bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Kings 14
1 Kings 14
Burmese 2021
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 15 →
1
ထိုအခါ ယေရောဗောင်၏သား အဘိယသည်နာသောကြောင့်၊
2
ယေရောဗောင်သည် မိမိမယားကိုခေါ်၍၊ သင်သည် ယေရောဗောင်၏ မယားဖြစ်သည်ကို အဘယ်သူမျှ မသိစေခြင်းငှာ ခြားနားသော အဆင်းအရောင်ကို ဆောင်ပြီးလျှင်၊ ရှိလောမြို့သို့ထသွားပါလော့။ ငါသည် ဤလူမျိုးကို စိုးစံရမည်အကြောင်းကိုပြသော ပရောဖက်အဟိယသည် ထိုမြို့၌ရှိ၏။
3
မုန့်ဆယ်လုံး၊ မုန့်ပြားအချို့၊ ပျားရည်ဘူးကိုဆောင်လျက် ပရောဖက်ထံသို့ သွားပါလော့။ သူငယ်၌ အဘယ်သို့ဖြစ်မည်ကို သူဟောလိမ့်မည်ဟု မှာထားသည်အတိုင်း၊
4
ယေရောဗောင်မယားသည်ထ၍ ရှိလောမြို့၌ အဟိယအိမ်သို့ သွားလေ၏။ ထိုအခါ အဟိယသည် အသက်ကြီးသောကြောင့် မျက်စိမမြင်၊ မှုန်လျက်ရှိ၏။
5
ထာဝရဘုရားကလည်း၊ ယေရောဗောင်မယားသည် သားနာသောကြောင့်၊ သားအတွက်တစ်စုံတစ်ခုကို တောင်းအံ့သောငှာ သင့်ဆီသို့ ယခုလာ၏။ ဤမည်သောစကားဖြင့် ပြန်ပြောရမည်။ သူသည် လာသောအခါ အခြားသော မိန်းမဖြစ်ယောင်ဆောင်လိမ့်မည်ဟု အဟိယအား မိန့်တော်မူ၏။
6
ထိုမိန်းမသည် တံခါးအထဲသို့ဝင်၍၊ နင်းသံကို အဟိယသည်ကြားလျှင်၊ အိုယေရောဗောင်မယား ဝင်လော့။ အဘယ်ကြောင့် အခြားသောသူ၏အယောင်ကို ဆောင်သနည်း။ ဝမ်းနည်းစရာသတင်းကို ကြားပြောစေခြင်းငှာ သင့်ဆီသို့ ငါ့ကိုစေလွှတ်တော်မူ၏။
7
သင်သည် ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ကို၊ ယေရောဗောင်ထံသို့ သွား၍ ဆင့်ဆိုရမည်မှာ၊ သင့်ကို လူစုထဲကငါရွေး၍ ငါ၏လူဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှာ ချီးမြှောက်လျက်၊
8
နိုင်ငံတော်ကို ဒါဝိဒ်မင်းမျိုးလက်မှနုတ်၍ သင့်အားပေးသော်လည်း၊ သင်သည် ငါ့ကျွန်ဒါဝိဒ်ကဲ့သို့မဟုတ်။ သူသည် ငါ့ပညတ်တို့ကို စောင့်ရှောက်၏။ ငါ့ရှေ့မှာ ကောင်းသောအကျင့်ကိုသာကျင့်မည်ဟု စိတ်နှလုံးအကြွင်းမဲ့ ငါ့ကိုဆည်းကပ်၏။
9
သင်မူကား သင့်ရှေ့မှာ ဖြစ်ဖူးသောသူ အပေါင်းတို့ကိုလွန်၍ ဒုစရိုက်ကိုပြုလေပြီ။ ငါ့အမျက်ကို နှိုးဆော်ခြင်းငှာ အခြားတစ်ပါးသောဘုရားနှင့် သွန်းသောရုပ်တုတို့ကိုလုပ်၍ ငါ့ကိုသင့်ကျောနောက်သို့ ပစ်ထားပြီ။
10
ထိုကြောင့် ယေရောဗောင်အမျိုးအပေါ်သို့ ဘေးဥပဒ်ရောက်စေမည်။ ဣသရေလမြို့ရွာ၌ အချုပ်ခံသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ ယေရောဗောင်အမျိုး ယောက်ျားများကို ပယ်ဖြတ်မည်။ လူသည် နောက်ချေးကို အကုန်အစင် ကျုံးသွားသကဲ့သို့၊ ကျန်ကြွင်းသော ယေရောဗောင်အမျိုးသားကို ပယ်သွားမည်။
11
ယေရောဗောင်အမျိုးသားသည် မြို့ထဲမှာသေလျှင် အသေကောင်ကိုခွေးစားလိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုးကောင်းကင်ငှက် စားလိမ့်မည်အကြောင်း ထာဝရဘုရားမိန့်တော်မူပြီ။
12
သင်ထ၍ ကိုယ်အိမ်သို့ သွားလော့။ မြို့တံခါးအထဲသို့ ဝင်သောအခါ သူငယ်သေလိမ့်မည်။
13
ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြု၍ သင်္ဂြိုဟ်ကြလိမ့်မည်။ ယေရောဗောင်အမျိုးသားစုတွင်၊ ထိုသူငယ်တစ်ယောက်တည်းသာ သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်။ အကြောင်းမူကား၊ ယေရောဗောင်အမျိုးသားစုတွင် ထိုသူငယ်တစ်ယောက်သည် ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၌ ကြည်ညိုသောစိတ်ရှိ၏။
14
