bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Judges 7
Judges 7
Burmese MSBU
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 8 →
1
ဂိဒေါင် ခေါ် ယေရုဗ္ဗာလသည် မိမိလူအားလုံးနှင့်တကွ နံနက်စောစော စစ်ချီသွား၍ ဟာရုတ်စမ်းရေတွင်းနား၌ စခန်းချလေ၏။ မိဒျန်လူမျိုးတို့သည် သူတို့၏မြောက်ဘက်၊ မောရေတောင်ကုန်းအနီး ချိုင့်ဝှမ်းလွင်ပြင်၌ စခန်းချ၏။
2
ထာဝရဘုရားက ဂိဒေါင်အား “သင်နှင့်အတူ ပါလာသောသင့်လူတို့သည် အလွန်များသောကြောင့် သူတို့လက်သို့ မိဒျန်လူမျိုးတို့ကို ငါမအပ်။ အပ်မည်ဆိုလျှင် အစ္စရေးလူမျိုးတို့က ‘ငါတို့၏လက်ရုံးသည် ငါတို့ကိုကယ်တင်ပြီ’ဟု ဝါကြွားပြောဆိုကြလိမ့်မည်။
3
ထို့ကြောင့် ‘ကြောက်တတ်သောသူ၊ သတ္တိမရှိသောသူ မည်သူမဆို ဂိလဒ်တောင်မှ လှည့်ပြန်သွားကြ’ဟူ၍ လူအများကြားသိအောင် ကြေညာလော့”ဟု မိန့်တော်မူ၏။ ထိုသို့ ကြေညာပြီးသောအခါ လူအယောက်နှစ်သောင်းနှစ်ထောင် ပြန်သွားသဖြင့် လူအယောက်တစ်သောင်းသာ ကျန်ရစ်၏။
4
တစ်ဖန် ထာဝရဘုရားက ဂိဒေါင်အား “လူ များသေး၏။ သူတို့ကို စမ်းချောင်းနားသို့ခေါ်သွားလော့။ ငါသည် ထိုနေရာ၌ သူတို့ကို ရွေးထုတ်မည်။ သင့်အား ‘ဤသူသည် သင်နှင့်အတူသွားရမည်’ဟု ငါဆိုလျှင် ထိုသူသည် သင်နှင့်အတူသွားရမည်။ သင့်အား ‘ဤသူသည် သင်နှင့်အတူမသွားရ’ဟု ငါဆိုလျှင် ထိုသူသည် သင်နှင့်အတူမသွားရ”ဟု မိန့်တော်မူ၏။
5
ဂိဒေါင်ကလည်း လူတို့ကို စမ်းချောင်းနားသို့ခေါ်သွားသောအခါ ထာဝရဘုရားက သူ့အား “ခွေးကဲ့သို့ ရေကိုလျှာဖြင့် လျက်သောသူနှင့် ဒူးထောက်ပြီးသောက်သောသူတို့ကို သီးခြားခွဲထားလော့”ဟု မိန့်တော်မူ၏။
6
ရေကို လက်ခုပ်နှင့် ခပ်၍လျက်သောက်သောသူ အယောက်သုံးရာ ရှိ၏။ ကျန်လူတို့မှာ ဒူးထောက်၍ ရေကိုသောက်သောသူများ ဖြစ်၏။
7
ထာဝရဘုရားကလည်း ဂိဒေါင်အား “ရေကို လျက်သောက်သောသူအယောက်သုံးရာဖြင့် သင်တို့ကို ငါကယ်တင်မည်။ မိဒျန်လူမျိုးတို့ကို သင့်လက်သို့ ငါအပ်မည်။ ကျန်လူတို့ကို မိမိနေရပ်သို့ အသီးသီးပြန်သွားကြစေ”ဟု မိန့်တော်မူ၏။
8
