bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Judges 6
Judges 6
Burmese MSBU
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 7 →
1
တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုကြပြန်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို မိဒျန်လူမျိုးတို့လက်သို့ ခုနစ်နှစ်အပ်လိုက်တော်မူ၏။
2
မိဒျန်လူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ညှဉ်းဆဲကြ၏။ မိဒျန်လူမျိုးကြောင့် အစ္စရေးအမျိုးသားတို့သည် တောင်များတွင်ရှိသော တွင်းများ၊ လိုဏ်ဂူများတွင် ခိုလှုံစရာနေရာများ ပြုလုပ်ကြရ၏။
3
အစ္စရေးလူမျိုးတို့စိုက်ပျိုးပြီးကြပြီဆိုလျှင် မိဒျန်လူမျိုး၊ အာမလက်လူမျိုးနှင့် အရှေ့ပြည်သားတို့သည် ချီတက်လာပြီး သူတို့ကို တိုက်ခိုက်ကြ၏။
4
တပ်ချ၍ တိုက်ခိုက်ကြ၏။ ဂါဇမြို့တိုင်အောင် ထိုပြည်၏အသီးအနှံတို့ကိုဖျက်ဆီးပစ်ကြ၏။ အစ္စရေးလူမျိုးတို့၏စားနပ်ရိက္ခာမှစ၍ သိုး၊ နွား၊ မြည်းပါမကျန် ဖျက်ဆီးပစ်ကြ၏။
5
သူတို့သည် တိရစ္ဆာန်များ၊ တဲများနှင့်တကွ ချီတက်လာကြ၏။ ကျိုင်းကောင်အုပ်ကြီးသဖွယ် ချီလာ၍ အစ္စရေးပြည်ကို ဖျက်ဆီးကြ၏။ သူတို့နှင့် သူတို့၏ကုလားအုတ်များလည်း မရေတွက်နိုင်အောင် များပြားလှ၏။
6
အစ္စရေးလူမျိုးတို့သည် မိဒျန်လူမျိုးတို့ကြောင့် အလွန်ဆင်းရဲဒုက္ခရောက်လေ၏။ ထို့ကြောင့် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားထံအော်ဟစ်ကြပြန်၏။
7
မိဒျန်လူမျိုးတို့ကြောင့် အစ္စရေးလူမျိုးတို့ ထာဝရဘုရားထံ အော်ဟစ်ကြသောအခါ
8
ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ထံသို့ ပရောဖက်တစ်ပါးကိုစေလွှတ်တော်မူ၏။ ထိုပရောဖက်က သူတို့အား “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါသည် သင်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့၏။ ကျွန်ခံရာအိမ်မှ ခေါ်ထုတ်ခဲ့၏။
9
ငါသည် သင်တို့ကို အီဂျစ်လူမျိုးတို့လက်မှလည်းကောင်း၊ သင်တို့ကိုညှဉ်းဆဲသောသူအပေါင်းတို့လက်မှလည်းကောင်း ကယ်နုတ်ခဲ့၏။ ထိုသူတို့ကို သင်တို့ရှေ့မှနှင်ထုတ်၍ သူတို့၏ပြည်ကို သင်တို့အား ငါပေး၏။
10
သင်တို့ကိုလည်း ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ သင်တို့နေထိုင်သောပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားများကို မကြောက်ရဟု ငါမိန့်ဆိုခဲ့သော်လည်း သင်တို့သည် ငါ၏စကားကိုနားမထောင်ကြ’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလေ၏။
