bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Kings 8
1 Kings 8
Burmese 2021
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 9 →
1
ထိုအခါ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဇိအုန်မည်သော ဒါဝိဒ်မြို့မှ ဆောင်ခဲ့လိုသောငှာ၊ ရှောလမုန်သည် ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့နှင့် ဣသရေလအဆွေအမျိုးအသီးအသီးကို အုပ်သော ခေါင်းမင်းအပေါင်းတို့ကို ယေရုရှလင်မြို့၊ ရှင်ဘုရင်ထံသို့ ခေါ်တော်မူသည်အတိုင်း၊
2
ဣသရေလလူအပေါင်းတို့သည် ဧသနိမ်အမည်ရှိသော သတ္တမလ၌ လုပ်သောပွဲအတွင်းတွင် ရှောလမုန်မင်းကြီးထံသို့ စုဝေးရောက်လာကြ၏။
3
ဣသရေလအမျိုးတွင် အသက်ကြီးသူအပေါင်းတို့သည် လာ၍၊ ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းလျက်၊
4
ပရိသတ်စည်းဝေးရာ တဲတော်၊ တဲတော်နှင့်ဆိုင်၍ သန့်ရှင်းသောတန်ဆာအလုံးစုံတို့ကို ယဇ်ပုရောဟိတ်များနှင့် လေဝိသားများတို့သည် ဆောင်ခဲ့ကြ၏။
5
ရှောလမုန်မင်းကြီးမှစ၍ စည်းဝေးသော ဣသရေလပရိသတ်အပေါင်းတို့သည် မရေတွက်နိုင်။ အတိုင်းမသိများစွာသော သိုးနွားတို့ကို သေတ္တာတော်ရှေ့မှာ ယဇ်ပူဇော်ကြ၏။
6
ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို အိမ်တော်အတွင်းသို့သွင်း၍၊ အလွန်သန့်ရှင်းရာ ဌာနတည်းဟူသော ဗျာဒိတ်ဌာနတော်ထဲမှာ ခေရုဗိမ်အတောင်တို့အောက်၊ သူ့နေရာ၌ ထားကြ၏။
7
ခေရုဗိမ်တို့သည် မိမိအတောင်နှစ်ဖက်ကို သေတ္တာတော်နေရာအပေါ်မှာ ဖြန့်၍၊ သေတ္တာတော်နှင့် ထမ်းပိုးတို့ကို လွှမ်းမိုးလျက်ရှိကြ၏။
8
ထမ်းပိုးတို့ကို ဆွဲထားသဖြင့် ထမ်းပိုးဖျားတို့သည် ပြင်ခန်း၌မထင်။ သန့်ရှင်းရာဌာန၊ ဗျာဒိတ်ဌာနတော်၌သာထင်၍ ယနေ့တိုင်အောင်ရှိကြ၏။
9
ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်၍၊ ထာဝရဘုရားသည် သူတို့နှင့် ပဋိညာဉ်ဖွဲ့တော်မူသောအခါ၊ မောရှေသည် ဟောရပ်အရပ်၌ရှိစဉ် သွင်းထားသော ကျောက်ပြားနှစ်ပြားမှတစ်ပါး သေတ္တာတော်ထဲ၌ အဘယ်အရာမျှမရှိ။
10
ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာဌာနထဲက ထွက်ကြသောအခါ၊ ထာဝရဘုရား၏အိမ်တော်သည် မိုးတိမ်နှင့်ပြည့်၏။
11
ထိုသို့ ထာဝရဘုရား၏ အိမ်တော်သည် ဘုန်းတော်နှင့်ပြည့်လျက်၊ မိုးတိမ်တော်ကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကိုဆောင်ရွက်လျက် ရပ်၍ မနေနိုင်ကြ။
12
ရှောလမုန်ကလည်း၊ ထာဝရဘုရားသည် ထူထပ်သောမှောင်မိုက်ထဲမှာနေတော်မူသည်ဟု စကားတော်ရှိ၏။
13
အကယ်စင်စစ် ကိုယ်တော်ကျိန်းဝပ်တော်မူရာအိမ်၊ အစဉ်အမြဲနေတော်မူရာ ဌာနတော်ကို အကျွန်ုပ်တည်ဆောက်ပါပြီဟု မြွက်ဆို၏။
