bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Kings 13
1 Kings 13
Burmese 2021
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 14 →
1
ထိုအခါ ယေရောဗောင်သည် နံ့သာပေါင်းကို မီးရှို့ခြင်းငှာ ယဇ်ပလ္လင်နားမှာရပ်နေစဉ်တွင်၊ ဘုရားသခင်၏ လူတစ်ယောက်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း၊ ယုဒပြည်မှ ဗေသလမြို့သို့ ရောက်လာ၍၊
2
ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ယဇ်ပလ္လင်တစ်ဖက်၌ ကြွေးကြော်လျက်၊ အိုယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဒါဝိဒ်မင်းမျိုး၌ ယောရှိအမည်ရှိသောသူကို ဖွားမြင်လိမ့်မည်။ သင့်အပေါ်မှာ နံ့သာပေါင်းကိုမီးရှို့၍၊ မြင့်သောအရပ်၌ ယဇ်ပုရောဟိတ်လုပ်သောသူတို့ကို ထိုသူသည် သင့်အပေါ်မှာပူဇော်၍၊ လူသေအရိုးတို့ကိုမီးရှို့လိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
3
ထိုနေ့ချင်းတွင် ပုပ္ပနိမိတ်ကိုလည်းပေး၍ ထာဝရဘုရားမိန့်တော်မူသော ပုပ္ပနိမိတ်ဟူမူကား၊ ယဇ်ပလ္လင်သည်ကွဲ၍ ပလ္လင်ပေါ်မှာရှိသောပြာလည်း ယိုကျလိမ့်မည်ဟု ဟောလေ၏။
4
ထိုသို့ ဘုရားသခင်၏လူသည် ဗေသလမြို့ ယဇ်ပလ္လင်တစ်ဖက်၌ ကြွေးကြော်သောစကားကို ယေရောဗောင်မင်းကြီးသည် ကြားလျှင်၊ ယဇ်ပလ္လင်ပေါ်မှာရှိသော မိမိလက်ကိုဆန့်၍ ထိုသူကိုဖမ်းဆီးကြဟုဆိုလျက်၊ ဆန့်သောလက်သည် သွေ့ခြောက်၍ နောက်တစ်ဖန်မရုပ်နိုင်။
5
ဘုရားသခင်၏လူသည် ထာဝရဘုရား၏နှုတ်ကပတ်တော်အတိုင်း ပေးသောပုပ္ပနိမိတ်နှင့်အညီ ယဇ်ပလ္လင်ကွဲ၍၊ ပြာသည်လည်း ပလ္လင်ပေါ်က ယိုကျလေ၏။
6
ရှင်ဘုရင်ကလည်း၊ ငါ့လက်၌ ရောက်သောရောဂါကို ပျောက်စေမည်အကြောင်း၊ ငါ့အတွက်ပတ္ထနာပြု၍ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်ပါလော့ဟု ဘုရားသခင်၏လူကိုပြောဆို၏။ ဘုရားသခင်၏လူသည် ထာဝရဘုရားကို တောင်းပန်သဖြင့်၊ ရှင်ဘုရင်လက်သည် ရောဂါပျောက်၍ ပကတိအတိုင်းဖြစ်လေ၏။
7
ရှင်ဘုရင်ကလည်း၊ ငါနှင့်အတူလိုက်၍ အားဖြည့်လော့။ လက်ဆောင်ပေးမည်ဟု ဘုရားသခင်၏လူအားဆိုလျှင်၊
8
ဘုရားသခင်၏လူက၊ နန်းတော်တစ်ဝက်ကို ပေးသော်လည်း သင်နှင့်အတူ ငါမလိုက်။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်း မသောက်ရ။
9
ထာဝရဘုရား၏နှုတ်ကပတ်တော်က၊ မုန့်ကို မစားနှင့်။ ရေကို မသောက်နှင့်။ လာသောလမ်းဖြင့် မပြန်နှင့်ဟု ငါ့အားပညတ်တော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၏။
