bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Judges 20
Judges 20
Burmese MSBU
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 21 →
1
ဂိလဒ်ပြည်အပါအဝင် ဒန်မြို့မှ ဗေရရှေဘမြို့တိုင်အောင်နေထိုင်သော အစ္စရေးအမျိုးသားအပေါင်း လူအုပ်ကြီးတို့သည် မိဇပါမြို့သို့ရောက်လာ၍ ထာဝရဘုရားရှေ့တော်တွင် တစ်စိတ်တစ်သဘောတည်း စုရုံးကြ၏။
2
အစ္စရေးအမျိုးအနွယ်အားလုံး၏အကြီးအကဲတို့နှင့် ဓားကိုင်ခြေလျင်တပ်သားလေးသိန်းတို့သည် ဘုရားသခင်၏လူမျိုးတော်စုဝေးရာနေရာတွင် နေရာယူကြ၏။
3
အစ္စရေးတပ် မိဇပါမြို့သို့ ချီတက်လာကြောင်းကို ဗင်္ယာမိန်အမျိုးသားတို့ ကြားသိကြ၏။ အစ္စရေးအမျိုးသားတို့က “အဘယ်ကြောင့် ဤမျှလောက်ဆိုးသွမ်းသောအမှု ဖြစ်ရသနည်း။ ပြောပြပါလော့”ဟု မေးလျှင်
4
အသတ်ခံရသောအမျိုးသမီး၏ခင်ပွန်းလေဝိအမျိုးသားက “အကျွန်ုပ်နှင့် အကျွန်ုပ်၏မယားငယ်သည် ဗင်္ယာမိန်ပြည်၊ ဂိဗာမြို့တွင် ညအိပ်ရပ်နားရန် ရောက်လာပါ၏။
5
ညအချိန်တွင် ဂိဗာမြို့သားတို့သည် အကျွန်ုပ်ရှိရာအိမ်ကိုဝိုင်းထားပြီး အကျွန်ုပ်ကိုသတ်ရန် ကြံစည်ကြပါ၏။ အကျွန်ုပ်၏မယားငယ်ကိုလည်း သေသည်အထိအဓမ္မပြုကြပါ၏။
6
ထိုသို့ ဂိဗာမြို့သားတို့သည် အစ္စရေးလူမျိုးတို့တွင် ညစ်ညမ်းသောအမှု၊ ယုတ်ညံ့သောအမှုကို ပြုကြသောကြောင့် အကျွန်ုပ်လည်း မယားငယ်အသေကောင်ကို ခုတ်ဖြတ်ပြီး အစ္စရေးလူမျိုးတို့ အမွေခံရာပြည်တစ်လျှောက်လုံးသို့ ပို့လိုက်ပါ၏။
7
သင်တို့အားလုံးသည် အစ္စရေးအမျိုးသားများ ဖြစ်ကြပါ၏။ ယခု တိုင်ပင်၍ အကြံပေးကြပါလော့”ဟု ဆို၏။
8
ထိုအခါ လူအပေါင်းတို့သည် တစ်စိတ်တစ်သဘောတည်းဖြစ်လျက် “ငါတို့ တစ်ယောက်မျှ ကိုယ့်တဲသို့မသွား၊ ကိုယ့်အိမ်သို့ မပြန်ပါ။
9
ငါတို့ ဤသို့ အစီစဉ်ဆွဲမည်။ မဲချပြီး ဂိဗာမြို့ကို သွားတိုက်ကြမည်။
10
အစ္စရေးလူမျိုးတို့တွင် ဗင်္ယာမိန်ပြည်၊ ဂိဗာမြို့သားတို့ ပြုခဲ့သမျှ ယုတ်ညံ့သောအမှုနှင့်အညီ သူတို့ကို လက်စားချေရန် စစ်ချီသောအခါ စစ်သည်တို့အတွက် ရိက္ခာသယ်ဆောင်ရန် အစ္စရေးအမျိုးအနွယ်အားလုံးထဲမှ လူအယောက်တစ်ရာတွင် ဆယ်ယောက်၊ လူအယောက်တစ်ထောင်တွင် အယောက်တစ်ရာ၊ လူအယောက်တစ်သောင်းတွင် အယောက်တစ်ထောင်တို့ကို ရွေးကောက်မည်”ဟု ဆိုကြ၏။
11
ဤသို့ဖြင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ဂိဗာမြို့ကိုတိုက်ခိုက်ရန် တစ်စိတ်တစ်သဘောတည်းစုဝေးကြ၏။
12
အစ္စရေးအမျိုးအနွယ်တို့သည် ဗင်္ယာမိန်တစ်မျိုးနွယ်လုံးထံ လူလွှတ်လျက် “သင်တို့တွင် အဘယ်ကြောင့် ဤမျှလောက်ဆိုးသွမ်းသောအမှု ဖြစ်ပျက်ရသနည်း။
13
