bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Kings 19
1 Kings 19
Burmese 2021
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 20 →
1
ဧလိယပြုသောအမှုနှင့် ပရောဖက်အပေါင်းတို့ကို ဓားနှင့်ကွပ်မျက်သောအမှုကို၊ အာဟပ်သည် ယေဇဗေလအား အကုန်အစင်ကြားပြော၏။
2
ယေဇဗေလက၊ နက်ဖြန်နေ့ ယခုအချိန်ရောက်မှ၊ သင့်အသက်သည် ထိုပရောဖက်တို့၏ အသက်ကဲ့သို့ ငါမဖြစ်စေလျှင်၊ ဘုရားတို့သည် ငါ၌ထိုမျှမကပြုပါစေသောဟု တမန်ကို ဧလိယထံသို့စေလွှတ်၍ ကြားလိုက်၏။
3
ထိုအခါ ဧလိယသည်ကြောက်သဖြင့်၊ ထ၍ အသက်လွတ်အောင် ယုဒခရိုင်ဗေရရှေဘမြို့သို့ သွား၏။ ထိုမြို့၌ ကျွန်ကိုထားခဲ့၍၊
4
သူ့ကိုယ်တိုင်သည် တောသို့ တစ်နေ့ခရီးသွားပြီးလျှင်၊ ရသမ်ပင်အောက်သို့ ရောက်၍ ထိုင်လေ၏။ ထိုအခါ ကိုယ်အသက်သေရမည်အကြောင်း ဆုတောင်းလျက်၊ အိုထာဝရဘုရား၊ ယခုတန်ပါ၏။ အကျွန်ုပ်အသက်ကို သိမ်းယူတော်မူပါ။ အကျွန်ုပ်သည် ဘိုးဘေးတို့ထက် သာ၍မကောင်းပါဟု မြည်တမ်းပြီးလျှင်၊
5
ရသမ်ပင်အောက်မှာ အိပ်ပျော်၏။ ထိုအခါ ကောင်းကင်တမန်က၊ ထ၍စားလော့ဟု သူ့ကိုတို့လျက်ဆို၏။
6
ဧလိယသည် မျှော်ကြည့်သောအခါ၊ မီးနှင့်ဖုတ်သောမုန့်ပြားနှင့် ခေါင်းရင်း၌ ရေဘူးရှိသည်ကိုမြင်၍ စားသောက်ပြီးမှ တစ်ဖန်အိပ်ပျော်၏။
7
ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဒုတိယအကြိမ်လာ၍ သူ့ကိုတို့လျက်၊ သွားရမည့်ခရီးသည် အလွန်ဝေးသောကြောင့်၊ ထ၍ စားဦးလော့ဟုဆိုသည် အတိုင်း၊
8
ဧလိယသည် ထ၍ စားသောက်ပြန်၏။ ထိုအစာအာဟာရကို အမှီပြုလျက်၊ အရက်လေးဆယ်ခရီးသွား၍ ဘုရားသခင်နှင့်ဆိုင်သော ဟောရပ်တောင်သို့ ရောက်သဖြင့်၊
9
ဥမင်ထဲသို့ ဝင်၍နေ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာသည်ကား၊ ဧလိယ၊ သင်သည် ဤအရပ်၌ အဘယ်သို့ပြုလျက်နေသနည်းဟု မေးတော်မူ၏။
10
ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက်၌ အလွန်စိတ်အားကြီးပါပြီ။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏ ပဋိညာဉ်တရားကိုစွန့်ပြီးလျှင်၊ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍ ကိုယ်တော်၏ပရောဖက်များကို ဓားနှင့် သတ်ကြပါပြီ။ အကျွန်ုပ်တစ်ယောက်တည်းကျန်ရစ်၍၊ အကျွန်ုပ်အသက်ကိုပင်သတ်ခြင်းငှာ ရှာကြပါသည်ဟု လျှောက်လေ၏။
11
နှုတ်ကပတ်တော်ကလည်း ထွက်လော့။ ထာဝရဘုရားရှေ့ တောင်ပေါ်မှာရပ်နေလော့။ ထာဝရဘုရားလျှောက်သွားမည်ဟု မိန့်တော်မူ၏။ ထိုအခါ အားကြီးသောလေပြင်းသည် တောင်ထိပ်တို့ကိုခွဲ၍၊ ထာဝရဘုရားရှေ့တော်၌ ကျောက်တို့ကို ချိုးဖဲ့၏။ သို့ရာတွင် ထာဝရဘုရားသည် လေ၌ရှိတော်မမူ။ လေနောက်မှာ မြေလှုပ်ခြင်းရှိ၏။ သို့ရာတွင် ထာဝရဘုရားသည် မြေလှုပ်ရှားခြင်း၌လည်း ရှိတော်မမူ။
