bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Deuteronomy 10
Deuteronomy 10
Burmese MSBU
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 11 →
1
ထိုအချိန်၌ ထာဝရဘုရားက ငါ့အား ‘ယခင်ကျောက်ပြားနှင့်တူသောကျောက်ပြားနှစ်ချပ်ကို ထုဆစ်ပြီးလျှင် ငါရှိရာ တောင်ပေါ်သို့ တက်လာလော့။ သစ်သားသေတ္တာကိုလည်း လုပ်လော့။
2
သင်ချိုးဖဲ့လိုက်သောယခင်ကျောက်ပြား၌ ပါရှိသောပညတ်တော်များကို ထိုကျောက်ပြားနှစ်ချပ်ပေါ်၌ ငါရေးမည်။ သင်သည် ထိုကျောက်ပြားတို့ကို သေတ္တာထဲတွင် ထည့်ရမည်’ဟု မိန့်တော်မူ၏။
3
သို့ဖြစ်၍ ငါသည် အကေရှား သစ်သားဖြင့်သေတ္တာကိုပြုလုပ်၍ ယခင်ကျောက်ပြားနှင့်တူသောကျောက်ပြားနှစ်ချပ်ကိုထုဆစ်ပြီးလျှင် ထိုကျောက်ပြားနှစ်ချပ်ကိုကိုင်လျက် တောင်ပေါ်သို့တက်သွား၏။
4
သင်တို့စုဝေးခဲ့သောနေ့၌ သင်တို့အား တောင်ပေါ်တွင် မီးထဲမှ ထာဝရဘုရားမိန့်တော်မူခဲ့သည့် ပညတ်တော် ဆယ်ပါးကို ယခင်ကျောက်ပြား၌အက္ခရာတင်ထားခဲ့သည့်အတိုင်း ထာဝရဘုရားသည် ထိုကျောက်ပြားတို့ပေါ်၌ အက္ခရာတင်တော်မူပြီးလျှင် ငါ့အားပေးတော်မူ၏။
5
ထို့နောက် ငါသည် တောင်ပေါ်မှလှည့်၍ဆင်းလာပြီး ထိုကျောက်ပြားတို့ကို ငါပြုလုပ်ထားသောသေတ္တာထဲတွင် ထည့်ထား၏။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထိုကျောက်ပြားတို့သည် သေတ္တာထဲတွင် ရှိနေ၏။
6
(အစ္စရေးအမျိုးသားတို့သည် ဗေရုတ်ဗင်္ယာကန်အရပ်မှ မောသရုတ်အရပ်သို့ ခရီးပြုကြ၏။ အာရုန်သည် ထိုအရပ်၌သေဆုံးသဖြင့် ထိုအရပ်၌ပင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ့သားဧလာဇာသည် သူ့နေရာ၌ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်၏။
7
သူတို့သည် ထိုအရပ်မှ ဂုဒ်ဂေါဒအရပ်၊ ဂုဒ်ဂေါဒအရပ်မှ စမ်းချောင်းပေါများရာ ယုပ္ဘာသအရပ်သို့ ခရီးပြုကြ၏။
8
ထိုအချိန်၌ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်ရန်၊ ထာဝရဘုရားရှေ့တော်၌ရပ်လျက် အမှုတော်ဆောင်ရွက်ရန်၊ ကိုယ်တော်၏နာမတော်အားဖြင့် ကောင်းချီးပေးရန် ထာဝရဘုရားသည် လေဝိအမျိုးတို့ကို သီးခြားခွဲထားသည်မှာ ယနေ့ထိတိုင် ဖြစ်၏။
9
လေဝိအမျိုးသည် မိမိညီအစ်ကိုတို့နှင့်အတူ အမွေဝေစု မရကြ။ သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထာဝရဘုရားသည် သူတို့၏အမွေဖြစ်တော်မူ၏။)
10
ငါသည် ယခင်ကဲ့သို့ အရက်လေးဆယ်ပတ်လုံး တောင်ပေါ်၌ နေခဲ့၏။ ထိုအချိန်၌လည်း ထာဝရဘုရားသည် ငါ့စကားကို နားညောင်းတော်မူ၍ သင်တို့ကို မဖျက်ဆီးလိုတော့ပေ။
11
