bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Deuteronomy 4
Deuteronomy 4
Burmese MSBU
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 5 →
1
အို အစ္စရေးလူမျိုးတို့၊ သင်တို့အား သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်သို့ သင်တို့သည် အသက်ချမ်းသာရာရ၍ ဝင်ရောက်ပိုင်ဆိုင်ရမည့်အကြောင်း သင်တို့လိုက်နာရမည့် ငါသွန်သင်သော ပြဋ္ဌာန်းချက်နှင့်စီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့။
2
သင်တို့အား ငါမှာကြားသောစကားတို့ကို မဖြည့်စွက်ရ။ မနုတ်ပယ်ရ။ သင်တို့အား ငါဆင့်ဆိုသော သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်များကို စောင့်ထိန်းရမည်။
3
ဗာလပေဂုရဘုရားကြောင့် ထာဝရဘုရားပြုတော်မူသောအမှုကို သင်တို့မျက်စိဖြင့် တွေ့မြင်ခဲ့၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဗာလပေဂုရဘုရားအား ဆည်းကပ်သောသူအပေါင်းတို့ကို ဖျက်ဆီးတော်မူခဲ့၏။
4
သို့သော် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဆည်းကပ်သောသူအားလုံး ယနေ့အထိ အသက်ရှင်ရကြ၏။
5
သင်တို့ဝင်ရောက်သိမ်းပိုက်နေထိုင်မည့်ပြည်၌ သင်တို့လိုက်နာရမည့် ပြဋ္ဌာန်းချက်နှင့် စီရင်ထုံးဖွဲ့ချက်တို့ကို ငါ့အား ငါ၏ဘုရားသခင်ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း သင်တို့အား ငါသွန်သင်ပေးပြီ။
6
လိုက်နာစောင့်ထိန်းကြလော့။ သို့ပြုလျှင် ဤပြဋ္ဌာန်းချက်ရှိသမျှကိုကြားသိသောလူမျိုးရှေ့၌ သင်တို့သည်ဉာဏ်ပညာရှိသူ၊ အမြော်အမြင်ရှိသူဟု ထင်ရှားလိမ့်မည်။ သူတို့ကလည်း ‘အကယ်စင်စစ် ဤလူမျိုးသည် ပညာရှိသော၊ အမြော်အမြင်ရှိသောလူမျိုးကြီးဖြစ်၏’ဟု ဆိုကြလိမ့်မည်။
7
အဘယ်ကြောင့်ဆိုသော် ငါတို့၏ဘုရားသခင်ထာဝရဘုရားကို ငါတို့ခေါ်သောအခါတိုင်း ကိုယ်တော်သည် ငါတို့အနီး၌ရှိတော်မူသကဲ့သို့ အနီး၌ရှိတော်မူသောဘုရားသည် မည်သည့်လူမျိုးကြီး၌ရှိသနည်း။
8
ယနေ့ သင်တို့ရှေ့မှောက်၌ ငါထားသော ဤတရားအလုံးစုံတို့ကဲ့သို့ ဖြောင့်မှန်သော ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်မျိုး မည်သည့်လူမျိုးကြီး၌ရှိသနည်း။
9
သင်တို့သတိပြုကြလော့။ သင်တို့မျက်စိဖြင့်တွေ့မြင်ခဲ့ရသောအမှုအရာများကို သင်တို့မမေ့လျော့စေရန်နှင့် သင်တို့အသက်ရှင်သမျှကာလပတ်လုံး သင်တို့စိတ်နှလုံးလမ်းမလွဲစေရန် သင်တို့၏စိတ်ကိုအထူးစောင့်ထိန်းလော့။ သင်တို့၏သားမြေးတို့ကိုလည်း ပြောပြကြလော့။
