bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Kings 16
1 Kings 16
Burmese 2021
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 17 →
1
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗာရှာကိုအကြောင်းပြု၍၊ ဟာနန်၏သားယေဟုသို့ ရောက်လာသည်ကား၊
2
သင့်ကို မြေမှုန့်ထဲကငါကြွ၍၊ ငါ၏လူ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှာ ချီးမြှောက်သော်လည်း၊ သင်သည် ယေရောဗောင်၏လမ်းသို့လိုက်လျက်၊ ဣသရေလအမျိုးသည် ပြစ်မှား၍၊ ငါ့အမျက်ကို နှိုးဆော်စေခြင်းငှာ ပြုသောကြောင့်၊
3
သင်၏အမျိုးအနွယ် သားစဉ်မြေးဆက်တို့ကို ငါပယ်ရှား၍၊ သင်၏အမျိုးကို နေဗတ်၏သားယေရောဗောင်၏ အမျိုးကဲ့သို့ ငါဖြစ်စေမည်။
4
ဗာရှာ၏အမျိုးသားသည် မြို့ထဲမှာသေလျှင်၊ အသေကောင်ကို ခွေးစားလိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုးကောင်းကင်ငှက်စားလိမ့်မည်ဟု မိန့်တော်မူ၏။
5
ဗာရှာပြုမူသော အမှုအရာကြွင်းသမျှတို့နှင့် သူ၏တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
6
ဗာရှာသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍ တိရဇမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ဧလာသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
7
ဗာရှာသည် ယေရောဗောင်အမျိုးနှင့်တူ၍ ထိုအမျိုးကို လုပ်ကြံသောအပြစ်၊ မိမိပြုမူသောအားဖြင့်၊ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ရှေ့တော်၌ ပြစ်မှားသမျှသောအပြစ်ကြောင့် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗာရှာကိုအကြောင်းပြု၍၊ ဟာနန်၏သားယေဟုအားဖြင့် ရောက်လာသည်နှင့်အညီ၊
8
ယုဒရှင်ဘုရင်အာသ နန်းစံနှစ်ဆယ်ခြောက်နှစ်တွင်၊ ဗာရှာသားဧလာသည် တိရဇမြို့၌နေ၍ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံသည်ရှိသော်၊
9
ရထားစီးသူရဲ တစ်ဝက်ကိုအုပ်သောသူ၊ မိမိကျွန်ဇိမရိသည်သင်းဖွဲ့၍၊ ဧလာသည် တိရဇမြို့တွင် နန်းတော်အုပ်အာဇ၏အိမ်၌ ယစ်မူးအောင် သောက်လျက်နေစဉ်အခါ၊
10
ဇိမရိသည်ဝင်၍ ယုဒရှင်ဘုရင်အာသနန်းစံ နှစ်ဆယ်ခုနစ်နှစ်တွင်၊ ဧလာကိုသေစေခြင်းငှာ လုပ်ကြံ၍ နန်းထိုင်လေ၏။
11
နန်းထိုင်စက၊ ဗာရှာအမျိုးသားအပေါင်းတို့ကို သတ်၏။ ဗာရှာနှင့် ပေါက်ဖော်တော်သောယောက်ျား၊ အဆွေဖွဲ့သော ယောက်ျားတစ်ယောက်ကိုမျှ မချန်မထား။
12
ထာဝရဘုရားသည် ဗာရှာကိုအကြောင်းပြု၍ ပရောဖက်ယေဟုအားဖြင့် မိန့်တော်မူသော စကားတော်နှင့်အညီ၊ ဇိမရိသည် ဗာရှာအမျိုးသားအပေါင်းတို့ကိုဖျက်ဆီး၏။
13
အကြောင်းမူကား၊ ဗာရှာနှင့် သားဧလာတို့သည် ကိုယ်တိုင်ပြစ်မှားသောအပြစ်နှင့် ဣသရေလအမျိုးကိုလည်းပြစ်မှားစေသော အပြစ်အားဖြင့်လည်းကောင်း၊ မိစ္ဆာဒိဌိအားဖြင့်လည်းကောင်း၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်သောအကြောင်းတည်း။
14
ဧလာပြုမူသော အမှုအရာကြွင်းသမျှတို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
15
ယုဒရှင်ဘုရင်အာသ နန်းစံနှစ်ဆယ်ခုနစ်နှစ်တွင်၊ ဇိမရိသည် တိရဇမြို့၌ခုနစ်ရက်စိုးစံ၏။
16
ထိုသို့ ဇိမရိသည် သင်းဖွဲ့၍ ရှင်ဘုရင်ကိုသတ်သည်ဟု ဖိလိတ္တိပြည်ဂိဗေသုန်မြို့ရှေ့မှာ တပ်ချသောသူအပေါင်းတို့သည် သတင်းကြားလျှင်၊ ထိုနေ့ချင်းတွင် ဗိုလ်ချုပ်မင်းဩမရိကို ဣသရေလရှင်ဘုရင်အရာ၌ တပ်ထဲမှာချီးမြှောက်ကြ၏။
