bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Kings 6
1 Kings 6
Burmese 2021
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 7 →
1
ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သော သက္ကရာဇ်လေးရာရှစ်ဆယ်ပြည့်၊ ရှောလမုန်မင်း နန်းစံလေးနှစ်၊ ဇိဖအမည်ရှိသော ဒုတိယလတွင်၊ ထာဝရဘုရား၏အိမ်တော်ကို တည်စပြုတော်မူ၏။
2
ထိုအိမ်တော်အလျားသည် အတောင်ခြောက်ဆယ်၊ အနံ အတောင်နှစ်ဆယ်၊ အမြင့် အတောင်သုံးဆယ်ရှိ၏။
3
အိမ်တော်ဦးသည်လည်း အိမ်တော်အနံနှင့်ညီ၍ အလျား အတောင်နှစ်ဆယ်၊ အနံ ဆယ်တောင်ရှိ၏။
4
အိမ်တော်လင်းစရာဖို့ ကျဉ်းသော ပြတင်းပေါက်တို့ကို လုပ်လေ၏။
5
အိမ်တော်ပြင်ထရံနှင့် ဗျာဒိတ်ဌာနတော်ပြင် ထရံပတ်လည်၌ အခန်းတို့ကိုလည်း လုပ်လေ၏။
6
အောက်အခန်းသည် အနံငါးတောင်၊ အလယ်အခန်း အနံခြောက်တောင်၊ အထက်အခန်း အနံခုနစ်တောင်ရှိ၏။ အကြောင်းမူကား၊ အခန်းတို့သည် အိမ်တော်ထရံကိုယ်ထဲသို့ မဝင်။ ထရံဆုတ်လျက်၊ ဆုတ်လျက်တက်၏။
7
ထိုအိမ်တော်ကို တည်လုပ်သောအခါ၊ ထိုအရပ်သို့မဆောင်ခဲ့မီ ဆစ်ပြီးသော ကျောက်တို့ဖြင့်သာတည်လုပ်သောကြောင့်၊ သံတူ၊ ပုဆိန်၊ သံတန်ဆာနှင့်လုပ်သောအသံ မမြည်ရ။
8
အောက်အခန်းထဲသို့ဝင်သော တံခါးဝသည် အိမ်တော်လက်ယာဘက်မှာ ရှိ၏။ လိမ်သောလှေကားဖြင့် အလယ်အခန်းသို့လည်းကောင်း၊ အလယ်အခန်းမှ အထက်အခန်းသို့လည်းကောင်း၊ တက်ရ၏။
9
အိမ်တော်ကို တည်ပြီးမှ ထုပ်များတိုင်များကို အာရဇ်ပျဉ်ပြားနှင့် ဖုံးအုပ်လေ၏။
10
ထရံအခန်းတို့သည်လည်း အမြင့်ငါးတောင်စီ ရှိ၏။ အာရဇ်ရက်မတို့သည် အိမ်တော်ကိုမှီလျက် ရှိကြ၏။
11
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ရှောလမုန်သို့ ရောက်လာသည်ကား၊
12
ယခုတည်ဆောက်သော အိမ်တော်အရာမှာ၊ သင်သည် ငါသွန်သင်သောလမ်းသို့ လိုက်လျက်၊ ငါစီရင်ချက်အတိုင်း စီရင်၍၊ ငါပညတ်သမျှတို့ကို စောင့်ရှောက်လျှင်၊ သင်၏အဘဒါဝိဒ်အား ငါကတိထားသည်အတိုင်း သင်၌ငါပြုမည်။
13
ငါ၏လူဣသရေလအမျိုးကို ငါမစွန့်။ သူတို့အလယ်၌ နေမည်ဟု မိန့်တော်မူ၏။
14
ထိုသို့ရှောလမုန်သည် အိမ်တော်ကိုတည်၍ ပြီးလေ၏။
15
ကြမ်းမှသည်အမိုးတိုင်အောင် အတွင်းထရံကို အာရဇ်ပျဉ်ပြားနှင့် ဖုံးအုပ်၍၊ ကြမ်းကိုလည်း ဒုကြီးသောထင်းရှူးပျဉ်ပြားဖြင့် ပြီးစေ၏။
16
အလွန်သန့်ရှင်းရာဌာန၊ ဗျာဒိတ်ဌာနတော်အဖို့ အလျားအနံ အတောင်နှစ်ဆယ်စီကျယ်သော အိမ်တော်တစ်ပိုင်းကိုအခန်းကာ၍ ကြမ်းနှင့် ထရံကို အာရဇ်ပျဉ်ပြားဖြင့် ပြီးစေ၏။
17
ထိုအခန်းရှေ့မှာတည်သော ဗိမာန်တော်အလျားသည် အတောင်လေးဆယ်ရှိ၏။
18
အိမ်တော်အတွင်း၌ အာရဇ်ပျဉ်ပြားတို့သည် ဘူးသီးအပြောက်၊ ပန်းပွင့်အပြောက်နှင့် ပြည့်စုံကြ၏။ ကျောက်မပေါ်စေခြင်းငှာ အာရဇ်သားနှင့်ဖုံးအုပ်လျက် သာရှိ၏။
19