14
တစ်ဖန် ရှင်ဘုရင်သည် လှည့်ကြည့်၍ ဣသရေလအမျိုး ပရိသတ်အပေါင်းကို ကောင်းချီးပေးတော်မူ၏။ ဣသရေလအမျိုးပရိသတ်အပေါင်းတို့သည် မတ်တပ်နေကြ၏။
15
ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ဗျာဒိတ်တော်စကားဟူမူကား၊
16
ငါ၏ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်သောနေ့ကစ၍ ငါ့နာမတည်ရာအိမ်ကို ဆောက်စေခြင်းငှာ၊ ဣသရေလခရိုင်များတို့တွင် မြို့တစ်စုံတစ်မြို့ကို ငါမရွေးသေးသော်လည်း၊ ငါ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုးစေခြင်းငှာ၊ ဒါဝိဒ်ကိုငါရွေးပြီဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဗျာဒိတ်တော်ရှိသည်အတိုင်း ပြုတော်မူသော ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။
17
ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်ခြင်းငှာ၊ ငါ့ခမည်းတော်ဒါဝိဒ်သည် အကြံရှိသောအခါ၊
18
ထာဝရဘုရားက၊ သင်သည် ငါ့နာမအဖို့ အိမ်တော်တည်ဆောက်ခြင်းငှာ အကြံရှိသောကြောင့် ကောင်းသောအမှုကို ပြုပြီ။
19
သို့သော်လည်း သင်သည် အိမ်တော်ကို မဆောက်ရ။ သင်၏သားရင်းသည် ငါ့နာမအဖို့အိမ်တော်ကိုဆောက်ရမည်ဟု ငါ့ခမည်းတော်ဒါဝိဒ်အား မိန့်တော်မူ၏။
20
ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်းပြုတော်မူသဖြင့်၊ ငါသည် ငါ့ခမည်းတော်ဒါဝိဒ်၏အရိုက်အရာကိုခံရ၍၊ ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း ဣသရေလနိုင်ငံ၏ရာဇပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဖို့ အိမ်တော်ကိုတည်ဆောက်လေပြီ။
21
ငါတို့ဘိုးဘေးများကို အဲဂုတ္တုပြည်မှ၊ ထာဝရဘုရားနုတ်ဆောင်သောအခါ၊ သူတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ်ကျောက်စာပါသော သေတ္တာတော်ထားရာအရပ်ကို ထိုအိမ်တော်၌လုပ်လေပြီဟု မြွက်ဆို၏။
22
တစ်ဖန် ရှောလမုန်သည် ထာဝရဘုရား၏ယဇ်ပလ္လင်ရှေ့၊ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ အလယ်မှာနေ၍၊ လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်လျက်၊
23
အို ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ အထက်ကောင်းကင်ဘုံနှင့် အောက်အရပ်မြေကြီးပေါ်မှာ ကိုယ်တော်နှင့်တူသောဘုရား တစ်ဆူမျှမရှိပါ။ ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ကျင့်သော ကိုယ်တော်၏ကျွန်တို့အဖို့ ပဋိညာဉ်တရားနှင့် ကရုဏာတရားကို စောင့်ရှောက်တော်မူပြီ။
24
အကျွန်ုပ်အဘဒါဝိဒ်၌ထားတော်မူသော ကတိတော်ကိုမဖျက်၊ မိန့်တော်မူသည်အတိုင်း ယနေ့ပြုတော်မူပြီ။
25
