bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Judges 13
Judges 13
Burmese MSBU
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 14 →
1
တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြပြန်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို ဖိလိတ္တိလူမျိုးတို့လက်သို့ အနှစ်လေးဆယ်အပ်လိုက်တော်မူ၏။
2
ထိုစဉ်က ဒန်မျိုးနွယ်စုမှ မာနော်အမည်ရှိသော ဇောရာမြို့သားတစ်ဦးရှိ၏။ သူ၏မယားသည် မြုံသောကြောင့် သားသမီး မရှိ။
3
ထာဝရဘုရား၏ကောင်းကင်တမန်က ထိုအမျိုးသမီးအား ကိုယ်ထင်ရှားပြလျက် “သင်သည် မြုံသောကြောင့် သားသမီး မရခဲ့သော်လည်း ယခု ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားမည်။
4
ထို့ကြောင့် သတိပြုလော့။ စပျစ်ဝိုင်ဖြစ်စေ၊ သေရည်သေရက်ဖြစ်စေ မသောက်နှင့်။ မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ မစားနှင့်။
5
အကြောင်းမူကား သင်သည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားမည်။ သူ့ဆံပင်ကို သင်တုန်းဓားနှင့် မရိတ်ရ။ သူငယ်သည် အမိဝမ်းထဲမှစ၍ ဘုရားသခင်အဖို့ နာဇရိလူဖြစ်မည်။ သူသည် အစ္စရေးလူမျိုးတို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ ဦးဆောင်ကယ်တင်လိမ့်မည်”ဟု ဆို၏။
6
ထိုအမျိုးသမီးကလည်း မိမိခင်ပွန်းထံသွား၍ “ဘုရားသခင်၏လူတစ်ဦး အကျွန်ုပ်ထံ ရောက်လာ၏။ သူသည် ဘုရားသခင်၏ကောင်းကင်တမန်အဆင်းကဲ့သို့ အဆင်းသဏ္ဌာန်ရှိ၍ ကြောက်ရွံ့ရိုသေ ဖွယ် ကောင်းလှ၏။ သူအဘယ်ကလာသည်ကို မမေးမိ။ သူ့အမည်ကိုလည်း သူမပြော။
7
သူက အကျွန်ုပ်အား ‘ကြည့်ရှုလော့။ သင်သည် ကိုယ်ဝန်ဆောင်၍သားယောက်ျားကို မွေးဖွားမည်။ ထို့ကြောင့် စပျစ်ဝိုင်ဖြစ်စေ၊ သေရည်သေရက်ဖြစ်စေ မသောက်နှင့်၊ မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ မစားနှင့်။ သူသည် အမိဝမ်းထဲမှစ၍ သေဆုံးသည့်နေ့တိုင် ဘုရားသခင်အဖို့ နာဇရိလူဖြစ်မည်’ဟူ၍ မိန့်ဆိုသည်”ဟု ပြောပြလေ၏။
8
ထိုအခါ မာနော်က “အို ဘုရားရှင်၊ ကိုယ်တော်စေလွှတ်တော်မူသောဘုရားသခင်၏လူကို အကျွန်ုပ်တို့ထံ တစ်ဖန် ကြွလာစေတော်မူပါ။ မွေးဖွားလာမည့်သူငယ်ကို အကျွန်ုပ်တို့ မည်သို့ပြုစုရမည်ကို အကျွန်ုပ်တို့အား သင်ပြပေးစေတော်မူပါ”ဟု ထာဝရဘုရားထံ ဆုတောင်းလေ၏။
9
ဘုရားသခင်သည် မာနော်၏ဆုတောင်းသံကို နားညောင်းတော်မူ၏။ မာနော်၏မိန်းမက ကွင်းပြင်၌ထိုင်နေစဉ် ဘုရားသခင်၏ကောင်းကင်တမန်သည် သူ့ထံ နောက်တစ်ဖန်ရောက်လာ၏။ ထိုအချိန်တွင် သူ့ခင်ပွန်းမာနော်သည် သူနှင့်အတူ မရှိ။
10
ထိုမိန်းမသည် ခင်ပွန်းသည်ထံ အလျင်အမြန်ပြေးသွား၍ “ယခင်နေ့က အကျွန်ုပ်ထံရောက်လာသောသူသည် ယခု အကျွန်ုပ်အား ကိုယ်ထင်ရှားပြပြန်ပြီ”ဟု ဆို၏။
11
မာနော်သည်လည်း ထ၍ မိမိမယားနောက်သို့ လိုက်သွား၏။ ထိုသူ့ထံရောက်သောအခါ “သင်သည် အကျွန်ုပ်မယားနှင့် စကားပြောခဲ့သောသူလော”ဟု မေးရာ ထိုသူက “ဟုတ်ပါ၏”ဟု ပြန်ဖြေ၏။
12