12
မြေလှုပ်ခြင်းနောက်မှာ မီးရှိ၏။ သို့ရာတွင် ထာဝရဘုရားသည် မီး၌လည်း ရှိတော်မမူ၊ မီးနောက်မှာ ဖြည်းညင်းသောအသံ ရှိ၏။
13
ထိုအသံကို ဧလိယသည်ကြားလျှင်၊ မျက်နှာကို ဝတ်လုံနှင့်ဖုံးအုပ်လျက်ထွက်၍ ဥမင်ဝ၌ရပ်နေ၏။ ထိုအခါ ဧလိယ၊ သင်သည်ဤအရပ်၌ အဘယ်သို့ပြုလျက်နေသနည်းဟု အသံလာ၏။
14
ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက်၌ အလွန်စိတ်အားကြီးပါပြီ။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏ပဋိညာဉ်တရားကို စွန့်ပြီးလျှင်၊ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍၊ ကိုယ်တော်၏ ပရောဖက်များကို ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ယောက်တည်း ကျန်ရစ်၍၊ အကျွန်ုပ်အသက်ကိုပင် သတ်ခြင်းငှာ ရှာကြပါသည်ဟု လျှောက်လေသော်၊
15
ထာဝရဘုရားက၊ ဒမာသက်တောသို့ပြန်၍ ခရီးသွားလော့။ ရောက်သောအခါ ဟာဇေလကို ရှုရိရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။
16
နိမ်ရှိသား ယေဟုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။ အာဗေလမဟောလမြို့နေ၊ ရှာဖတ်သားဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အရာ၌ခန့်ထား၍ ဘိသိက်ပေးလော့။
17
သို့ဖြစ်၍ ဟာဇေလဓားနှင့် လွတ်သောသူကို ယေဟုသတ်လိမ့်မည်။ ယေဟုဓားနှင့် လွတ်သောသူကို ဧလိရှဲသတ်လိမ့်မည်။
18
သို့ရာတွင် ဗာလရှေ့၌ ဒူးထောက်ခြင်း၊ နမ်းခြင်းကို မပြုသောသူအပေါင်းတည်းဟူသော ဣသရေလ အမျိုးသားခုနစ်ထောင်တို့ကို ငါ့အဖို့ ငါကျန်ကြွင်းစေပြီဟု မိန့်တော်မူ၏။
19
ထိုအရပ်မှ ဧလိယသည် သွားပြီးလျှင်၊ နွားငါးရှဉ်းနှင့် လယ်ထွန်လျက်၊ နောက်ဆုံးနွားရှဉ်း၌ ကိုယ်တိုင်လိုက်သော ရှာဖတ်သားဧလိရှဲကိုတွေ့၍ အနား၌လျှောက်စဉ်တွင်၊ မိမိဝတ်လုံကို သူ့အပေါ်မှာတင်လေ၏။
20
ဧလိရှဲသည် နွားတို့ကိုပစ်ထား၍ ဧလိယနောက်သို့လိုက်လျက်၊ အကျွန်ုပ်သည် မိဘကိုနမ်းပါရစေ။ သို့ပြီးမှ ကိုယ်တော်နောက်သို့လိုက်ပါမည်ဟု အခွင့်တောင်းလျှင်၊ ဧလိယက ပြန်သွားလော့။ ငါသည် သင်၌ အဘယ်သို့ပြုဘိသနည်းဟုဆိုသော်၊
21
ဧလိရှဲသည်ပြန်သွား၍ နွားတစ်ရှဉ်းကိုသတ်ပြီးမှ၊ နွားသားကို လယ်ထွန်သောတန်ဆာနှင့်ပြုတ်၍ လူများတို့အားကျွေးလေ၏။ သို့ပြီးမှ ထ၍ ဧလိယနောက်သို့လိုက်လျက် လက်ထောက်ဖြစ်လေ၏။
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22