ထိုသူတို့သည် စားနပ်ရိက္ခာနှင့် တံပိုးတို့ကိုယူကြ၏။ ဂိဒေါင်သည် လူအယောက်သုံးရာတို့ကို ချန်ထား၍ ကျန်သောအစ္စရေးအမျိုးသားတို့ကို ကိုယ့်တဲသို့ပြန်လွှတ်လိုက်၏။ မိဒျန်လူမျိုးတို့သည် သူတို့နေရာအောက်ဘက်ချိုင့်ဝှမ်းလွင်ပြင်တွင် စခန်းချလျက်ရှိ၏။
9
ထိုည၌ ထာဝရဘုရားက ဂိဒေါင်အား “ထလော့၊ မိဒျန်တပ်စခန်းသို့ ဆင်းသွားလော့။ သူတို့ကို သင့်လက်သို့ငါအပ်ပြီ။
10
သင်သည် ဆင်းသွားရန်ကြောက်နေလျှင် ထိုတပ်စခန်းသို့ သင်၏ငယ်သားဖုရနှင့်အတူ ဆင်းသွားလော့။
11
သူတို့ပြောဆိုသောစကားကိုကြားသောအခါ သင်သည် အားရှိသွားလိမ့်မည်။ ထိုတပ်စခန်းကို တိုက်နိုင်လိမ့်မည်”ဟု မိန့်တော်မူ၏။ သို့ဖြစ်၍ သူသည် သူ၏ငယ်သားဖုရနှင့်အတူ ဆင်းသွား၍ တပ်စခန်းအစွန်နားသို့ ရောက်၏။
12
ကျိုင်းကောင်အုပ်သဖွယ် များပြားလှသော မိဒျန်လူမျိုး၊ အာမလက်လူမျိုးနှင့် အရှေ့ပြည်သားအပေါင်းတို့သည် ချိုင့်ဝှမ်းလွင်ပြင်၌ စခန်းချလျက်ရှိကြ၏။ သူတို့၏ကုလားအုတ်တို့သည်လည်း ပင်လယ်ကမ်းခြေရှိသဲလုံးနှင့်အမျှ မရေတွက်နိုင်အောင်များပြား၏။
13
ဂိဒေါင်ရောက်သောအခါ လူတစ်ယောက်က သူ့အဖော်ကို အိပ်မက်အကြောင်းပြောပြနေသည်ကို ကြားရ၏။ ထိုသူက “မုယောမုန့်လုံးတစ်လုံးသည် မိဒျန်တပ်စခန်းထဲသို့လှိမ့်လာ၍ တဲကိုဝင်တိုက်သဖြင့် တဲသည် စောက်ထိုးမိုးမျှော်ဖြစ်၍ ပြိုလဲသွားသည်ဟူ၍ ငါအိပ်မက်မက်သည်”ဟု ဆို၏။
14
ထိုသူ၏အဖော်က “ထိုမုန့်လုံးကား အခြားမဟုတ်။ အစ္စရေးအမျိုးသား ယောရှ၏သားဖြစ်သော ဂိဒေါင်၏ဓားပေတည်း။ ဘုရားသခင်သည် မိဒျန်လူမျိုးတို့နှင့် ဤတပ်စခန်းတစ်ခုလုံးကို သူ၏လက်သို့အပ်တော်မူပြီ”ဟု ပြန်ပြောလေ၏။
15
ဂိဒေါင်သည် ထိုအိပ်မက်နှင့် အိပ်မက်အနက်ကိုကြားသောအခါ ထာဝရဘုရားအား ရှိခိုးကိုးကွယ်၏။ ထို့နောက် အစ္စရေးတပ်စခန်းသို့ပြန်လာ၍ “ထကြ။ ထာဝရဘုရားသည် မိဒျန်တပ်စခန်းကို သင်တို့လက်သို့အပ်တော်မူပြီ”ဟု ဆိုလေ၏။
16
ဂိဒေါင်သည် လူသုံးရာကိုသုံးဖွဲ့ခွဲ၍ သူတို့အားလုံး၏လက်၌ တံပိုးနှင့် မြေအိုးကို ကိုင်ဆောင်စေပြီးလျှင် ထိုအိုးထဲ၌ မီးတုတ်ကို ထည့်စေ၏။
17
ထို့နောက် သူက “ငါ့ကိုကြည့်၍ ငါပြုသည့်အတိုင်း ပြုကြလော့။ တပ်စခန်းအစွန်နားသို့ရောက်သောအခါ ငါပြုသည့်အတိုင်းပြုကြလော့။
