bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Kings 5
1 Kings 5
Burmese 2021
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 6 →
1
ရှောလမုန်ကို ခမည်းတော်အရာ၌ ဘိသိက်ပေးကြောင်းကို တုရုမင်းကြီးဟိရံသည် ကြားလျှင်၊ ဒါဝိဒ်နှင့်အစဉ် မိတ်ဆွေဖွဲ့သောသူဖြစ်၍၊ မိမိကျွန်တို့ကို စေလွှတ်လေ၏။
2
တစ်ဖန် ရှောလမုန်သည်လည်း၊ ဟိရံထံသို့စေလွှတ်လျက်၊
3
ငါ့အဘဒါဝိဒ်သည် အရပ်ရပ်၌ စစ်တိုက်ရသောကြောင့်၊ ထာဝရဘုရားသည် ရန်သူတို့ကို အဘခြေဖဝါးတော်အောက်သို့ နှိမ့်ချတော်မမူမီတိုင်အောင်၊ မိမိဘုရားသခင်ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို မတည်မဆောက်ရဟု မင်းကြီးသိ၏။
4
ယခုမူကား၊ ငါ၏ဘုရားသခင်ထာဝရဘုရားသည် အရပ်ရပ်၌ငြိမ်ဝပ်မည်အကြောင်း စီရင်တော်မူသဖြင့်၊ ရန်ဘက်ပြုသောသူ၊ ဆီးတားသောသူ မရှိသည်ဖြစ်၍၊
5
ထာဝရဘုရားက၊ ငါ့အဘဒါဝိဒ်အား သင့်ကိုယ်စား သင်၏ရာဇပလ္လင်ပေါ်မှာ ငါတင်သော သင်၏သားသည် ငါ့နာမအဖို့ အိမ်ကို တည်ဆောက်ရမည်ဟု မိန့်တော်မူသည်အတိုင်း၊ ငါ၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်မည်ဟု ငါအကြံရှိ၏။
6
မင်းကြီး၏ကျွန်တို့သည် ငါ့အဖို့ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်တို့ကို ခုတ်လှဲစေခြင်းငှာ စီရင်ပါ။ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့်ဝိုင်း၍ လုပ်ကိုင်ကြလိမ့်မည်။ မင်းကြီးစီရင်သည်အတိုင်း၊ မင်းကြီး၏ ကျွန်တို့အား အခကိုပေးပါမည်။ ဇိဒုန်အမျိုးသားတို့သည် သစ်ခုတ်တတ်သကဲ့သို့ ငါတို့တွင် အဘယ်သူမျှ မခုတ်တတ်သည်ကို မင်းကြီးသိသည်ဟု မှာလိုက်လေ၏။
7
ရှောလမုန်မင်း၏စကားကို ဟိရံမင်းသည်ကြားလျှင် အလွန်ဝမ်းမြောက်၍၊ ထိုလူမျိုးကြီးကို အစိုးရသောသားကို ဒါဝိဒ်အားပေးတော်မူသော ထာဝရဘုရားသည် ယနေ့ မင်္ဂလာရှိတော်မူစေသတည်းဟု ဆိုလျက်၊
8
မင်းကြီးမှာလိုက်သော အမှုကို ငါဆင်ခြင်ပြီ။ အာရဇ်သစ်သား၊ ထင်းရှူးသစ်သားလိုသမျှကို ပေးပါမည်။
9
ငါ့ကျွန်တို့သည် လေဗနုန်တောင်မှ ပင်လယ်သို့ချပြီးလျှင်၊ ဘောင်လုပ်၍ မင်းကြီးစီရင်သောအရပ်သို့ ပင်လယ်လမ်းဖြင့် ဆောင်ခဲ့၍၊ ထိုအရပ်၌အပ်သဖြင့် မင်းကြီးခံယူရမည်။ မင်းကြီးသည်လည်း၊ ငါ၏နန်းတော်သား စားစရာရိက္ခာကိုပေး၍ ငါ့အလိုကိုလည်း ပြည့်စုံစေရမည်ဟု ရှောလမုန်ထံသို့ လူကိုစေလွှတ်၍ ပြန်ပြော၏။
10
ထိုသို့ဟိရံသည် ရှောလမုန် အလိုရှိသမျှသော အာရဇ်သစ်သား၊ ထင်းရှူးသစ်သားကို ပေး၏။
11
ရှောလမုန်သည်လည်း၊ ဟိရံ၏နန်းတော်သားများ စားစရာဖို့ တစ်နှစ်တစ်နှစ်လျှင် ဂျုံဆန်ကောရ နှစ်သောင်း၊ စစ်ပြီးသောဆီ ကောရနှစ်ဆယ်ကို ပေး၏။
12
ထာဝရဘုရားသည်လည်း၊ ကတိတော်ရှိသည်အတိုင်း၊ ရှောလမုန်အားပညာကိုပေးတော်မူ၏။ ဟိရံမင်းနှင့် ရှောလမုန်မင်းနှစ်ပါးတို့သည် စစ်တိုက်ခြင်းမရှိ။ မိတ်သဟာယဖွဲ့ကြ၏။
13
ရှောလမုန်မင်းကြီးသည်လည်း၊ ဣသရေလလူအပေါင်းတို့တွင် လူသုံးသောင်းတို့ကို ခွဲခန့်၍၊
14
အလှည့်အလှည့် တစ်လလျှင်တစ်သောင်းစီ၊ လေဗနုန်တောင်သို့ စေလွှတ်သဖြင့်၊ ထိုလူတို့သည် လေဗနုန်တောင်ပေါ်မှာတစ်လ၊ ကိုယ်နေရာအရပ်၌ နှစ်လနေရကြ၏။ ထိုလူတို့ကို အဒေါနိရံအုပ်ရ၏။
15
ထမ်းရွက်သောသူ ခုနစ်သောင်း၊ တောင်ရိုးပေါ်မှာ သစ်ခုတ်သောသူ ရှစ်သောင်းတို့ကိုလည်း စေခိုင်းတော်မူ၍၊
16
အုပ်ချုပ်သော မင်းအရာရှိမှတစ်ပါး လုပ်ဆောင်သောသူတို့ကို စီရင်သောသူ သုံးထောင်သုံးရာရှိ၏။
17
ရှင်ဘုရင်၏ အမိန့်တော်အတိုင်း အိမ်တော်တိုက်မြစ်အဖို့ ကြီးသောကျောက်၊ အဖိုးထိုက်သောကျောက်၊ ဆစ်ပြီးသောကျောက်တို့ကို ဆောင်ခဲ့ကြ၏။
18
ထိုသို့ ရှောလမုန်မင်း၏လက်သမားတို့နှင့် ဟိရံမင်း၏လက်သမားတို့သည် ဂေဗာလအမျိုးသားတို့နှင့်တကွ၊ အိမ်တော်ကိုတည်ဆောက်စရာဖို့ သစ်သားများ၊ ကျောက်များတို့ကို ပြင်ဆင်ကြ၏။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22