bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Deuteronomy 21
Deuteronomy 21
Burmese MSBU
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 22 →
1
သင်၏ဘုရားသခင်ထာဝရဘုရားအပိုင်ပေးတော်မူသောပြည်တွင် လူတစ်ယောက်အသတ်ခံရသဖြင့် ကွင်းပြင်၌လဲသေနေသည်ကိုတွေ့၍ ထိုသူအား မည်သူသတ်သည်ကိုမသိလျှင်
2
သက်ကြီးဝါကြီးနှင့်တရားသူကြီးတို့သည်လာ၍ အသတ်ခံရသောသူနှင့် ပတ်ပတ်လည်ရှိမြို့များ၏အကွာအဝေးကို တိုင်းတာရမည်။
3
အသတ်ခံရသောသူနှင့်အနီးဆုံးမြို့မှ သက်ကြီးဝါကြီးတို့သည် မခိုင်းရသေးသော၊ ထမ်းပိုးမတင်ရသေးသော နွားမတမ်းတစ်ကောင်ကိုယူရမည်။
4
ထိုမြို့၏သက်ကြီးဝါကြီးတို့သည် ထွန်ယက်စိုက်ပျိုး၍မရသော ရေစီးနေသည့်ချိုင့်ဝှမ်းသို့ နွားမတမ်းကိုခေါ်ဆောင်လာ၍ ထိုချိုင့်ဝှမ်း၌ နွားမတမ်း၏လည်ပင်းကိုချိုးရမည်။
5
လေဝိသားမြေးယဇ်ပုရောဟိတ်တို့လည်း လာရမည်။ အကြောင်းမူကား သင်၏ဘုရားသခင်ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်ရန်၊ ထာဝရဘုရား၏နာမတော်၌ ကောင်းချီးပေးရန် သူတို့ကို ရွေးကောက်ထားတော်မူသည်ဖြစ်၍ သူတို့သည် အမှုအခင်းရှိသမျှ၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုရှိသမျှကို စီရင်ရ၏။
6
အသတ်ခံရသောသူနှင့်အနီးဆုံးမြို့ရှိသက်ကြီးဝါကြီးအပေါင်းတို့သည် ချိုင့်ဝှမ်း၌လည်ပင်းချိုးခဲ့သောနွားမတမ်းအပေါ်၌ မိမိတို့လက်ကို ဆေးချရမည်။
7
ထို့နောက် သူတို့က ‘ငါတို့၏လက်သည် ဤသွေးကိုမသွန်း၊ ငါတို့၏မျက်စိသည်လည်း ဤအမှုကိုမမြင်။
8
အို ထာဝရဘုရား၊ ကိုယ်တော်ရွေးနုတ်တော်မူသော ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့၏အပြစ်ကိုဖြေလွှတ်တော်မူပါ။ အပြစ်မဲ့သောသူအားသတ်သောအပြစ်ကို ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့အပေါ် ကျရောက်စေတော်မမူပါနှင့်’ဟု လျှောက်ဆိုရမည်။ ထိုအခါ ကိုယ်တော်သည် လူသတ်သောအပြစ်ကို ဖြေလွှတ်တော်မူမည်။
9
ထိုသို့ အပြစ်မဲ့သောသူအားသတ်သောအပြစ်ကို သင့်ထဲမှဖယ်ရှားခြင်းဖြင့် ထာဝရဘုရား၏ရှေ့မှောက်၌ ဖြောင့်မှန်စွာပြုကျင့်ရမည်။
10
သင်သည် မိမိရန်သူတို့ကို စစ်သွားတိုက်၍ သင်၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို သင့်လက်သို့အပ်တော်မူသဖြင့် သူတို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသောအခါ
11
ဖမ်းဆီးခံရသူထဲတွင် ရုပ်ရည်လှပသောမိန်းမကိုမြင်၍ သူ့ကိုနှစ်သက်လျှင် မယားအဖြစ် စုံဖက်ခွင့်ရှိ၏။
