bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Kings 21
1 Kings 21
Burmese 2021
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 22 →
1
ထိုနောက်မှ ယေဇရေလမြို့သား နာဗုတ်ပိုင်သောစပျစ်ဥယျာဉ်သည် ယေဇရေလမြို့တွင်၊ ရှမာရိမင်းကြီး အာဟပ်၏နန်းတော်နားမှာရှိသည်ဖြစ်၍၊
2
အာဟပ်မင်းက၊ သင့်စပျစ်ဥယျာဉ်သည် နန်းတော်နားမှာရှိသောကြောင့် ယာလုပ်စရာဖို့ပေးပါ။ သာ၍ကောင်းသော ဥယျာဉ်ကိုငါပေးမည်။ သို့မဟုတ် သင်အလိုရှိလျှင် အဖိုးကိုပေးမည်ဟု နာဗုတ်အားဆိုလျှင်၊
3
နာဗုတ်က၊ ဘိုးဘေးလက်မှ အမွေခံသောမြေကို ကိုယ်တော်အား ပေးရသောအမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု ပြန်လျှောက်၏။
4
ဘိုးဘေးမှ အမွေခံသောမြေကို မပေးရဟု ယေဇရေလမြို့သား နာဗုတ်လျှောက်သော စကားကြောင့် အာဟပ်မင်းသည်ညစ်ညူးသောစိတ်နှင့် ညှိုးငယ်လျက်၊ နန်းတော်သို့သွား၍ အစာကိုမစား၊ မျက်နှာကိုလွှဲ၍ သလွန်ပေါ်မှာ အိပ်လျက်နေ၏။
5
ခင်ပွန်းယေဇဗေလသည် လာ၍၊ အစာကိုမစားနိုင်အောင် စိတ်တော်သည် အဘယ်ကြောင့် ညှိုးငယ်တော်မူသနည်းဟုမေးလျှင်၊
6
မင်းကြီးက၊ ယေဇရေလမြို့သားနာဗုတ်ကို ငါခေါ်၍ သင့်စပျစ်ဥယျာဉ်ကို ရောင်းပါ။ သို့မဟုတ် သင်အလိုရှိလျှင် အခြားသောဥယျာဉ်ကို ငါပေးမည်ဟုဆိုသော်၊ ထိုဥယျာဉ်ကို ကိုယ်တော်အားမပေးရဟု ပြန်ပြောသောကြောင့် စိတ်ညှိုးငယ်သည်ဟု ဆို၏။
7
ခင်ပွန်းယေဇဗေလက၊ ကိုယ်တော်သည် ဣသရေလနိုင်ငံကို အစိုးရတော်မူသည် မဟုတ်လော။ ထ၍ ရွှင်လန်းသောစိတ်နှင့် စားတော်ခေါ်ပါ။ ကျွန်မသည် ယေဇရေလမြို့သားနာဗုတ်၏ စပျစ်ဥယျာဉ်ကို ဆက်ပါမည်ဟုဆိုသည်အတိုင်း၊
8
အာဟပ်မင်း၏ အခွင့်နှင့်စာရေး၍ တံဆိပ်တော်နှင့်ခတ်ပြီးမှ၊ နာဗုတ်နေရာမြို့၌ သူနှင့်အတူနေသော အသက်ကြီးသူနှင့် မှူးမတ်များထံသို့ ပေးလိုက်လေ၏။
9
စာချက်ဟူမူကား၊ အစာရှောင်ရာအချိန်ကို ကြွေးကြော်၍၊ နာဗုတ်ကို လူများရှေ့မှာ မြှောက်ထားကြလော့။
10
သူ့ရှေ့မှာ အဓမ္မလူနှစ်ယောက်ကိုထား၍၊ သင်သည် ဘုရားသခင်နှင့် ရှင်ဘုရင်ကိုစွန့်ပယ်ပြီဟု သက်သေခံပါလေစေ။ သို့ပြီးမှ သူ့ကိုထုတ်၍ သေစေခြင်းငှာ ကျောက်ခဲနှင့်ပစ်ကြလော့ဟု ပါသတည်း။
11
ယေဇဗေလပေးလိုက်သော စာ၌ပါသည်အတိုင်း၊ နာဗုတ်နေသောမြို့သား အသက်ကြီးသူနှင့် မှူးမတ်တို့သည်ပြုလျက်၊
12
အစာရှောင်ရာအချိန်ကို ကြွေးကြော်၍ နာဗုတ်ကို လူများရှေ့မှာမြှောက်ထားကြ၏။
13
အဓမ္မလူနှစ်ယောက်သည်လာ၍ သူ့ရှေ့မှာထိုင်လျက်၊ နာဗုတ်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို စွန့်ပယ်ပြီဟု လူများရှေ့တွင် နာဗုတ်တစ်ဖက်၌ သက်သေခံကြလျှင်၊ နာဗုတ်ကို မြို့ပြင်သို့ထုတ်၍ သေအောင် ကျောက်ခဲနှင့်ပစ်ကြ၏။
14
ထိုအခါ နာဗုတ်သည် ကျောက်ခဲနှင့်ပစ်ခြင်းကိုခံရ၍ သေပါပြီဟု ယေဇဗေလထံသို့စေလွှတ်၍ ကြားလျှောက်ကြ၏။
15
ထိုအကြောင်းကို ယေဇဗေလသည်ကြားလျှင်၊ ယေဇရေလမြို့သားနာဗုတ် မရောင်းလိုသော စပျစ်ဥယျာဉ်ကို ထ၍ သိမ်းယူတော်မူပါ။ နာဗုတ်အသက်မရှိ၊ သေပါပြီဟုဆို၏။