10
ဟောရပ်တောင်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့မှောက် သင်တို့ရပ်စဉ် ထာဝရဘုရားက ငါ့အား ‘လူတို့ကို ငါ့ထံ၌ စုရုံးစေလော့။ သူတို့သည် မြေကြီးပေါ်၌ အသက်ရှင်သမျှကာလပတ်လုံး ငါ့ကိုကြောက်ရွံ့ရမည်ကို သင်ယူ၍ မိမိတို့၏သားသမီးများကိုလည်း သင်ကြားပေးမည့်အကြောင်း ငါ၏နှုတ်ထွက်စကားများကို သူတို့အား ကြားနာစေမည်’ဟု မိန့်တော်မူ၏။
11
သင်တို့လည်း ချဉ်းကပ်လာ၍ တောင်ခြေရင်း၌ ရပ်နေကြ၏။ ထိုအခါ တောင်ပေါ်၌ မိုးကောင်းကင်အလယ်တိုင်အောင် မီးတောက်လောင်ပြီး မှောင်မည်းသောမိုးတိမ်နှင့်အမှောင်ထုဖုံးလေ၏။
12
ထာဝရဘုရားသည်လည်း သင်တို့အား မီးထဲမှ မိန့်မြွက်တော်မူ၏။ သင်တို့သည် စကားသံကိုကြားရသော်လည်း ပုံသဏ္ဌာန်တော်ကိုမမြင်ရ။ အသံတော်ကိုသာကြားရ၏။
13
ကိုယ်တော်သည် သင်တို့လိုက်နာရန် ညွှန်ကြားထားသည့် မိမိ၏ပဋိညာဉ်တည်းဟူသော ပညတ်တော် ဆယ်ပါးကို သင်တို့အားပြောကြားတော်မူပြီးလျှင် ကျောက်ပြားနှစ်ချပ်ပေါ်၌ ရေးထားတော်မူ၏။
14
သင်တို့ကူးသွား၍သိမ်းပိုက်နေထိုင်မည့်ပြည်၌ သင်တို့လိုက်နာရမည့် ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို သင်တို့အားသင်ကြားပေးရန် ငါ့အား ထာဝရဘုရားမိန့်မှာတော်မူ၏။
15
ဟောရပ်တောင်၌ သင်တို့အား ထာဝရဘုရား မီးထဲမှ မိန့်တော်မူသောနေ့တွင် သင်တို့သည် ကိုယ်တော်ကို မည်သည့်ပုံသဏ္ဌာန်နှင့်မျှမမြင်ရ။ သို့ဖြစ်၍ သင်တို့ကိုယ်သင်တို့ အထူးသတိပြုကြလော့။
16
သင်တို့သည် ဖောက်ပြန်ပြီး ယောက်ျားပုံစံ၊ သို့မဟုတ် မိန်းမပုံစံ၊
17
မြေကြီးပေါ်ရှိ တိရစ္ဆာန်တစ်မျိုးမျိုး၏ပုံစံ၊ မိုးကောင်းကင်၌ပျံသန်းသော အတောင်ပံရှိသည့်ငှက်တစ်မျိုးမျိုး၏ပုံစံ၊
18
မြေပေါ်မှာတွားသွားသော သတ္တဝါတစ်မျိုးမျိုး၏ပုံစံ၊ မြေကြီးအောက် ရေထဲရှိငါးတစ်မျိုးမျိုး၏ပုံစံ စသည်ဖြင့် မည်သည့်ပုံသဏ္ဌာန်တစ်မျိုးမျိုး၏ပုံစံကိုမျှ သင်တို့အဖို့ ရုပ်တုဆင်းတုအဖြစ် မပြုလုပ်ရ။
19
မိုးကောင်းကင်သို့မျှော်ကြည့်၍ နေ၊ လ၊ ကြယ်စသော ကောင်းကင်တန်ဆာရှိသမျှတို့ကိုမြင်သောအခါ သင်တို့သည် သွေးဆောင်ခံရ၍ မိုးကောင်းကင်တစ်ပြင်လုံးအောက်ရှိ လူမျိုးအပေါင်းတို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရား စီရင်ပေးထားသောထိုအရာတို့ကို မပျပ်ဝပ်မကိုးကွယ်ရ။
