bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Kings 1
1 Kings 1
Burmese 2021
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 2 →
1
ဒါဝိဒ်မင်းကြီးသည် အသက်ကြီးရင့်၍ အိုသောအခါ အဝတ်ခြုံ၍ မနွေးနိုင်။
2
သို့ဖြစ်၍ ကျွန်တို့က၊ အသက်ပျိုသောကညာကို အရှင်မင်းကြီးအဖို့ ရှာပါရစေ။ သူသည် မင်းကြီးကိုခစား၍ ပြုစုပါစေ။ အရှင်မင်းကြီးကို နွေးစေခြင်းငှာ ရင်ခွင်တော်၌အိပ်ပါစေဟု လျှောက်ကြ၏။
3
ထိုသို့နှင့်အညီ အဆင်းလှသောအပျိုမကို ဣသရေလပြည်တစ်လျှောက်လုံးတွင်ရှာ၍၊ ရှုနင်မြို့သူအဘိရှက်ကိုတွေ့သဖြင့် အထံတော်သို့ ဆောင်ခဲ့ကြ၏။
4
ထိုမိန်းမသည် အလွန်အဆင်းလှ၏။ ရှင်ဘုရင်ကိုလည်း လုပ်ကျွေးပြုစုလေ၏။ သို့ရာတွင် ရှင်ဘုရင်သိမ်းတော်မမူ။
5
ထိုနောက် ဟဂ္ဂိတ်သား အဒေါနိယသည် ရှင်ဘုရင်လုပ်မည်ဟု အကြံရှိလျက်၊ ကိုယ်ကိုချီးမြှောက်၍ ရထားများနှင့် မြင်းများကိုလည်းကောင်း၊ မိမိရှေ့၌ပြေးရသော လူငါးဆယ်ကိုလည်းကောင်း၊ ပြင်ဆင်လေ၏။
6
ခမည်းတော်က၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သူ့စိတ်နာအောင် တစ်ခါမျှမပြောစဖူး။ ထိုသူသည် အဆင်းလည်း အလွန်လှ၏။
7
အဗရှလုံညီလည်း ဖြစ်၏။ သူသည် ဇေရုယာသားယွာဘ၊ ယဇ်ပုရောဟိတ် အဗျာသာနှင့်တိုင်ပင်၍ သူတို့သည် အဒေါနိယဘက်မှာ နေကြ၏။
8
ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒသား ဗေနာယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣအစရှိသော ဒါဝိဒ်၏မှူးကြီးမတ်ကြီးများမူကား၊ အဒေါနိယဘက်သို့မဝင်ကြ။
9
အဒေါနိယသည် အင်္ရောဂေလမြို့နယ်အတွင်း၊ ဇောဟေလက်ကျောက်နားမှာ သိုး၊ နွားမှစ၍ ဆူဖြိုးသောအကောင်တို့ကို သတ်ပြီးလျှင်၊ ရှင်ဘုရင်သားမိမိညီများနှင့် ရှင်ဘုရင်၏ကျွန် ယုဒလူများအပေါင်းတို့ကို ခေါ်ဖိတ်လေ၏။
10
ပရောဖက်နာသန်၊ ဗေနာယ၊ မှူးကြီးမတ်ကြီးမှစသော ညီရှောလမုန်ကိုကား မခေါ်မဖိတ်။
11
ထိုအခါ နာသန်သည် ရှောလမုန်အမိဗာသရှေဘထံသို့သွား၍၊ ဟဂ္ဂိတ်၏သားအဒေါနိယသည် ရှင်ဘုရင်လုပ်ကြောင်းကို ကြားပြီလော။ တို့အရှင်ဒါဝိဒ်သည် မသိပါတကား။
12
ယခုမှာ သင်၏အသက်နှင့် ရှောလမုန်၏အသက်ကို ချမ်းသာစေခြင်းငှာ ကျွန်ုပ်သည် အကြံပေးပါရစေ။
13
ဒါဝိဒ်မင်းကြီးထံတော်သို့ဝင်၍၊ အိုအရှင်မင်းကြီး၊ ကိုယ်တော်က သင်၏သားရှောလမုန်သည် ငါ့အရာ၌စိုးစံ၍ နန်းထိုင်ရမည်ဟု ကိုယ်တော်ကျွန်မအား ကျိန်ဆိုတော်မူပြီ မဟုတ်လော။ သို့ဖြစ်လျှင် အဒေါနိယသည် အဘယ်ကြောင့် စိုးစံရပါသနည်းဟု လျှောက်လော့။
14
ထိုသို့အထံတော်၌ လျှောက်စဉ်တွင်၊ ကျွန်ုပ်ဝင်၍ သင်၏စကားကိုထောက်မမည်ဟု အကြံပေးသည်အတိုင်း၊