18
ငါနှင့် ငါ့အဖွဲ့သားအားလုံး တံပိုးမှုတ်သောအခါ တပ်စခန်းပတ်ပတ်လည်ကို ဝိုင်းထားသော သင်တို့သည်လည်း တံပိုးမှုတ်၍ ‘ထာဝရဘုရားနှင့်ဂိဒေါင်၏ဓား’ဟူ၍ ကြွေးကြော်လော့”ဟု မှာထားလေ၏။
19
ကင်းစောင့်လဲပြီးစ သန်းခေါင်ယံအချိန်၌ ဂိဒေါင်နှင့် သူ့လူတစ်ရာတို့သည် ထိုတပ်စခန်းအစွန်နားသို့ရောက်လာပြီး တံပိုးကို မှုတ်၍ လက်ထဲရှိရေအိုးကိုရိုက်ခွဲကြ၏။
20
သူတို့ သုံးဖွဲ့စလုံး လက်ဝဲလက်၌ မီးတုတ်၊ လက်ယာလက်၌ တံပိုးကို ကိုင်ဆောင်ပြီး တံပိုးကိုမှုတ်၍ ရေအိုးကိုရိုက်ခွဲကာ “ထာဝရဘုရား၏ဓား၊ ဂိဒေါင်၏ဓား”ဟု ကြွေးကြော်ကြပြီး
21
တပ်စခန်းပတ်ပတ်လည်တွင် ကိုယ့်နေရာကိုယ် အသီးသီးရပ်နေကြ၏။ တပ်စခန်းအတွင်းရှိစစ်သည်အားလုံးတို့မူကား ထွက်ပြေးကြ၏။ ပြေးလျက်အော်ဟစ်ကြ၏။
22
လူသုံးရာတို့ တံပိုးမှုတ်သောအခါ ထာဝရဘုရားသည် တပ်စခန်းတစ်လျှောက်လုံးရှိ စစ်သည်အချင်းချင်းဓားဖြင့်တိုက်ခိုက်စေတော်မူ၏။ စစ်သည်တို့သည် ဇေရရတ်အရပ်၊ ဗက်ရှိတ္တမြို့မှ တဗွတ်မြို့အနီး အာဗေလမဟောလမြို့နားတိုင်အောင် ထွက်ပြေးကြ၏။
23
နဿလိနယ်၊ အာရှာနယ်နှင့် မနာရှေနယ်တစ်လျှောက်လုံးမှ အစ္စရေးအမျိုးသားတို့ စုစည်းကြပြီး မိဒျန်လူမျိုးတို့ကို လိုက်ကြ၏။
24
ဂိဒေါင်သည် ဧဖရိမ်တောင်ပေါ်ဒေသတစ်လျှောက်လုံးသို့ တမန်တို့ကိုစေလွှတ်၍ “ဆင်းလာပြီး မိဒျန်လူမျိုးတို့ကို တိုက်ကြလော့။ ဗက်ဗာရမြို့တိုင်အောင် ဂျော်ဒန်မြစ်တစ်လျှောက် ရေတိမ်ပိုင်းတို့ကို သိမ်းယူလော့”ဟု မှာလိုက်လေ၏။ သို့ဖြစ်၍ ဧဖရိမ်အမျိုးသားတို့သည်စုရုံး၍ ဗက်ဗာရမြို့တိုင်အောင် ဂျော်ဒန်မြစ်တစ်လျှောက် ရေတိမ်ပိုင်းတို့ကို သိမ်းယူကြ၏။
25
သူတို့သည် မိဒျန်လူမျိုးတို့၏အကြီးအကဲနှစ်ဦးဖြစ်သည့် ဩရဘနှင့်ဇေဘကိုဖမ်းဆီးကြ၏။ ဩရဘကို ဩရဘကျောက်ဆောင်၌ သတ်၍ ဇေဘကို ဇေဘစပျစ်သီးနယ်ရာကျင်း၌ သတ်ပြီးလျှင် မိဒျန်လူမျိုးတို့နောက်သို့လိုက်ကြ၏။ ဩရဘနှင့် ဇေဘတို့၏ဦးခေါင်းကို ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ဂိဒေါင်ထံသို့ယူဆောင်လာကြ၏။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21