bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Kings 2
1 Kings 2
Burmese 2021
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 3 →
1
ဒါဝိဒ်သည် အနိစ္စရောက်ရသောအချိန်နီးသောအခါ၊ သားတော်ရှောလမုန်ကို ပညတ်ထားတော်မူသည်ကား၊
2
မြေကြီးသားအပေါင်းတို့၏သွားရာလမ်းသို့ ငါသွားရမည်။ သို့ဖြစ်၍ အားယူလော့။ ယောက်ျား၏ ဂုဏ်သတ္တိရှိလော့။
3
ထာဝရဘုရားသည် ငါ့အားဗျာဒိတ်ပေးတော်မူသည်ကား၊
4
သင်၏သားမြေးတို့သည် စိတ်နှလုံးအကြွင်းမဲ့ ငါ့ရှေ့မှာ သမ္မာတရား၌ကျင်လည်ခြင်းငှာ မိမိတို့သွားရာလမ်းကို သတိပြုလျှင်၊ ဣသရေလနိုင်ငံ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင်၏အမျိုးမင်းရိုးမပြတ်ရဟု မိန့်တော်မူသော စကားတော်တည်၍၊ သင်သည်ပြုလေရာရာ၊ သွားလေရာရာ၌ အောင်မြင်မည်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရား၏ လမ်းတော်သို့လိုက်၍၊ မောရှေ၏ ပညတ္တိကျမ်း၌ပါသော စီရင်ထုံးဖွဲ့ချက်၊ သက်သေခံချက်၊ ပညတ်တရားတော်တို့ကို စောင့်ရှောက်စေခြင်းငှာ မှာထားတော်မူသောစကားကို နားထောင်လော့။
5
ဇေရုယာသားယွာဘသည် ငါ၌ပြုသောအမှု၊ ဣသရေလဗိုလ်ချုပ်နှစ်ပါး နေရ၏သားအာဗနာ၊ ယေသာ၏သားအာမသ၌ ပြုသောအမှုတည်းဟူသော သူတို့ကိုသတ်၍ စစ်မတိုက်ဘဲ စစ်အသွေးကိုသွန်းလောင်းသဖြင့်၊ မိမိဝတ်သောခါးစည်း၊ မိမိနင်းသောခြေနင်းတို့ကို စစ်အသွေးနှင့် လူးသောအမှုကို သင်သိသည်ဖြစ်၍၊
6
သင်၌ပညာရှိသည်အတိုင်း စီရင်လျက်၊ ဆံပင်ဖြူသော ထိုသူ၏ဦးခေါင်းကို မရဏနိုင်ငံသို့ ငြိမ်ဝပ်စွာမဆင်းစေနှင့်။
7
ဂိလဒ်ပြည်သား ဗာဇိလဲ၏သားတို့ကိုကား ကျေးဇူးပြု၍ စားပွဲတော်၌ စားသောလူစုထဲသို့ ဝင်စေလော့။ သင့်အစ်ကိုအဗရှလုံကြောင့် ငါပြေးရသောအခါ၊ သူတို့သည် ထိုသို့သောကျေးဇူးကိုပြု၍ ငါ့ထံသို့လာကြ၏။
8
ငါသည် မဟာနိမ်မြို့သို့သွားသောနေ့၌ ငါ့ကို ကြမ်းတမ်းစွာ ကျိန်ဆဲသောသူ၊ ဗင်္ယာမိန်အမျိုးဗာဟုရိမ်ရွာသား၊ ဂေရ၏သားရှိမိသည် သင့်လက်၌ရှိ၏။ သူသည် ငါ့ကိုခရီးဦးကြိုပြုအံ့သောငှာ ယော်ဒန်မြစ်နားသို့ လာသောအခါ၊ သင့်ကို ငါမကွပ်မျက်ဟု ထာဝရဘုရားကို တိုင်တည်၍ ငါကျိန်ဆိုသော်လည်း၊
9
ထိုသူကို အပြစ်မရှိသောသူကဲ့သို့ မမှတ်ရဘဲ၊ သင်သည် လိမ္မာသောသူဖြစ်၍ သူ၌အဘယ်သို့ စီရင်သင့်သည်ကို သိသည်နှင့်အညီ၊ ဆံပင်ဖြူသော ထိုသူ၏ခေါင်းကိုအသေသတ်ခြင်းအားဖြင့် မရဏနိုင်ငံသို့ ဆင်းစေလော့ဟု မှာထားတော်မူပြီးမှ၊
10
