bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Deuteronomy 16
Deuteronomy 16
Burmese MSBU
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 17 →
1
သင်၏ဘုရားသခင်ထာဝရဘုရားသည် အဗိဗလ၊ ညအချိန်တွင် သင့်ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သည်ဖြစ်၍ အဗိဗလကို အလေးထားလျက် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲကို ကျင်းပရမည်။
2
နာမတော်ကိန်းဝပ်ရာအဖြစ် ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌ သိုး၊ နွား တို့ကို ပသခါယဇ်အဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားထံ ပူဇော်ရမည်။
3
သင်သည် အီဂျစ်ပြည်မှ အလျင်စလိုထွက်လာသောကြောင့် တဆေးမဲ့ဆင်းရဲဒုက္ခမုန့်ကိုစားခဲ့ရ၏။ သို့ဖြစ်၍ သင်အသက်ရှင်သမျှကာလပတ်လုံး အီဂျစ်ပြည်မှထွက်လာသောနေ့ကိုအောက်မေ့မည့်အကြောင်း ခုနစ်ရက်ပတ်လုံး ပသခါယဇ်ကိုတဆေးမဲ့မုန့်နှင့်စားရမည်။
4
ခုနစ်ရက်ပတ်လုံး သင်၏နယ်မြေတစ်ခွင်လုံးတွင် တဆေးကို မတွေ့မြင်ရစေနှင့်။ ပထမနေ့၊ နေဝင်ချိန်၌ပူဇော်သောယဇ်ကောင်၏အသားကို ညတာလွန်၍ နံနက်တိုင်အောင် မကြွင်းကျန်စေရ။
5
သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသော မည်သည့်မြို့၌မျှ ပသခါယဇ်ကို မပူဇော်ရ။
6
ထိုပသခါယဇ်ကို အီဂျစ်ပြည်မှသင်ထွက်လာသောအချိန်ဖြစ်သည့် ညနေနေဝင်ချိန်မျိုးတွင် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောအရပ်၌သာ ပူဇော်ရမည်။
7
ထိုယဇ်ကောင်ကို သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌ချက်ပြုတ်စားရမည်။ နံနက်အချိန်ရောက်မှ သင်သည် မိမိ၏တဲသို့ပြန်သွားရမည်။
8
ခြောက်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရမည်။ သတ္တမနေ့၌ သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ဓမ္မစည်းဝေးပွဲကြီးကို ကျင်းပရမည်။ အလုပ်မလုပ်ရ။
9
သင်သည် ရက်သတ္တပတ်ခုနစ်ပတ်ကို မိမိဘာသာမိမိရေတွက်ရမည်။ ကောက်ပဲသီးနှံစတင်ရိတ်သိမ်းချိန်မှစ၍ ရေတွက်ရမည်။
10
သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားကောင်းချီးပေးတော်မူသည်နှင့်အညီ စေတနာအလျောက်ပူဇော်သောလှူဖွယ်ဝတ္ထုကို ပေးလှူခြင်းဖြင့် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ခုနစ်သီတင်းမြောက်ပွဲတော်ကို ကျင်းပရမည်။
11
သင်မှစ၍ သင့်သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင့်မြို့အတွင်းရှိ လေဝိအမျိုးနှင့် သင်၌ရှိသော တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာတွင် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ရမည်။
12
သင်သည် အီဂျစ်ပြည်၌ ကျွန်ဖြစ်ခဲ့ကြောင်းကို အောက်မေ့၍ ဤပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရမည်။
13
သင်သည် သင်၏ကောက်နယ်တလင်းမှ ကောက်ပဲသီးနှံ၊ စပျစ်သီးနယ်ရာကျင်းမှစပျစ်ဝိုင်တို့ကိုသိမ်းပြီးသောအခါ ခုနစ်ရက်ပတ်လုံး ယာယီတဲစုပွဲတော်ကို ကျင်းပရမည်။
14
သင်၏ပွဲတော်၌ သင်မှစ၍ သင့်သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင့်မြို့အတွင်းရှိ လေဝိအမျိုး၊ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် ဝမ်းမြောက်ရမည်။
15
သင်သည် ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌ သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ခုနစ်ရက်ပတ်လုံး ပွဲတော်ကျင်းပရမည်။ သို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်၏အသီးအနှံအားလုံး၊ သင်ပြုသောအမှုဟူသမျှကို ကောင်းချီးပေးတော်မူ၍ သင်သည် အလွန်ဝမ်းမြောက်ရလိမ့်မည်။
16
ယောက်ျားအပေါင်းတို့သည် တဆေးမဲ့မုန့်ပွဲတော်၌တစ်ကြိမ်၊ ခုနစ်သီတင်းမြောက်ပွဲတော်၌တစ်ကြိမ်၊ ယာယီတဲစုပွဲတော်၌တစ်ကြိမ် တစ်နှစ်လျှင်သုံးကြိမ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ထာဝရဘုရား၏ရှေ့တော်၌ မျက်နှာလာပြရမည်။ ထာဝရဘုရား၏ရှေ့တော်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။
17
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အား ကောင်းချီးမင်္ဂလာပေးတော်မူသည်နှင့်အညီ အသီးသီးတတ်နိုင်သည့်အတိုင်း ပူဇော်သက္ကာယူဆောင်လာရမည်။
18
သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမြို့ရှိသမျှတို့တွင် တရားသူကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများကို မျိုးနွယ်အလိုက် သင်ခန့်ထားရမည်။ သူတို့သည် လူတို့ကို ဖြောင့်မတ်စွာတရားစီရင်ရမည်။
19
သင်သည် တရားမျှတခြင်းမှမသွေဖည်ရ၊ မျက်နှာမလိုက်ရ၊ တံစိုးလက်ဆောင်ကို လက်မခံရ။ အကြောင်းမူကား တံစိုးလက်ဆောင်သည် ပညာရှိ၏မျက်စိကို ကန်းစေ၍ ဖြောင့်မတ်သောစကားကို မှားယွင်းချွတ်ချော်စေတတ်၏။
20
သင်သည် အသက်ချမ်းသာရာရလျက် သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို ပိုင်ဆိုင်ရမည့်အကြောင်း ဖြောင့်မတ်ခြင်းတစ်ခုတည်းကိုသာ လက်ကိုင်ပြုရမည်။
21
သင်တည်ဆောက်မည့် သင်၏ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ဘေး၌ အာရှရနတ်ဘုရားမတံခွန်တိုင်အဖြစ် မည်သည့်သစ်ပင်ကိုမျှ မစိုက်ရ။
22
သင်၏ဘုရားသခင်ထာဝရဘုရားမုန်းတော်မူသော ကျောက်တိုင်ကို မစိုက်ထူရ။
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34