bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Kings 4
1 Kings 4
Burmese 2021
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 5 →
1
ရှောလမုန်မင်းကြီးသည် ဣသရေလနိုင်ငံလုံးကို စိုးစံလျက်နေတော်မူ၏။
2
မှူးတော်မတ်တော်ဟူမူကား၊ ယဇ်ပုရောဟိတ်ဇာဒုတ်သား အာဇရိ၊
3
ရှိရှသား ဧလိဟောရပ်နှင့် အဟိယတို့သည် စာရေးတော်ကြီးဖြစ်၏။ အဟိလုပ်သား ယောရှဖတ်သည် အတွင်းဝန်ဖြစ်၏။
4
ယောယဒသား ဗေနာယသည် ဗိုလ်ချုပ်မင်းဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာတို့သည် ယဇ်ပုရောဟိတ်ဖြစ်၏။
5
နာသန်သားအာဇရိသည် ဝန်စာရေးအုပ်ဖြစ်၏။ နာသန်သားဇာဗုဒ်သည် မင်းသားအရာနှင့် တိုင်ပင်မတ်ဖြစ်၏။
6
အဟိရှာသည် နန်းတော်အုပ်ဖြစ်၏။ အာဗဒသားအဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။
7
ရှောလမုန်သည် ဣသရေလနိုင်ငံအရပ်ရပ်၌ ခန့်ထားသော ဝန်စာရေးတစ်ကျိပ်နှစ်ယောက်တို့သည် တစ်ယောက်တစ်လစီ ရှင်ဘုရင်နှင့် နန်းတော်သားတို့အဖို့ စားစရာကို ပြင်ဆင်ရကြ၏။
8
သူတို့အမည်ဟူမူကား၊ ဧဖရိမ်တောင်ရပ်မှာ ဟုရ၏သား၊
9
မာကတ်မြို့၊ ရှာလဗိမ်မြို့၊ ဗက်ရှေမက်မြို့၊ ဧလုမ္ဘေသနန်မြို့မှာ ဒေကာ၏သား၊
10
စောခေါမြို့၊ ဟေဖာပြည်လုံးနှင့်တကွ အရုဗုတ်မြို့မှာ ဟေသက်၏သား၊
11
ဒေါရပြည်လုံးကိုစီရင်သောသူ ရှောလမုန်၏ သမီးတော်တာဖတ်နှင့်စုံဖက်သော အဘိနဒပ်၏သား၊
12
တာနက်မြို့၊ မေဂိဒ္ဒေါမြို့နှင့် တကွဗက်ရှန်မြို့မှ အာဗေလမဟောလမြို့တိုင်အောင်မက၊ ယုတ်နန်မြို့အလွန်၊ ယေဇရေလမြို့ အောက်ဇာတနမြို့နှင့် နီးစပ်သော ဗက်ရှန်မြို့နယ်လုံးကိုစီရင်သော အဟိလုပ်၏သားဗာန၊
13
ဂိလဒ်ပြည်၌ မနာရှေ၏သား ယာဣရပိုင်သောမြို့များ၊ ဗာရှန်ပြည်၊ အာဂေါဘအရပ်၌မြို့ရိုး၊ ကြေးဝါတံခါးကျင်နှင့် ပြည့်စုံသော မြို့ကြီးခြောက်ဆယ်ကို စီရင်သော ဂိလဒ်ပြည်ရာမုတ်မြို့မှ ဂေဗာ၏သား၊
14
မဟာနိမ်မြို့မှာ ဣဒေါ၏သားအဟိနဒပ်၊
15
နဿလိခရိုင်ကို စီရင်သောသူ၊ ရှောလမုန်၏သမီးတော် ဗာသမတ်နှင့်စုံဖက်သော အဟိမတ်၊
16
အာရှာခရိုင်နှင့် အာလုပ်မြို့မှာ ဟုရှဲ၏သားဗာနာ၊
17
ဣသခါခရိုင်မှာပါရွာ၏သားယောရှဖတ်၊
18
ဗင်္ယာမိန်ခရိုင်မှာ ဧလာ၏သားရှိမိ၊
19
အာမောရိရှင်ဘုရင် ရှိဟုန်၏နိုင်ငံ၊ ဗာရှန်ရှင်ဘုရင်ဩဃ၏နိုင်ငံ၊ ဂိလဒ်ပြည်မှာ အခြားသောမင်းမရှိ။ တစ်ပါးတည်းစီရင်သော ဥရိ၏သားဂေဗတည်း။
20
ထိုကာလ၌၊ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည်အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ များပြား၍ စားသောက်ပျော်မွေ့လျက် နေကြ၏။
