bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Deuteronomy 32
Deuteronomy 32
Burmese MSBU
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 33 →
1
မောရှေမြွက်ဆိုသည်မှာ “အို ကောင်းကင်၊ စူးစိုက်နားထောင်လော့။ ငါပြောမည်။ အို မြေကြီး၊ ငါ့နှုတ်ထွက်စကားများကို နားထောင်လော့။
2
ငါ့သွန်သင်ချက်သည် မိုးစက်လေးလိုတစက်စက်ကျပါစေ။ ငါ့စကားသည် နှင်းစက်လေးလို တဖွဲဖွဲကျပါစေ။ မြက်နုပေါ်ကျသောမိုးဖွဲလေးများလို၊ မြက်ပင်ပေါ်ကျသောမိုးပေါက်လေးများလို ဖြစ်ပါစေ။
3
ထာဝရဘုရား၏နာမတော်ကို ငါကြေညာမည်ဖြစ်၍ ငါတို့၏ဘုရားသခင် ကြီးမြတ်တော်မူကြောင်းကို သိမှတ်ဝန်ခံကြလော့။
4
အို ကျောက်ဆောင်၊ ကိုယ်တော်ပြုတော်မူသောအမှုသည် ပြီးပြည့်စုံပါ၏။ မှန်ပေ၏။ ကိုယ်တော်၏နည်းလမ်းတော်ရှိသမျှတို့သည် တရားမျှတပါ၏။ ကိုယ်တော်သည် မတရားမှုကိုမပြု၊ သစ္စာရှိသောဘုရားဖြစ်တော်မူ၏။ ဖြောင့်မတ်မှန်ကန်သောဘုရားဖြစ်တော်မူ၏။
5
သူတို့သည် ဖောက်ပြန်ကြပြီ။ ကိုယ်တော်၏သားသမီးများမဟုတ်တော့ပါ။ အနာအဆာရှိသောသူများ ဖြစ်ကြ၏။ ကောက်ကျစ်၍မရိုးဖြောင့်သောမျိုးဆက်ဖြစ်၏။
6
အို မိုက်မဲသောလူမျိုး၊ ပညာမဲ့သောလူမျိုး၊ ဤနည်းဖြင့် ထာဝရဘုရားကို ကျေးဇူးဆပ်ရသလော။ ကိုယ်တော်သည် သင်၏ဖခင်၊ သင့်ကိုဖန်ဆင်းသောအရှင် ဖြစ်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သင့်ကိုဖန်ဆင်း၍ ပုံဖော်ဖြစ်တည်စေတော်မူသည်မဟုတ်လော။
7
လွန်လေပြီးသောနေ့ရက်များကို အောက်မေ့လော့။ လွန်လေပြီးသောနှစ်များကို ဆင်ခြင်သုံးသပ်လော့။ သင့်ဖခင်ကို မေးလော့။ သင့်ကို ရှင်းပြလိမ့်မည်။ သက်ကြီးဝါကြီးတို့ကို မေးလော့။ သင့်ကို ပြောပြလိမ့်မည်။
8
အမြင့်ဆုံးသောအရှင်သည် လူတို့ကို အမွေခွဲဝေပေးသောအခါ၊ လူသားတို့ကို နေရာပိုင်းခြားသောအခါ အစ္စရေးအမျိုးသားတို့၏အရေအတွက်အတိုင်း နယ်နိမိတ်များကို သတ်မှတ်ပေးတော်မူ၏။
9
ထာဝရဘုရား၏ဝေစုကား မိမိလူမျိုးတော်ဖြစ်၏။ ကိုယ်တော်၏အမွေဝေစုကား ယာကုပ်ဖြစ်၏။