11
ထို့နောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် ရောက်လာ၍ ဩဖရမြို့နေ အဗျေဇာအမျိုးသား ယောရှပိုင်သောသပိတ်ပင်အောက်၌ ထိုင်လေ၏။ ထိုအချိန်၌ ယောရှ၏သားဂိဒေါင်သည် မိဒျန်လူမျိုးတို့ မသိအောင် စပျစ်သီးနယ်ရာကျင်း၌ ဂျုံများကို ရိုက်ခြွေနေ၏။
12
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က ကိုယ်ထင်ရှားပြ၍ သူ့အား “ရဲစွမ်းသတ္တိရှိသောစစ်သူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏”ဟု ဆို၏။
13
ဂိဒေါင်ကလည်း “အို အကျွန်ုပ်၏အရှင်သခင်၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်ဆိုလျှင် အဘယ်ကြောင့် ဤအမှုကို အကျွန်ုပ်တို့ ကြုံရသနည်း။ ‘ထာဝရဘုရားသည် ငါတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သည်’ဟု ဘိုးဘေးတို့က အကျွန်ုပ်တို့အား ပြောပြခဲ့သောအံ့ဖွယ်အမှုတို့ကား အဘယ်မှာနည်း။ ယခုမူကား ထာဝရဘုရားသည် အကျွန်ုပ်တို့ကို စွန့်ပစ်၍ မိဒျန်လူမျိုးတို့လက်သို့ အပ်တော်မူပြီတကား”ဟု ဆို၏။
14
ထာဝရဘုရားသည် သူ့ကိုကြည့်၍ “သင့်ကို ငါစေလွှတ်သည် မဟုတ်လော။ သင်၌ရှိသောခွန်အားဖြင့် အစ္စရေးလူမျိုးတို့ကို မိဒျန်လူမျိုးလက်မှ သွား၍ကယ်တင်လော့”ဟု မိန့်တော်မူ၏။
15
ဂိဒေါင်ကလည်း “အို ဘုရားရှင်၊ အကျွန်ုပ်သည် အစ္စရေးလူမျိုးကို မည်သို့ကယ်တင်နိုင်ပါမည်နည်း။ မနာရှေအမျိုးအနွယ်တွင် အကျွန်ုပ်၏မျိုးနွယ်စုသည် အဆင်းရဲဆုံးဖြစ်ပါ၏။ အကျွန်ုပ်၏မိသားစုတွင် အကျွန်ုပ်သည် အသိမ်ငယ်ဆုံးဖြစ်ပါ၏”ဟု ပြန်လျှောက်၏။
16
ထာဝရဘုရားကလည်း သူ့အား “အကယ်စင်စစ် သင်နှင့်အတူ ငါရှိမည်။ သင်သည် မိဒျန်လူမျိုးတို့ကို လူတစ်ယောက်တည်းကဲ့သို့ လုပ်ကြံလိမ့်မည်”ဟု မိန့်တော်မူ၏။
17
သူကလည်း “အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရမည်ဆိုလျှင် အကျွန်ုပ်နှင့်စကားပြောတော်မူသောသူသည် ကိုယ်တော်ဖြစ်ကြောင်း အမှတ်လက္ခဏာပြတော်မူပါ။
18
ကိုယ်တော့်ထံသို့ အကျွန်ုပ်ပြန်လာ၍ ဘောဇဉ်ပူဇော်သက္ကာကို ကိုယ်တော်အား လာပြီးမဆက်သမချင်း ဤနေရာမှ ထွက်မသွားပါနှင့်”ဟု လျှောက်ဆိုလျှင် “သင်ပြန်လာသည်အထိ စောင့်နေမည်”ဟု ပြန်၍မိန့်တော်မူ၏။
19
ဂိဒေါင်လည်း သွား၍ ဆိတ်သငယ်တစ်ကောင်နှင့် မုန့်ညက်တစ်ဧဖာ ဖြင့်လုပ်သော တဆေးမဲ့မုန့်ကို ပြင်ဆင်၏။ အသားကို တောင်းထဲထည့်၍ အသားပြုတ်ရည်ကို အိုးထဲထည့်ကာ သပိတ်ပင်အောက်ရှိ ကိုယ်တော့်ထံ ယူလာ၍ ဆက်သ၏။
