bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Judges 21
Judges 21
Burmese MSBU
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
1
အစ္စရေးအမျိုးသားတို့က “ငါတို့သမီးပျိုကို ဗင်္ယာမိန်အမျိုးသားတို့နှင့် လုံးဝမပေးစား”ဟု မိဇပါမြို့တွင် ကျိန်ဆိုကြ၏။
2
လူတို့သည် ဗေသလမြို့သို့လာ၍ နေဝင်ချိန်တိုင်အောင် ဘုရားသခင်ရှေ့တော်တွင် ထိုင်၍အော်ဟစ်ငိုကြွေးလျက်
3
“အို အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား၊ အစ္စရေးအမျိုးအနွယ်ထဲတွင် အမျိုးတစ်မျိုးပျောက်ကွယ်ရမည့်အဖြစ်မျိုး အဘယ်ကြောင့်ဖြစ်ရသနည်း”ဟု လျှောက်ဆိုကြ၏။
4
နောက်တစ်နေ့တွင် လူတို့သည် စောစောထ၍ ထိုနေရာတွင် ယဇ်ပလ္လင်ကိုတည်ကာ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြ၏။
5
အစ္စရေးအမျိုးသားတို့က “မိဇပါမြို့သို့ မလာသောသူ၊ ထာဝရဘုရားရှေ့တော်သို့ မလာသောသူသည် မုချအသတ်ခံရမည်”ဟု တင်းတင်းကျပ်ကျပ်ကျိန်ဆိုထားကြသည်ဖြစ်၍ “အစ္စရေးအမျိုးအနွယ်တို့တွင် မည်သူသည် ဤလူစုဝေးရာထာဝရဘုရားထံတော်သို့ မလာဘဲ နေကြသနည်း”ဟု စစ်ဆေးမေးမြန်းကြ၏။
6
အစ္စရေးအမျိုးသားတို့က ဗင်္ယာမိန်အမျိုးအနွယ်အတွက် စိတ်မကောင်းဖြစ်၍ “ယနေ့ အစ္စရေးအမျိုးအနွယ်တို့တွင် အမျိုးတစ်မျိုး ဖြတ်တောက်ခံရလေပြီ။
7
ငါတို့သည် ကိုယ့်သမီးကို သူတို့နှင့်မပေးစားနိုင်ဟု ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုခဲ့ပြီဖြစ်၍ ကျန်ရစ်သောဗင်္ယာမိန်အမျိုးအနွယ်တို့ အိမ်ထောင်ပြုရန် မည်သို့ကူညီပေးနိုင်မည်နည်း”ဟု ဆိုကြ၏။
8
သူတို့က “အစ္စရေးအမျိုးအနွယ်တို့တွင် မည်သူသည် မိဇပါမြို့သို့ မလာကြသနည်း။ မည်သူသည် ထာဝရဘုရားရှေ့တော်သို့ မလာကြသနည်း”ဟု စစ်ဆေးမေးမြန်းကြသောအခါ ယာဗက်ဂိလဒ်မြို့သားတစ်ယောက်မျှ လူစုဝေးရာစခန်းသို့ ရောက်မလာကြသည်ကို သိရလေ၏။
9
လူတို့ကို ရေတွက်ကြည့်သောအခါ ယာဗက်ဂိလဒ်မြို့သားတစ်ယောက်မျှ မပါသည်ကို တွေ့ရလေ၏။
10
ထိုအခါ သူတို့က ရဲစွမ်းသတ္တိရှိသောစစ်သူရဲတစ်သောင်းနှစ်ထောင်ကို စေလွှတ်၍ “ယာဗက်ဂိလဒ်မြို့သားတို့ကို မိန်းမရော ကလေးပါမကျန် ဓားနှင့်သတ်ပစ်ရမည်။
11
အထူးသဖြင့် ယောက်ျားအားလုံး၊ ယောက်ျားနှင့်ဆက်ဆံဖူးသောမိန်းမအားလုံးကို သတ်ပစ်ရမည်”ဟု မှာလိုက်လေ၏။
12
စစ်သူရဲတို့ကလည်း ယာဗက်ဂိလဒ်မြို့ရှိ ယောက်ျားနှင့်မဆက်ဆံသေးသော အပျိုကညာမိန်းကလေးအယောက်လေးရာကို ခါနာန်ပြည်၊ ရှိလောတပ်စခန်းသို့ ခေါ်ဆောင်လာကြ၏။
13
ထို့နောက် လူအစုအဝေးအပေါင်းတို့သည် ရိမ္မုန်ကျောက်ဆောင်တွင် နေသောဗင်္ယာမိန်အမျိုးသားတို့ထံ စစ်ပြေငြိမ်းပြီဖြစ်ကြောင်း အကြောင်းကြားလိုက်၏။