17
ဩမရိသည် ဣသရေလ အမျိုးသားအပေါင်းတို့နှင့်တကွ ဂိဗေသုန်မြို့မှထွက်၍၊ တိရဇမြို့ကို ဝိုင်းထားကြ၏။
18
မြို့ကိုတိုက်၍ရမည်ဟု ဇိမရိသည် သိသောအခါ၊ နန်းတော်ထဲသို့ဝင်၍ မိမိအပေါ်မှာ နန်းတော်ကိုမီးရှို့သဖြင့် ကိုယ်တိုင်သေလေ၏။
19
အကြောင်းမူကား၊ ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလအမျိုးကို ပြစ်မှားစေသော လမ်းသို့လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုသောအကြောင်းတည်း။
20
ဇိမရိပြုမူသောအမှုအရာ ကြွင်းသမျှတို့နှင့် ပုန်ကန်ခြင်းအရာသည် ဣသရေလရာဇဝင်၌ရေးထားလျက်ရှိ၏။
21
ထိုအခါ ပြည်သားတို့သည်ကွဲပြား၍၊ အချို့တို့သည် ဂိနတ်၏သားတိဗနိကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှာ သူ့နောက်သို့လိုက်ကြ၏။ အချို့တို့သည် ဩမရိနောက်သို့လိုက်ကြ၏။
22
ဩမရိနောက်သို့လိုက်သော သူတို့သည် ဂိနတ်၏သားတိဗနိနောက်သို့ လိုက်သောသူတို့ကို နိုင်သဖြင့်၊ တိဗနိသေ၍ ဩမရိသည် နန်းထိုင်လေ၏။
23
ယုဒရှင်ဘုရင် အာသနန်းစံသုံးဆယ်တစ်နှစ်တွင်၊ ဩမရိသည် နန်းထိုင်၍ ဣသရေလနိုင်ငံကို တစ်ဆယ်နှစ်နှစ်စိုးစံ၏။ တိရဇမြို့၌ ခြောက်နှစ်စိုးစံပြီးမှ၊
24
ရှမာရိတောင်ကို တောင်ရှင်ရှမေရ၌ ငွေအခွက်နှစ်ဆယ်နှင့်ဝယ်၍ တောင်ပေါ်မှာ မြို့ကိုတည်၏။ ထိုမြို့ကို တောင်ရှင်ရှမေရအမည်ကို အစွဲပြုသဖြင့်၊ ရှမာရိမြို့ဟူ၍သမုတ်လေ၏။
25
ဩမရိသည် ထာဝရဘုရားရှေ့တော်၌ဒုစရိုက်ကိုပြုသဖြင့်၊ မိမိရှေ့မှာ ဖြစ်ဖူးသောသူအပေါင်းထက် သာ၍ဆိုးညစ်၏။
26
နေဗတ်၏သား ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလအမျိုးသည် မိစ္ဆာဒိဌိအားဖြင့် မိမိတို့ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ပြစ်မှားစေသောဒုစရိုက်အပြစ်လမ်းသို့ လိုက်လေ၏။
27
ဩမရိပြုမူသောအမှုအရာကြွင်းသမျှတို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
28
ဩမရိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်အာဟပ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
29
ယုဒရှင်ဘုရင်အာသ နန်းစံသုံးဆယ်ရှစ်နှစ်တွင်၊ ဩမရိသားအာဟပ်သည် ရှမာရိမြို့၌ ဣသရေလမင်းပြု၍၊ ဣသရေလနိုင်ငံကို နှစ်ဆယ်နှစ်နှစ် စိုးစံ၏။
30
ဩမရိသားအာဟပ်သည် မိမိရှေ့မှာ ဖြစ်ဖူးသောသူအပေါင်းတို့ထက် ထာဝရဘုရားရှေ့တော်၌သာ၍ ဒုစရိုက်ကိုပြု၏။
31
နေဗတ်၏သား ယေရောဗောင်ပြုသော ဒုစရိုက်အပြစ်လမ်းသို့သာလိုက်လျှင်၊ သာမညအပြစ်ရောက်မည်ဟု ထင်မှတ်လျက်၊ ဇိဒုန်မင်းကြီး ဧသဗာလသမီး ယေဇဗေလနှင့်စုံဖက်၍၊ ဗာလဘုရားကိုဝတ်ပြုကိုးကွယ်၏။
32
ရှမာရိမြို့တွင် ဗာလဘုရား၏ဗိမာန်၌ ဗာလဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၏။
33
အာရှရပင်ကိုလည်းပြုစု၍၊ မိမိရှေ့မှာဖြစ်ဖူးသော ဣသရေလရှင်ဘုရင်အပေါင်းတို့ထက် ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ခြင်းငှာသာ၍ပြု၏။
34
အာဟပ်လက်ထပ်၌ ဗေသလမြို့သားဟိဧလသည် ယေရိခေါမြို့ကိုတည်၏။ ထာဝရဘုရားသည် နုန်၏သားယောရှုအားဖြင့် မိန့်တော်မူသောစကားနှင့်အညီ၊ သားဦးအဘိရံလက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍၊ သားထွေးစေရပ်လက်ထက်၌ မြို့တံခါးတို့ကိုထောင်၏။
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22