ဒါဝိဒ်သည် ဘိုးတော်ဘေးတော်တို့နှင့် အိပ်ပျော်၍ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံတော်မူ၏။
11
ဟေဗြုန်မြို့၌ ခုနစ်နှစ်၊ ယေရုရှလင်မြို့၌ သုံးဆယ်သုံးနှစ် မင်းပြု၍ ဣသရေလနိုင်ငံကို အနှစ်လေးဆယ် စိုးစံတော်မူ၏။
12
ရှောလမုန်သည် ခမည်းတော်ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာထိုင်တော်မူ၍၊ အာဏာတော်သည် အမြဲတည်၏။
13
ထိုနောက် ဟဂ္ဂိတ်၏သား အဒေါနိယသည် ရှောလမုန်၏မယ်တော် ဗာသရှေဘထံသို့သွား၍၊ ဗာသရှေဘက သင်သည်မိတ်ဆွေဖွဲ့လျက် လာသလောဟုမေးလျှင်၊ မိတ်ဆွေဖွဲ့လျက်လာပါ၏။
14
ပြောစရာတစ်စုံတစ်ခု ရှိပါသည်ဟုဆိုသော်၊ မယ်တော်ကပြောပါဟု ပြန်ဆို၏။
15
အဒေါနိယကလည်း၊ နိုင်ငံတော်သည် ကျွန်ုပ်လက်သို့ ရောက်သည်ကိုလည်းကောင်း၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် ကျွန်ုပ်ကို ရှင်ဘုရင်အဖြစ်၌ ချီးမြှောက်ချင်သည်အကြောင်းကိုလည်းကောင်း မယ်တော်သိပါ၏။ သို့သော်လည်း နိုင်ငံတော်သည် ကျွန်ုပ်လက်မှလွဲ၍ ညီတော်လက်သို့ ရောက်ပါပြီ။ ထိုသို့ ထာဝရဘုရားအလိုတော်ရှိ၏။
16
ယခုမှာ တစ်စုံတစ်ခုသောဆုကို မယ်တော်၌ တောင်းချင်ပါ၏။ မငြင်းပါနှင့်ဟု ဆိုလျှင်၊ မယ်တော်က ပြောပါဟုဆို၏။
17
သူကလည်း ရှောလမုန်မင်းကြီးသည် ရှုနင်မြို့သူအဘိရှက်ကို ကျွန်ုပ်အားပေးစားတော်မူမည်အကြောင်း လျှောက်ပါတော့။ မင်းကြီးသည် မယ်တော်ကိုငြင်းတော်မမူနိုင်ဟု ဆိုလေသော်၊
18
ဗာသရှေဘက ကောင်းပြီ။ သင့်အဖို့ နားတော်လျှောက်မည်ဟုဆိုပြီးမှ၊ အဒေါနိယအဖို့ နားတော်လျှောက်အံ့သောငှာ ရှောလမုန်မင်းကြီးထံတော်သို့ သွား၏။
19
ရှင်ဘုရင်သည် မယ်တော်ကို ခရီးဦးကြိုပြုအံ့သောငှာ ထ၍ဦးချပြီးမှ၊ ပလ္လင်တော်ပေါ်မှ ထိုင်တော်မူ၏။ မယ်တော်ထိုင်စရာဖို့ စီရင်၍ သူသည် လက်ယာတော်ဘက်မှာ ထိုင်လေ၏။
20
ထိုအခါ မယ်တော်က၊ ငယ်သောဆု တစ်စုံတစ်ခုကို တောင်းချင်သည်ဖြစ်၍ မငြင်းပါနှင့်ဟု လျှောက်လျှင်၊ ရှင်ဘုရင်က မိခင်၊ တောင်းပါ၊ ကျွန်ုပ်မငြင်းပါဟု မိန့်တော်မူ၏။
21
မယ်တော်ကလည်း၊ ရှုနင်မြို့သူ အဘိရှက်ကို နောင်တော်အဒေါနိယအားပေးစားတော်မူပါဟု တောင်းလေသော်၊
22
ရှောလမုန်မင်းကြီးက၊ အဒေါနိယအဖို့ ရှုနင်မြို့သူ အဘိရှက်ကိုသာ အဘယ်ကြောင့်တောင်းရသနည်း။ နိုင်ငံတော်ကိုလည်း သူအဖို့တောင်းပါလော့။ သူသည် ကျွန်ုပ်နောင်တော်ဖြစ်၏။ သူနှင့် ယဇ်ပုရောဟိတ်အဗျာသာ၊ ဇေရုယာ၏သားယွာဘအဖို့ တောင်းပါလော့ဟု မယ်တော်အားပြန်ပြောပြီးမှ၊
23
တစ်ဖန် အဒေါနိယသည် ထိုသို့တောင်းသော်၊ မိမိအသက်သေစေခြင်းငှာ မတောင်းမိလျှင်၊ ဘုရားသခင်သည် ငါ့အားထိုမျှမက ပြုတော်မူစေသတည်း။
