bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Judges 19
Judges 19
Burmese MSBU
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 20 →
1
အစ္စရေးလူမျိုးတို့၌ ရှင်ဘုရင်မရှိသေးသောကာလတွင် ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျား၌ တည်းခိုနေထိုင်သော လေဝိလူတစ်ယောက်ရှိ၏။ သူသည် ယုဒနယ်၊ ဗက်လင်မြို့သူတစ်ယောက်ကို မယားငယ်အဖြစ်ယူထား၏။
2
မယားငယ်သည် ဖောက်ပြန်မှားယွင်းပြီး ယုဒပြည်၊ ဗက်လင်မြို့ရှိ သူ့ဖခင်အိမ်သို့ ပြန်သွားသည်မှာ လေးလကြာလေ၏။
3
သူ့ခင်ပွန်းကလည်း သူ့ကိုချော့မော့ပြီး ပြန်ခေါ်လာရန် မိမိငယ်သားနှင့်အတူ မြည်းနှစ်ကောင်နှင့် ခရီးထွက်လာခဲ့၏။ မယားငယ်သည် ခင်ပွန်းသည်ကို ဖခင်အိမ်သို့ခေါ်သွား၍ ဖခင်ကမြင်သောအခါ ဝမ်းသာအားရကြိုဆို၏။
4
မယားငယ်၏ဖခင်၊ သူ့ယောက္ခမက သူ့ကိုဆွဲထားသဖြင့် သူသည် ယောက္ခမအိမ်တွင် သုံးရက်နေ၍ စားသောက်နေထိုင်လေ၏။
5
လေးရက်မြောက်သောနေ့တွင် သူတို့သည် နံနက်စောစောထ၍ပြန်သွားရန် ပြင်ဆင်၏။ သို့သော် မယားငယ်၏ဖခင်က “အားရှိအောင် နည်းနည်းစားသောက်ပြီးမှ သွားပါ”ဟု သမက်အား ဆိုသဖြင့်
6
သူတို့နှစ်ယောက်သည် ထိုင်၍ အတူတကွစားသောက်ကြ၏။ ထို့နောက် မယားငယ်၏ဖခင်က “တစ်ညလောက်တော့အိပ်ပါဦး။ စိတ်အပန်းဖြေပါဦး”ဟု ဆိုပြန်၏။
7
သူသည် ခရီးသွားရန်ပြင်ဆင်သောအခါ ယောက္ခမက တောင်းဆိုသဖြင့် တစ်ညအိပ်ရပြန်၏။
8
ငါးရက်မြောက်သောနေ့တွင် သူသည် နံနက်စောစောထ၍ ပြန်သွားရန်ပြင်ဆင်သောအခါ မယားငယ်၏ဖခင်က “စားပြီးမှသွားပါ”ဟု ဆိုပြန်သဖြင့် သူတို့နှစ်ဦး မွန်းလွဲအထိ စားသောက်လျက်နေပြန်၏။
9
တစ်ဖန် ထိုသူသည် မိမိမယားငယ်နှင့်တကွ ငယ်သားပါလျက် ပြန်သွားမည်ပြုသောအခါ ယောက္ခမက “ယခု ညနေစောင်းပြီ၊ မိုးချုပ်တော့မည်။ ယခုညလည်း အိပ်ပါဦး။ အေးအေးဆေးဆေးနားပါဦး။ မနက်ရောက်မှ စောစောထ၍ သင့်အိမ်သို့ ပြန်ပါ”ဟု ဆို၏။
10
သို့သော် ထိုသူသည် နောက်တစ်ညမနေလိုတော့သဖြင့် မြည်းနှစ်ကောင်ကို ကုန်းနှီးတင်ပြီးလျှင် မယားငယ်နှင့်တကွ ထွက်လာခဲ့ရာ ဂျေရုဆလင် ခေါ် ယေဗုတ်မြို့သို့ ဦးတည်၍ ခရီးထွက်လာခဲ့၏။
11