10
ကိုယ်တော်သည် သူ့ကို တောကန္တာရအရပ်၊ လေထန်သောကန္တာရလွင်တီးခေါင်အရပ်၌တွေ့သောအခါ သူ့ကိုကာကွယ်စောင်မလျက် မျက်စိသူငယ်အိမ်ကဲ့သို့စောင့်ရှောက်တော်မူခဲ့၏။
11
လင်းယုန်သည် မိမိအသိုက်ကိုလှုပ်ခါ၍ မိမိသားငယ်တို့အပေါ်ပျံဝဲလျက်၊ မိမိတောင်ပံကိုဖြန့်လျက်၊ သားငယ်တို့ကိုချီယူပြီး မိမိတောင်ပံပေါ်တွင်သယ်ဆောင်သွားသကဲ့သို့
12
သူ့ကိုပို့ဆောင်ပေးသူမှာ တိုင်းတစ်ပါးသား၏ဘုရားမဟုတ်၊ ထာဝရဘုရားတစ်ပါးတည်းသာလျှင် ဖြစ်၏။
13
ကိုယ်တော်သည် သူ့ကို မြေကြီးပေါ်ရှိ မြင့်ရာအရပ်တို့၌နေရာချထား၍ သူသည် လယ်ယာသီးနှံကိုစားရ၏။ ကိုယ်တော်သည် သူ့ကို ကျောက်တောင်ထဲမှပျားရည်ဖြင့်လည်းကောင်း၊ မီးခတ်ကျောက်ဆောင်ထဲမှဆီဖြင့်လည်းကောင်း၊
14
နွားမှရသောထောပတ်၊ သိုးမှရသောသိုးနို့၊ သိုးသငယ်အဆီ ၊ ဗာရှန်ပြည်သိုးထီး၊ ဆိတ်ထီးနှင့်တကွ အကောင်းဆုံးဂျုံဖြင့်လည်းကောင်း ကျွေးမွေးတော်မူ၏။ စပျစ်သွေးတည်းဟူသောဝိုင်နီကိုလည်း သောက်ရ၏။
15
အို ယေရှုရုန်၊ သင်သည် ဝဖြိုးလာသဖြင့် ခြေစုံကန်လေပြီ။ ဝဖြိုးတုတ်ခဲပြီး ဖောင်းကားလာသောအခါ မိမိကိုဖန်ဆင်းတော်မူသောဘုရားသခင်ကို ပစ်ပယ်လေပြီ။ မိမိ၏ကယ်တင်ရာကျောက်ဆောင်ကို မထီမဲ့မြင်ပြုလေပြီ။
16
အခြားသောဘုရားများဖြင့် ကိုယ်တော်ကို သဝန်တိုစေပြီ၊ စက်ဆုပ်ရွံရှာဖွယ်ရာများဖြင့် ကိုယ်တော်ကို အမျက်ထွက်စေပြီ။
17
ဘုရားသခင် မဟုတ်သော နတ်ဆိုးများကို ပူဇော်ကြပြီ။ သူတို့မသိသောဘုရား၊ နောက်မှပေါ်လာသောဘုရားအသစ်၊ ဘိုးဘေးတို့မကြောက်သောဘုရား တို့ကို ပူဇော်ကြပြီ။
18
သင်၏မွေးသဖခင်ကျောက်ဆောင် ကို သင်သတိမရ၊ သင့်ကိုမွေးဖွားတော်မူသောဘုရားသခင်ကို သင်မေ့လျော့လေပြီ။
19
ထာဝရဘုရား မြင်တော်မူလျှင် မိမိသားသမီးတို့ကို အမျက်ထွက်၍ ပစ်ပယ်တော်မူ၏။
20
‘သူတို့ကို ငါမျက်နှာလွှဲမည်။ သူတို့၏နိဂုံးသည် မည်သို့ဖြစ်မည်ကို ငါစောင့်ကြည့်မည်။ သူတို့သည် ဖောက်ပြန်တတ်သောမျိုးဆက်၊ သစ္စာမရှိသောသားသမီးများ ဖြစ်ကြ၏။
21