မာနော်ကလည်း “သင်ပြောသည့်အတိုင်း ဖြစ်လာသောအခါ သူငယ်သည် မည်သို့ပြုမူနေထိုင်ရမည်နည်း၊ မည်သည့်အလုပ်ကို လုပ်ရမည်နည်း”ဟု မေးလျှောက်၏။
13
ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း မာနော်အား “ငါမှာထားသောစကားအားလုံးကို သင်၏မယား လိုက်နာရမည်။
14
သူသည် စပျစ်ပင်မှထွက်သောအရာဟူသမျှကို မစားရ။ စပျစ်ဝိုင်ဖြစ်စေ၊ သေရည်သေရက်ဖြစ်စေ မသောက်ရ။ မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ မစားရ။ ငါမှာထားသမျှအတိုင်း လိုက်နာရမည်”ဟု ဆို၏။
15
မာနော်ကလည်း ထာဝရဘုရား၏ကောင်းကင်တမန်အား “မသွားပါနှင့်ဦး။ သင့်အတွက် ဆိတ်သငယ်တစ်ကောင်ကို ချက်ပြုတ်ပြင်ဆင်ပါမည်”ဟု လျှောက်ဆို၏။
16
ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း မာနော်အား “သင် ငါ့ကိုတားထားသော်လည်း သင်ကျွေးသောအစာကို ငါစားမည်မဟုတ်။ မီးရှို့ရာယဇ်ကို ပူဇော်လိုလျှင်မူကား ထာဝရဘုရားထံ ပူဇော်ရမည်”ဟု ဆို၏။ ထိုသူသည် ထာဝရဘုရား၏ကောင်းကင်တမန်ဖြစ်ကြောင်းကို မာနော် မသိချေ။
17
ထို့ကြောင့် မာနော်က ထာဝရဘုရား၏ကောင်းကင်တမန်အား “သင်ပြောသည့်အတိုင်း ဖြစ်လာသောအခါ သင့်ကို ချီးမွမ်းထောမနာပြုရမည့်အကြောင်း သင်၏အမည်ကို သိပါရစေ”ဟု လျှောက်ဆို၏။
18
ထာဝရဘုရား၏ကောင်းကင်တမန်က သူ့အား “အဘယ်ကြောင့် ငါ့အမည်ကို မေးသနည်း။ ငါ့အမည်သည် အလွန်အံ့ဩဖွယ်ကောင်း၏”ဟု ပြန်ပြော၏။
19
မာနော်ကလည်း ဆိတ်သငယ်တစ်ကောင်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ကျောက်ပေါ်တင်၍ ထာဝရဘုရားထံ ပူဇော်လေ၏။ မာနော်နှင့် သူ့မယားတို့ ကြည့်နေစဉ်မှာပင် အံ့ဩဖွယ်အမှုတစ်ခုဖြစ်ပေါ်လေ၏။
20
ယဇ်ပလ္လင်မှမီးလျှံသည် ကောင်းကင်သို့တက်နေ၍ ထာဝရဘုရား၏ကောင်းကင်တမန်သည်လည်း ယဇ်ပလ္လင်မှမီးလျှံနှင့်အတူ တက်သွား၏။ ထိုသို့မြင်ရလျှင် မာနော်နှင့် သူ့မယားသည် မြေပေါ်သို့ ချက်ချင်းပျပ်ဝပ်လေ၏။
21
ထာဝရဘုရား၏ကောင်းကင်တမန်သည် မာနော်နှင့် သူ့မယားအား နောက်တစ်ဖန် ကိုယ်ထင်ရှားမပြတော့ချေ။ မာနော်သည်လည်း ထိုသူမှာ ထာဝရဘုရား၏ကောင်းကင်တမန်ဖြစ်ကြောင်း သိလေ၏။
22
မာနော်က မိမိမယားအား “ငါတို့သည် ဘုရားသခင်ကို တွေ့မြင်ရပြီဖြစ်၍ အမှန်ပင်သေရတော့မည်”ဟု ဆို၏။
23
သူ့မယားကလည်း “ထာဝရဘုရားသည် ငါတို့ကို သေစေလိုလျှင် ငါတို့ပူဇော်သော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူမည်မဟုတ်။ ငါတို့အား ဤအဖြစ်အပျက်များကို ပြတော်မူမည်မဟုတ်၊ ယခုကဲ့သို့ ငါတို့ကို စကားပြောတော်မူမည်မဟုတ်”ဟု ပြန်ပြောလေ၏။
24
ထို့နောက်မှ မာနော်၏မယားသည် သားယောက်ျားကို မွေးဖွား၍ သူ့ကို ရှံဆုန်ဟုအမည်မှည့်ခေါ်၏။ သူငယ်သည် ကြီးပြင်းလာ၏။ ထာဝရဘုရားသည်လည်း သူ့ကို ကောင်းချီးပေးတော်မူ၏။
25
သူသည် ဇောရာမြို့နှင့် ဧရှတောလမြို့ကြားရှိ မဟာနေဒန်အရပ်၌ရှိနေစဉ် ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့ကို စတင်နှိုးဆော်၏။
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21