ထိုသို့ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို တင်ထားရန်၊ အိမ်တော်အတွင်း၌ ဗျာဒိတ်ဌာနတော်ကို ပြင်ဆင်လေ၏။
20
ဗျာဒိတ်ဌာနတော်အခန်းသည် အလျား အတောင်နှစ်ဆယ်၊ အနံ အတောင်နှစ်ဆယ်၊ အမြင့် အတောင်နှစ်ဆယ်ရှိ၏။ ထိုအခန်းကိုလည်းကောင်း၊ အာရဇ်သစ်သားနှင့်လုပ်သော ယဇ်ပလ္လင်ကိုလည်းကောင်း၊ ရွှေစင်နှင့်မွမ်းမံလေ၏။
21
ထိုသို့ အိမ်တော်အတွင်းကို ရွှေစင်နှင့်မွမ်းမံပြီးမှ၊ ဗျာဒိတ်ဌာနတော်ရှေ့မှာ ရွှေကြိုးဖြင့် အကွယ်အကာကို ဆွဲထား၍၊ ရွှေနှင့်မွမ်းမံလေ၏။
22
အိမ်တော်တစ်အိမ်လုံးကိုလည်းကောင်း၊ ဗျာဒိတ်ဌာနတော်နားမှာရှိသော ယဇ်ပလ္လင်ကိုလည်းကောင်း၊ ရွှေနှင့် အကုန်အစင် မွမ်းမံလေ၏။
23
ဗျာဒိတ်ဌာနတော်ထဲမှာ အမြင့်ဆယ်တောင်ရှိသော ခေရုဗိမ်နှစ်ပါးကို သံလွင်သားနှင့်လုပ်လေ၏။
24
ခေရုဗိမ်အတောင်တို့သည် တစ်ဖက်တစ်ချက် အလျားငါးတောင်စီရှိ၍၊ အတောင်ဖျား တစ်ခုမှ တစ်ခုတိုင်အောင် ဆယ်တောင်ရှိ၏။
25
အမြင့်ဆယ်တောင်ရှိသည်ဖြစ်၍၊ ခေရုဗိမ်နှစ်ပါးသည် အလုံးအရပ်ပမာဏတူ၏။
26
ထိုခေရုဗိမ်တို့ကို အတွင်းအိမ်တော်ထဲမှာ တင်ထားသဖြင့်၊ ခေရုဗိမ်အတောင်တို့သည် ဖြန့်လျက်၊
27
အတောင်ဖျား တစ်ဖက်တစ်ချက်၌ ထရံကိုမှီလျက်၊ အလယ်မှာ အတောင်ဖျား တစ်ခုနှင့်တစ်ခုထိလျက် ရှိကြ၏။
28
ခေရုဗိမ်တို့ကိုလည်း ရွှေနှင့်မွမ်းမံလေ၏။
29
အိမ်တော်ထရံအတွင်းဘက်နှင့် ပြင်ဘက်၌ထုသော ခေရုဗိမ်အရုပ်နှင့် အပွင့်ပွင့်သော စွန်ပလွံပင်အရုပ်များရှိကြ၏။
30
အိမ်တော်အတွင်း ကြမ်းနှင့် ပြင်ကြမ်းကိုလည်း ရွှေနှင့်မွမ်းမံလေ၏။
31
ဗျာဒိတ်ဌာနတော်ဝင်ဝဖို့ သံလွင်သား တံခါးရွက်နှစ်ရွက်ကို လုပ်၍၊ တံခါးထုပ်နှင့်တံခါးတိုင်တို့သည် ထရံငါးစုတစ်စုကို စားကြ၏။
32
သံလွင်သားတံခါးရွက်တို့၌ ခေရုဗိမ်အရုပ်၊ အပွင့်ပွင့်သော စွန်ပလွံပင်အရုပ်များကို ထုလုပ်၍၊ တံခါးရွက်နှင့်ခေရုဗိမ်အရုပ်၊ စွန်ပလွံပင်အရုပ်တို့ကို ရွှေနှင့်မွမ်းမံလေ၏။
33
ထိုအတူ အိမ်တော်ပြင်ထရံ လေးစုတစ်စု ကျယ်သောဝင်ဝဖို့ သံလွင်တံခါးတိုင်တို့ကိုလည်းကောင်း၊
34
တံခါးရွက်တစ်ရွက်လျှင် ပတ္တာနှစ်ခုစီဖြင့် လည်တတ်သော ထင်းရှူးသား တံခါးရွက်နှစ်ရွက်တို့ကိုလည်းကောင်း လုပ်လေ၏။
35
တံခါးရွက်၌ ခေရုဗိမ်အရုပ်နှင့် အပွင့်ပွင့်သော စွန်ပလွံပင်အရုပ်များကို ထုလုပ်၍ အပြောက်ကို ရွှေနှင့်မွမ်းမံလေ၏။
36
အတွင်းတံတိုင်းကိုလည်း ဆစ်သောကျောက်တန်း သုံးဆင့်၊ အာရဇ်သစ်သားတန်း တစ်ဆင့်နှင့် အထပ်ထပ်တည်လေ၏။
37
နန်းစံလေးနှစ်၊ ဇိဖလတွင် ထာဝရဘုရား၏အိမ်တော်တိုက်မြစ်ကို ချကြ၍၊
38
နန်းစံဆယ်တစ်နှစ်၊ ဗုလအမည်ရှိသော အဋ္ဌမလတွင် အိမ်တော် အခန်းကြီးအခန်းငယ်တို့နှင့် ဆိုင်သမျှတို့ကို လက်စသတ်၍ ခုနစ်နှစ်ပတ်လုံး အိမ်တော်ကို တည်ဆောက်သတည်း။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22