bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Judges 4
Judges 4
Burmese MSBU
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 5 →
1
ဧဟုဒ သေဆုံးသွားပြီးနောက် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုပြုကြပြန်၏။
2
ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို ဟာဇော်မြို့၌စိုးစံသော ခါနာန်ဘုရင်ယာဘိန်မင်းကြီးလက်သို့ ရောင်းလိုက်လေ၏။ ထိုဘုရင်၏စစ်သူကြီးမှာ ဟာရောရှက်ဟာဂေါအိမ်မြို့၌နေထိုင်သော သိသရဖြစ်၏။
3
ထိုဘုရင်၌ သံစစ်ရထားအစီး ကိုးရာရှိ၏။ သူသည် အစ္စရေးအမျိုးသားတို့ကို အနှစ်နှစ်ဆယ်ပတ်လုံး ရက်ရက်စက်စက်ညှဉ်းဆဲသောကြောင့် အစ္စရေးအမျိုးသားတို့က ထာဝရဘုရားထံ အော်ဟစ်ကြလေ၏။
4
ထိုကာလ၌ လပိဒုတ်၏မယား ပရောဖက်မဒေဗောရသည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ရ၏။
5
သူသည် ရာမမြို့နှင့် ဗေသလမြို့အကြား၊ ဧဖရိမ်တောင်ပေါ်ရှိ ဒေဗောရစွန်ပလွံပင်အောက်၌ နေ၏။ အစ္စရေးအမျိုးသားတို့သည် စီရင်ဆုံးဖြတ်ချက်ခံယူရန် သူ့ထံသို့လာကြ၏။
6
ဒေဗောရသည် နဿလိနယ်၊ ကေဒေရှမြို့ရှိ အဘိနောင်၏သား ဗာရက်ကို လူလွှတ်ခေါ်စေ၍ “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘နဿလိအမျိုး၊ ဇာဗုလုန်အမျိုးတို့ထဲမှ လူတစ်သောင်းကို သင်နှင့်အတူ တာဗော်တောင်သို့ ခေါ်ဆောင်သွားလော့။
7
ငါသည်လည်း ယာဘိန်မင်းကြီး၏စစ်သူကြီးသိသရနှင့် သူ၏စစ်ရထားအလုံးအရင်းကို ကိရှုန်မြစ်သို့ လှည့်ပတ်ခေါ်ခဲ့ပြီး သင့်လက်သို့အပ်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု သူ့အားဆို၏။
8
ဗာရက်ကလည်း “အရှင် အကျွန်ုပ်နှင့်အတူ လိုက်မည်ဆိုလျှင် အကျွန်ုပ်သွားမည်။ အရှင် မလိုက်လျှင် အကျွန်ုပ် မသွားပါ”ဟု ပြန်ပြော၏။
9
ဒေဗောရကလည်း “သင်နှင့်အတူ ငါသွားမည်။ သို့သော် ထာဝရဘုရားသည် သိသရကို မိန်းမလက်သို့အပ်တော်မူမည်ဖြစ်၍ ဤအမှုတွင် သင် ဂုဏ်ပြုခံရမည်မဟုတ်”ဟု ဗာရက်အားဆိုပြီးလျှင် သူနှင့်အတူ ကေဒေရှအရပ်သို့ ထသွားလေ၏။
10
ဗာရက်သည် နဿလိအမျိုးနှင့် ဇာဗုလုန်အမျိုး လူတစ်သောင်းကို ခေါ်၍ ကေဒေရှအရပ်သို့ ချီတက်သွား၏။ ဒေဗောရလည်း သူတို့နှင့်အတူ လိုက်သွား၏။
11
ထိုစဉ်က ကေနိလူမျိုး၊ ဟေဗာသည် မောရှေယောက္ခမဟောဗပ်၏သားမြေးများဖြစ်သည့် ကေနိလူမျိုးတို့မှ ခွဲထွက်၍ ကေဒေရှမြို့အနီး၊ ဇာနန္နိမ်အရပ်ရှိ ဝက်သစ်ချပင်အောက်တွင် တဲထိုးနေ၏။
12
အဘိနောင်၏သားဗာရက်သည် တာဗော်တောင်ပေါ်သို့ တက်သွားသည်ကို သိသရကြားသောအခါ