သူတို့သည် ဘုရားမဟုတ်သောအရာများဖြင့် ငါ့ကို သဝန်တိုစေကြပြီ။ အချည်းနှီးသောအရာများဖြင့် ငါ့ကို အမျက်ထွက်စေကြပြီ။ သို့ဖြစ်၍ ငါသည် မပြောပလောက်သောလူမျိုးဖြင့် သူတို့ကို သဝန်တိုစေမည်။ မိုက်မဲသောလူမျိုးဖြင့် သူတို့ကို အမျက်ထွက်စေမည်။
22
ငါ့အမျက်မီးသည် စွဲ၍ မရဏာနိုင်ငံအောက်ဆုံးထိတိုင်အောင် တောက်လောင်လိမ့်မည်။ မြေကြီးနှင့် မြေကြီးအသီးအနှံတို့ကို ဝါးမျို၍ တောင်များ၏အခြေအမြစ်တို့ကို လောင်ကျွမ်းလိမ့်မည်။
23
သူတို့အပေါ် ဘေးအန္တရာယ်များကို စုပြုံကျရောက်စေမည်။ ငါ့မြားတို့ကို သူတို့ထံ အကုန်ပစ်လွှတ်မည် ။
24
သူတို့သည် ငတ်မွတ်ခေါင်းပါး၍ပိန်ချုံးသွားမည်။ ပူလောင်ခြင်း၊ ဆိုးရွားသောဘေးဥပဒ်တို့၏ဝါးမျိုခြင်းခံရမည်။ သားရဲအစွယ်၊ မြေပေါ်တွားသွားသောသတ္တဝါအဆိပ်ကို သူတို့ထံ ငါစေလွှတ်မည်။
25
အိမ်ပြင်၌ ဆွေမျိုးရင်းချာတို့သည် ဓားဖြင့်ဆုံးလိမ့်မည်။ အိမ်တွင်း၌ ဆံပင်ဖြူသူမှစ၍ နို့စို့ကလေးငယ်၊ လူပျို၊ အပျိုတို့သည် ကြောက်ရွံ့ထိတ်လန့်ကြလိမ့်မည်။
26
“ငါသည် သူတို့ကိုကွဲလွင့်စေမည်။ သူတို့၏အမှတ်ရစရာကို လူတို့ကြားမှ ကွယ်ပျောက်စေမည်”ဟု ငါမိန့်ဆို၏။
27
သို့သော် သူတို့ကိုရန်ပြုသောသူတို့၏ရန်သူတို့သည် ထောင်လွှားလာပြီး “ဤအမှုအလုံးစုံကို ထာဝရဘုရားပြုတော်မူသည်မဟုတ်၊ ငါတို့လက်ဖြင့် အောင်မြင်ခဲ့သည်”ဟု အထင်လွဲ၍ ဆိုလာမည်ကို စိုးရိမ်၏’ဟု မိန့်တော်မူ၏။
28
အကယ်စင်စစ် သူတို့သည် အကြံဉာဏ်မရှိသောလူမျိုး၊ ထိုးထွင်းဉာဏ်လည်းမရှိသောလူမျိုးဖြစ်၏။
29
သူတို့သည် ဉာဏ်ပညာရှိလျှင် ဤအမှုကိုနားလည်ကြလိမ့်မည်။ သူတို့၏နိဂုံးကိုဆင်ခြင်မိကြလိမ့်မည်။
30
သူတို့၏ကျောက်ဆောင်သည် သူတို့ကိုရောင်းပစ်တော်မမူလျှင်၊ ထာဝရဘုရားသည် သူတို့ကိုစွန့်ပစ်တော်မမူလျှင် လူတစ်ယောက်သည် လူတစ်ထောင်ကို မည်သို့လိုက်နိုင်မည်နည်း။ လူနှစ်ယောက်သည် လူတစ်သောင်းကို မည်သို့ထွက်ပြေးစေနိုင်မည်နည်း။
31
ငါတို့၏ကျောက်ဆောင်သည် သူတို့၏ကျောက်ဆောင်နှင့်မတူကြောင်းကို ငါတို့၏ရန်သူတို့ပင် အသိအမှတ်ပြုကြ၏။
