bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Judges 8
Judges 8
Burmese MSBU
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 9 →
1
ဧဖရိမ်အမျိုးသားတို့က ဂိဒေါင်အား “သင်သည် မိဒျန်လူမျိုးတို့နှင့် စစ်သွားတိုက်သည်ကို ငါတို့အား အဘယ်ကြောင့် မခေါ်သနည်း။ ငါတို့အား အဘယ်ကြောင့် ထိုသို့ပြုသနည်း”ဟု ဆိုလျက် ပြင်းပြင်းထန်ထန်အပြစ်တင်ကြ၏။
2
ဂိဒေါင်ကလည်း “ငါပြုသောအမှုသည် သင်တို့ပြုသောအမှုနှင့် အဘယ်သို့နှိုင်းယှဉ်နိုင်မည်နည်း။ အဗျေဇာအမျိုးသားစပျစ်သီးစုသိမ်းခြင်းထက် ဧဖရိမ်အမျိုးသားကောက်သင်းကောက်ခြင်းက သာ၍ကောင်းသည်မဟုတ်လော။
3
ဘုရားသခင်သည် မိဒျန်လူမျိုးတို့၏အကြီးအကဲများဖြစ်သည့် ဩရဘနှင့် ဇေဘတို့ကို သင်တို့လက်သို့အပ်တော်မူ၏။ ငါသည် သင်တို့နှင့် အဘယ်သို့နှိုင်းယှဉ်နိုင်မည်နည်း”ဟု သူတို့အား ပြန်ပြောလေ၏။ ထိုသို့ ဂိဒေါင်ပြောသောအခါ ဧဖရိမ်အမျိုးသားတို့သည် စိတ်ပြေသွားလေ၏။
4
ဂိဒေါင်သည် ဂျော်ဒန်မြစ်သို့ရောက်၍ သူနှင့် သူ့လူအယောက်သုံးရာတို့သည် မြစ်ကို ကူးကြပြီး မောမောပန်းပန်းနှင့် ရန်သူတို့ကို ဆက်၍လိုက်ကြ၏။
5
ဂိဒေါင်က သုကုတ်မြို့သားတို့အား “ငါနှင့်ပါလာသောလူတို့စားဖို့ မုန့်ပေးပါ။ ငါတို့သည် မိဒျန်ဘုရင်ဇေဘဟမင်းကြီးနှင့် ဇာလမုန္နမင်းကြီးတို့နောက်သို့ လိုက်နေရ၍ သူတို့မောပန်းနေကြ၏”ဟု ဆို၏။
6
သို့သော် သုကုတ်မြို့အကြီးအကဲတို့က “ငါတို့သည် သင်နှင့်ပါလာသောသူတို့အား စားစရာပေးရမည့်အကြောင်း ဇေဘဟနှင့်ဇာလမုန္နတို့သည် ယခု သင့်လက်ထဲ ရောက်ပြီလော”ဟု ပြန်ပြောကြ၏။
7
ဂိဒေါင်ကလည်း “ကောင်းပြီ။ ထာဝရဘုရားသည် ဇေဘဟနှင့်ဇာလမုန္နတို့ကို ငါ့လက်သို့အပ်တော်မူသောအခါ ငါသည် ကန္တာရဆူးပင်၊ ချုံပင်တို့ဖြင့် သင်တို့အရေပြားစုတ်အောင် ရိုက်မည်”ဟု ဆို၏။
8
ထို့နောက် သူသည် ထိုအရပ်မှ ပေနွေလမြို့သို့တက်သွား၍ ထိုမြို့သားတို့ကိုလည်း ထိုနည်းတူ တောင်းလေ၏။ ပေနွေလမြို့သားတို့သည်လည်း သုကုတ်မြို့သားတို့ပြန်ပြောသကဲ့သို့ သူ့ကိုပြန်ပြောကြ၏။
9
ဂိဒေါင်က ပေနွေလမြို့သားတို့ကိုလည်း “ငါသည် အနိုင်ရပြီး ပြန်လာသောအခါ ဤရဲတိုက်ကိုဖြိုပစ်မည်”ဟု ပြန်ပြောလေ၏။
10
အရှေ့ပြည်သားစစ်သည်အပေါင်းတို့ထဲမှ ဓားကိုင်စစ်သည်တစ်သိန်းနှစ်သောင်းကျဆုံးသွားသဖြင့် ကြွင်းကျန်သောစစ်သည်တစ်သောင်းငါးထောင်တို့သာ ဇေဘဟနှင့်ဇာလမုန္နတို့နှင့်အတူ ကာကော်မြို့၌ ရှိကြ၏။
11
ဂိဒေါင်သည် နောဗာမြို့နှင့်ယုဗ္ဗေဟမြို့အရှေ့ဘက်၊ တဲ၌နေထိုင်လေ့ရှိသောသူတို့ သွားလာသောလမ်းအတိုင်း ချီတက်သွား၍ စိတ်အေးလက်အေးနေနေသော မိဒျန်တပ်စခန်းကို တိုက်လေ၏။