အို ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်က၊ သင်သည် ငါ့ရှေ့မှာကျင့်သကဲ့သို့ သင်၏သားမြေးတို့သည် ငါ့ရှေ့မှာ ကျင့်လိုသောငှာ၊ မိမိတို့သွားရာလမ်းကိုသတိပြုလျှင်၊ ငါ့မျက်မှောက်၌ ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာထိုင်ရသော သင်၏အမျိုးမင်းရိုးမပြတ်ရဟု ကိုယ်တော်ကျွန် အကျွန်ုပ်အဘဒါဝိဒ်၌ ထားတော်မူသော ကတိတော်ကို ယခုစောင့်တော်မူပါ။
26
အို ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကျွန် အကျွန်ုပ်အဘဒါဝိဒ်အား မိန့်တော်မူသောစကားတော်ကို ယခုပြည့်စုံစေတော်မူပါ။
27
သို့ရာတွင် ဘုရားသခင်သည် မြေကြီးပေါ်မှာ ဧကန်အမှန်ကျိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏ အထွတ်အမြင့်ဆုံးသော ကောင်းကင်သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည်ဖြစ်၍၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဖွယ်ရာရှိပါသနည်း။
28
သို့သော်လည်း အိုအကျွန်ုပ် ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ယနေ့ကြွေးကြော်လျက် ပတ္ထနာပြု၍ တောင်းလျှောက်သောစကားကို နားခံနာယူတော်မူပါ။
29
ဤမည်သောအရပ်၌ ငါ့နာမတည်ရမည်ဟု မိန့်တော်မူသည်အတိုင်း၊ ဤအရပ်ဌာနနှင့် ဤအိမ်တော်ကို နေ့ညမပြတ်ကြည့်ရှု၍၊ ကိုယ်တော်ကျွန်သည် ဤအရပ်ဌာန၌ ဆုတောင်းသောစကားကို နားထောင်တော်မူပါ။
30
ကိုယ်တော်ကျွန်မှစ၍ ကိုယ်တော်၏လူဣသရေလအမျိုးသားတို့သည် ဤအရပ်ဌာန၌ ဆုတောင်းပတ္ထနာပြုကြသောအခါ၊ ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ အပြစ်မှလွှတ်တော်မူပါ။
31
လူသည် မိမိအိမ်နီးချင်းကိုပြစ်မှားသောကြောင့်၊ အကျိန်ခံရမည်ဟု အိမ်နီးချင်းဆိုလျက်၊ ဤအိမ်တော်၌ ကိုယ်တော်၏ယဇ်ပလ္လင်ရှေ့မှာ အကျိန်တိုက်လျှင်၊
32
ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ မတရားသောသူသည် မိမိအပြစ်နှင့်အလျောက် ရှုံးစေခြင်းငှာလည်းကောင်း၊ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းနှင့်အလျောက် အကျိုးကိုခံရ၍ အပြစ်မှလွတ်စေခြင်းငှာလည်းကောင်း၊ ကိုယ်တော်ကျွန်တို့ကို တရားစီရင်တော်မူပါ။
33
ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် ရန်သူရှေ့မှာရှုံးရသောအခါ၊ ကိုယ်တော်ထံသို့ ပြန်လာ၍၊ နာမတော်ကိုဝန်ခံလျက်၊ ဤအိမ်တော်ကိုမှီခိုလျက် ဆုတောင်းပတ္ထနာပြုလျှင်၊
34
ကောင်းကင်ဘုံ၌ နားထောင်၍၊ ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့ကို အပြစ်မှလွှတ်တော်မူပါ။ ဘိုးဘေးတို့အား ပေးသနားတော်မူသောပြည်သို့ တစ်ဖန်ပို့ဆောင်တော်မူပါ။
35