20
ယနေ့မြင်ရသည့်အတိုင်း ထာဝရဘုရားသည် သင်တို့ကို မိမိ၏အမွေခံလူမျိုးတော်အဖြစ် ခေါ်ယူ၍ အီဂျစ်ပြည် သံမီးပြင်းဖိုထဲမှ ထုတ်ဆောင်တော်မူခဲ့၏။
21
ထာဝရဘုရားသည် သင်တို့ကြောင့် ငါ့ကို အမျက်ထွက်၍ ဂျော်ဒန်မြစ်ကို ငါမကူးရ၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင်တို့အား အမွေအဖြစ်ပေးတော်မူသည့် သာယာဝပြောသောပြည်သို့ ငါမဝင်ရဟု ကျိန်ဆိုတော်မူခဲ့၏။
22
သို့ဖြစ်၍ ငါသည် ဤအရပ်၌ သေရမည်။ ဂျော်ဒန်မြစ်ကို ငါမကူးရ။ သင်တို့မူကား ဂျော်ဒန်မြစ်ကိုကူး၍ သာယာဝပြောသောပြည်ကို ပိုင်ဆိုင်ရကြလိမ့်မည်။
23
သင်တို့နှင့် သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖွဲ့တော်မူသောပဋိညာဉ်ကို မမေ့လျော့ရန်၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားတားမြစ်ထားသော မည်သည့်ပုံသဏ္ဌာန်ကိုမျှ သင်တို့အဖို့ ရုပ်တုဆင်းတုအဖြစ်မလုပ်ရန် သတိပြုကြလော့။
24
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် လောင်သောမီး၊ သဝန်တိုသောဘုရားဖြစ်တော်မူ၏။
25
သင်တို့သည် ထိုပြည်၌ သားမြေးများရသည်အထိ အနေကြာလာသောအခါ ဖောက်ပြန်ပြီး တစ်စုံတစ်ရာ၏ပုံသဏ္ဌာန်ကို ရုပ်တုဆင်းတုအဖြစ်ပြုလုပ်၍ ထာဝရဘုရား၏ရှေ့မှောက်၌ မကောင်းမှုကိုပြုခြင်းဖြင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားအား အမျက်ထွက်စေလျှင်
26
ယနေ့ ငါသည် သင်တို့တစ်ဖက်၌ ကောင်းကင်နှင့်မြေကြီးကိုသက်သေထား၍ တိုင်တည်၏။ သင်တို့သည် ဂျော်ဒန်မြစ်ကိုကူးသွား၍သိမ်းပိုက်မည့်ပြည်မှ မကြာမီလုံးလုံးဖျက်ဆီးခြင်းခံရမည်။ ထိုပြည်၌ အသက်ရှည်ရှည်မနေရ၊ လုံးလုံးဖျက်ဆီးခြင်းခံရမည်။
27
ထာဝရဘုရားသည် သင်တို့ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ ထိုသို့ သင်တို့ကို ထာဝရဘုရားနှင်ထုတ်တော်မူသောအရပ်၊ လူမျိုးခြားတို့ကြား၌ သင်တို့သည် လူဦးရေအနည်းငယ်သာကျန်လိမ့်မည်။
28
သင်တို့သည် ထိုအရပ်၌ လူ့လက်ဖြင့်လုပ်၍ မမြင်နိုင်၊ မကြားနိုင်၊ မစားနိုင်၊ အနံ့မရနိုင်သော သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။
29
သို့သော် ထိုအရပ်၌ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့်ရှာလျှင် တွေ့ရကြလိမ့်မည်။
30
