bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Kings 20
1 Kings 20
Burmese 2021
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 21 →
1
ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်သည် မိမိဗိုလ်ခြေအပေါင်းတို့ကို စုဝေးစေ၍၊ မင်းကြီးသုံးကျိပ်နှစ်ပါးနှင့်တကွ မြင်းစီးသူရဲ၊ ရထားစီးသူရဲများပါလျက် စစ်ချီပြီးလျှင် ရှမာရိမြို့ကိုဝိုင်းထား၍ တိုက်လေ၏။
2
သံတမန်တို့ကို ဣသရေလရှင်ဘုရင် အာဟပ်ထံ၊ မြို့ထဲသို့စေလွှတ်၍၊ ဗင်္ဟာဒဒ်၏အမိန့်တော်ကား၊
3
သင့်ရွှေငွေသည် ငါ့ဥစ္စာဖြစ်၏။ သင့်သားမယား အကောင်းဆုံးတို့ကိုလည်း ငါပိုင်၏ဟု မှာလိုက်သတည်း။
4
ဣသရေလရှင်ဘုရင်က အရှင်မင်းကြီး၊ အမိန့်တော်အတိုင်း ငါနှင့်ငါ့ဥစ္စာရှိသမျှသည် ကိုယ်တော်၏ဥစ္စာဖြစ်ပါသည်ဟု ပြန်ပြော၏။
5
သံတမန်တို့သည် တစ်ဖန်လာ၍ ဗင်္ဟာဒဒ်၏ အမိန့်တော်ကား၊ သင်ပိုင်သော ရွှေငွေသားမယားတို့ကို ငါ၌အပ်ရမည်ဟု ငါမှာလိုက်သည်အမှုမှာ၊
6
နက်ဖြန်နေ့ ယခုအချိန်ရောက်သောအခါ ငါ့ကျွန်တို့ကို ငါစေလွှတ်မည်။ သူတို့သည် သင်နေသောအိမ်နှင့် သင့်ကျွန်နေသော အိမ်တို့ကိုစစ်၍ အလိုရှိသမျှတို့ကို ယူစေရမည်ဟု မှာလိုက်သတည်း။
7
ထိုအခါ ဣသရေလရှင်ဘုရင်သည် ပြည်သား အသက်ကြီးသူအပေါင်းတို့ကိုခေါ်၍၊ ဤသူသည် အဘယ်မျှလောက် ရန်ရှာချင်သည်ကို ကြည့်မှတ်ကြပါလော့။ ငါ့ရွှေငွေ သားမယားတို့ကိုတောင်း၍ မှာလိုက်သောအခါ ငါမငြင်းပါတကားဟု ကြားပြော၏။
8
အသက်ကြီးသူအပေါင်းတို့နှင့် ပြည်သားအပေါင်းတို့က၊ ထိုသူ၏စကားကို နားထောင်တော်မမူပါနှင့်။ ဝန်ခံတော်မမူပါနှင့်ဟု ပြန်လျှောက်ကြ၏။
9
သို့ဖြစ်၍ ရှင်ဘုရင်က၊ ကိုယ်တော်သည် အထက်မိန့်တော်မူသမျှအတိုင်း ကိုယ်တော်ကျွန်ပြုပါမည်။ နောက်မိန့်တော်မူသည်အတိုင်း မပြုသင့်ဟု ငါအရှင်မင်းကြီးအား ပြန်လျှောက်ကြလော့ဟု ဗင်္ဟာဒဒ်၏သံတမန်တို့အားမှာလိုက်လျှင်၊ ထိုသူတို့သည် သွား၍လျှောက်ကြ၏။
10
တစ်ဖန် ဗင်္ဟာဒဒ်သည် စေလွှတ်၍၊ ရှမာရိမြို့၌ရှိသော မြေမှုန့်သည် ငါ့နောက်သို့ လိုက်သောသူအပေါင်းတို့တွင်၊ တစ်ယောက်တစ်လက်ဆုပ်စီ စေ့ငလောက်လျှင်၊ ဘုရားတို့သည် ငါ၌ထိုမျှမကပြုပါစေသောဟု မှာလိုက်လေသော်၊
11
ဣသရေလရှင်ဘုရင်က၊ လက်နက်စုံကို ချွတ်သောသူသည် ဝါကြွားသကဲ့သို့ ဝတ်ဆင်သောသူသည် မဝါကြွားစေနှင့်ဟု ပြန်ပြော၏။
12