ကိုယ်တော်ကိုပြစ်မှားသောအပြစ်ကြောင့် မိုးမရွာ၊ မိုးခေါင်သဖြင့် ကိုယ်တော်သည် ဆုံးမတော်မူသောအခါ၊ သူတို့သည် ဤအရပ်ဌာနတော်ကိုမှီခိုလျက် ဆုတောင်း၍၊ နာမတော်ကိုဝန်ခံလျက် မိမိဒုစရိုက်ကိုစွန့်ပယ်လျှင်၊
36
ကောင်းကင်ဘုံ၌ နားထောင်၍၊ ကိုယ်တော်၏ကျွန်၊ ကိုယ်တော်၏လူဣသရေလအမျိုးတို့ကို အပြစ်မှလွှတ်တော်မူပါ။ သူတို့လိုက်ရသော လမ်းကောင်းကို ပြညွှန်၍၊ ကိုယ်တော်၏လူတို့အား အမွေပေးသောမြေပေါ်မှာ မိုးရွာစေတော်မူပါ။
37
ပြည်တော်၌ အစာအာဟာရခေါင်းပါးသော်လည်းကောင်း၊ လေထိ၍ အပင်သေသော်လည်းကောင်း၊ အရည်ယို၍ သေသော်လည်းကောင်း၊ အရာဘကျိုင်း၊ ခါသိလကျိုင်း ကိုက်စားသော်လည်းကောင်း၊ ရန်သူတိုက်လာ၍ မြို့ကို ဝိုင်းထားသော်လည်းကောင်း၊ ဘေးဥပဒ်၊ အနာရောဂါတစ်စုံတစ်ခု ရောက်သောအခါ၊
38
ကိုယ်တော်၏လူ ဣသရေလအမျိုးသားအချို့တို့သည် အသီးအသီးခံရသော ဘေးဒဏ်ကိုသိလျက်၊ ဤအိမ်တော်သို့ မိမိတို့လက်ဝါးကိုဖြန့်၍၊ တစ်စုံတစ်ခုသော ပတ္ထနာစကားအားဖြင့် ဆုတောင်းလျှင်၊
39
ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌နားထောင်တော်မူပါ။
40
ဘိုးဘေးတို့အား ပေးသနားတော်မူသောပြည်၌ သူတို့သည် အသက်ရှင်သော ကာလပတ်လုံး ကိုယ်တော်ကို ကြောက်ရွံ့ပါမည်အကြောင်း၊ ကိုယ်တော်သာလျှင် လူသတ္တဝါအပေါင်းတို့၏ စိတ်နှလုံးသဘောကို သိတော်မူသည်ဖြစ်၍၊ ဆုတောင်းသော သူတို့၏ စိတ်နှလုံးသဘောကိုသိလျက်၊ သူတို့အပြစ်ကို လွှတ်တော်မူပါ။ အသီးအသီးပြုကြသည်အတိုင်း စီရင်တော်မူပါ။
41
ကိုယ်တော်၏လူ ဣသရေလအမျိုးမဟုတ်၊ တစ်ပါးအမျိုးသားတို့သည် ကြီးမြတ်သော နာမတော်၏သတင်းနှင့် တန်ခိုးကြီး၍၊ ဆန့်တော်မူသော လက်ရုံးတော်၏ သတင်းကိုကြားသောကြောင့်၊ နာမတော်ကို ထောက်သဖြင့် ဝေးသောပြည်မှရောက်လာ၍၊ ဤအိမ်တော်ကို မှီခိုလျက်ဆုတောင်းလျှင်၊
43
ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်ကိုကြောက်ရွံ့သကဲ့သို့ မြေကြီးသားအပေါင်းတို့သည် ကြောက်ရွံ့လျက်၊ နာမတော်ကို သိစေခြင်းငှာလည်းကောင်း၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့်သမုတ်ကြောင်းကို သိစေခြင်းငှာလည်းကောင်း၊ ထိုတစ်ပါးအမျိုးသားတို့သည် ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါ။
44
ကိုယ်တော်စေခိုင်းတော်မူသည်အတိုင်း၊ ကိုယ်တော်၏လူတို့သည် ရန်သူတို့ရှိရာသို့ စစ်ချီသောအခါ၊ ရွေးတော်မူသောမြို့၊ နာမတော်အဖို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက်၊ ထာဝရဘုရားအားဆုတောင်းကြလျှင်၊
45
သူတို့ ဆုတောင်းပတ္ထနာပြုသောစကားကို ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့အမှုကိုစောင့်တော်မူပါ။
46