20
ဘုရားသခင်၏ကောင်းကင်တမန်က သူ့အား “အသားနှင့် တဆေးမဲ့မုန့်ကို ယူ၍ ဤကျောက်ပေါ်တင်ထားလော့။ အသားပြုတ်ရည်ကိုမူ သွန်းလောင်းလော့”ဟု ဆိုလျှင် သူလည်း ထိုအတိုင်းပြု၏။
21
ထာဝရဘုရား၏ကောင်းကင်တမန်သည် လက်ထဲရှိ တောင်ဝှေးကို ဆန့်၍ အသားနှင့်တဆေးမဲ့မုန့်ကို တို့သောအခါ ထိုကျောက်မှ မီးတောက်ထွက်၍ အသားနှင့် တဆေးမဲ့မုန့်ကို လောင်ကျွမ်းသွား၏။ ထိုစဉ် ထာဝရဘုရား၏ကောင်းကင်တမန်က ဂိဒေါင်ရှေ့မှ ပျောက်သွား၏။
22
ထာဝရဘုရား၏ကောင်းကင်တမန်ဖြစ်ကြောင်းကို ဂိဒေါင် သိမြင်သောအခါ “အလို အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ထာဝရဘုရား၏ကောင်းကင်တမန်ကို မျက်နှာချင်းဆိုင် တွေ့ပါသည်တကား”ဟု ဂိဒေါင်ဆိုလေ၏။
23
ထာဝရဘုရားကလည်း သူ့အား “စိတ်အေးအေးထားပါ။ မကြောက်နှင့်။ သင်မသေရ”ဟု မိန့်တော်မူ၏။
24
ဂိဒေါင်သည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ “ငြိမ်သက်ခြင်းအရှင် ထာဝရဘုရား”ဟု မှည့်ခေါ်လေ၏။ ထိုယဇ်ပလ္လင်သည် အဗျေဇာအမျိုးသားတို့နေထိုင်ရာ ဩဖရမြို့တွင် ယနေ့တိုင်အောင် ရှိ၏။
25
ထိုည၌ ထာဝရဘုရားက ဂိဒေါင်အား “သင့်ဖခင်၏နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်နှင့် နောက်ထပ် ခုနစ်နှစ်သားအရွယ်နွားထီးပျိုတစ်ကောင်ကိုယူလော့။ သင့်ဖခင်တည်သောဗာလယဇ်ပလ္လင်ကိုဖြိုဖျက်လော့။ ထိုအနား၌ရှိသောအာရှရနတ်ဘုရားမတံခွန်တိုင်ကို ခုတ်လှဲပစ်လော့။
26
ဤကျောက်ပေါ်တွင် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုစနစ်တကျတည်လော့။ သင်ခုတ်လှဲခဲ့သောအာရှရနတ်ဘုရားမတံခွန်တိုင်သစ်သားဖြင့် ဒုတိယနွားထီးပျိုကို မီးရှို့ပူဇော်ရမည်”ဟု မိန့်တော်မူ၏။
27
ဂိဒေါင်လည်း မိမိ၏အစေအပါးဆယ်ယောက်ကိုခေါ်၍ ထာဝရဘုရားမိန့်မှာထားတော်မူသည့်အတိုင်းပြုလေ၏။ သူသည် ဖခင်၏အိမ်သားများ၊ မြို့သားများကိုကြောက်သောကြောင့် နေ့အချိန်၌ မပြုဘဲ ညအချိန်၌ ပြုလေ၏။
28
နံနက်စောစော မြို့သားတို့ ထသောအခါ ဗာလယဇ်ပလ္လင်သည် ဖြိုဖျက်ခံရလျက်၊ အနား၌ရှိသောအာရှရနတ်ဘုရားမတံခွန်တိုင်သည် ခုတ်လှဲခံရလျက်၊ အသစ်တည်ထားသောယဇ်ပလ္လင်ပေါ်၌ ဒုတိယနွားထီးပျို ပူဇော်ထားလျက်ရှိသည်ကို တွေ့မြင်ကြလျှင်
29
“ဤအမှုကို မည်သူပြုသနည်း”ဟု တစ်ယောက်ကိုတစ်ယောက်မေးမြန်းကြ၏။ လိုက်လံစုံစမ်းသောအခါ လူတို့က “ဤအမှုကို ယောရှ၏သား ဂိဒေါင်ပြုသည်”ဟု ဆိုကြ၏။
30