15
ဗာသရှေဘသည် ရှင်ဘုရင်ရှိရာ အခန်းထဲသို့ဝင်လေ၏။ ရှင်ဘုရင်သည် အလွန်အို၍ ရှုနင်မြို့သူ အဘိရှက်သည် လုပ်ကျွေးလျက်နေ၏။
16
ဗာသရှေဘသည် ဦးချ၍ ရှင်ဘုရင်အားရှိခိုးလျှင်၊ ရှင်ဘုရင်က အဘယ်အလိုရှိသနည်းဟု မေးတော်မူ၏။
17
ဗာသရှေဘကလည်း၊ ကျွန်မသခင်၊ ကိုယ်တော်က သင်၏သားရှောလမုန်သည် ငါ့အရာ၌စိုးစံ၍ နန်းထိုင်ရမည်ဟု ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကိုယ်တော်ကျွန်မအားကျိန်ဆိုတော်မူပြီ။
18
ယခုမှာ အဒေါနိယသည် စိုးစံပါ၏။ ကိုယ်တော်အရှင်မင်းကြီးလည်း သိတော်မမူ။
19
အဒေါနိယသည် သိုးနွားမှစ၍ ဆူဖြိုးသောအကောင်များတို့ကို သတ်ပြီးလျှင်၊ မင်းကြီး၏သားတော်အပေါင်းတို့နှင့်တကွ ယဇ်ပုရောဟိတ်အဗျာသာ၊ ဗိုလ်ချုပ်မင်းယွာဘတို့ကို ခေါ်ဖိတ်ပါ၏။ ကိုယ်တော်ကျွန် ရှောလမုန်ကိုကား မခေါ်မဖိတ်ပါ။
20
အိုအရှင်မင်းကြီး၊ ကျွန်မအရှင်မင်းကြီး၏အရာ၌စိုးစံ၍ အဘယ်သူသည်နန်းထိုင်ရမည်ကို မိန့်တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့သည် ကိုယ်တော်ကိုမျှော်ကြည့်လျက် နေကြပါ၏။
21
သို့မဟုတ် ကျွန်မအရှင်မင်းကြီးသည် ဘိုးတော် ဘေးတော်တို့နှင့်အတူ ကျိန်းစက်တော်မူသောအခါ၊ ကျွန်တော်မနှင့် သားရှောလမုန်သည် ရာဇဝတ်ခံရသောသူဖြစ်ပါလိမ့်မည်ဟု လျှောက်လေ၏။
22
ထိုသို့ အထံတော်၌လျှောက်စဉ်တွင်၊ ပရောဖက်နာသန်သည်ဝင်လျှင် ပရောဖက်နာသန်လာပါသည်ဟု လျှောက်ကြ၏။
23
နာသန်သည်လည်း ရှေ့တော်သို့ ရောက်သောအခါ ဦးချပျပ်ဝပ်လျက်၊
24
အိုအရှင်မင်းကြီး၊ ကိုယ်တော်က ငါ့အရာ၌ အဒေါနိယစိုးစံ၍ နန်းထိုင်ရမည်ဟု မိန့်တော်မူသလော။
25
သူသည် ယနေ့ဆင်းသွား၍၊ ဆူဖြိုးသော သိုးနွားများတို့ကိုသတ်ပြီးလျှင် မင်းကြီး၏သားတော်အပေါင်းတို့ကိုလည်းကောင်း၊ ဗိုလ်များနှင့် ယဇ်ပုရောဟိတ်အဗျာသာကိုလည်းကောင်း ခေါ်ဖိတ်ပါပြီ။ သူတို့သည် အဒေါနိယရှေ့မှာ စားသောက်လျက်၊ အဒေါနိယမင်းကြီးသည် အသက်ရှင်စေသတည်းဟု ကြွေးကြော်လျက် ယခုရှိကြပါ၏။
26
ကိုယ်တော်ကျွန်အကျွန်ုပ်၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ ယောယဒသားဗေနာယ၊ ကိုယ်တော်ကျွန် ရှောလမုန်တို့ကိုကား မခေါ်မဖိတ်ပါ။
27
အရှင်မင်းကြီး၏အရာ၌ အဘယ်သူနန်းထိုင်ရမည်ကို ကိုယ်တော်ကျွန်အား ပြတော်မမူဘဲ ဤအမှုကို အရှင်မင်းကြီးစီရင်တော်မူပြီလောဟု လျှောက်၏။
28
ထိုအခါ ဒါဝိဒ်မင်းကြီးက၊ ဗာသရှေဘကို ခေါ်ခဲ့ပါဟု မိန့်တော်မူသည်အတိုင်း၊ ဗာသရှေဘသည်လာ၍ ရှေ့တော်၌ ရပ်နေ၏။
29
ရှင်ဘုရင်ကလည်း၊ ငါ့အသက်ဝိညာဉ်ကို ခပ်သိမ်းသောဒုက္ခထဲက ကယ်နုတ်တော်မူသော ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊
30
သင်၏သားရှောလမုန်သည် ငါ့အရာ၌စိုးစံ၍ ငါ့ကိုယ်စားနန်းထိုင်ရမည်ဟု ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားကို ငါတိုင်တည်၍ သင့်အား ကျိန်ဆိုသည်နှင့်အညီ ယနေ့ငါပြုမည်ဟု တစ်ဖန် ကျိန်ဆိုတော်မူ၏။
31
ဗာသရှေဘသည် ဦးချပျပ်ဝပ်လျက်၊ ရှင်ဘုရင်အားရှိခိုးလျက်၊ အရှင်ဒါဝိဒ်မင်းကြီးသည် အသက်တော်အစဉ်အမြဲရှင်စေသတည်းဟု မြွက်ဆို၏။
32
ဒါဝိဒ်မင်းကြီးကလည်း၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ ပရောဖက် နာသန်၊ ယောယဒသား ဗေနာယတို့ကိုခေါ်ခဲ့ပါဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည်ရှေ့တော်သို့ ဝင်လာကြ၏။
33
ရှင်ဘုရင်ကလည်း၊ သင်တို့အရှင်၏ကျွန်များကို ခေါ်၍ ငါ့သားရှောလမုန်ကို ငါ၏မြင်းလားတော်ပေါ်မှာ စီးစေလျက်၊ ဂိဟုန်မြို့သို့ ဆောင်သွားကြလော့။
34
ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် ပရောဖက်နာသန်သည် ထိုမြို့မှာ ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက်ပြီးလျှင်၊ တံပိုးမှုတ်၍ ရှောလမုန်မင်းကြီးသည် အသက်တော်ရှင်စေသတည်းဟု ကြွေးကြော်ကြလော့။
35
ထိုနောက် သင်တို့လိုက်လျက် ငါ့သားသည် လာ၍နန်းထိုင်ရမည်။ ငါ့ကိုယ်စားရှင် ဘုရင်ဖြစ်ရမည်။ ထိုသူကို ဣသရေလမင်း၊ ယုဒမင်းအရာ၌ ငါခန့်ထားသည်ဟု မိန့်တော်မူ၏။
36
ယောယဒသား ဗေနာယက အာမင်။ အရှင်မင်းကြီးကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားသည်လည်း ထိုသို့မိန့်တော်မူပါစေသော။
37
ထာဝရဘုရားသည် အရှင်မင်းကြီးဘက်မှာ ရှိတော်မူသည်နည်းတူ ရှောလမုန်ဘက်မှာ ရှိတော်မူပါစေသော။ အရှင်မင်းကြီးဒါဝိဒ်၏ ရာဇပလ္လင်ထက် သားတော်၏ရာဇပလ္လင်သည် သာ၍ဘုန်းကြီးမည်အကြောင်း စီရင်တော်မူပါစေသောဟု ရှင်ဘုရင်ကို ပြန်လျှောက်လေ၏။
38
ထိုအခါ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသားဗေနာယ၊ ခေရသိလူ၊ ပေလသိလူတို့သည်ထွက်၍ ရှောလမုန်ကို ဒါဝိဒ်မင်းကြီး၏ မြင်းလားပေါ်မှာစီးစေလျက် ဂိဟုန်မြို့သို့ ဆောင်သွားကြ၏။
39
ယဇ်ပုရောဟိတ်ဇာဒုတ်သည် တဲတော်ထဲက ဆီဘူးကိုယူ၍ ရှောလမုန်ကို ဘိသိက်ပေးပြီးမှ၊ သူတို့သည် တံပိုးမှုတ်၍၊ ရှောလမုန်မင်းကြီးသည် အသက်တော်ရှင်စေသတည်းဟု လူအပေါင်းတို့သည် ဟစ်ကြော်ကြ၏။
40
လူအပေါင်းတို့သည် တီးမှုတ်လျက် နောက်တော်သို့လိုက်၍၊ မြေကြီးကွဲမတတ်ရှိသည်တိုင်အောင် အလွန်ဝမ်းမြောက်သောအသံကို ပြုကြ၏။
41
အဒေါနိယနှင့် သူ၏အပေါင်းအဖော်တို့သည် စားသောက်ပွဲပြီးသောအခါ ထိုအသံကို ကြားကြ၏။ တံပိုးမှုတ်သံကို ယွာဘကြားလျှင်၊ တစ်မြို့လုံးအုတ်အုတ် ကျက်ကျက်ပြုသံကား၊ အဘယ်သို့နည်းဟုမေးစဉ်ပင်၊