မပြစ်မှားတတ်သော လူတစ်ယောက်မျှမရှိသည် ဖြစ်၍၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကိုပြစ်မှားသောကြောင့်၊ အမျက်တော်ထွက်၍ ရန်သူလက်သို့ အပ်တော်မူသဖြင့်၊ ရန်သူတို့သည် ဝေးသောပြည်၊ နီးသောပြည်၊ အခြားတစ်ပါးသောပြည်သို့ သိမ်းသွားလျှင်လည်းကောင်း၊
47
ထိုပြည်၌အချုပ်ခံစဉ်၊ သူတို့သည်သတိရ၍၊ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ မဖြောင့်သောအမှု၊ ဆိုးညစ်သောအမှုကို ပြုမိပါပြီဟု စိတ်ပြောင်းလဲ၍ တောင်းပန်သဖြင့်၊
48
သိမ်းသွားသောရန်သူတို့၏ ပြည်၌နေစဉ်၊ စိတ်နှလုံးအကြွင်းမဲ့ အထံတော်သို့ပြန်လာ၍၊ ဘိုးဘေးတို့အား ပေးတော်မူသောပြည်၊ ရွေးတော်မူသောမြို့၊ နာမတော်အဖို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကိုမှီခိုလျက် ဆုတောင်းလျှင်လည်းကောင်း၊
49
သူတို့ဆုတောင်းပတ္ထနာပြုသော စကားကို ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့အမှုကိုစောင့်တော်မူပါ။
50
ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကိုပြစ်မှားသော်လည်း၊ ကိုယ်တော်ကို ပြစ်မှားလွန်ကျူးခြင်းအပြစ် အလုံးစုံတို့ကို ဖြေရှင်းတော်မူပါ။ သိမ်းသွားသောသူတို့သည် ကိုယ်တော်၏လူတို့ကို သနားစေခြင်းငှာ၊ ကရုဏာစိတ်သဘောကို ပေးတော်မူပါ။
51
အကြောင်းမူကား၊ သူတို့သည် အဲဂုတ္တုပြည်၏ သံမီးဖိုထဲကနုတ်ယူတော်မူသော ကိုယ်တော်၏လူ၊ အမွေခံရတော်မူသော အမျိုးဖြစ်ပါ၏။
52
ကိုယ်တော်၏ကျွန်မှစ၍ ကိုယ်တော်၏လူ ဣသရေလအမျိုးသား ဆုတောင်းပတ္ထနာပြုသော စကားအလုံးစုံတို့ကို နားထောင်ခြင်းငှာ ကြည့်ရှုမှတ်ယူတော်မူပါ။
53
အကြောင်းမူကား၊ အကျွန်ုပ်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူသောအခါ၊ ကိုယ်တော်၏ကျွန်မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို ကိုယ်တော်အမွေခံရာဖြစ်စေခြင်းငှာ၊ မြေကြီးသားအမျိုးမျိုးထဲက ရွေးနုတ်ခွဲထားတော်မူပြီ အရှင်ထာဝရဘုရားဟု ပတ္ထနာပြုလေ၏။
54
ထိုသို့ရှောလမုန်သည် ထာဝရဘုရားရှေ့တော်၌ ဆုတောင်းပတ္ထနာပြု၍ပြီးသောအခါ၊ ထာဝရဘုရား၏ယဇ်ပလ္လင်ရှေ့မှာ ဒူးထောက်လျက်၊ လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်လျက် နေရာမှထ၍၊
55
မတ်တတ်နေပြီးလျှင်၊ ဣသရေလအမျိုးပရိသတ်အပေါင်းတို့ကို ကျယ်သောအသံနှင့် ကောင်းချီးပေးသောစကားဟူမူကား၊
56
ကတိတော်ရှိသမျှအတိုင်း မိမိလူဣသရေလအမျိုးကို ငြိမ်ဝပ်စေခြင်းငှာ စီရင်တော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ မိမိကျွန်မောရှေအားဖြင့် ထားတော်မူသော ကတိတော်ကောင်း တစ်ခွန်းမျှမပျက်၊
57