ထိုအခါ မြို့သားတို့က ယောရှအား “သင်၏သားကို ထုတ်ပေးလော့။ ဗာလယဇ်ပလ္လင်ကိုဖြိုဖျက်ပြီး အနား၌ရှိသောအာရှရနတ်ဘုရားမတံခွန်တိုင်ကိုခုတ်လှဲသောကြောင့် သူအသတ်ခံရမည်”ဟု ဆိုကြ၏။
31
ယောရှက မိမိကို ရန်ရှာသောသူအပေါင်းတို့အား “သင်တို့သည် ဗာလဘုရားဘက်မှ ရပ်တည်မည်လော။ သူ့ကို ကယ်တင်မည်လော။ သူ့ဘက်၌ ရပ်တည်သောသူမည်သူမဆို နေမထွက်မီ အသတ်ခံရမည်။ သူသည် ဘုရားမှန်လျှင် သူ၏ယဇ်ပလ္လင် ဖြိုဖျက်ခံရသောကြောင့် သူကိုယ်တိုင် ဖြေရှင်းပါစေ”ဟု ဆိုလေ၏။
32
ယောရှက “ဂိဒေါင်သည် ဗာလယဇ်ပလ္လင်ကို ဖြိုဖျက်သောကြောင့် သူ့ကို ဗာလ ဆုံးမပါစေ”ဟု ဆိုလျက် ထိုနေ့၌ ဂိဒေါင်ကို ယေရုဗ္ဗာလ ဟုခေါ်တွင်လေ၏။
33
မိဒျန်လူမျိုး၊ အာမလက်လူမျိုးနှင့် အရှေ့ပြည်သားအပေါင်းတို့ ပူးပေါင်းကြပြီး ဂျော်ဒန်မြစ်ကိုကူး၍ ယေဇရေလချိုင့်ဝှမ်းလွင်ပြင်၌ စခန်းချကြ၏။
34
ထာဝရဘုရား၏ဝိညာဉ်တော်သည် ဂိဒေါင်အပေါ် သက်ရောက်တော်မူသဖြင့် သူသည် တံပိုးကိုမှုတ်လိုက်သောအခါ အဗျေဇာအမျိုးသားတို့သည် သူ့ထံ လာရောက်စုဝေးကြ၏။
35
သူသည် မနာရှေအမျိုး တစ်မျိုးလုံးထံသို့ တမန်တို့ကို စေလွှတ်၍ ခေါ်စေသဖြင့် သူ့နောက်သို့ လိုက်ရန် သူတို့ရောက်လာကြ၏။ အာရှာအမျိုး၊ ဇာဗုလုန်အမျိုး၊ နဿလိအမျိုးတို့ထံသို့လည်း တမန်တို့ကိုစေလွှတ်၍ ခေါ်စေသဖြင့် သူတို့လည်း ရောက်လာကြ၏။
36
ဂိဒေါင်ကလည်း ဘုရားသခင်အား “ကိုယ်တော်မိန့်တော်မူခဲ့သည့်အတိုင်း ကိုယ်တော်သည် အစ္စရေးလူမျိုးတို့ကို အကျွန်ုပ်လက်အားဖြင့်ကယ်တင်တော်မူမည်မှန်လျှင်
37
အကျွန်ုပ်သည် သိုးမွေးကို ကောက်နယ်တလင်း၌ထားမည်။ မြေတစ်ပြင်လုံးခြောက်သွေ့၍ သိုးမွေးသာ နှင်းစိုမည်ဆိုလျှင် ကိုယ်တော်မိန့်တော်မူခဲ့သည့်အတိုင်း အစ္စရေးလူမျိုးတို့ကို အကျွန်ုပ်လက်အားဖြင့် ကယ်တင်တော်မူမည်ဖြစ်ကြောင်းကို အကျွန်ုပ်သိရပါလိမ့်မည်”ဟု လျှောက်၏။
38
သူလျှောက်သည့်အတိုင်း ဖြစ်လာ၏။ သူသည် နောက်တစ်နေ့နံနက်စောစောထ၍ သိုးမွေးကို ညှစ်သောအခါ ရေတစ်ဖလားအပြည့်ရ၏။
39
တစ်ဖန် ဂိဒေါင်က ဘုရားသခင်အား “အကျွန်ုပ်ကို အမျက်ထွက်တော်မမူပါနှင့်။ အကျွန်ုပ်လျှောက်ထားပါရစေ။ နောက်တစ်ကြိမ် သိုးမွေးဖြင့် စမ်းသပ်ခွင့်ပြုတော်မူပါ။ မြေတစ်ပြင်လုံးနှင်းစို၍ သိုးမွေးကိုသာ ခြောက်သွေ့စေတော်မူပါ”ဟု လျှောက်၏။
40
ထိုည၌လည်း ဘုရားသခင်သည် သူလျှောက်သည့်အတိုင်းပြုလေ၏။ မြေတစ်ပြင်လုံးနှင်းစို၍ သိုးမွေးသာ ခြောက်သွေ့၏။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21