bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Judges 12
Judges 12
Burmese MSBU
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 13 →
1
ဧဖရိမ်အမျိုးသားတို့သည် ဇာဖုန်မြို့သို့ စုရုံးချီတက်လာပြီး ယေဖသအား “သင်သည် အမ္မုန်အမျိုးသားတို့ကို ချီတက်တိုက်ခိုက်သောအခါ ငါတို့ကို အဘယ်ကြောင့်မခေါ်သနည်း။ ယခု သင်နှင့်သင့်အိမ်ကို မီးရှို့ပစ်မည်”ဟု ပြောကြ၏။
2
ယေဖသကလည်း သူတို့အား “ငါနှင့်ငါ့လူတို့ အမ္မုန်အမျိုးသားတို့နှင့် ပြင်းထန်စွာခိုက်ရန်ဖြစ်ပွားခဲ့စဉ်က သင်တို့ကို ငါခေါ်သော်လည်း သင်တို့သည် ငါ့ကို သူတို့လက်မှ မကယ်ကြပေ။
3
သင်တို့မကယ်ကြောင်း သိသောအခါ ငါသည်အသက်ကိုစွန့်၍ အမ္မုန်အမျိုးသားတို့ထံ ကူးသွား၏။ ထာဝရဘုရားကလည်း ထိုသူတို့ကို ငါ့လက်သို့အပ်တော်မူ၏။ ယနေ့ သင်တို့သည် အဘယ်ကြောင့် ငါ့ကို လာတိုက်ကြသနည်း”ဟု ပြန်ပြော၏။
4
ထို့နောက် ယေဖသသည် ဂိလဒ်ပြည်သားအပေါင်းတို့ကို စုရုံး၍ ဧဖရိမ်အမျိုးသားတို့ကို တိုက်ခိုက်လေ၏။ “ဂိလဒ်ပြည်သားတို့သည် ဧဖရိမ်ပြည်၊ မနာရှေပြည်တို့မှ ထွက်ပြေးလာသောဝရမ်းပြေးများသာဖြစ်သည်”ဟု ဆိုသောကြောင့် ဂိလဒ်ပြည်သားတို့သည် ဧဖရိမ်အမျိုးသားတို့ကို တိုက်ခိုက်သတ်ဖြတ်လေ၏။
5
ဂိလဒ်ပြည်သားတို့သည် ဧဖရိမ်တို့ပိုင်သောဂျော်ဒန်မြစ်ရေတိမ်ပိုင်းတို့ကို သိမ်းပိုက်ပြီးဖြစ်၍ ထိုနေရာသို့ ဧဖရိမ်အမျိုးသားတစ်ယောက်ယောက်က ထွက်ပြေးလာပြီး “အကျွန်ုပ် ဖြတ်ကူးပါရစေ”ဟု ဆိုလျှင် ဂိလဒ်ပြည်သားတို့က “သင်သည် ဧဖရိမ်အမျိုးသားလော”ဟု မေး၍ သူက “မဟုတ်ပါ”ဟု ဖြေလျှင်
6
သူတို့က “ရှိဗောလက်”ဟု ဆိုခိုင်းသည်ကို ထိုသူက အသံထွက်မမှန်ဘဲ “သိဗောလက်”ဟု အသံထွက်မိလျှင် သူ့ကိုဖမ်း၍ ဂျော်ဒန်မြစ်ရေတိမ်ပိုင်း၌ပင် သတ်ပစ်၏။ ထိုစဉ်က ဧဖရိမ်အမျိုးသားတို့ လေးသောင်းနှစ်ထောင် ကျဆုံးလေ၏။
7
ယေဖသသည် အစ္စရေးလူမျိုးတို့ကို ခြောက်နှစ်စီရင်အုပ်ချုပ်၏။ ထို့နောက် ဂိလဒ်ပြည်သားယေဖသသည် သေဆုံးသဖြင့် ဂိလဒ်ပြည်ရှိသူ့နေရင်းမြို့တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။
8
ယေဖသသေဆုံးပြီးနောက်တွင် ဗက်လင်မြို့သား ဣဗဇန်သည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်၏။
9
ထိုသူ၌ သားအယောက်သုံးဆယ်၊ သမီးအယောက်သုံးဆယ်ရှိ၏။ သူသည် သမီးအယောက်သုံးဆယ်ကို အခြားမျိုးနွယ်စုတို့နှင့်ပေးစားပြီး သားအယောက်သုံးဆယ်အတွက် အခြားမျိုးနွယ်စုမှ အမျိုးသမီးအယောက်သုံးဆယ်ကို ခေါ်ဆောင်လာပေး၏။ သူသည် အစ္စရေးလူမျိုးတို့ကို ခုနစ်နှစ်စီရင်အုပ်ချုပ်၏။
10
ထို့နောက် ဣဗဇန်သေဆုံး၍ သူ့ကို ဗက်လင်မြို့တွင် သင်္ဂြိုဟ်ကြ၏။
11
ဣဗဇန်သေဆုံးပြီးနောက် ဇာဗုလုန်အမျိုး ဧလုန်သည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်၏။ သူသည် အစ္စရေးလူမျိုးတို့ကို ဆယ်နှစ်စီရင်အုပ်ချုပ်၏။
12
ထို့နောက် ဇာဗုလုန်အမျိုးဧလုန် သေဆုံး၍ သူ့ကို ဇာဗုလုန်နယ်မြေရှိ အာယလုန်မြို့တွင် သင်္ဂြိုဟ်ကြ၏။
13
ဧလုန်သေဆုံးပြီးနောက်တွင် ပိရသုန်မြို့သား၊ ဟိလေလ၏သား အာဗဒုန်သည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်၏။
14
ထိုသူ၌ မြည်းအကောင်ခုနစ်ဆယ်ကို ကိုယ်စီစီးခွင့်ရှိသော သားအယောက်လေးဆယ်၊ မြေးအယောက်သုံးဆယ် ရှိ၏။ သူသည် အစ္စရေးလူမျိုးတို့ကို ရှစ်နှစ်စီရင်အုပ်ချုပ်၏။
15
ထို့နောက် ပိရသုန်မြို့သား၊ ဟိလေလ၏သား အာဗဒုန်သည် သေဆုံး၍ သူ့ကို ဧဖရိမ်နယ်မြေ၊ အာမလက်တောင်ပေါ်ဒေသရှိ ပိရသုန်မြို့တွင် သင်္ဂြိုဟ်ကြ၏။
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21