14
ဗင်္ယာမိန်အမျိုးသားတို့ ပြန်လာသောအခါ အစ္စရေးအမျိုးသားတို့သည် ယာဗက်ဂိလဒ်မြို့မှခေါ်လာသောအသက်ရှင်ကျန်ရစ်သူအမျိုးသမီးတို့နှင့် သူတို့ကိုပေးစား၏။ သို့သော် မလုံမလောက် ဖြစ်လေ၏။
15
ဤသို့ ထာဝရဘုရားသည် အစ္စရေးအမျိုးအနွယ်ထဲမှ အမျိုးတစ်မျိုးကို ပြတ်တောက်သွားစေသောကြောင့် ဗင်္ယာမိန်အမျိုးအတွက် လူတို့စိတ်မကောင်းဖြစ်ကြ၏။
16
လူထုအကြီးအကဲတို့ကလည်း “ဗင်္ယာမိန်သမီးပျိုတို့သည် သုတ်သင်ပယ်ရှင်းခြင်းထဲသို့ ပါသွားကြပြီဖြစ်၍ ကျန်ခဲ့သောဗင်္ယာမိန်အမျိုးသားတို့ အိမ်ထောင်ပြုရန် မည်သို့ကူညီရမည်နည်း”ဟု ဆို၏။
17
တစ်ဖန် သူတို့က “အစ္စရေးအမျိုးအနွယ်ထဲမှ အမျိုးတစ်မျိုးမပျောက်ပျက်စေရန် အသက်ရှင်ကျန်ရစ်သောဗင်္ယာမိန်အမျိုးထဲတွင် အမွေခံရှိရမည်။
18
ငါတို့မူကား ‘ကိုယ့်သမီးကို ဗင်္ယာမိန်အမျိုးတို့နှင့် ပေးစားသောသူသည် ကျိန်ခြင်းခံရမည်’ဟု အစ္စရေးအမျိုးသားတို့ ကျိန်ဆိုထားပြီဖြစ်၍ ငါတို့သမီးများကို သူတို့နှင့် ပေးစား၍မရ”ဟု ဆို၏။
19
တစ်ဖန် သူတို့က “ကြည့်ပါ။ ဗေသလမြို့မြောက်ဘက်၊ ဗေသလမြို့မှရှေခင်မြို့သို့တက်သွားသောလမ်းအရှေ့ဘက်၊ လေဗောနမြို့တောင်ဘက်တွင်ရှိသော ရှိလောမြို့၌ နှစ်စဉ် ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပလေ့ရှိ၏”ဟု ဆို၍
20
ဗင်္ယာမိန်အမျိုးသားတို့ကို ခေါ်ပြီး “သွားကြ။ စပျစ်ခြံများ၌ ပုန်း၍စောင့်နေကြ။
21
ရှိလောသမီးပျိုတို့ထွက်လာ၍ ကခုန်ကြသောအခါ သင်တို့လည်း စပျစ်ခြံတို့မှ ထွက်လာ၍ ရှိလောသမီးပျိုတို့ကို ကိုယ့်မယားအဖြစ် ဖမ်းဆီး၍ ဗင်္ယာမိန်ပြည်သို့ ပြန်သွားလော့။
22
သူတို့၏ဖခင်၊ သူတို့၏အစ်ကိုများ၊ မောင်များ လာရန်တွေ့လျှင် ငါတို့က ‘ငါတို့ကို သနားပါ။ စစ်ဖြစ်စဉ်က သူတို့၏မယားတစ်ယောက်မျှ မချန်ထားမိခဲ့။ ယခုကဲ့သို့ ပေးစားခြင်းဖြင့်လည်း သင်တို့အပေါ် အပြစ်သက်ရောက်မည်မဟုတ်ပါ’ဟု သူတို့အား တောင်းပန်မည်”ဟု မှာလိုက်လေ၏။
23
ဗင်္ယာမိန်အမျိုးသားတို့လည်း ထိုသို့ ပြုကြ၏။ သူတို့၌လိုနေသောမိန်းမအရေအတွက်အတိုင်း ကပွဲလာအမျိုးသမီးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြ၏။ သူတို့အမွေမြေသို့ပြန်သွား၍ မြို့ရွာများကိုတည်ပြီး နေထိုင်ကြ၏။
24
အစ္စရေးအမျိုးသားတို့လည်း ထိုနေရာမှ ကိုယ့်အမျိုး၊ ကိုယ့်အနွယ်အလိုက် အမွေခံရာမြေသို့ အသီးသီးပြန်သွားကြ၏။
25
ထိုကာလတွင် အစ္စရေးလူမျိုးတို့၌ ရှင်ဘုရင်မရှိ။ လူတိုင်း မှန်သည်ဟုထင်သည့်အတိုင်း ပြုကြ၏။
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21