ဗင်္ဟာဒဒ်သည် မင်းကြီးတို့နှင့်တကွ တဲတော်၌သောက်စဉ်၊ ထိုစကားကိုကြားလျှင် စစ်ခင်းကျင်းကြဟု မိမိကျွန်တို့အား မိန့်တော်မူသည်အတိုင်း၊ သူတို့သည် မြို့ရှေ့မှာ စစ်ခင်းကျင်းကြ၏။
13
ထိုအခါ ပရောဖက်တစ်ပါးသည် ဣသရေလရှင်ဘုရင်အာဟပ်ထံသို့လာ၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကြီးစွာသော အလုံးအရင်းအပေါင်းကို မြင်ပြီလော။ သင့်လက်၌ ယနေ့ငါအပ်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်ဟု အမိန့်တော်ကိုဆင့်ဆို၏။
14
အာဟပ်ကလည်း၊ အဘယ်သူအားဖြင့် အပ်တော်မူမည်နည်းဟု မေးလျှင်၊ မြို့ဝန်များ၏လုလင်တို့အားဖြင့် အပ်မည်ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ဆင့်ဆို၏။ စစ်မှုကို အဘယ်သူစီရင်ရမည်နည်းဟု မေးပြန်သော်၊ မင်းကြီးကိုယ်တိုင် စီရင်ရမည်ဟု ဆို၏။
15
အာဟပ်မင်းသည် မြို့ဝန်များ၏ လုလင်တို့ကို ရေတွက်၍ နှစ်ရာသုံးဆယ်နှစ်ယောက်ရှိ၏။ ဣသရေလအမျိုးသားအပေါင်းတို့ကို ရေတွက်ပြန်သော် ခုနစ်ထောင်ရှိ၏။
16
မွန်းတည့်အချိန်၌ ထွက်ကြ၏။ ဗင်္ဟာဒဒ်မင်းမူကား၊ ဝိုင်းသောမင်းကြီး သုံးဆယ်နှစ်ပါးတို့နှင့်တကွ တဲတော်၌ ယစ်မူးအောင်သောက်လျက် နေကြ၏။
17
မြို့ဝန်များ၏ လုလင်တို့သည် အရင်ထွက်ကြ၏။ ရှမာရိမြို့ထဲက လူထွက်ပါသည်ဟု ဗင်္ဟာဒဒ်မင်းထံသို့ စေလွှတ်၍ ကြားလျှောက်လျှင်၊
18
စစ်ငြိမ်းစေခြင်းငှာ ထွက်သည်ဖြစ်စေ၊ စစ်တိုက်ခြင်းငှာ ထွက်သည်ဖြစ်စေ၊ အရှင်ဖမ်းဆီးကြဟု မိန့်တော်မူ၏။
19
ထိုသို့မြို့ဝန်များ၏ လုလင်တို့သည် လိုက်သောဗိုလ်ခြေနှင့်တကွ မြို့ထဲကထွက်၍၊
20
ရန်သူတို့ကို လူတိုင်းတစ်ယောက်စီ သတ်ကြသဖြင့် ရှုရိလူတို့သည် ပြေးကြ၏။ ဣသရေလလူတို့သည်လိုက်ကြသဖြင့် ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည် မြင်းစီး၍ မြင်းစီးသူရဲတို့နှင့်အတူ အလွတ်ပြေး၏။
21
ဣသရေလရှင်ဘုရင်သည်လည်း ထွက်၍ မြင်းတပ်၊ ရထားတပ်များကိုဖျက်၍ ရှုရိလူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်လေ၏။
22
တစ်ဖန် ပရောဖက်သည် ဣသရေလရှင်ဘုရင်ထံသို့လာ၍၊ ကိုယ်ကိုခိုင်ခံ့စေလော့။ အဘယ်သို့ပြုရမည်ကို သတိနှင့်ဆင်ခြင်လော့။ နှစ်လည်သောအခါ ရှုရိရှင်ဘုရင်သည် စစ်ချီ၍လာလေဦးမည်ဟု ဆို၏။
23
ရှုရိရှင်ဘုရင်၏ကျွန်တို့ကလည်း၊ သူတို့၏ဘုရားသည် တောင်ကိုသာအစိုးရသောဘုရားဖြစ်၏။ ထိုကြောင့် သူတို့သည် ငါတို့ကိုနိုင်ပါ၏။ ငါတို့သည် လွင်ပြင်၌ တစ်ခါတိုက်ကြကုန်အံ့။ ထိုသို့တိုက်လျှင် စင်စစ်နိုင်ကြလိမ့်မည်။