သူတို့သည် ယေဗုတ်မြို့အနီးသို့ရောက်သောအခါ မိုးချုပ်လုနီးပြီဖြစ်၍ ငယ်သားက “လာပါ။ ယေဗုသိလူမျိုးတို့၏မြို့ထဲသို့ဝင်၍ ညအိပ်နားကြစို့”ဟု သူ့သခင်အား ဆို၏။
12
သူ့သခင်က “ငါတို့သည် အစ္စရေးအမျိုးသားမဟုတ်သောတစ်ပါးအမျိုးသားတို့၏မြို့ထဲသို့မဝင်ပါ။ ဂိဗာမြို့သို့ ဆက်သွားမည်။
13
လာပါ။ ဂိဗာမြို့သို့ဖြစ်စေ၊ ရာမမြို့သို့ဖြစ်စေ တစ်မြို့မြို့သို့ အရောက်သွား၍ ညအိပ်နားမည်”ဟု ပြန်ပြော၏။
14
ဤသို့ဖြင့် သူတို့ခရီးဆက်လာကြရာ ဗင်္ယာမိန်ပြည်၊ ဂိဗာမြို့အနီးသို့ရောက်သောအခါ နေဝင်လေ၏။
15
သူတို့သည် ခရီးမဆက်တော့ဘဲ ညအိပ်နားရန် ဂိဗာမြို့သို့ ဝင်သွား၍ မြို့အလယ်လမ်းဆုံလမ်းခွတွင် ထိုင်နေကြ၏။ သို့သော် မည်သူမျှ သူတို့ကို ညအိပ်နားရန် မခေါ်ကြ။
16
ကြည့်ရှုလော့။ နေဝင်ချိန်တွင် အဖိုးအိုတစ်ဦးသည် လယ်လုပ်ရာမှပြန်လာ၏။ သူသည် ဧဖရိမ်တောင်ပေါ်သားဖြစ်၍ ဂိဗာမြို့တွင် တည်းခိုနေထိုင်ခြင်းဖြစ်၏။ ဂိဗာမြို့သားတို့မှာ ဗင်္ယာမိန်အမျိုးသားများ ဖြစ်ကြ၏။
17
ထိုအဖိုးအိုသည် လှမ်းကြည့်၍ မြို့အလယ်လမ်းဆုံလမ်းခွ၌ ခရီးသွားဧည့်သည်ကိုမြင်လျှင် အဖိုးအိုက “မည်သည့်အရပ်ကလာ၍ မည်သည့်အရပ်သို့ သွားမည်နည်း”ဟု မေးလေ၏။
18
လေဝိသားကလည်း “အကျွန်ုပ်သည် ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျား၌ နေထိုင်သူဖြစ်ပါသည်။ အကျွန်ုပ်တို့သည် ယုဒပြည်၊ ဗက်လင်မြို့သို့သွားပြီး ယခုမှာ ယုဒပြည်ဗက်လင်မြို့မှပြန်လာ၍ ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျားရှိ ထာဝရဘုရား၏အိမ်တော်သို့ သွားမည်ဖြစ်ပါ၏။ အကျွန်ုပ်တို့ကို မည်သူမျှ အိမ်သို့ မဖိတ်ခေါ်ကြပါ။
19
အကျွန်ုပ်တို့ မြည်းများအတွက် ကောက်ရိုးအပြင် အခြားတိရစ္ဆာန်အစာများလည်းရှိပါ၏။ အကျွန်ုပ်နှင့် အကျွန်ုပ်မယား၊ အကျွန်ုပ်ငယ်သားတို့အတွက် မုန့်နှင့် စပျစ်ဝိုင် ရှိပါ၏။ ဘာမျှမလိုအပ်ပါ”ဟု ပြန်ဖြေ၏။
20
အဖိုးအိုကလည်း “အကျွန်ုပ်ဖိတ်ခေါ်ပါသည်။ သင်လိုအပ်သည်ကို အကျွန်ုပ်တာဝန်ယူပါမည်။ လမ်းဆုံလမ်းခွတွင် မအိပ်ပါနှင့်”ဟု ဆို၏။
21
ဤသို့ဖြင့် အဖိုးအိုသည် သူ့ကို အိမ်သို့ခေါ်သွား၍ မြည်းတို့ကို အစာကျွေး၏။ သူတို့သည်လည်း ခြေဆေး၍ စားသောက်ကြ၏။
