bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Kings 10
1 Kings 10
Burmese 2021
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 11 →
1
ရှေဘပြည်ကို အစိုးရသောမိဖုရားသည် ရှောလမုန်၏ဂုဏ်အသရေနှင့် ထာဝရဘုရား၏နာမတော်သတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿနာအားဖြင့် သူ့ကိုစုံစမ်းခြင်းငှာလာ၏။
2
နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဖိုးထိုက်သော ကျောက်တို့ကိုဆောင်သော ကုလားအုတ်များ၊ လိုက်သောသူများနှင့်တကွ ယေရုရှလင်မြို့သို့ရောက်၍၊ ရှောလမုန်မင်းကြီးထံတော်သို့ ဝင်သောအခါ၊ မိမိအလိုဆန္ဒရှိသမျှကို ဆွေးနွေးမေးမြန်းလေ၏။
3
သူမေးမြန်းသော ပြဿနာရှိသမျှတို့ကို ရှောလမုန်မင်းကြီးသည် ဖြေလေ၏။ နားမလည်၍ မဖြေနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိ။
4
ရှေဘမိဖုရားသည် ရှောလမုန်၏ပညာအလုံးစုံကိုလည်းကောင်း၊ တည်ဆောက်သော အိမ်တော်ကိုလည်းကောင်း၊
5
စားပွဲတော်တန်ဆာကိုလည်းကောင်း၊ အမှုတော်စောင့်တို့ နေရာထိုင်ရာကိုလည်းကောင်း၊ လုလင်တို့ခစားသည် အခြင်းအရာကိုလည်းကောင်း၊ သူတို့ဝတ်သောအဝတ်တန်ဆာကိုလည်းကောင်း၊ ဝန်စာရေးများကိုလည်းကောင်း၊ ထာဝရဘုရား၏အိမ်တော်၌ မီးရှို့ရာယဇ်ပူဇော်ခြင်းကိုလည်းကောင်း မြင်သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊
6
ကိုယ်တော်၏အခြင်းအရာနှင့် ကိုယ်တော်၏ပညာကို အကျွန်ုပ်သည် ကိုယ်ပြည်၌ကြားရသော သတင်းစကားမှန်ပါ၏။
7
သို့သော်လည်း၊ ကိုယ်တိုင်ရောက်၍မမြင်မီ ထိုစကားကိုမယုံ။ ယခုမူကား၊ အရင်ကြားသောစကားသည် တစ်ဝက်ကိုမျှမမီ။ ကိုယ်တော်၏ပညာနှင့် ကိုယ်တော်၏စည်းစိမ်သည် အကျွန်ုပ်ကြားရသောသတင်းကို လွန်ကဲပါ၏။
8
ရှေ့တော်၌အစဉ်နေ၍ ပညာတော်ကိုကြားရသော ကိုယ်တော်၏လူ၊ ကိုယ်တော်၏ကျွန်တို့သည် မင်္ဂလာရှိကြပါ၏။
9
ကိုယ်တော်ကိုနှစ်သက်၍၊ ဣသရေလနိုင်ငံ၏ရာဇပလ္လင်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် ဣသရေလအမျိုးကိုအစဉ်ချစ်သောကြောင့်၊ ဖြောင့်မတ်စွာ တရားစီရင်စေခြင်းငှာ ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီဟု ရှင်ဘုရင်အားပြောဆို၍၊
10
ရွှေအခွက်တစ်ရာနှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအား ဆက်သော နံ့သာမျိုးနှင့်အမျှ များပြားသောနံ့သာမျိုးသည် နောက်တစ်ဖန်မရောက်။
11
ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံသင်္ဘောတို့သည် အာလဂုံသစ်သားများ၊ ကျောက်မြတ်များကိုလည်း ဆောင်ခဲ့ကြ၏။
12
ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန်တော်ပွတ်လုံးတန်းနှင့် နန်းတော်ပွတ်လုံးတန်းကိုလည်းကောင်း၊ သီချင်းဆိုသောသူတို့ စောင်းနှင့်တယောတို့ကိုလည်းကောင်း လုပ်လေ၏။ ထိုသို့သော အာလဂုံသစ်သားသည် နောက်တစ်ဖန်မရောက်၊ ယနေ့တိုင်အောင် မပေါ်လာ။
13
ရှောလမုန်မင်းကြီးသည် အလိုလိုပေးသော လက်ဆောင်မှတစ်ပါး၊ ရှေဘမိဖုရား၏အလိုဆန္ဒပြည့်စုံစေခြင်းငှာ၊ သူတောင်းသမျှကိုလည်း ပေးတော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့်တကွ မိမိပြည်သို့ ပြန်သွားလေ၏။