သင်တို့သည် နောင်ကာလ၌ ဤအမှုအလုံးစုံတို့နှင့်ကြုံတွေ့၍ ဆင်းရဲဒုက္ခခံရသောအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားထံသို့ပြန်လာ၍ ကိုယ်တော်၏စကားကို နားထောင်ကြလိမ့်မည်။
31
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သနားစုံမက်တတ်သောဘုရားဖြစ်၍ သင်တို့ကိုစွန့်ပစ်တော်မူမည်မဟုတ်။ သင်တို့ကိုဖျက်ဆီးတော်မူမည်မဟုတ်။ သင်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သောပဋိညာဉ်ကိုလည်း မေ့လျော့တော်မူမည်မဟုတ်။
32
သင်တို့မမွေးမီ ရှေးကာလကအကြောင်းကို မေးမြန်းလော့။ မြေကြီးပေါ်၌ လူကိုဘုရားသခင်ဖန်ဆင်းသောနေ့မှစ၍ မိုးကောင်းကင်၏အစွန်းတစ်ဖက်မှ မိုးကောင်းကင်၏အခြားအစွန်းတစ်ဖက်တိုင်အောင် ဤကြီးမားသောအမှုမျိုး ဖြစ်ဖူးသလော။ ဤအမှုမျိုး ကြားဖူးသလော။
33
မီးထဲမှမိန့်တော်မူသော ဘုရားသခင်၏အသံတော်ကို သင်တို့ကြားရသကဲ့သို့ ကြား၍ အသက်ချမ်းသာရာရသောလူမျိုးရှိဖူးသလော။
34
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် ပြုတော်မူသောအမှုအပေါင်းတို့ကဲ့သို့ မည်သည့်ဘုရားတစ်ပါးပါးက စုံစမ်းမှုပြုလျက်၊ နိမိတ်လက္ခဏာပြလျက်၊ အံ့ဖွယ်အမှုပြုလျက်၊ စစ်တိုက်လျက်၊ အားကြီးသောလက်နှင့် လက်ရုံးကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက် မိမိအဖို့ လူမျိုးတစ်မျိုးကို အခြားလူမျိုးတစ်မျိုးမျိုးထဲမှ သွား၍ထုတ်ဆောင်ရန် ကြိုးပမ်းဖူးသလော။
35
ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်း၊ ကိုယ်တော်မှတစ်ပါး အခြားဘုရားမရှိကြောင်း သင်တို့သိမြင်ရန် ဤအမှုတို့ကို သင်တို့အားပြသတော်မူခြင်းဖြစ်၏။
36
ကိုယ်တော်သည် မိုးကောင်းကင်မှ ပဲ့ပြင်သောစကားသံကို သင်တို့အား ကြားစေတော်မူ၏။ မြေကြီးပေါ်၌လည်း သင်တို့အား မီးတောက်မီးလျှံကြီးကို ပြတော်မူ၍ ထိုမီးထဲမှ ကိုယ်တော်၏စကားတော်ကို သင်တို့ကြားရကြ၏။
37
ကိုယ်တော်သည် သင်တို့၏ဘိုးဘေးတို့ကိုချစ်တော်မူသောကြောင့် သူတို့၏သားစဉ်မြေးဆက်ဖြစ်သောသင်တို့အား ရွေးချယ်တော်မူ၍ ကြီးမားသောတန်ခိုးတော်ဖြင့် အီဂျစ်ပြည်မှ သင်တို့ကို ထုတ်ဆောင်တော်မူခဲ့၏။
38
ကိုယ်တော်သည် သင်တို့ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးမားသောလူမျိုးတို့ကို သင်တို့ရှေ့မှနှင်ထုတ်ပြီး သင်တို့ကို သူတို့၏ပြည်သို့ ပို့ဆောင်တော်မူ၍ ယနေ့မြင်ရသည့်အတိုင်း သူတို့၏ပြည်ကို သင်တို့အား အမွေအဖြစ် ပေးတော်မူ၏။
39