24
မင်းကြီးအပေါင်းတို့ကိုလည်း ပယ်၍ သူတို့အရာ၌ ဗိုလ်ချုပ်တို့ကိုခန့်ထားတော်မူပါ။
25
ရှုံးသောမြင်းတပ်၊ ရထားတပ်နှင့်အမျှ များသောတပ်ကိုခင်းကျင်းတော်မူပါ။ လွင်ပြင်၌တိုက်၍ ဆက်ဆက်နိုင်ကြပါလိမ့်မည်ဟု လျှောက်ထားသောစကားကို ရှင်ဘုရင်သည် နားထောင်၍ စီရင်လေ၏။
26
နှစ်လည်သောအခါ ဗင်္ဟာဒဒ်မင်းသည် ရှုရိလူတို့ကိုရေတွက်၍ ဣသရေလပြည်သားတို့ကို စစ်တိုက်အံ့သောငှာ၊ အာဖက်မြို့သို့ ချီသွား၏။
27
ဣသရေလအမျိုးသားတို့သည်စာရင်းဝင်၍ ရိက္ခာကိုပြင်ဆင်ပြီးမှ စစ်ချီကြ၏။ ရှုရိလူတို့သည် တစ်ပြည်လုံးအနှံ့အပြားနေလျက်၊ သူတို့ရှေ့မှာ ဣသရေလလူတို့သည် ငယ်သောဆိတ်သငယ်နှစ်စုကဲ့သို့ တပ်ချကြ၏။
28
ဘုရားသခင်၏ လူတစ်ယောက်သည် ဣသရေလရှင်ဘုရင်ထံသို့ လာ၍ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ရှုရိလူတို့က ထာဝရဘုရားသည် တောင်ကိုသာအစိုးရသော ဘုရားဖြစ်၏။ လွင်ပြင်ကိုအစိုးရသော ဘုရားမဟုတ်ဟု ဆိုမိသောကြောင့်၊ ထိုကြီးစွာသော အလုံးအရင်းအပေါင်းကို သင့်လက်သို့ငါအပ်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
29
ထိုသူတို့သည် ခုနစ်ရက်ပတ်လုံး တစ်ဖက်တစ်ချက်တွင် တပ်ချလျက်နေပြီးမှ၊ သတ္တမနေ့၌စစ်ပြိုင်၍ ဣသရေလလူတို့သည် တစ်နေ့ချင်းတွင် ရှုရိခြေသည်သူရဲတစ်သိန်းကို သတ်ကြ၏။
30
ကျန်သောသူတို့သည် အာဖက်မြို့သို့ပြေး၍ မြို့ရိုးလဲသဖြင့် နှစ်သောင်းခုနစ်ထောင်ကို ဖိလေ၏။ ဗင်္ဟာဒဒ်သည် ပြေး၍ မြို့ထဲအတွင်းအခန်း၌ ပုန်းလျက်နေ၏။
31
ဗင်္ဟာဒဒ်၏ကျွန်တို့ကလည်း၊ ဣသရေလအမျိုးသား ရှင်ဘုရင်တို့သည် သနားတတ်သောမင်းဖြစ်ကြောင်းကို ကျွန်တော်တို့ ကြားပါပြီ။ ကျွန်တော်တို့သည် လျှော်တေအဝတ်ကိုဝတ်၍၊ ခေါင်းပေါ်မှာ ကြိုးကိုရွက်လျက်၊ ဣသရေလရှင်ဘုရင်ထံသို့ ထွက်ရသောအခွင့်ကို ပေးတော်မူပါ။ အသက်တော်ကို ချမ်းသာပေးကောင်းပေးပါလိမ့်မည်ဟု လျှောက်သည်အတိုင်း၊
32
လျှော်တေအဝတ်ကို ဝတ်၍၊ ခေါင်းပေါ်မှာ ကြိုးကိုရွက်လျက်၊ ဣသရေလရှင်ဘုရင်ထံသို့ရောက်လျှင်၊ ကိုယ်တော်ကျွန်ဗင်္ဟာဒဒ်က၊ ကျွန်တော်အသက်ကို ချမ်းသာပေးတော်မူပါဟု တောင်းပန်ကြောင်းကို လျှောက်ကြသော်၊ အာဟပ်မင်းက၊ ငါ့အစ်ကိုသည် အသက်ရှင်သေးသလောဟု မေး၏။
33