32
သူတို့၏စပျစ်မျိုးသည် သောဒုံစပျစ်မျိုး၊ ဂေါမောရခြံမှစပျစ်မျိုးဖြစ်၏။ သူတို့၏စပျစ်သီးသည် အဆိပ်ရှိသောစပျစ်သီးဖြစ်၏။ သူတို့၏စပျစ်ခိုင်သည် ခါး၏။
33
သူတို့၏စပျစ်ဝိုင်သည် မြွေနဂါး၏အဆိပ်၊ မြွေဟောက်၏ပြင်းထန်သောအဆိပ်ဖြစ်၏။
34
ဤအမှုကို ငါ့ထံ၌သိမ်းဆည်းထား၏။ တံဆိပ်ခတ်ပြီး သိုလှောင်ခန်း၌သိုထား၏။
35
လက်စားချေခြင်း၊ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ သူတို့သည် အချိန်တန်လျှင် ခြေချော်လိမ့်မည်။ သူတို့၏ဘေးဒုက္ခနေ့ရက်သည်နီးပြီ။ သူတို့ကြုံရမည့်အမှုသည် အလျင်အမြန်ရောက်လာလိမ့်မည်။
36
ထာဝရဘုရားသည် မိမိလူမျိုးတော်တို့ ခွန်အားကုန်ခန်း၍ အချုပ်အနှောင်ခံရသောသူနှင့် လွတ်လပ်သောသူပါ တစ်ယောက်မျှမကျန်တော့သည်ကို မြင်သောအခါ မိမိလူမျိုးတော်အတွက် တရားစီရင်တော်မူမည်။ မိမိအစေအပါးတို့ကို သနားတော်မူမည်။
37
ကိုယ်တော်က ‘သူတို့ခိုလှုံရာကျောက်ဆောင်ဖြစ်သော သူတို့ဘုရားများကား အဘယ်မှာရှိသနည်း။
38
ထိုဘုရားတို့သည် သူတို့ပူဇော်သောယဇ်ကောင်၏အဆီကိုစား၍ သူတို့၏သွန်းလောင်းရာပူဇော်သက္ကာစပျစ်ဝိုင်ကိုသောက်ကြ၏။ ထိုဘုရားတို့သည် သင်တို့ကို ထ၍ကူညီမစပါလေစေ။ သင်တို့ကို ကွယ်ကာပါလေစေ။
39
ငါသာလျှင် ဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် အသက်ကိုသေစေနိုင်၏၊ ရှင်စေနိုင်၏။ ငါသည် ဒဏ်ရာရစေနိုင်၏၊ ပျောက်ကင်းစေနိုင်၏။ မည်သူမျှ ငါ့လက်မှ မလွတ်မြောက်နိုင်။
40
ငါ့လက်ကိုကောင်းကင်သို့မြှောက်လျက် “ငါသည် ထာဝရအသက်ရှင်တော်မူသည်နှင့်အညီ
41
လင်းလက်သောငါ့ဓားကို ငါသွေးမည်။ ထိုဓားကိုကိုင်၍ တရားစီရင်မည်။ ငါ့ကိုရန်ပြုသောသူတို့ကိုလက်စားချေမည်။ ငါ့ကိုမုန်းတီးသောသူတို့ကို လက်တုံ့ပြန်မည်။
42
ငါ့မြားတို့ကို သွေးဖြင့်ယစ်မူးစေမည်။ ငါ့ဓားသည် အသားကိုစားမည်။ အသတ်ခံရသူ၊ အဖမ်းဆီးခံရသူတို့၏သွေးကိုသောက်မည်။ ရန်သူ့ခေါင်းဆောင်တို့၏ဦးခေါင်းကိုလည်း စားမည်”ဟူ၍ ငါကျိန်ဆိုသည်’ဟု မိန့်တော်မူ၏။
43