ထို့ကြောင့် အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်မြေကြီး၌လည်းကောင်း ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၍ အခြားဘုရားမရှိကြောင်းကို ယနေ့ သင်တို့သိမှတ်၍ နှလုံးသွင်းကြလော့။
40
သင်တို့နှင့်တကွ နောင်လာမည့် သင်တို့၏သားမြေးတို့ ကောင်းစားမည့်အကြောင်း၊ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်တို့ အသက်ရှည်ရှည်နေထိုင်ရမည့်အကြောင်း ယနေ့ သင်တို့အား ငါဆင့်ဆိုသော ဘုရားသခင်၏ပြဋ္ဌာန်းချက်များနှင့်ပညတ်တော်များကို စောင့်ထိန်းရမည်”ဟု မြွက်ဆိုလေ၏။
41
ထို့နောက် မောရှေသည် ဂျော်ဒန်မြစ်တစ်ဖက်၊ နေထွက်ရာအရပ်၌ မြို့သုံးမြို့ကို သီးခြားခွဲထား၏။
42
မိမိအိမ်နီးချင်းကို အမုန်းမရှိဘဲ မတော်တဆသတ်မိသောသူသည် အသက်ချမ်းသာရာရဖို့ ထိုမြို့သုံးမြို့ထဲမှ တစ်မြို့မြို့သို့ ထွက်ပြေးနိုင်၏။
43
ထိုမြို့သုံးမြို့မှာ ရုဗင်အမျိုးအတွက် တောကန္တာရလွင်ပြင်ရှိ ဗေဇာမြို့၊ ဂဒ်အမျိုးအတွက် ဂိလဒ်ပြည်ရှိ ရာမုတ်မြို့၊ မနာရှေအမျိုးအတွက် ဗာရှန်ပြည်ရှိ ဂေါလန်မြို့ဖြစ်၏။
44
ဤတရားကား အစ္စရေးအမျိုးသားတို့ရှေ့မှောက်၌ မောရှေထားရှိသောတရားဖြစ်၏။
45
ဤသည်ကား အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီးနောက် သူတို့အား မောရှေဆင့်ဆိုသော သက်သေခံချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်တို့ဖြစ်၏။
46
ဤတရားကို ဂျော်ဒန်မြစ်တစ်ဖက်၊ ဗက်ပေဂုရအရပ်နှင့်မျက်နှာချင်းဆိုင်ချိုင့်ဝှမ်း၌ မိန့်ဆိုခဲ့ခြင်းဖြစ်၏။ ထိုအရပ်သည် မောရှေနှင့်အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီးနောက် တိုက်ခိုက်ခဲ့သော ဟေရှဘုန်မြို့၌စံမြန်းသည့် အာမောရိဘုရင်ရှိဟုန်မင်းကြီး၏နယ်မြေဖြစ်၏။
47
ဂျော်ဒန်မြစ်တစ်ဖက်၊ နေထွက်ရာအရပ်ရှိ အာမောရိလူမျိုးတို့၏ဘုရင်နှစ်ပါးဖြစ်သည့် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးနှင့် ဗာရှန်ဘုရင်ဩဃမင်းကြီးတို့၏ပြည်ကို သိမ်းပိုက်ခဲ့ကြ၏။
48
အာနုန်ချောင်းနံဘေးရှိအာရော်မြို့မှစ၍ ဟေရမုန်တောင်ဟုခေါ်သော စိအုန်တောင်တိုင်အောင်လည်းကောင်း၊
49
ဂျော်ဒန်မြစ်တစ်ဖက်၊ နေထွက်ရာအရပ်ရှိ အရာဗလွင်ပြင်တစ်ခုလုံးမှစ၍ ပိသဂါတောင်ခြေရှိ အရာဗပင်လယ်တိုင်အောင်လည်းကောင်း သိမ်းပိုက်ခဲ့ကြ၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34