24
ငါ့ကိုမြဲမြံစေသဖြင့်၊ ငါ့ခမည်းတော်ဒါဝိဒ်၏ရာဇပလ္လင်တော်ပေါ်မှာ တင်၍ ကတိတော်နှင့်အညီ ငါ့နေရာနန်းတော်ကို ပေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ အဒေါနိယသည် ယနေ့အသေခံရမည်ဟု ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုပြီးမှ၊
25
ယောယဒသားဗေနာယကိုစေလွှတ်၍၊ အဒေါနိယကို သေအောင်လုပ်ကြံလေ၏။
26
ယဇ်ပုရောဟိတ်အဗျာသာကိုလည်း ရှင်ဘုရင်ခေါ်၍၊ သင်သည် အာနသုတ်မြို့၊ သင်ပိုင်သောမြေသို့ သွားလော့။ သင်သည် အသေခံထိုက်သော်လည်း ယခုငါမစီရင်။ အကြောင်းမူကား၊ ထာဝရအရှင်ဘုရားသခင်၏ သေတ္တာတော်ကို ငါ့ခမည်းတော်ဒါဝိဒ်ရှေ့မှာ ထမ်းလေပြီ။ ငါ့ခမည်းတော်ဆင်းရဲခံလေရာရာ၌ သင်သည် ဆင်းရဲခံလေပြီဟု မိန့်တော်မူ၏။
27
ထာဝရဘုရားသည် ဧလိအမျိုးကိုအကြောင်းပြု၍၊ ရှိလောမြို့၌ မိန့်တော်မူသောစကား ပြည့်စုံမည်အကြောင်း၊ ရှောလမုန်သည် အဗျာသာကို ထာဝရဘုရားထံတော်၌ ယဇ်ပုရောဟိတ်မဖြစ်စေခြင်းငှာ နှင်ထုတ်တော်မူ၏။
28
ယွာဘမူကား၊ အဗရှလုံ နောက်သို့မလိုက်သော်လည်း၊ အဒေါနိယနောက်သို့ လိုက်သောသူဖြစ်၍၊ ထိုသတင်းကို ကြားသောအခါ၊ ထာဝရဘုရား၏တဲတော်သို့ပြေး၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်နေ၏။
29
ယွာဘသည် ထာဝရဘုရား၏တဲတော်သို့ပြေးပါပြီ။ ယဇ်ပလ္လင် အနားမှာရှိပါသည်ဟု ရှောလမုန်မင်းကြီးအား လျှောက်သောအခါ၊ ယွာဘကို လုပ်ကြံလော့ဟု ယောယဒသားဗေနာယကို စေလွှတ်တော်မူ၏။
30
ဗေနာယသည် ထာဝရဘုရား၏တဲတော်သို့သွား၍၊ ရှင်ဘုရင်ခေါ်တော်မူသည်ဟု ဆိုလျှင်၊ ယွာဘက ငါမသွား၊ ဤအရပ်မှာ အသေခံမည်ဟုဆို၏။ ဗေနာယကလည်း၊ ယွာဘသည် ဤသို့ပြန်ပြောပါ၏ဟု နားတော်လျှောက်လေသော်၊
31
ရှင်ဘုရင်က၊ အပြစ်မရှိသောသူ၏ အသက်ကို ယွာဘသတ်သောအပြစ်နှင့် ငါမှစ၍ ငါ့အဆွေအမျိုး ကင်းစင်မည်အကြောင်း သူ့စကားအတိုင်းပြုလော့။ သူ့ကိုလုပ်ကြံ၍သင်္ဂြိုဟ်လော့။
32
သူသည် မိမိထက်သာ၍ ဖြောင့်မတ်ကောင်းမြတ်သောသူ၊ ဣသရေလဗိုလ်ချုပ် နေရ၏သားအာဗနာနှင့် ယုဒဗိုလ်ချုပ် ယေသာ၏သားအာမသကို ငါ့ခမည်းတော်ဒါဝိဒ်မသိဘဲတိုက်၍ ဓားနှင့်သတ်သောအပြစ်ကို ထာဝရဘုရားသည် သူ၏ခေါင်းပေါ်သို့ သက်ရောက်စေတော်မူမည်။
33
ထိုသူတို့၏ အသွေးသည် ယွာဘခေါင်း၊ သားမြေးတို့၏ ခေါင်းပေါ်မှာ အစဉ်သက်ရောက်ပါစေ။ ဒါဝိဒ်နှင့် သူ၏ဆွေတော်မျိုးတော်၊ နန်းတော်၊ ရာဇပလ္လင်တော်၌ ထာဝရဘုရားပေးတော်မူသော ငြိမ်ဝပ်ခြင်းအမြဲသက်ရောက်ပါစေဟု မိန့်တော်မူသည်အတိုင်း၊