12
ထိုအခါ ဇေဘဟနှင့်ဇာလမုန္နတို့သည် ထွက်ပြေးကြ၏။ ဂိဒေါင်သည်လည်း မိဒျန်ဘုရင်နှစ်ပါးဖြစ်သော ဇေဘဟမင်းကြီးနှင့်ဇာလမုန္နမင်းကြီးတို့နောက်သို့လိုက်၍ သူတို့ကိုဖမ်းဆီးသဖြင့် စစ်သည်အပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြလေ၏။
13
ထို့နောက် ယောရှ၏သား ဂိဒေါင်သည် ဟေရက်တောင်ကုန်းလမ်းဖြင့် စစ်ပွဲမှပြန်လာ၏။
14
လမ်းတွင် သုကုတ်မြို့သား လူငယ်တစ်ယောက်ကိုဖမ်းဆီးပြီး သုကုတ်မြို့အကြီးအကဲများ၊ သက်ကြီးဝါကြီးများ၏အကြောင်းကို မေးမြန်းရာ ထိုလူငယ်က သုကုတ်မြို့အကြီးအကဲ၊ သက်ကြီးဝါကြီး ခုနစ်ဆယ့်ခုနစ်ယောက်၏အမည်ကို ရေးပေးလေ၏။
15
ဂိဒေါင်သည် သုကုတ်မြို့သားတို့ထံသို့ရောက်လာ၍ “ဇေဘဟနှင့်ဇာလမုန္နကို ကြည့်ကြလော့။ သင်တို့က ‘မောပန်းနေသောသင့်လူတို့အား စားစရာပေးရမည့်အကြောင်း ဇေဘဟနှင့်ဇာလမုန္နတို့သည် သင့်လက်ထဲရောက်ပြီလော’ဟု ငါ့ကိုကဲ့ရဲ့ခဲ့ကြ၏”ဟု ဆိုပြီးလျှင်
16
ထိုမြို့၏သက်ကြီးဝါကြီးများကိုခေါ်၍ သူတို့နှင့်အတူ သုကုတ်မြို့သားတို့ကို ကန္တာရဆူးပင်၊ ချုံပင်တို့ဖြင့် ဆုံးမလေ၏။
17
ပေနွေလရဲတိုက်ကို ဖြိုချ၍ မြို့သားတို့ကိုလည်း သတ်လေ၏။
18
ထို့နောက် ဂိဒေါင်က ဇေဘဟနှင့်ဇာလမုန္နတို့အား “တာဗော်မြို့၌ သင်တို့သတ်ခဲ့သောသူတို့သည် မည်သို့သောသူနည်း”ဟု မေးသော် သူတို့က “သူတို့အားလုံးသည် သင်ကဲ့သို့ပင် ဘုရင့်သားတော်ရုပ်ရည်ရှိသူများဖြစ်ပါ၏”ဟု ပြန်ဖြေလေ၏။
19
ဂိဒေါင်က “သူတို့သည် ငါနှင့်တစ်မိတည်းဖွား ငါ့ညီအစ်ကိုများဖြစ်ကြ၏။ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ သင်တို့သည် သူတို့ကိုအသက်ချမ်းသာပေးခဲ့လျှင် ငါသည် သင်တို့ကိုသတ်မည်မဟုတ်”ဟု ဆိုပြီး
20
မိမိ၏သားဦးယေသာအား “ထ၍ သူတို့ကိုသတ်လော့”ဟု ဆိုလေ၏။ သို့သော် သူ့သားသည် ငယ်ရွယ်သေးသဖြင့် ကြောက်ရွံ့၍ ဓားကိုမဆွဲထုတ်ဝံ့ဘဲနေ၏။
21
ဇေဘဟနှင့်ဇာလမုန္နတို့က “သင်ကိုယ်တိုင်ထ၍ ငါတို့ကိုသတ်လော့။ ယောက်ျားမှန်လျှင် သတ္တိရှိရမည်”ဟု ဆိုလေ၏။ ဂိဒေါင်သည်ထ၍ ဇေဘဟနှင့်ဇာလမုန္နကိုသတ်ပြီးလျှင် သူတို့ကုလားအုတ်၏လည်ပင်း၌ ဆင်ထားသောတန်ဆာများကို ချွတ်ယူလေ၏။
22
ထိုအခါ အစ္စရေးလူမျိုးတို့က ဂိဒေါင်အား “သင်သည် အကျွန်ုပ်တို့ကို မိဒျန်လူမျိုးတို့လက်မှကယ်တင်ခဲ့သည်ဖြစ်၍ သင်နှင့် သင်၏သားမြေးတို့သည် အကျွန်ုပ်တို့ကိုအုပ်စိုးပါ”ဟု ဆိုကြ၏။
23