အချိန်ရောက်မှ ယေရောဗောင်အမျိုးကို ပယ်ဖြတ်လတ္တံ့သော ဣသရေလရှင်ဘုရင်တစ်ပါးကို ထာဝရဘုရားသည် မိမိတို့အဖို့ ပေါ်ထွန်းစေတော်မူမည်။ အဘယ်အချိန်နည်းဟုမေးသော်၊ ယခုပင်ဖြစ်လိမ့်မည်။
15
အာရှရပင်တို့ကို ပြုစု၍ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ကြသောကြောင့်၊ ကျူပင်ကို ရေ၌လှုပ်ရှားသကဲ့သို့ ထာဝရဘုရားသည် ဣသရေလအမျိုးကို ဒဏ်ခတ်၍၊ ဘိုးဘေးတို့အားပေးတော်မူသော ဤပြည်ကောင်းမှ နုတ်ပယ်ပြီးလျှင်၊ မြစ်ကြီးတစ်ဖက်၌ အရပ်ရပ်သို့ ကွဲပြားစေတော်မူမည်။
16
ကိုယ်တိုင်ပြစ်မှား၍ ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသော ယေရောဗောင်၏အပြစ်တို့ကြောင့် ဣသရေလအမျိုးကို စွန့်ပစ်တော်မူမည်ဟု ဆင့်ဆိုလေ၏။
17
ယေရောဗောင်မယားသည် ထသွား၍၊ တိရဇမြို့တံခါးခုံသို့ရောက်သောအခါ သူငယ်သေ၏။
18
ထာဝရဘုရားသည် မိမိကျွန် ပရောဖက်အဟိယအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ထိုသူငယ်ကိုသင်္ဂြိုဟ်၍ ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
19
ယေရောဗောင်ပြုမူသော အမှုအရာကြွင်းသမျှ၊ စစ်တိုက်ခြင်းအမှု၊ မင်းပြုခြင်းအမှုတို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
20
ယေရောဗောင်သည် အနှစ်နှစ်ဆယ်နှစ်နှစ် စိုးစံပြီးမှ ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သားတော်နာဒဒ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
21
ရှောလမုန်သားရောဗောင်သည် ယုဒပြည်ကို စိုးစံလေ၏။ နန်းထိုင်သောအခါ အသက်လေးဆယ်တစ်နှစ် ရှိ၏။ ထာဝရဘုရားသည် နာမတော်တည်စေရာဖို့ ဣသရေလခရိုင်များတို့အထဲက ရွေးကောက်သော ယေရုရှလင်မြို့၌ ဆယ်ခုနစ်နှစ် စိုးစံလေ၏။ မယ်တော်ကား အမ္မုန်အမျိုးသား၊ နေမအမည်ရှိ၏။
22
ယုဒအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဘိုးဘေးတို့ပြစ်မှားသမျှထက် ပြစ်မှားသော အပြစ်များအားဖြင့် အမျက်တော်ကို နှိုးဆော်ကြ၏။
23
မြင့်သောတောင်ရှိသမျှတို့ အပေါ်၌လည်းကောင်း၊ စိမ်းသောသစ်ပင်ရှိသမျှတို့ အောက်၌လည်းကောင်း၊ ကုန်းများ၊ ရုပ်တုများ၊ အာရှရပင်များကို တည်ကြ၏။
24
ယုဒပြည်၌ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာများရှိ၍၊ ထာဝရဘုရားသည် ဣသရေလအမျိုးရှေ့မှ နှင်ထုတ်တော်မူသော ပြည်သားမျိုးပြုသော စက်ဆုပ်ရွံရှာဖွယ်ရာ အမှုအလုံးစုံတို့ကို ပြုကြသည်တကား။
25
ရောဗောင်မင်းကြီးနန်းစံငါးနှစ်တွင်၊ အဲဂုတ္တု ရှင်ဘုရင်ရှိရှက်သည် ယေရုရှလင်မြို့သို့ စစ်ချီ၍၊
26
ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်းသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကိုလည်း ယူသွား၏။
27
ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား ကြေးဝါဒိုင်းတို့ကိုလုပ်၍ နန်းတော်တံခါးစောင့် ကိုယ်ရံတော်မှူး၌ အပ်လေ၏။
28
ရှင်ဘုရင်သည် ဗိမာန်တော်သို့သွားသောအခါ၊ ကိုယ်ရံတော်သားတို့သည် ဒိုင်းတို့ကိုဆောင်၍ နောက်တစ်ဖန် မိမိတို့စောင့်ရာအခန်းမှာ ပြန်ထားကြ၏။
29
ရောဗောင်ပြုမူသော အမှုအရာကြွင်းသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
30
ရောဗောင်နှင့် ယေရောဗောင်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။
31
ရောဗောင်သည်လည်း ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌ သူတို့နှင့်အတူ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်အဘိယသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22