ငါတို့ဘုရားသခင် ထာဝရဘုရားသည် ငါတို့ဘိုးဘေးများနှင့်အတူ ရှိတော်မူသည်နည်းတူ ငါတို့နှင့်အတူ ရှိတော်မူပါစေသော။ ငါတို့ကို အလျှင်းစွန့်ပစ်တော်မမူပါစေနှင့်။
58
လမ်းတော်တို့သို့ လိုက်စေခြင်းငှာလည်းကောင်း၊ ဘိုးဘေးတို့အားမှာထားတော်မူသော စီရင်ထုံးဖွဲ့ချက်ပညတ်တရားတို့ကို စောင့်ရှောက်စေခြင်းငှာလည်းကောင်း၊ ငါတို့စိတ်နှလုံးကို အထံတော်သို့သွေးဆောင်တော်မူပါစေသော၊
59
ထာဝရဘုရားသည် ဘုရားသခင် ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အခြားတစ်ပါးသော ဘုရားသခင် မရှိကြောင်းကိုလည်းကောင်း၊ မြေကြီးသားအပေါင်းတို့သည် သိကြမည်အကြောင်း ငါတို့ဘုရားသခင် ထာဝရဘုရားသည် မိမိကျွန်နှင့် မိမိလူဣသရေလအမျိုးသားတို့၏အမှုကို စောင့်စရာအကြောင်း ရှိသည်အတိုင်း၊ အစဉ်စောင့်တော်မူစေခြင်းငှာ ထာဝရဘုရားရှေ့တော်၌ ငါဆုတောင်းသော ဤပတ္ထနာစကားသည် နေ့ညမပြတ် အနီးတော်၌ ရှိပါစေသော။
61
သင်တို့သည် ယနေ့ကျင့်သကဲ့သို့၊ ငါတို့ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသောလမ်းသို့လိုက်၍ ပညတ်တရားတော်ကို စောင့်ရှောက်ခြင်းငှာ၊ အထံတော်၌ စိတ်နှလုံးစုံလင်ပါစေသောဟု မြွက်ဆိုလေ၏။
62
ထိုအခါ ရှောလမုန်မင်းကြီးနှင့်တကွ ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ ယဇ်ပူဇော်ကြ၏။
63
နွားနှစ်သောင်းနှစ်ထောင်၊ သိုးတစ်သိန်း နှစ်သောင်းတို့ကို ထာဝရဘုရားအား မိတ်သဟာယယဇ်ပူဇော်သဖြင့်၊ ထာဝရဘုရား၏အိမ်တော်ကို အနုမောဒနာပြုကြ၏။
64
ထိုနေ့၌လည်း၊ ရှင်ဘုရင်သည် ထာဝရဘုရား၏အိမ်တော်ရှေ့မှာရှိသော တံတိုင်းအတွင်းအရပ်ကို သန့်ရှင်းစေ၍၊ ထိုအရပ်၌ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ မိတ်သဟာယယဇ်ကောင် ဆီဥကိုပူဇော်၏။ အကြောင်းမူကား၊ ထာဝရဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်သည် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ မိတ်သဟာယယဇ်ကောင် ဆီဥကို မခံလောက်။
65
ထိုအခါ ရှောလမုန်သည် အလွန်များစွာသော ပရိသတ်တည်းဟူသော ဟာမတ်မြို့ဝင်ဝမှစ၍ အဲဂုတ္တုမြစ်တိုင်အောင် အနှံ့အပြား အရပ်ရပ်ကလာကြသော ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ၊ ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်နှစ်လီ၊ တစ်ဆယ်လေးရက်ပတ်လုံး ပွဲခံတော်မူ၏။
66
ရှစ်ရက်မြောက်သောနေ့၌ လူများတို့ကို လွှတ်လိုက်တော်မူ၏။ သူတို့သည် ရှင်ဘုရင်ကို ကောင်းချီးပေးလျက်၊ ထာဝရဘုရားသည် မိမိကျွန်ဒါဝိဒ်နှင့် မိမိလူဣသရေလအမျိုးသားတို့၌ ပြုတော်မူသမျှသော ကျေးဇူးတော်ကြောင့်၊ ဝမ်းမြောက်ရွှင်လန်းလျက် မိမိတို့နေရာသို့ ပြန်သွားကြ၏။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22