောက်တွင် အာနတ်၏သား ရှံဂါပေါ်ထွန်း၍ သူသည် ဖိလိတ္တိလူမျိုးခြောက်ရာကို နွားနှင်တံဖြင့် သတ်၍ အစ္စရေးလူမျိုးတို့ကို ကယ်တင်ခဲ့၏။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21