အို လူမျိုးအပေါင်းတို့၊ လူမျိုးတော်နှင့်အတူ ရွှင်လန်းစွာကြွေးကြော်ကြလော့။ ကိုယ်တော်သည် မိမိအစေအပါးတို့၏သွေးအတွက်လက်တုံ့ပြန်မည်။ မိမိကိုရန်ပြုသောသူတို့အား လက်စားချေတော်မူမည်။ ပြည်တော်၊ လူမျိုးတော်တို့၏အပြစ်ကိုဖြေလွှတ်တော်မူမည်”ဟူ၍ ဖြစ်၏။
44
ထို့နောက် မောရှေသည် နုန်၏သား ယောရှုနှင့်အတူ လာ၍ ဤသီချင်းစာသားရှိသမျှတို့ကို လူတို့ကြားအောင် ရွတ်ဆိုပြ၏။
45
မောရှေသည် အစ္စရေးလူမျိုးအပေါင်းတို့အား ဤသီချင်းစာသားရှိသမျှတို့ကို မြွက်ဆိုပြပြီးနောက်
46
“ယနေ့ သင်တို့အား ငါသတိပေးသောစကားရှိသမျှတို့ကို နှလုံးသွင်းကြလော့။ ဤတရားစကားရှိသမျှတို့ကို လိုက်နာစောင့်ထိန်းမည့်အကြောင်း သင်တို့၏သားသမီးတို့ကို မှာကြားကြလော့။
47
ဤတရားစကားသည် သင်တို့အဖို့ အချည်းနှီးစကားမဟုတ်။ သင်တို့၏အသက်ဖြစ်၏။ ဤတရားစကားကို စောင့်ထိန်းခြင်းဖြင့် သင်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ သိမ်းပိုက်မည့်ပြည်၌ အသက်ရှည်ရှည်နေထိုင်ရမည်ဖြစ်၏”ဟု ဆိုလေ၏။
48
ထိုနေ့၌ပင် ထာဝရဘုရားက မောရှေအား
49
“ဂျေရိခေါမြို့တစ်ဖက်၊ မောဘပြည်အာဗရိမ်တောင်တန်းရှိ နေဗောတောင်သို့ တက်သွား၍ အစ္စရေးအမျိုးသားတို့အား ငါအပိုင်ပေးသော ခါနာန်ပြည်ကို ကြည့်ရှုလော့။
50
သင့်အစ်ကိုအာရုန်သည် ဟောရတောင်ပေါ်၌သေဆုံး၍ မိမိလူမျိုးစုစည်းရာသို့သွားရသည့်နည်းတူ သင်သည်လည်း ဤတောင်ပေါ်၌ သေဆုံးရမည်။ သင့်လူမျိုးစုစည်းရာသို့သွားရမည်။
51
အကြောင်းမှာ သင်တို့သည် ဇိနတောကန္တာရ၊ ကာဒေရှအရပ်ရှိ မေရိဘစမ်းရေနား အစ္စရေးအမျိုးသားတို့ရှေ့မှောက်တွင် ငါ့ကိုပြစ်မှား၍ ငါသန့်ရှင်းကြောင်းကို အစ္စရေးအမျိုးသားတို့အလယ်၌ အသိအမှတ်မပြုကြသောကြောင့် ဖြစ်၏။
52
ထို့ကြောင့် သင်သည် အစ္စရေးအမျိုးသားတို့အား ငါပေးသောပြည်ထဲသို့ ဝင်ရမည်မဟုတ်၊ အဝေးမှသာတွေ့မြင်ရမည်”ဟု မိန့်တော်မူ၏။
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 33 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34