ယခု ဂိဗာမြို့ထဲရှိဆိုးညစ်သောသူတို့ကို ထုတ်ပေးပါ။ သူတို့ကိုသတ်ပြီး အစ္စရေးလူမျိုးထဲမှ မကောင်းမှုကို ဖယ်ရှားပစ်မည်”ဟု မှာလိုက်၏။ ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့အမျိုးသားချင်းဖြစ်သောအစ္စရေးအမျိုးသားတို့၏စကားကို နားမထောင်လိုကြ။
14
အစ္စရေးအမျိုးသားတို့ကို ထွက်တိုက်ရန် ဗင်္ယာမိန်အမျိုးသားတို့သည် အမြို့မြို့မှလာ၍ ဂိဗာမြို့၌ စုရုံးကြ၏။
15
ထိုနေ့၌ အမြို့မြို့မှဗင်္ယာမိန်အမျိုးသား ဓားကိုင်သူရဲနှစ်သောင်းခြောက်ထောင်အပြင် ရွေးကောက်ခံရသောဂိဗာမြို့သားယောက်ျားခုနစ်ရာတို့လည်း စုရုံးပါဝင်ကြ၏။
16
ဤလူအပေါင်းတို့တွင် ရွေးကောက်ထားသောလက်ဝဲလက်အားသန်သူယောက်ျားအယောက်ခုနစ်ရာရှိ၏။ သူတို့သည် ဆံချည်တစ်ပင်ကိုပင် လောက်လွှဲနှင့်ထိအောင် ပစ်နိုင်သူများဖြစ်၏။
17
ဗင်္ယာမိန်အမျိုးမှအပ အစ္စရေးအမျိုးသားတို့တွင် ဓားကိုင်သူရဲလေးသိန်း ရှိ၏။ သူတို့အားလုံးသည် စစ်ရေးကျွမ်းကျင်သူများ ဖြစ်၏။
18
အစ္စရေးအမျိုးသားတို့သည် ထ၍ ဗေသလမြို့သို့ တက်သွားပြီးလျှင် ဘုရားသခင်အား “ဗင်္ယာမိန်အမျိုးသားတို့ကို မည်သူဦးစွာသွားတိုက်ရမည်နည်း”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “ယုဒအမျိုး ဦးစွာချီတက်ရမည်”ဟု မိန့်တော်မူ၏။
19
ဤသို့ဖြင့် အစ္စရေးအမျိုးသားတို့သည် နံနက်အချိန်ချီတက်၍ ဂိဗာမြို့အနီးတွင် စခန်းချ၏။
20
အစ္စရေးအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးကို တိုက်ခိုက်ရန် ချီတက်လာ၍ ဂိဗာမြို့၌ နေရာယူကြသောအခါ
21
ဗင်္ယာမိန်အမျိုးသားတို့ကလည်း ဂိဗာမြို့ထဲမှထွက်လာ၍ အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ရာ ထိုနေ့တွင် အစ္စရေးလူမျိုး အယောက်နှစ်သောင်းနှစ်ထောင်ကို သတ်ပစ်လိုက်ကြ၏။
22
သို့သော် အစ္စရေးအမျိုးသားတို့သည် အားယူ၍ ပထမနေ့ စစ်ဖြစ်ခဲ့သောနေရာတွင်ပင် နောက်တစ်ဖန် စစ်တိုက်ရန် နေရာယူကြပြန်၏။
23
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်သို့တက်သွား၍ နေဝင်ချိန်တိုင်အောင် ငိုကြွေးလျက် ထာဝရဘုရားအား “အကျွန်ုပ်တို့၏ညီအစ်ကိုဖြစ်သော ဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန်သွားတိုက်ရမည်လော”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “တိုက်လော့”ဟု မိန့်တော်မူ၏။
24
ထို့ကြောင့် ဒုတိယနေ့တွင် အစ္စရေးအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးသားတို့ထံ ချီတက်ကြ၏။
25