14
ရှောလမုန်ထံသို့ တစ်နှစ်တစ်နှစ်လျှင် ရောက်သောရွှေအချိန်ကား အခွက်ခြောက်ရာခြောက်ဆယ်ခြောက်ပိဿာဖြစ်သတည်း။
15
ထိုမှတစ်ပါး ကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ၊ မြို့ဝန်များဆက်သောရွှေ ရှိသေး၏။
16
ရှောလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းကြီးနှစ်ရာ၊ သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုလုပ်၍ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သော နန်းတော်၌ ထားတော်မူ၏။
18
ရှင်ဘုရင်သည်လည်း၊ ဆင်စွယ်ရာဇပလ္လင်ကြီးကိုလုပ်၍ ရွှေစင်နှင့်မွမ်းမံလေ၏။
19
ရာဇပလ္လင်တော်သည် လှေကားခြောက်ထစ်ရှိ၏။ နောက်ဖေးဝိုင်း၏။ ထိုင်ရာတစ်ဖက်တစ်ချက်၌ မှီစရာလက်ရုံးတန်းနှင့် ပြည့်စုံ၍၊ လက်ရုံးတန်းအနားမှာ ခြင်္သေ့နှစ်ကောင်ရပ်နေ၏။
20
လှေကားခြောက်ထစ်အပေါ်တွင် တစ်ဖက်တစ်ချက်၌လည်း ခြင်္သေ့တစ်ဆယ်နှစ်ကောင် ရပ်နေ၏။ ထိုသို့သော ရာဇပလ္လင်သည် အဘယ်တိုင်းနိုင်ငံ၌မျှ မရှိ။
21
ရှောလမုန်မင်းကြီးသောက်သော ဖလားတော်ရှိသမျှနှင့် လေဗနုန်နန်းတော်၌ သုံးသော ဖလားတော်ရှိသမျှတို့သည် ငွေဖလားမဟုတ် ရွှေဖလားသက်သက်ဖြစ်၏။ ရှောလမုန်လက်ထက်၌ ငွေကို အလျှင်းပမာဏ မပြုတတ်ကြ။
22
ရှင်ဘုရင်သည် တာရှုသင်္ဘောကို ဟိရံမင်းသင်္ဘောနှင့်အတူ စေလွှတ်သဖြင့်၊ သုံးနှစ်တစ်ခါ တာရှုသင်္ဘောသည် ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ မျောက်များ၊ ဒေါင်းများကို ဆောင်ခဲ့တတ်၏။
23
ထိုသို့ရှောလမုန်သည် မြေကြီးပေါ်မှာ ရှိသမျှသော ရှင်ဘုရင်တို့ထက် ပညာနှင့်စည်းစိမ်အားဖြင့် လွန်ကဲ၏။
24
ရှောလမုန်၏နှလုံး၌ ဘုရားသခင်သွင်းပေးတော်မူသော ပညာကို မြေကြီးသားအပေါင်းတို့သည် ကြားရအံ့သောငှာ၊ မျက်နှာတော်ကို ဖူးလာကြ၏။
25
လာသောသူအသီးအသီးတို့သည် ရွှေဖလား၊ ငွေဖလား၊ အဝတ်တန်ဆာ၊ စစ်တိုက်လက်နက်၊ နံ့သာမျိုး၊ မြင်း၊ လားတို့ကို နှစ်တိုင်းအခွန်ဆက်ရကြ၏။
26
ရှောလမုန်သည်လည်း၊ ရထားများ၊ မြင်းစီးသူရဲများကိုဆည်းပူး၍၊ ရထားတစ်ထောင်နှင့် လေးရာ၊ မြင်းစီးသူရဲ တစ်သောင်းနှစ်ထောင်ရှိ၏။ ရထားထိန်းမြို့တို့၌လည်းကောင်း၊ ယေရုရှလင်မြို့ အထံတော်၌လည်းကောင်းထား၏။
27
ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ ငွေကိုကျောက်ခဲကဲ့သို့လည်းကောင်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ပေါက်သော သဖန်းပင်ကဲ့သို့လည်းကောင်း များပြားစေ၏။
28
ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တုပြည်၊ ကောမြို့မှဆောင်ခဲ့ရ၏။ ရှင်ဘုရင်၏ကုန်သည်တို့သည် အဖိုးပေးလျက် ကောမြို့၌ ခံယူရကြ၏။
29
အဲဂုတ္တုပြည်မှ ရထားတစ်ခုကို ငွေခြောက်ပိဿာနှင့်လည်းကောင်း၊ မြင်းတစ်စီးကို တစ်ပိဿာငါးဆယ်နှင့်လည်းကောင်း ရောင်းမြဲရှိ၏။ ထိုသို့ ဟိတ္တိမင်းကြီးနှင့် ရှုရိမင်းကြီးအပေါင်းတို့သည် အဲဂုတ္တုရထားနှင့် မြင်းတို့ကိုရတတ်ကြ၏။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22