ထိုသူတို့သည် အာဟပ်မင်း၏စကားကို စေ့စေ့နားထောင်၍၊ ချက်ချင်းစကားအရိပ်ကို ဖမ်းလျက်၊ ကိုယ်တော်အစ်ကိုဟူ၍ မိမိတို့သခင်ကို ခေါ်ကြ၏။ အာဟပ်ကလည်း သွား၍ ခေါ်ကြလော့ဟု စေလွှတ်သည်အတိုင်း ဗင်္ဟာဒဒ်သည် ထွက်လာ၍၊ အာဟပ်မင်းအခွင့်နှင့် ရထားတော်ပေါ်သို့ တက်ရ၏။
34
ဗင်္ဟာဒဒ်ကလည်း၊ ငါ့အဘသည် ကိုယ်တော်အဘ၏လက်မှ လုယူသောမြို့တို့ကို ငါပြန်ပေးပါမည်။ ငါ့အဘသည် ရှမာရိမြို့၌ ရှုရိတန်းကိုလုပ်သကဲ့သို့ ကိုယ်တော်သည် ဒမာသက်မြို့၌ ဣသရေလတန်းကို လုပ်ရပါသည်ဟုဆိုလျှင်၊ အာဟပ်က ထိုသို့မိတ်သဟာယဖွဲ့လျက်၊ သင့်ကို ငါလွှတ်လိုက်မည်ဟုဆို၍ မိတ်သဟာယဖွဲ့လျက် လွှတ်လိုက်လေ၏။
35
ပရောဖက်အမျိုးသားတစ်ယောက်က၊ ငါ့ကို ရိုက်ပါလော့ဟု ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း အိမ်နီးချင်းအားဆို၏။ ထိုသူက ငါမရိုက်ပါဟု ငြင်းပယ်၏။
36
ပရောဖက်ကလည်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်သောကြောင့် ငါ့ထံမှသွားစဉ်တွင်၊ ခြင်္သေ့သတ်လိမ့်မည်ဟု ဆိုသည်အတိုင်း၊ ထိုသူသွားစဉ်တွင် ခြင်္သေ့တွေ့၍ သတ်၏။
37
အခြားသောသူကိုတွေ့၍ ငါ့ကိုရိုက်ပါလော့ဟု ဆိုပြန်လျှင်၊ ထိုသူသည် နာကျင်စွာရိုက်လေ၏။
38
ထိုပရောဖက်သည် သွား၍ မိမိမျက်နှာကို ပုဝါနှင့်ဖုံးအုပ်လျက် ရှင်ဘုရင်ကို ငံ့လင့်၏။
39
ရှင်ဘုရင်သည် လျှောက်သွားသောအခါ ထိုသူက၊ ကိုယ်တော်ကျွန်သည် စစ်တိုက်သွားပါ၏။ လူတစ်ယောက်သည် စစ်ပွဲထဲကထွက်လာ၍ ကျွန်တော်၌ လူတစ်ယောက်ကိုအပ်သဖြင့် ဤလူကိုစောင့်လော့။ တစ်စုံတစ်ခုအားဖြင့် ပျောက်လျှင် သူ့အသက်အတွက် သင့်အသက်သေရမည်။ သို့မဟုတ် ငွေအခွက်တစ်ဆယ်လျော်ရမည်ဟု မှာထားသော်လည်း၊
40
ကိုယ်တော်ကျွန်သည် အရပ်ရပ်၌ အမှုများသောအခါ၊ ထိုသူပျောက်ပါသည်ဟု လျှောက်လျှင်၊ ဣသရေလရှင်ဘုရင်က၊ သင့်အမှုကို ထိုသို့ပင်စီရင်ရမည်။ သင့်ကိုယ်တိုင်လည်း စီရင်ပြီးဖြစ်သည်ဟု မိန့်တော်မူ၏။
41
ထိုပရောဖက်သည် မျက်နှာဖုံးပုဝါကို ချက်ချင်းပယ်သဖြင့်၊ ပရောဖက် တစ်စုံတစ်ပါးဖြစ်ကြောင်းကို ဣသရေလရှင်ဘုရင်သိ၏။
42
ပရောဖက်ကလည်း၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါကျိန်သောသူကို သင်လွှတ်သောကြောင့်၊ သင့်အသက်သည် သူ့အသက်အတွက်၊ သင့်လူတို့သည် သူ့လူတို့အတွက်အရှုံးခံရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
43
ဣသရေလရှင်ဘုရင်သည် ညစ်ညူးသောစိတ်နှင့် ညှိုးငယ်လျက် ရှမာရိမြို့၊ နန်းတော်သို့သွား၏။
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22