34
ယောယဒသားဗေနာယသည် သွားပြီးလျှင်၊ ယွာဘကို တိုက်သတ်၍ တောအရပ်၊ ယွာဘနေရာအိမ်၌ သင်္ဂြိုဟ်လေ၏။
35
ဗိုလ်ချုပ်ယွာဘအရာ၌ ယောယဒသား ဗေနာယကိုလည်းကောင်း၊ အဗျာသာအရာ၌ ယဇ်ပုရောဟိတ်ဇာဒုတ်ကိုလည်းကောင်း ရှင်ဘုရင်ခန့်ထားတော်မူ၏။
36
တစ်ဖန် ရှင်ဘုရင်သည် ရှိမိကိုခေါ်ပြီးလျှင်၊ သင်သည် ယေရုရှလင်မြို့ထဲမှာ အိမ်ကိုဆောက်၍ နေရမည်။ မြို့ပြင်သို့ထွက်၍ အဘယ်အရပ်ကိုမျှ မသွားနှင့်။
37
မြို့ပြင်သို့ထွက်၍ ကေဒြုန်ချောင်းကိုကူးလျှင်၊ ကူးသောနေ့၌ အသေသတ်ခြင်းကိုအမှန်ခံရမည်ဟု သတိနှင့်မှတ်လော့။ သင့်အသွေးသည် သင့်ခေါင်းပေါ်မှာ သက်ရောက်စေဟု မိန့်တော်မူသော်၊
38
ရှိမိက၊ အမိန့်တော်ကောင်းပါ၏။ အရှင်မင်းကြီး မိန့်တော်မူသည်အတိုင်း ကိုယ်တော်ကျွန်ပြုပါမည်ဟု ပြန်လျှောက်၍ ယေရုရှလင်မြို့၌ ကြာမြင့်စွာနေလေ၏။
39
သို့ရာတွင် သုံးနှစ်လွန်သောအခါ၊ ရှိမိ၏ကျွန်နှစ်ယောက်တို့သည် ဂါသမင်းကြီးမာခါသား အာခိတ်ထံသို့ပြေး၍ ဂါသမြို့၌ရှိကြောင်းကို ရှိမိသည်ကြားလေသော်၊
40
ထ၍မြည်းကို ကုန်းနှီးတင်ပြီးလျှင်၊ ကျွန်တို့ကို ရှာအံ့သောငှာ ဂါသမြို့၊ အာခိတ်ထံသို့သွား၍ ကျွန်တို့ကို ခေါ်လေ၏။
41
ထိုသို့ရှိမိသည် ယေရုရှလင်မြို့မှ ဂါသမြို့သို့သွား၍ ပြန်လာကြောင်းကို ရှောလမုန်မင်းကြီး ကြားလေသော်၊
42
ရှိမိကိုခေါ်ပြီးလျှင်၊ သင်သည် မြို့ပြင်သို့ထွက်၍ အခြားတစ်ပါးသော အရပ်သို့သွားလျှင်၊ သွားသောနေ့၌ အသေသတ်ခြင်းအမှန်ခံရမည်ကို သတိနှင့်မှတ်လော့ဟု ထာဝရဘုရားကိုတိုင်တည်လျက် သင့်ကို ငါကျိန်ဆိုစေ၍ သတိပေးသည်မဟုတ်လော။ သင်ကလည်း ကျွန်တော်ကြားရသောအမိန့်တော် ကောင်းပါသည်ဟု ဝန်ခံသည် မဟုတ်လော။
43
သို့ဖြစ်၍ ထာဝရဘုရား၏သစ္စာတော်ကိုလည်းကောင်း၊ ငါမှာထားသော ပညတ်ကိုလည်းကောင်း အဘယ်ကြောင့်မစောင့်သနည်းဟု မိန့်တော်မူပြီးမှ၊
44
တစ်ဖန် သင်သည် ကိုယ်နှစ်သက်သည်အတိုင်း ငါ့ခမည်းတော်ဒါဝိဒ်၌ ပြုဖူးသော ဒုစရိုက်ရှိသမျှကို သင်သိ၏။ သင်၏ဒုစရိုက်အပြစ်ကို ထာဝရဘုရားသည် သင့်ခေါင်းပေါ်သို့ရောက်စေတော်မူ၏။
45
ရှောလမုန်မင်းကြီးသည် မင်္ဂလာရှိ၍ ဒါဝိဒ်၏ရာဇပလ္လင်တော်သည် ထာဝရဘုရားရှေ့တော်၌ အစဉ်အမြဲ တည်ပါစေသတည်းဟု မိန့်တော်မူပြီးလျှင်၊
46
ယောယဒသားဗေနာယသည် အမိန့်တော်ကိုခံ၍ ပြင်သို့ထွက်ပြီးလျှင် ရှိမိကိုသေအောင်လုပ်ကြံလေ၏။ ထိုသို့ နိုင်ငံတော်သည် ရှောလမုန်လက်၌ တည်၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22