ဗင်္ယာမိန်အမျိုးသားတို့သည်လည်း ဒုတိယနေ့တွင် ဂိဗာမြို့ထဲမှထွက်လာ၍ အစ္စရေးလူမျိုးတို့ကို ရင်ဆိုင်တိုက်ခိုက်ရာ အစ္စရေးအမျိုးသား ဓားကိုင်သူရဲ အယောက်တစ်သောင်းရှစ်ထောင်ကို သတ်ပစ်ပြန်၏။
26
အစ္စရေးအမျိုးသား လူအပေါင်းတို့သည်လည်း ဗေသလမြို့သို့ တက်သွားပြီး ထာဝရဘုရားရှေ့တော်တွင် ထိုင်၍ငိုကြွေးကြ၏။ ထိုနေ့ နေဝင်သည်အထိ အစာရှောင်လျက် ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်များကို ပူဇော်ကြ၏။
27
တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားအား မေးလျှောက်ကြ၏။ (ထိုစဉ်က ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်သည် ဗေသလအရပ်တွင် ရှိ၍
28
အာရုန်၏မြေး၊ ဧလာဇာ၏သား ဖိနဟတ်က အမှုတော်ဆောင်လျက်ရှိ၏။) သူတို့က “အကျွန်ုပ်တို့၏ညီအစ်ကို ဗင်္ယာမိန်အမျိုးသားတို့ကို နောက်တစ်ဖန် သွားတိုက်ရမည်လော၊ မတိုက်ဘဲ နေရမည်လော”ဟု ဆိုလေရာ ထာဝရဘုရားကလည်း “သွားလော့။ မနက်ဖြန် သူတို့ကို သင်တို့လက်သို့ အပ်မည်”ဟု မိန့်တော်မူ၏။
29
ထို့ကြောင့် အစ္စရေးအမျိုးသားတို့သည် ဂိဗာမြို့ပတ်ပတ်လည်တွင် တပ်ပုန်းချထား၍
30
တတိယနေ့တွင် ဗင်္ယာမိန်အမျိုးသားတို့ထံချီတက်ကာ ယခင်ကကဲ့သို့ပင် ဂိဗာမြို့နားတွင် နေရာယူကြပြန်သောအခါ
31
ဗင်္ယာမိန်အမျိုးသားတို့ကလည်း ထွက်တိုက်ရာ မြို့နှင့်ဝေးရာသို့ ရောက်လာကြ၏။ သူတို့သည် အစ္စရေးလူမျိုးတို့ကို ယခင်ကကဲ့သို့ပင် ဗေသလမြို့သို့သွားသောလမ်း၊ ဂိဗာမြို့သို့သွားသောလမ်းတို့တွင် စတင်တိုက်ခိုက်ပြီး လူအယောက်သုံးဆယ်ခန့်ကို ကွင်းပြင်တွင် သတ်လေ၏။
32
ဗင်္ယာမိန်အမျိုးသားတို့ကလည်း “ယခင်ကကဲ့သို့ပင် သူတို့ရှုံးပြန်ပြီ”ဟု ဆို၏။ အစ္စရေးအမျိုးသားတို့ကမူ “ငါတို့ ထွက်ပြေးကြစို့။ သူတို့ကို မြို့နှင့်ဝေးရာ လမ်းမများဆီသို့ မျှားခေါ်သွားကြစို့”ဟု ဆိုကြ၏။
33
ဤသို့ဖြင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ထိုအရပ်မှထွက်၍ ဗာလတာမာအရပ်၌ နေရာယူကြ၏။ အစ္စရေးတပ်ပုန်းအဖွဲ့ကလည်း မိမိတို့ပုန်းနေရာ မာရေဂေဗ မှ ထွက်လာကြ၏။
34
အစ္စရေးတစ်မျိုးသားလုံးထဲမှ ရွေးကောက်ထားသောလူ အယောက်တစ်သောင်းတို့သည်လည်း ဂိဗာမြို့သို့ချီလာကြသဖြင့် တိုက်ပွဲအပြင်းအထန်ဖြစ်နေ၏။ ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့၌ အဖြစ်ဆိုးကြီးကြုံရတော့မည်ကို မရိပ်မိကြ။
35
ထာဝရဘုရားသည် ဗင်္ယာမိန်အမျိုးကို အစ္စရေးလူမျိုးတို့ရှေ့၌ ရှုံးနိမ့်စေတော်မူသဖြင့် ထိုနေ့၌ အစ္စရေးအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုး ဓားကိုင်သူရဲ အယောက်နှစ်သောင်းငါးထောင့်တစ်ရာကို သတ်လိုက်လေ၏။
36