42
ယဇ်ပုရောဟိတ် အဗျာသာ၏သား ယောနသန်သည်လာလျှင်၊ အဒေါနိယက ဝင်ပါ။ သင်သည် လူကောင်းဖြစ်၍၊ ကောင်းသောသတင်းကို ကြားပြောလိမ့်မည်ဟု ဆိုလျှင်၊
43
ယောနသန်က၊ အကယ်စင်စစ် ငါတို့အရှင်ဒါဝိဒ်မင်းကြီးသည် ရှောလမုန်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။
44
ရှင်ဘုရင်သည်လည်း ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသားဗေနာယ၊ ခေရသိလူ၊ ပေလသိလူတို့ကို ရှောလမုန်နှင့်အတူ စေလွှတ်တော်မူ၍ မြင်းလားတော်ပေါ်မှာ စီးစေကြပါပြီ။
45
ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် ပရောဖက်နာသန်တို့သည် ရှောလမုန်ကို ဂိဟုန်မြို့၌ ရာဇဘိသိက်ပေးပါပြီ။ ထိုမြို့မှ ဝမ်းမြောက်စွာလာပြန်၍၊ တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်သောအသံကို ကိုယ်တော်ကြားရပါ၏။
46
ရှောလမုန်သည်လည်း ရာဇပလ္လင်တော်ပေါ်မှာ ထိုင်ပါ၏။
47
ရှင်ဘုရင်၏ကျွန်တို့သည်လည်း တို့အရှင်ဒါဝိဒ်မင်းကြီးကို ကောင်းချီးပေးခြင်းငှာ သွား၍ ဘုရားသခင်သည် ရှောလမုန်၏နာမကို ခမည်းတော်၏နာမထက် သာ၍ချီးမြှောက်တော်မူပါစေသော။ သူ၏ရာဇပလ္လင်ကို ခမည်းတော်၏ ရာဇပလ္လင်ထက် သာ၍ ဘုန်းကြီးမည်အကြောင်း စီရင်တော်မူပါစေသောဟု လျှောက်လျှင်၊ ရှင်ဘုရင်သည် သာလွန်တော်ပေါ်မှာဦးချလျက်၊
48
ငါသည် ကိုယ်မျက်စိနှင့်မြင်စေခြင်းငှာ၊ ငါ့နန်းပေါ်မှာ ထိုင်ရသောသူကို ယနေ့ပေးသနားတော်မူသော ဣသရေလအမျိုး၏ရှင်ဘုရင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်းဟု မိန့်တော်မူကြောင်းကို အဒေါနိယအား ပြန်လျှောက်လေ၏။
49
ထိုအခါ အဒေါနိယနှင့် ပေါင်းဖော်သောသူအပေါင်းတို့သည် ကြောက်ရွံ့သဖြင့် ထ၍ တစ်ယောက်တခြားစီ သွားကြ၏။
50
အဒေါနိယသည်လည်း ရှောလမုန်ကိုကြောက်သဖြင့် ထသွား၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်နေ၏။
51
အဒေါနိယသည် ရှောလမုန်မင်းကြီးကို ကြောက်၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်၊ ရှောလမုန်မင်းကြီးသည် ကျွန်တော်ကို မကွပ်မျက်မည်အကြောင်း ယနေ့ကျိန်ဆိုတော်မူပါစေဟု ဆိုကြောင်းကို ရှောလမုန်အားလျှောက်လေသော်၊
52
ရှောလမုန်က၊ သူသည်လူကောင်းဖြစ်လျှင်၊ ဆံခြည်တစ်ပင်မျှ မြေသို့မကျရ။ အပြစ်ရှိလျှင် အသေခံရမည်ဟုအမိန့်တော်ရှိ၍၊
53
လူကိုစေလွှတ်သဖြင့်၊ အဒေါနိယကို ယဇ်ပလ္လင်မှ ခေါ်ခဲ့သည်အတိုင်း၊ သူသည်လာ၍ ရှောလမုန်မင်းကြီးရှေ့မှာ ဦးချလေ၏။ ရှောလမုန်ကလည်း၊ သင့်အိမ်သို့ သွားလော့ဟု မိန့်တော်မူ၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22