ဂိဒေါင်ကလည်း “ငါသည် သင်တို့ကို မအုပ်စိုးရ။ ငါ့သားလည်း မအုပ်စိုးရ။ ထာဝရဘုရားသာလျှင် သင်တို့ကိုအုပ်စိုးတော်မူမည်”ဟု သူတို့အား ပြန်ပြောလေ၏။
24
သို့သော် ဂိဒေါင်က “သင်တို့ဆီမှ တစ်ခုကို တောင်းဆိုလိုပါသည်။ သင်တို့ရထားသော လုယူပစ္စည်းများထဲမှ နားကွင်းတစ်ကွင်းစီကို ငါ့အား ပေးကြလော့”ဟု သူတို့အား ဆို၏။ (မိဒျန်လူမျိုးတို့သည် ဣရှမေလလူမျိုးတို့ကဲ့သို့ ရွှေနားကွင်းများကို ဝတ်ဆင်တတ်ကြ၏။)
25
သူတို့ကလည်း ဝမ်းသာအားရစွာဖြင့် “အကျွန်ုပ်တို့ ပေးပါမည်”ဟု ဆိုလျက် အဝတ်ကို ခင်းပြီးလျှင် သူတို့ရထားသောလုယူပစ္စည်းများထဲမှ နားကွင်းတစ်ကွင်းစီကို ထိုအဝတ်ပေါ်၌ ချထားကြ၏။
26
ဂိဒေါင်ရရှိသောရွှေနားကွင်း၏အလေးချိန်မှာ ရွှေတစ်ထောင့်ခုနစ်ရာရှယ်ကယ် ဖြစ်၏။ ထို့ပြင် မိဒျန်ဘုရင်တို့ထံမှ လခြမ်းသဏ္ဌာန်တန်ဆာ၊ ဆွဲသီး၊ ခရမ်းရောင်အဝတ်တို့မှစ၍ သူတို့ကုလားအုတ်၏လည်ပင်း၌ဆွဲထားသော လည်ပတ်ကြိုးများလည်း ရသေး၏။
27
ဂိဒေါင်သည် ထိုရွှေများဖြင့် ဧဖုဒ် သွန်းလုပ်၍ သူနေထိုင်ရာ ဩဖရမြို့တွင် ပြသထား၏။ အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုအရာအားဖြင့် ဖောက်ပြန်မှားယွင်းကြ၏။ ဤအရာသည် ဂိဒေါင်နှင့် သူ့အိမ်သူအိမ်သားတို့အတွက် ထောင်ချောက်ကဲ့သို့ ဖြစ်လာ၏။
28
ဤသို့ဖြင့် မိဒျန်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ရှုံးနိမ့်ကြပြီး နောက်တစ်ဖန် ခေါင်းမထောင်ကြတော့ချေ။ ထိုအချိန်မှစ၍ ဂိဒေါင်အသက်ရှင်စဉ် အနှစ်လေးဆယ်ပတ်လုံး တိုင်းပြည်ငြိမ်းချမ်းလေ၏။
29
ယောရှ၏သား ယေရုဗ္ဗာလသည် မိမိနေရင်းအိမ်သို့ ပြန်၍နေထိုင်၏။
30
ဂိဒေါင်သည် မယား များစွာယူထားသောကြောင့် သားအရင်း အယောက်ခုနစ်ဆယ်ရှိ၏။
31
ရှေခင်မြို့၌နေသော သူ၏မယားငယ်သည် သားယောက်ျားကိုဖွား၍ ထိုသားကို အဘိမလက် ဟုမှည့်ခေါ်၏။
32
ယောရှ၏သား ဂိဒေါင်သည် အိုမင်းရင့်ရော်ပြီး သေဆုံးသောအခါ အဗျေဇာအမျိုးသားတို့ နေထိုင်ရာ ဩဖရမြို့ရှိ သူ့ဖခင်ယောရှ၏သင်္ချိုင်းတွင် သူ့ကို သင်္ဂြိုဟ်ကြ၏။
33
ဂိဒေါင်သေဆုံးပြီးနောက် အစ္စရေးအမျိုးသားတို့သည် ဗာလဘုရားထံလှည့်၍ ဖောက်ပြန်မှားယွင်းကြပြန်၏။ ဗာလဗေရိတ်ကို ဘုရားအရာ၌ ထားကြ၏။
34
အစ္စရေးအမျိုးသားတို့သည် သူတို့၏ပတ်ပတ်လည်ရှိရန်သူအလုံးစုံတို့လက်မှ ကယ်တင်တော်မူသောဘုရားသခင်ထာဝရဘုရားကို မေ့လျော့ကြ၏။
35
ဂိဒေါင် ခေါ် ယေရုဗ္ဗာလသည် အစ္စရေးလူမျိုးတို့အား ကောင်းကျိုးချမ်းသာကို ပြုပေးခဲ့သကဲ့သို့ အစ္စရေးလူမျိုးတို့သည် သူ့မိသားစုအပေါ် မေတ္တာမပြကြချေ။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21