10
ထိုနောက် ဗေသလမြို့သို့ လာသောလမ်းကိုရှောင်၍ အခြားသောလမ်းဖြင့် ပြန်သွား၏။
11
ထိုကာလ၌ ဗေသလမြို့တွင် အသက်ကြီးသော ပရောဖက်တစ်ယောက်ရှိ၏။ သူ၏သားတို့သည်လာ၍ ဘုရားသခင်၏လူသည် ထိုနေ့၌ ဗေသလမြို့မှာ ပြုသောအမှုရှိသမျှနှင့် ရှင်ဘုရင်အားပြောသောစကားများကို အဘအားပြန်ကြားလျှင်၊
12
ယုဒပြည်မှလာသော ဘုရားသခင်၏လူသည် အဘယ်လမ်းဖြင့် ပြန်သွားသည်ကို မြင်ကြသောကြောင့်၊ အဘက ထိုသူသည် အဘယ်လမ်းဖြင့် ပြန်သွားသနည်းဟု မေးပြီးလျှင်၊
13
မြည်းကို ကုန်းနှီးတင်ကြလော့ဟု ဆိုသည်အတိုင်း၊ သားတို့သည် မြည်းကိုကုန်းနှီးတင်၍ အဘသည် စီးသွားလျက်၊
14
ဘုရားသခင်၏လူကိုလိုက်လေ၏။ သပိတ်ပင်အောက်မှာ ထိုင်လျက်ရှိသည်ကို တွေ့လျင်၊ သင်သည် ယုဒပြည်မှလာသော ဘုရားသခင်၏လူ မှန်သလောဟုမေးသော်၊ ငါမှန်သည်ဟု ပြန်ဆို၏။
15
ပရောဖက်ကလည်း၊ ငါနှင့်အတူ ငါ့အိမ်သို့လိုက်၍ မုန့်ကိုစားပါလော့ဟု ခေါ်ပင့်လျှင်၊
16
ငါသည် သင်နှင့်အတူ မလိုက်ရ၊ သင့်အိမ်သို့ မဝင်ရ။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်း မသောက်ရ။
17
ထာဝရဘုရားက၊ ထိုအရပ်၌ မုန့်ကိုမစားနှင့်။ ရေကို မသောက်နှင့်။ လာသောလမ်းဖြင့် မပြန်နှင့်ဟု ငါ့အားမိန့်တော်မူကြောင်းကို ပြောဆို၏။
18
ပရောဖက်ကလည်း၊ ငါသည် သင်ကဲ့သို့ပရောဖက်ဖြစ်၏။ သင်သည် မုန့်ကိုစား၍ ရေကိုသောက်စေခြင်းငှာ သင့်ကိုငါ့အိမ်သို့ ခေါ်ရမည်အကြောင်း၊ ကောင်းကင်တမန်သည် ထာဝရဘုရား၏နှုတ်ကပတ်တော်အားဖြင့် မှာထားပြီဟု မုသားသုံး၍ပြောဆို၏။
19
ထိုကြောင့် ဘုရားသခင်၏လူသည် ပရောဖက်နှင့်အတူပြန်လာ၍၊ သူ၏အိမ်မှာ မုန့်ကိုစား၏။ ရေကိုလည်း သောက်၏။
20
ထိုသူနှစ်ပါးတို့သည် စားပွဲနားမှာထိုင်စဉ်တွင်၊ ခေါ်ခဲ့သော ပရောဖက်သို့ ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ရောက်၍၊
21
ယုဒပြည်မှလာသော ဘုရားသခင်၏လူအား၊ သင်သည် ထာဝရဘုရား၏နှုတ်တော်ထွက်ကို နားမထောင်၊ သင်၏ ဘုရားသခင်ထာဝရဘုရား ထားတော်မူသော ပညတ်တော်ကိုမစောင့်၊
22
ဤမည်သောအရပ်၌ မုန့်ကိုမစားနှင့်။ ရေကိုမသောက်နှင့်ဟု ပညတ်တော်မူသောအရပ်သို့ ပြန်လာ၍ မုန့်နှင့်ရေကို စားသောက်သောကြောင့်၊ သင်၏အလောင်းသည် ဘိုးဘေးတို့၏သင်္ချိုင်းသို့ မရောက်ရဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို အော်ဟစ်၍ဆင့်ဆို၏။
23
မုန့်နှင့်ရေကို စားသောက်ပြီးမှ၊ ထိုပရောဖက်သည် ပြန်လာသော ပရောဖက်အဖို့ မိမိမြည်းကိုကုန်းနှီးတင်၍ လွှတ်လိုက်လေ၏။