22
ထိုသို့ ကောင်းမွန်စွာစားသောက်နေကြစဉ် ဆိုးညစ်သောမြို့သားတို့သည် အိမ်ကိုဝိုင်းထား၍ တံခါးထုရိုက်လျက် “သင့်အိမ်သို့ရောက်လာသောယောက်ျားနှင့် ဆက်ဆံလို၍ သူ့ကိုထုတ်ပေးပါ”ဟု အိမ်ရှင်အဖိုးအိုအား ဆို၏။
23
အိမ်ရှင်အဖိုးအိုကလည်း သူတို့ရှိရာအိမ်ပြင်သို့ ထွက်လာ၍ “ညီအစ်ကိုတို့၊ ဆိုးညစ်သောအမှုကို မပြုကြပါနှင့်။ သူသည် အကျွန်ုပ်အိမ်သို့ ရောက်လာသောဧည့်သည် ဖြစ်ပါ၏။ ဤယုတ်ညံ့သောအမှုကို မပြုကြပါနှင့်။
24
အကျွန်ုပ်၌ သမီးအပျိုကညာ ရှိပါ၏။ ထိုသူတွင်လည်း မယားငယ် ရှိပါ၏။ သူတို့ကိုထုတ်ပေးပါမည်။ သင်တို့အလိုရှိသည်အတိုင်း ပြုကျင့်ပါ။ ဤသူကိုမူကား ယုတ်ညံ့သောအမှုမပြုပါနှင့်”ဟု ဆို၏။
25
သို့သော် သူတို့သည် အဖိုးအို၏စကားကို နားမထောင်သောကြောင့် လေဝိသားက မိမိမယားငယ်ကို ယူ၍ ထိုသူတို့ရှိရာအိမ်ပြင်ဘက်သို့ ထုတ်ပေးလိုက်၏။ သူတို့သည် နံနက်တိုင်အောင် တစ်ညလုံး ထိုမိန်းမကို အဓမ္မပြုကျင့်ပြီး အရုဏ်တက်ချိန်ရောက်မှ ပြန်လွှတ်လိုက်၏။
26
အရုဏ်တက်ချိန်တွင် ထိုမိန်းမသည် ပြန်လာ၍ သူ့ခင်ပွန်းတည်းခိုရာအဖိုးအို၏အိမ်တံခါးနားတွင် လဲကျ၍ မိုးလင်းသည်အထိ နေလေ၏။
27
သူ့ခင်ပွန်းသည် နံနက်ထ၍ အိမ်တံခါးဖွင့်ကာ ခရီးဆက်မည်ပြုသောအခါ လက်ကိုတံခါးခုံပေါ်တင်လျက် အိမ်တံခါးဝတွင် လဲကျနေသော မယားငယ်ကို တွေ့လေ၏။
28
သူကလည်း မယားငယ်အား “ထထ ခရီးဆက်ကြစို့”ဟု ဆို၏။ သို့သော် မည်သို့မျှမတုံ့ပြန်သဖြင့် သူသည် မယားငယ်ကို မြည်းပေါ်တင်၍ မိမိအိမ်သို့ ခရီးဆက်လေ၏။
29
သူသည် အိမ်သို့ရောက်သောအခါ ဓားကိုယူ၍မယားငယ်ကိုကိုင်ကာ ကိုယ်အင်္ဂါအစိတ်အပိုင်းအလိုက် တစ်ဆယ့်နှစ်ပိုင်းပိုင်းပြီး အစ္စရေးနယ်မြေတစ်လျှောက်လုံးသို့ ပို့လိုက်လေ၏။
30
ထိုအခြင်းအရာကို မြင်သောသူတိုင်းက “အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာသောနေ့မှစ၍ ယနေ့တိုင်အောင် ဤကဲ့သို့သောအဖြစ်အပျက်မျိုး မဖြစ်ဖူး၊ မကြုံဖူးပေ။ ဤကိစ္စကို သေသေချာချာစဉ်းစားပြီး ဆွေးနွေးတိုင်ပင်ကြလော့”ဟု ဆိုကြ၏။
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21