တစ်ဖန် ထာဝရဘုရားက ငါ့အား ‘ထလော့။ သူတို့အားပေးမည်ဟု သူတို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်ပြည်ကို သူတို့ဝင်ရောက်သိမ်းပိုက်ဖို့ သင်သည် သူတို့ရှေ့မှ ခရီးပြုလော့’ဟု မိန့်တော်မူ၏။
12
အို အစ္စရေးလူမျိုး၊ သင်၏ဘုရားသခင်ထာဝရဘုရား သင့်ထံမှ မည်သည့်အရာကိုတောင်းသနည်း။ သင်၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရမည်၊ လမ်းတော်ရှိသမျှကို လိုက်လျှောက်ရမည်၊ ကိုယ်တော်ကိုချစ်ရမည်၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် ဝတ်ပြုရမည်၊
13
သင်ကောင်းစားမည့်အကြောင်း သင့်အား ယနေ့ ငါဆင့်ဆိုသော ထာဝရဘုရား၏ပညတ်ချက်၊ ပြဋ္ဌာန်းချက် တို့ကို စောင့်ထိန်းရမည် စသည်တို့ကိုသာ တောင်းဆိုသည်မဟုတ်လော။
14
သင်၏ဘုရားသခင်ထာဝရဘုရားသည် မိုးကောင်းကင်နှင့် အမြင့်ဆုံးမိုးကောင်းကင်ကိုလည်းကောင်း၊ မြေကြီးနှင့် မြေကြီး၌ရှိသောအရာအားလုံးကိုလည်းကောင်း ပိုင်ဆိုင်သောအရှင်ဖြစ်သော်လည်း
15
ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကို ချစ်တော်မူ၍ ယနေ့မြင်ရသည့်အတိုင်း နောင်လာမည့် သူတို့၏သားစဉ်မြေးဆက်ဖြစ်သောသင်တို့ကို လူမျိုးရှိသမျှတို့ထဲမှ ရွေးချယ်တော်မူ၏။
16
သို့ဖြစ်၍ သင်တို့၏စိတ်နှလုံးအရေဖျားကိုလှီးကြလော့။ ခေါင်းမမာ ကြတော့နှင့်။
17
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဘုရားတကာတို့၏ဘုရား၊ သခင်တကာတို့၏သခင်၊ ကြီးမြတ်၍တန်ခိုးနှင့်ပြည့်စုံသောဘုရား၊ အံ့ဩဖွယ်ကောင်းသောဘုရား ဖြစ်တော်မူ၏။ မျက်နှာမလိုက်၊ တံစိုးလက်ဆောင်ကိုလက်မခံ၊
18
ဖတဆိုးနှင့်မုဆိုးမတို့အတွက် တရားသဖြင့်စီရင်သောအရှင်၊ တိုင်းတစ်ပါးသားကိုချစ်၍ အစားအစာနှင့် အဝတ်အစားတို့ကို ပေးသနားတော်မူသောအရှင်ဖြစ်တော်မူ၏။
19
သင်တို့သည် အီဂျစ်ပြည်၌ တိုင်းတစ်ပါးသားဖြစ်ခဲ့ဖူးသောကြောင့် တိုင်းတစ်ပါးသားတို့ကို ချစ်ရမည်။
20
သင်၏ဘုရားသခင်ထာဝရဘုရားကိုကြောက်ရွံ့ရမည်။ ဝတ်ပြုရမည်။ ဆည်းကပ်ရမည်။ နာမတော်ကိုတိုင်တည်၍ကျိန်ဆိုရမည်။
21
သင်မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည့် ကြောက်မက်ဖွယ်ကောင်းသောအမှုကြီးများကို သင့်အတွက်ပြုတော်မူသောအရှင်သည် သင်ချီးမွမ်းရာ သင်၏ဘုရားသခင်ဖြစ်တော်မူ၏။
22
သင်၏ဘိုးဘေးတို့သည် အီဂျစ်ပြည်သို့ဆင်းသွားသောအခါ အယောက်ခုနစ်ဆယ်သာရှိ၏။ ယခုမှာ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို ကောင်းကင်ကြယ်နှင့်အမျှ များပြားစေတော်မူပြီ။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34