24
လမ်းမှာ ခြင်္သေ့တွေ့၍သတ်၏။ အသေကောင်သည် လမ်း၌လဲ၍၊ မြည်းနှင့်ခြင်္သေ့သည် အနားမှာရပ်နေ၏။
25
အသေကောင်သည် လမ်း၌လဲ၍ မြည်းနှင့်ခြင်္သေ့သည် အနားမှာရပ်နေသည်ကို ခရီးသွားသောသူတို့သည် မြင်လျှင်၊ အသက်ကြီးသော ပရောဖက်နေသောမြို့သို့လာ၍ သတင်းပြောကြ၏။
26
ခေါ်ခဲ့သောပရောဖက်သည် ထိုသတင်းကိုကြားလျှင်၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်သော ဘုရားသခင်၏လူ ဖြစ်လိမ့်မည်။ ထာဝရဘုရားသည် ထိုသူအားမိန့်တော်မူသောစကားအတိုင်း၊ သူ့ကိုခြင်္သေ့၌ အပ်တော်မူသဖြင့်၊ ခြင်္သေ့သည် ကိုက်သတ်လေပြီတကားဟု ဆိုလျက်၊
27
မြည်းပေါ်မှာ ကုန်းနှီးကိုတင်ကြလော့ဟု သားတို့အားဆိုသည်အတိုင်း သူတို့သည် ကုန်းနှီးတင်ကြ၏။
28
ပရောဖက်သွား၍ အသေကောင်သည် လမ်း၌လဲလျက်၊ မြည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေလျက်ရှိသည်ကို တွေ့၏။ ခြင်္သေ့သည် အသေကောင်ကို မစား၊ မြည်းကိုလည်း မကိုက်။
29
အသက်ကြီးသောပရောဖက်သည် ဘုရားသခင်၏ လူအလောင်းကို မြည်းပေါ်သို့ချီ၍ တင်ပြီးလျှင် ငိုကြွေးမြည်တမ်းခြင်းကို ပြု၍၊ သင်္ဂြိုဟ်ခြင်းငှာ မိမိမြို့သို့ ဆောင်သွား၏။
30
အလောင်းကို မိမိသင်္ချိုင်းတွင်း၌ ထားလျက်၊ အိုငါ့ညီဟူ၍ ငိုကြွေးမြည်တမ်းခြင်းကို ပြု၏။
31
သင်္ဂြိုဟ်ပြီးမှ သားတို့ကိုခေါ်၍၊ ငါသေသောအခါ ဘုရားသခင်၏ လူသင်္ချိုင်းတွင်း၌ သင်္ဂြိုဟ်ကြလော့။ ငါ့အရိုးတို့ကို သူ့အရိုးတို့အနားမှာ ထားကြလော့။
32
ဗေသလမြို့ ယဇ်ပလ္လင်တစ်ဖက် ရှမာရိမြို့ရွာတွင်၊ မြင့်သောအရပ်ပေါ်မှာ ဆောက်သော အိမ်များတစ်ဖက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ကြွေးကြော်သောစကားသည် စင်စစ်ပြည့်စုံလိမ့်မည်ဟု မှာထားလေ၏။
33
ထိုနောက်မှ ယေရောဗောင်သည် မိမိအဓမ္မလမ်းကို မရှောင်။ သာမညလူတို့ကို မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ်အရာ၌ ထပ်၍ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်ချင်သောသူရှိသမျှကို ချီးမြှောက်သဖြင့်၊ သူတို့သည် မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ် ဖြစ်ကြ၏။
34
ထိုသို့ပြုသောကြောင့် ယေရောဗောင်အမျိုးကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှင်းစေသောအပြစ် ရောက်သတည်း။
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22