13
သိသရသည် သူ၏စစ်ရထားအားလုံး၊ သံစစ်ရထားကိုးရာနှင့် မိမိလူအပေါင်းတို့ကို စုစည်းပြီးလျှင် ဟာရောရှက်ဟာဂေါအိမ်မြို့မှ ကိရှုန်မြစ်သို့ ချီတက်ကြ၏။
14
ဒေဗောရက ဗာရက်အား “ဤနေ့ကား သိသရကို သင့်လက်သို့ ထာဝရဘုရား အပ်တော်မူသောနေ့ ဖြစ်၏။ ထာဝရဘုရားသည် သင့်ရှေ့မှချီတော်မူသည်မဟုတ်လော”ဟု ဆိုသော် ဗာရက်သည် လူတစ်သောင်းနှင့်အတူ တာဗော်တောင်မှဆင်းသွားကြ၏။
15
ထာဝရဘုရားသည် သိသရမှစ၍ စစ်ရထား၊ စစ်သည်ရှိသမျှတို့ကို ဗာရက်၏ဓားသွားဖြင့် မရှုမလှရှုံးနိမ့်စေတော်မူသောကြောင့် သိသရသည် သူ၏စစ်ရထားပေါ်မှဆင်းပြီး ခြေကျင်ဖြင့် ထွက်ပြေးလေ၏။
16
ဗာရက်သည် ဟာရောရှက်ဟာဂေါအိမ်မြို့တိုင်အောင် သိသရ၏စစ်ရထား၊ စစ်သည်တို့နောက်သို့လိုက်၍ စစ်သည်တို့ကို တစ်ယောက်မကျန်ဓားဖြင့် သတ်ပစ်၏။
17
ဟာဇော်ဘုရင်ယာဘိန်မင်းကြီးနှင့် ကေနိလူမျိုး ဟေဗာ၏မိသားစုတို့သင့်မြတ်ကြသောကြောင့် သိသရသည် ကေနိလူမျိုး ဟေဗာ၏မယား ယေလ၏တဲသို့ ခြေကျင်ဖြင့် ထွက်ပြေးလေ၏။
18
ယေလသည် သိသရကိုထွက်ကြို၍ “သခင်၊ လာပါ၊ ကျွန်မထံ ဝင်လာပါ။ မကြောက်ပါနှင့်”ဟု ဆိုသဖြင့် သိသရသည် တဲထဲသို့ဝင်၍ ယေလက သူ့ကိုစောင်အောက်၌ ဝှက်ထား၏။
19
သူကလည်း “ငါရေငတ်၏။ ရေအနည်းငယ်တိုက်ပါ”ဟု ဆိုသဖြင့် ယေလက သားရေနို့ဘူးကို ဖွင့်၍သူ့အားတိုက်ပြီးနောက် သူ့ကိုပြန်၍ဝှက်ထား၏။
20
သူက ယေလအား “တဲတံခါးဝ၌ စောင့်နေလော့။ တစ်စုံတစ်ယောက်က လာ၍ ‘ဤနေရာမှာ ယောက်ျားတစ်ယောက်ယောက် ရှိသလော’ဟု မေးလျှင် ‘မရှိပါ’ဟူ၍ ဖြေလော့”ဟု မှာထား၏။
21
ထို့နောက် သိသရသည် မောပန်းလွန်းသဖြင့် အိပ်ပျော်နေစဉ် ဟေဗာ၏မယားယေလသည် တဲငုတ်တိုင်နှင့် တူကိုယူပြီး သိသရရှိရာသို့ တိတ်တဆိတ်လာကာ ငုတ်တိုင်ကို သူ့နားထင်တွင်ရိုက်သွင်းရာ မြေကြီးတိုင်ထုတ်ချင်းပေါက်၍ သိသရသေလေ၏။
22
သိသရကို လိုက်ရှာနေသော ဗာရက်ရောက်လာသောအခါ ယေလက သူ့ကိုထွက်ကြို၍ “လာပါ။ အရှင်ရှာဖွေနေသောသူကို အကျွန်ုပ် ပြပါမည်”ဟု ဆိုသဖြင့် သူသည် တဲထဲသို့လိုက်ဝင်သွားရာ သိသရသည် နားထင်၌ငုတ်တိုင်စူးဝင်၍လဲသေနေသည်ကို တွေ့ရလေ၏။
23
ထိုနေ့၌ ဘုရားသခင်သည် ခါနာန်ဘုရင်ယာဘိန်မင်းကြီးကို အစ္စရေးအမျိုးသားတို့ထံ ရှုံးနိမ့်စေတော်မူ၏။
24
ခါနာန်ဘုရင်ယာဘိန်မင်းကြီး ကျဆုံးသွားသည့်တိုင်အောင် အစ္စရေးအမျိုးသားတို့သည် ထိုခါနာန်ဘုရင်ယာဘိန်မင်းကြီးကို အပြင်းအထန်လိုက်လံတိုက်ခိုက်ကြ၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21