ထိုအခါ ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့ရှုံးနိမ့်ကြောင်း ရိပ်မိလေ၏။ အစ္စရေးအမျိုးသားတို့သည် ဂိဗာမြို့အနီး၌ ချထားသောတပ်ပုန်းကိုအားကိုး၍ ဗင်္ယာမိန်တို့ထံမှ ဆုတ်ခွာခဲ့သည့်အတိုင်း
37
တပ်ပုန်းအဖွဲ့ကလည်း ဂိဗာမြို့ထဲသို့ တစ်ဟုန်ထိုးပြေးဝင်၍ တပ်ဖြန့်ကာ မြို့တစ်မြို့လုံးကို ဓားဖြင့်လုပ်ကြံလေ၏။
38
အချက်ပြလက္ခဏာအဖြစ် မြို့ထဲမှ မီးခိုးလုံးကြီးတက်စေမည်ဟူ၍ အစ္စရေးတပ်ဖွဲ့နှင့် တပ်ပုန်းအဖွဲ့တို့ ချိန်းချက်ထား၏။
39
မြို့ထဲမှ မီးခိုးလုံးကြီးတက်လာလျှင် အစ္စရေးတပ်သည် စစ်ပွဲထဲသို့ပြန်လှည့်မည်ဟူ၍ ဖြစ်၏။ ဗင်္ယာမိန်အမျိုးသားတို့မူကား အစ္စရေးအမျိုးသားတို့နှင့် စတိုက်စဉ်က လူအယောက်သုံးဆယ်ခန့်ကို သတ်မိလေသဖြင့် “သူတို့သည် ယခင်စစ်ပွဲများကဲ့သို့ပင် ငါတို့ကို ရှုံးနိမ့်လေပြီ”ဟု ဆိုကြ၏။
40
ထိုစဉ် မြို့ထဲမှ မီးခိုးလုံး စတက်လာလေ၏။ ဗင်္ယာမိန်အမျိုးသားတို့လည်း နောက်သို့လှည့်ကြည့်ရာ မြို့ထဲမှမီးခိုးလုံးကြီး ကောင်းကင်သို့တက်နေသည်ကို မြင်လေ၏။
41
အစ္စရေးစစ်တပ်လည်း ပြန်လှည့်လာ၏။ ဗင်္ယာမိန်အမျိုးသားတို့လည်း အဖြစ်ဆိုးနှင့်ကြုံရတော့မည်ကို သိ၍ထိတ်လန့်နေကြ၏။
42
ထို့ကြောင့် အစ္စရေးအမျိုးသားတို့ထံမှ ဆုတ်၍တောကန္တာရသို့ ထွက်ပြေးကြ၏။ သို့သော် အစ္စရေးတပ်သည် သူတို့ကို လိုက်တိုက်၏။ မြို့ရွာများမှလူတို့သည်လည်းထွက်လာ၍ သူတို့ထံသို့လာသောသူတို့ကို တိုက်ခိုက်သတ်ဖြတ်လေ၏။
43
အစ္စရေးစစ်တပ်သည် ဗင်္ယာမိန်အမျိုးသားတို့ကို ဝိုင်း၍လိုက်တိုက်ရာ ဂိဗာမြို့အရှေ့ဘက်နေထွက်ရာအရပ်တွင် အလွယ်တကူနှိမ်နင်းနိုင်ခဲ့၏။
44
ထိုအခါ ဗင်္ယာမိန်အမျိုးသားထဲမှ ရဲစွမ်းသတ္တိရှိသူတစ်သောင်းရှစ်ထောင်ကျဆုံးလေ၏။
45
အချို့တို့သည် တောကန္တာရရှိ ရိမ္မုန်ကျောက်ဆောင်သို့ထွက်ပြေးကြသဖြင့် အစ္စရေးတပ်ကလိုက်လံသတ်ဖြတ်ရာ လမ်းတစ်လျှောက်တွင် လူအယောက်ငါးထောင်ကို သတ်ဖြတ်၏။ ဂိဒုံမြို့အထိ ဆက်လိုက်၍ လူနှစ်ထောင်ကို သတ်ဖြတ်လေ၏။
46
ထိုနေ့တွင် ဗင်္ယာမိန်အမျိုးသား ဓားကိုင်စစ်သူရဲ စုစုပေါင်း နှစ်သောင်းငါးထောင် ကျဆုံး၏။
47
လူအယောက်ခြောက်ရာတို့သည် တောကန္တာရရှိ ရိမ္မုန်ကျောက်ဆောင်ဘက်သို့ လှည့်ပြေးကြပြီး ထိုသူတို့သည် ရိမ္မုန်ကျောက်ဆောင်တွင် လေးလနေကြ၏။
48
အစ္စရေးစစ်တပ်သည်လည်း ဗင်္ယာမိန်အမျိုးသားတို့နေရာသို့ ပြန်လာ၍ မြို့ထဲရှိလူနှင့်တကွ တိရစ္ဆာန်အပါအဝင် တွေ့သမျှတို့ကို ဓားဖြင့် သတ်ပစ်လေ၏။ တွေ့သမျှ မြို့တို့ကိုလည်း မီးရှို့ပစ်ကြ၏။
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21