16
နာဗုတ်သေကြောင်းကို အာဟပ်သည် ကြားလျှင်၊ ယေဇရေလမြို့ သားနာဗုတ်၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှာ ထသွား၏။
17
ထိုအခါ တိရှဘိမြို့သားဧလိယသို့ ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်က၊
18
သင်သည် ရှမာရိမြို့၌နေသော ဣသရေလ ရှင်ဘုရင်အာဟပ်ကို ကြိုဆိုအံ့သောငှာ ထသွားလော့။ သူသည်နာဗုတ်၏စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှာသွား၍ ယခုဥယျာဉ်၌ရှိ၏။
19
ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် လူအသက်ကိုသတ်၍ သူ့ဥစ္စာကို သိမ်းယူပြီလော။ တစ်ဖန်မိန့်တော်မူသည်ကား၊ ခွေးတို့သည် နာဗုတ်အသွေးကို လျက်သောအရပ်၌ သင့်အသွေးကိုပင်လျက်ကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထားတော်မူ၏။
20
အာဟပ်ကလည်း၊ အချင်းရန်သူ၊ ငါနှင့်တွေ့ပြီလောဟု ဧလိယအားဆိုလျှင်၊ ဧလိယကသင်သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုလို၍ ကိုယ်ကိုရောင်းသောကြောင့် သင်နှင့်ငါတွေ့ပြီ။
21
ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အပေါ်သို့ ဘေးဥပဒ်ရောက်စေမည်။ ဣသရေလမြို့ရွာ၌ ချုပ်ထားသော သူဖြစ်စေ၊ အလွတ်ပြေးသောသူ ဖြစ်စေ၊ အာဟပ်အမျိုးယောက်ျားများကို ပယ်ဖြတ်မည်။
22
ငါ့အမျက်ကို နှိုးဆော်သောအပြစ်နှင့် ဣသရေလအမျိုးကိုပြစ်မှားစေသောအပြစ်ကြောင့်၊ သင့်အမျိုးကို နေဗတ်၏သား ယေရောဗောင်အမျိုးနှင့် အဟိယ၏သား ဗာရှာအမျိုးကဲ့သို့ ငါဖြစ်စေမည်။
23
ယေဇဗေလအမှုမှာ ထာဝရဘုရားမိန့်တော်မူ သည်ကား၊ ယေဇရေလမြို့ရိုးနားမှာ ခွေးတို့သည် ယေဇဗေလကို စားကြလိမ့်မည်။
24
အာဟပ်အမျိုးသည် မြို့ထဲမှာသေလျှင် ခွေးစားလိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုးကောင်းကင်ငှက် စားလိမ့်မည်ဟုမိန့်တော်မူကြောင်းကို အာဟပ်အားဆင့်ဆို၏။
25
အာဟပ်နှင့်တူသောသူ တစ်ယောက်မျှမရှိ။ ခင်ပွန်းယေဇဗေလသည် တိုက်တွန်းသဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုလို၍ ကိုယ်ကိုရောင်းသောသူဖြစ်၏။
26
ထာဝရဘုရားသည် ဣသရေလအမျိုးရှေ့မှ နှင်ထုတ်တော်မူသော အာမောရိအမျိုးသား ပြုသမျှအတိုင်း၊ ရုပ်တုဆင်းတုကိုဆည်းကပ်၍ စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြု၏။
27
သို့ရာတွင် ဧလိယဆင့်ဆိုသောစကားတော်ကို ကြားလျှင်၊ မိမိအဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကို ဝတ်၏။ အစာရှောင်ခြင်း၊ လျှော်တေအဝတ်၌ အိပ်ခြင်းကိုပြု၍ ဖြည်းဖြည်းသွားလာ၏။
28
ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် တိရှဘိမြို့သားဧလိယသို့ ရောက်လာသည်ကား၊
29
အာဟပ်သည် ငါ့ရှေ့မှာနှိမ့်ချသည်ကို မြင်ပြီလော။ ထိုသို့ ငါ့ရှေ့မှာနှိမ့်ချသောကြောင့်၊ သူ့လက်ထက်၌ ထိုဘေးဥပဒ်ကို ငါမရောက်စေ။ သူ့သားလက်ထက်၌ သူ့အမျိုးအပေါ်သို့ ရောက်စေမည်ဟု မိန့်တော်မူ၏။
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22