bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Kings 17
1 Kings 17
Burmese 2021
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 18 →
1
ဂိလဒ်ပြည် တိရှဘိမြို့သားဧလိယက၊ ငါကိုးကွယ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံး မိုးမရွာ၊ နှင်းမကျရဟု အာဟပ်မင်းအားမြွက်ဆို၏။
2
ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဧလိယသို့ ရောက်လာသည်ကား၊
3
သင်သည် ဤအရပ်မှ ထွက်သွားလော့။ အရှေ့သို့ပြောင်း၍ ယော်ဒန်မြစ်တစ်ဖက်၊ ခေရိတ်ချောင်းနားမှာ ပုန်းရှောင်၍နေလော့။
4
ထိုချောင်းရေကို သောက်ရမည်။ ကျီးအတို့သည် သင့်ကိုကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်အတိုင်း၊
5
ဧလိယသည်သွား၍ ယော်ဒန်မြစ်တစ်ဖက်၊ ခေရိတ်ချောင်းနားမှာနေလေ၏။
6
ကျီးအတို့သည် နေ့တိုင်း နံနက်တစ်ခါ၊ ညဉ့်ဦးတစ်ခါ မုန့်နှင့် အမဲသားကို ဆောင်ခဲ့ကြ၏။ ချောင်းရေကိုလည်းသောက်ရ၏။
7
နောက်တစ်ဖန် မိုးမရွာသောကြောင့် ချောင်းရေခန်းခြောက်လေ၏။
8
ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ရောက်လာသည်ကား၊
9
သင်ထလော့။ ဇိဒုန်ပြည်၊ ဇရတ္တမြို့သို့သွား၍ နေလော့။ ထိုမြို့၌နေသော မုဆိုးမတစ်ယောက်သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်အတိုင်း၊
10
ဧလိယသည်ထ၍ ဇရတ္တမြို့သို့သွား၏။ မြို့တံခါးသို့ရောက်သောအခါ၊ မုဆိုးမသည် ထင်းခွေလျက်ရှိ၏။ ဧလိယက၊ ငါသောက်စရာ ရေအနည်းငယ်ကို ခွက်နှင့် ယူခဲ့ပါလော့ဟု ဟစ်၍ဆို၏။
11
မိန်းမသည်ရေကိုယူခြင်းငှာ သွားစဉ်တွင်၊ တစ်ဖန်ဟစ်၍ မုန့်တစ်ဖဲ့ကိုလည်း သင့်လက်၌ ယူခဲ့ပါလော့ဟု ဆိုပြန်လျှင်၊
12
မိန်းမက၊ သင်၏ဘုရားသခင် ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ မုန့်ပြားတစ်ပြားမျှမရှိ။ အိုးထဲမှာ မုန့်ညက်တစ်လက်ဆုပ်၊ ဘူး၌ ဆီအနည်းငယ်သာရှိ၏။ ကျွန်မနှင့်သားငယ်အဖို့ဖုတ်၍ စားလိုသောငှာလည်းကောင်း၊ စားပြီးမှ သေလိုသောငှာလည်းကောင်း၊ ထင်းစနှစ်ခုကို ယခုခွေပါ၏ဟု ပြန်ပြော၏။
13
ဧလိယကလည်း မစိုးရိမ်နှင့်။ သင်ဆိုသည်အတိုင်း သွား၍ပြုလော့။ သို့ရာတွင် ငါ့အဖို့ မုန့်ပြားငယ်တစ်ပြားကို အရင်လုပ်၍ ယူခဲ့လော့။ နောက်မှ သင်နှင့် သင်၏သားငယ်အဖို့ လုပ်လော့။
14
ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထာဝရဘုရားသည် မြေပေါ်မှာ မိုးရွာစေတော်မမူမီတိုင်အောင်၊ အိုး၌ရှိသောမုန့်ညက် မကုန်။ ဘူး၌ရှိသောဆီ မလျော့ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
15
ထိုမုဆိုးမသည်သွား၍ ဧလိယစကားအတိုင်း ပြုသဖြင့်၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍၊ အိမ်သားတို့သည် အင်တန်ကာလပတ်လုံးစားရကြ၏။
16
ထာဝရဘုရားသည် ဧလိယအားဖြင့် မိန့်တော်မူသောစကားအတိုင်း၊ အိုး၌ရှိသော မုန့်ညက်မကုန်၊ ဘူး၌ရှိသောဆီ မလျော့။
17
ထိုနောက်မှ အိမ်ရှင်မ၏သားသည် ပြင်းပြစွာသော အနာရောဂါစွဲသောကြောင့် အသက်ချုပ်၏။
18
မိန်းမကလည်း၊ အို ဘုရားသခင်၏လူ၊ ကိုယ်တော်သည် ကျွန်မနှင့် အဘယ်သို့ဆိုင်သနည်း။ ကျွန်မအပြစ်တို့ကို အောက်မေ့စေ၍၊ ကျွန်မသားကို သတ်အံ့သောငှာ ကျွန်မဆီသို့ ကြွလာတော်မူသလောဟု ဧလိယအားဆိုသော်၊
19
သင်၏သားကို ငါ့အားပေးလော့ဟုဆိုလျက်၊ မိန်းမရင်ခွင်ထဲကယူ၍ မိမိနေရာအထက်အခန်းသို့ ဆောင်သွားသဖြင့်၊ မိမိအိပ်ရာပေါ်မှာထားပြီးလျှင်၊
20
အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တည်းခိုသော ဤမုဆိုးမ၌ ဘေးဥပဒ်ပြု၍၊ သူ၏သားကို သေစေတော်မူမည်လောဟု ထာဝရဘုရားကို ကြွေးကြော်လေ၏။
21
တစ်ဖန် သူငယ်အပေါ်မှာ မိမိကိုယ်ကိုသုံးကြိမ်မှောက်လျက်၊ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ဤသူငယ်၏ဝိညာဉ်ကို တစ်ဖန် ဝင်စေတော်မူပါဟု ထာဝရဘုရားကို ကြွေးကြော်ပြန်၏။
22
ဧလိယစကားကို ထာဝရဘုရားကြားတော်မူ၍၊ သူငယ်၏ဝိညာဉ်သည်ဝင်သဖြင့်၊ သူသည် အသက်ရှင်ပြန်၏။
23
ဧလိယသည် သူငယ်ကို အထက်အခန်းမှ အောက်သို့ယူသွား၍ ကြည့်လော့။ သင်၏သားအသက်ရှင်ပြီဟုဆိုလျက် အမိ၌အပ်လေ၏။
24
မိန်းမကလည်း၊ ဤအမှုကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင်၏လူ ဖြစ်ကြောင်းကိုလည်းကောင်း၊ ကိုယ်တော်ဆင့်ဆိုသော ထာဝရဘုရား၏စကားတော် ဟုတ်မှန်ကြောင်းကိုလည်းကောင်း၊ ကျွန်မသိပါသည်ဟု ဧလိယအားဆို၏။
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22