21
ရှောလမုန်သည်လည်း မြစ်ကြီးမှစ၍ ဖိလိတ္တိပြည်၊ အဲဂုတ္တုပြည်တိုင်အောင် တိုင်းနိုင်ငံလုံးကိုအစိုးရသဖြင့်၊ အရပ်ရပ်သားတို့သည် လက်ဆောင်ပဏ္ဏာတို့ကို ဆက်၍၊ ရှောလမုန်လက်ထက် ကာလပတ်လုံး မင်းမှုကို ဆောင်ရွက်ရကြ၏။
22
တစ်နေ့တစ်နေ့လျှင် နန်းတော်၌ကုန်သော ရိက္ခာဟူမူကား၊ ဂျုံမုန့်ညက် ကောရသုံးဆယ်၊ မုယောမုန့်ညက် ကောရခြောက်ဆယ်၊
23
ဆူဖြိုးအောင်ကျွေးသော နွားတစ်ဆယ်၊ ကျက်စားရာထဲက နွားနှစ်ဆယ်၊ ဆတ်သမင်ဒရယ်အမျိုးမျိုးကိုမဆိုဘဲ သိုးတစ်ရာ၊ ဆူဖြိုးအောင်ကျွေးသော ငှက်မျိုးတည်း။
24
ရှောလမုန်သည် မြစ်ကြီးအနောက်ဘက်၊ တိဖသမြို့မှအဇ္ဇာမြို့တိုင်အောင် ရှင်ဘုရင်အပေါင်းတို့ကို အစိုးရသဖြင့် ပတ်ဝန်းကျင်အရပ်တို့၌ စစ်မှုစစ်ရေးမရှိ။
25
လက်ထက်တော်ကာလပတ်လုံး၊ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် အသီးအသီးမိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်းပင်အောက်မှာ ငြိမ်ဝပ်စွာနေရကြ၏။
26
ရှောလမုန်သည်လည်း၊ ရထားတော်များနှင့် ဆိုင်သော မြင်းတင်းကုပ်လေးသောင်း၊ မြင်းစီးသူရဲ တစ်သောင်းနှစ်ထောင်ရှိ၏။
27
ဝန်စာရေးတို့သည်လည်း ရှောလမုန်မင်းကြီးနှင့် စားပွဲတော်သို့ ဝင်သောသူအပေါင်းတို့အဖို့ တစ်ယောက်တစ်လစီ စုံလင်စွာ ပြင်ဆင်ရကြ၏။
28
မုယောစပါးကိုလည်းကောင်း၊ မြင်းတော်များ၊ လားတော်များဖို့ မြက်ခြောက်ကိုလည်းကောင်း၊ အလှည့်သင့်သည်အတိုင်း နေရာအရပ်သို့ ဆောင်ခဲ့ရကြ၏။
29
ဘုရားသခင်သည် များစွာသော ဉာဏ်ပညာကိုလည်းကောင်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ကျယ်ဝန်းသောနှလုံးကိုလည်းကောင်း ပေးတော်မူသည်ဖြစ်၍၊
30
ပညာတော်သည် အရှေ့ပြည်သားပညာနှင့် အဲဂုတ္တုပြည်သားပညာကိုလွန်ကဲ၏။
31
ရှောလမုန်သည် ဧဇရဟိတ်အမျိုး ဧသန်၊ မဟောလသား ဟေမန်၊ ခါလကောလ၊ ဒါရဒအစရှိသော လူအပေါင်းတို့ထက်သာ၍ ပညာရှိသဖြင့်၊ ခပ်သိမ်းသော တိုင်းနိုင်ငံအရပ်ရပ်၌ ကျော်စောလေ၏။
32
စီရင်တော်မူသော သုတ္တံစကားသုံးထောင်နှင့် သီချင်းတစ်ထောင်ငါးခုရှိ၏။
33
လေဗနုန်အာရဇ်ပင်မှစ၍ အုတ်ရိုးနားမှာပေါက်တတ်သော ဟုဿုပ်ပင်တိုင်အောင် မြွက်ဆို၏။ သားမျိုး၊ ငှက်မျိုး၊ ပိုးကောင်မျိုး၊ ငါးမျိုးတို့၏အကြောင်းကိုလည်း မြွက်ဆို၏။
34
ရှောလမုန်မင်း၏ ပညာသတင်းကိုကြားသော ရှင်ဘုရင်အမျိုးမျိုးစေလွှတ်သော သူတို့သည် ပညာစကားတော်ကို နားထောင်ခြင်းငှာ လာကြ၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22