12
သူ့ကို သင့်အိမ်သို့ခေါ်လာရမည်။ သူသည် ဆံပင်ရိတ်၍ လက်သည်းခြေသည်းညှပ်ရမည်။
13
ကိုယ်ပေါ်မှ သုံ့ပန်းအဝတ်အစားကို ချွတ်ပယ်ရမည်။ သင့်အိမ်၌နေ၍ သူ၏မိဘကို တစ်လငိုကြွေးတမ်းတရမည်။ ထို့နောက်မှ သင်သည် သူ့ထံသို့ဝင်၍ သူ၏ယောက်ျားဖြစ်မည်။ သူသည်လည်း သင်၏မယားဖြစ်မည်။
14
သင်သည် သူ့ကိုမနှစ်သက်တော့လျှင် သူ့ဆန္ဒအတိုင်း သူ့ကိုထွက်သွားခွင့်ပေးရမည်။ သို့သော် သင်သည် သူ့ကိုအသရေညှိုးနွမ်းစေပြီဖြစ်၍ သူ့ကို ငွေဖြင့် လုံးဝမရောင်းရ၊ ကျွန်မပြုရ။
15
တစ်စုံတစ်ယောက်၌ မယားနှစ်ယောက်ရှိပြီး တစ်ယောက်ကိုချစ်၍ အခြားတစ်ယောက်ကိုမုန်း၏။ အချစ်ခံရသောမယားနှင့် အချစ်မခံရသောမယားတို့သည် သူ့အတွက် သားများကို မွေးဖွားသောအခါ အမုန်းခံရသောမယား၏သားသည် သားဦးဖြစ်လျှင်
16
ဖခင်သည် မိမိ၌ရှိသောအရာကို မိမိသားတို့အား အမွေခွဲပေးသောနေ့တွင် သားဦးဖြစ်သူအချစ်မခံရသောမယား၏သားနေရာ၌ အချစ်ခံရသောမယား၏သားကို သားဦးအရိုက်အရာပေးခွင့်မရှိ။
17
အမုန်းခံရသောမယား၏သားသည် သားဦးဖြစ်သည်ဟု အသိအမှတ်ပြု၍ မိမိ၌ရှိသောအရာအားလုံးမှ ထိုသားအား ဝေစုနှစ်ဆပေးရမည်။ အကြောင်းမူကား သူသည် ဖခင်၏အဦးဆုံးအားမာန်ဖြစ်၏။ သားဦးအရိုက်အရာကို သူပိုင်၏။
18
တစ်စုံတစ်ယောက်၌ မိဘစကား နားမထောင်၊ မိဘဆုံးမသည်ကိုလည်း မနာခံဘဲ ခေါင်းမာ၍ဖီဆန်သောသားရှိလျှင်
19
သူ၏မိဘသည် သူ့ကို မြို့တံခါး၌ရှိသော သက်ကြီးဝါကြီးများထံသို့ ဖမ်းချုပ်ခေါ်ဆောင်လာရမည်။
20
သူတို့သည် မြို့၏သက်ကြီးဝါကြီးတို့အား ‘အကျွန်ုပ်တို့၏သားသည် ခေါင်းမာ၍ဖီဆန်သောသူဖြစ်ပါ၏။ သူသည် အကျွန်ုပ်တို့၏စကားကို နားမထောင်၊ အစားကြူးသောသူ၊ သေသောက်ကြူးသောသူဖြစ်ပါ၏’ဟု ပြောပြရမည်။
21
မြို့သားယောက်ျားအပေါင်းတို့သည် ထိုသူကို ခဲနှင့်အသေပေါက်သတ်ရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။ သို့မှသာ အစ္စရေးလူမျိုးအပေါင်းတို့သည် ကြား၍ ကြောက်ရွံ့ကြလိမ့်မည်။
22
တစ်စုံတစ်ယောက်၌ သေဒဏ်စီရင်ခြင်းခံထိုက်သောအပြစ်ရှိ၍ သေဒဏ်ခံပြီးနောက် သင်သည် ထိုသူကို သစ်တိုင်၌ ချိတ်ဆွဲထားလျှင်
23
အလောင်းကို သစ်တိုင်၌ တစ်ညလုံးမထားရ။ ထိုနေ့၌ပင် မဖြစ်မနေသင်္ဂြိုဟ်ရမည်။ အကြောင်းမူကား ချိတ်ဆွဲထားခြင်းခံရသောသူသည် ဘုရားသခင်ကျိန်တော်မူခြင်းကိုခံရသောသူဖြစ်၏။ သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ်ပေးတော်မူသောပြည်ကို မညစ်ညူးစေရ။
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34